အားလုံးကိုရိတ်သိမ်းတယ်


ဒီနေ့လစာထုတ်လာတယ်ဆိုတော့ဂတိပေးထားတဲ့အတိုင်း တိုက်ကော နဲ့ အမင်းတို့နှစ်ယောက်ကို ကျနော်ကျွေးမွေးရတော့မယ်ပေါ့
ဒီနေ့ ကျနော်တို့နားကဆိုင်တော်တော်များများလည်းပိတ်နေတော့ မတတ်သာတဲ့အဆုံး ဒီရပ်ကွက်ထဲက မကြိုက်ဆုံး ဒေါ်ခွေးမရဲ့ စားတော်ဂေဟာကြီးကို ချီတက်လာရတော့တယ် ဒေါ်ခွေးမဆိုတဲ့နာမည်ကိုသူ့အလုပ်သမားတွေပဲပေးသွားတာပါ
သူ့ဆီမှာဘယ်အလုပ်သမားမှ ကြာကြာမမြဲဘူး တခုမဟုတ် တခုပြဿနာတက်ပြီး ဒိုးကြတာချည်း ခုဆိုသူ့ဆိုင်မှာ အိန္ဒိယအလုပ်သမားတွေချည်း ကုလားတွေက တူပေ ဒဏ်ပေခံနိုင်တာကိုး အဆဲလည်းသိပ်မမှုဘူးလေ..၊ တရုတ်ဆိုင်မှာကုလားအလုပ်သမားတွေချည်းဆိုကတည်းက စဉ်းစားသာကြည့်ပေတော့ပေါ့
မြန်မာအလုပ်သမားလောကမှာသူ့နာမည်အမှန်ကိုဘယ်သူမှမသိကြဘူး ဒေါ်ခွေးမ ဟေ့ ဆိုလိုက်ရင်တော့ သြော်… ဟို စောက်ကျက်သရေမရှိတဲ့အခွက်ကြီးနဲ့ တရုတ်မကိုပြောတာလား? အင်း ဆောရီးကွယ် လျှာမှာမြက်ပေါက်ပြီးပဲအသေခံလိုက်တော့မယ် သူ့ဆီတော့မလုပ်ဘူး.... ဟုတ်ကဲ့ ရပ်ကွက်မှာအဲလောက်ကိုနာမည်ကြီးပါတယ် တရုတ်မစင်စစ်ကနေ “ဒေါ်ခွေးမ” ဆိုတဲ့ဗမာနာမည်ကိုရထားတာသာကြည့်တော့ မယားဆိုးလို့ လင်က အကောင်းလားဆိုတော့ လင်ကလည်းအကောင်းမဟုတ်ပါဘူး မ မှန်ရင်လူမျိုးမရွေး ဘာသာမရွေး အသားအရောင်မရွေး အသက်အရွယ်မရွေး ဆင်းရဲချမ်းသာမရွေး ကြောင်တောင်နှိုက်တဲ့နေရာမှာ တော့ နာမည်အလွန်ကြီးပါပေတယ် ထားတော့ ထားတော့ … ပြောရတာ ပါးစပ်သနပ်၏ ။
ဆိုင်ရောက်တော့ ရေနွေးအိုးနဲ့စားစရာတွေမှာလိုက်တယ် ထုံးစံအတိုင်း ဒေါ်ခွေးမရဲ့ စောက်သံကြီးက ဟိုနား ဒီနားကနေ ကျက်သရေမရှိထွက်ထွက်လာနေတယ် စိတ်ပျက်ဖွယ်ကောင်းလေစွ

အမင်းကလူပုံစုတ်သလောက်သူ့ကောင်မလေးကအလန်းလေး ဒီနှစ်ကုန်ရင်ယူကြတော့မှာ..
…..ယူနေစရာလိုသေးလို့လားကွာ တချိန်လုံးယူနေတာပဲ... ကျနော်ကစတော့အမင်းက ရယ်ကျဲကျဲမျက်နှာနဲ့ .. အေးကွ ခုဟာက ဒီငါတို့နိုင်ငံမှာစတိုင်လိုဖြစ်နေပြီပေါ့ကွာ living together … မယူသေးဘဲ ချစ်ကြရုံနဲ့အတူတူနေနေကြတာ တရားဝင်လက်မထပ်သေးခင်အထိတော့ ဒါဟာချစ်သူတွေအဆင့်ပဲပေါ့ ချစ်သူဆိုတာကလည်းဘာအာမခံချက်မှမရှိဘူးလေ အဆင်မပြေရင် ကွဲကြပြန်ရောလေ … ရည်းစားပဲ ဘာအရေးလဲ ဒီတယောက်နဲ့ကွဲ နောက်တစ်ယောက်ပေါ့ နောက်တစ်ယောက်နဲ့ထပ်ပြီးliving togetherပြန်ပေါ့ အဆင်မပြေပြန်ဘူးလား နောက်တယောက် နောက်တယောက် နောက်တယောက်…. ဒီလိုနဲ့တကယ်ချစ်ပြီးတကယ်လက်ထပ်မယ့်သူရဲ့လက်ထဲလည်းရောက်ရော လူက.. ဟော ဟိုက ရေခဲသေတ္တာထဲမှာရက်ကြာနေတဲ့ ဆာတေး(satay) ကင်တွေလို(ဘေးstoreကဆာတေးကင်တွေကိုလက်ညှိုးထိုးပြလျှက်) အသားတွေက ဘယ်လိုပြောရမလဲ ပြဲစိစိ ဖွယ်တယ်တယ်ကြီးတွေဖြစ်ကုန်ရောပေါ့ကွာ ….မင်းဘာသာမင်း ကင်ပဲစားစား ဖုတ်ပဲစားစား ဘာမှအရသာမရှိတော့ဘူး..
ဟားဟားဟား…!!!!
ဟားဟားဟား…!!!!
ကျနော်နဲ့ တိုက်ကောက သူ့စကားကိုသဘောကျပြီးရယ်တယ်
ဟုတ်တော့လည်းဟုတ်သားပဲ သူတို့ယဉ်ကျေးမှုက ဂျောက်ဂျက်သီချင်းထဲကလို မယူခင်က ပဲ့နေတာချည်း
ဘာပဲပြောပြော သူ့အရပ်နဲ့သူ့ဇာတ်နဲ့တော့ဟုတ်နေတာပါပဲ နင်လည်းပဲ့ဖူးတယ် ငါလည်းရွဲ့ဖူးတယ် ဆိုပြီး နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ပေါ့...
-အဲဒါကြောင့်ငါ့မှာအကြံတခုရှိတယ်
-အင်း… ပြောပါဦး
-ဒီလိုကွ မင်းရယ်ငါရယ်ခင်လာတာကြာပြီလေ
-အင်း… ဟုတ်တယ်လေ
-ဒီတော့ကွာ ငါလည်း အရသာမရှိတဲ့ ဆာတေးကင်တွေမစားရအောင်
-အင်း အင်း
-မင်းလည်း ဒီနိုင်ငံမှာ ဆွေမျိုးတစ်ယောက်တိုးသွားအောင်...
-အင်း…
အဟိ ငါ့ကို မင်းညီမနဲ့ပေးစားပါလား?
-ခွေးမသား!!! ငါကအကောင်းမှတ်လို့နားထောင်နေတာ
ဟားဟားဟား!!!
ကျနော်တို့နှစ်ယောက်ရဲ့ စကားကိုဘေးကထိုင်နားထောင်နေတဲ့ တိုက်ကော ကအသံပြဲကြီးနဲ့ သဘောကျပြီး တဟားဟား အော်ရယ်နေတော့တယ် ငါတို့နိုင်ငံမှာလက်ထပ်ပြီးမှအတူနေလို့ရတာကွလို့ကျနော်က ခပ်တည်တည်နဲ့ဖောထားဖူးတော့ မြန်မာမ ဆိုရင်အမင်းက ဟုတ်ဟုတ် မဟုတ်ဟုတ် ဇွတ်အထင်ကြီးနေတာ ….
ပြောမယ့်သာပြောရတာ ကျနော်လည်းမြန်မာအပေါင်းအသင်းတော်တော်ရှားတယ်ဆိုရမယ် ထူးထူးခြားခြားဒီတရုတ်နှစ်ကောင်နဲ့မှ လာခင်နေတယ် အမင်းကလူငယ်ဆိုပေမယ့်စက်ရုံတစ်ခုက ဆူပါဗွိုက်ဆာကြီး လစာလည်းမြင့်တယ် လူကအဲဗားသုံးဖြုန်းနေတော့ ဘာမှအဖတ်မတင်ဘူး ခုလက်ရှိကောင်မလေးနဲ့ကြိုက်ကြတော့မှ မိန်းမယူတော့မယ်ဆိုပြီး လူလိမ္မာလုပ်ပြီးပိုက်ဆံစုနေတာ ဒီနှစ်ကုန်ရင်တော့ မင်္ဂလာပွဲလေးဖြစ်ပြီပေါ့
နောက်တယောက်က တိုက်ကော နိုင်ငံခြားမှာ ခင်မင်မှုသက်တမ်းအကြာဆုံး friendတွေစားရင်းထဲမှာ သူပါတယ်
သူကလူပျိုကြီး အမေအိုနဲ့နေနေတာ အဖေက ဟိုးသူငယ်ငယ်ကတည်းက သူတို့မိသားစုကိုစွန့်သွာ့းတယ်
လက်ရှိသူ့အမေနဲ့ ခြံထွက်အသီးအနှံလေးတွေလိုက်ရောင်းပြီးအသက်မွေးနေတာ သူတို့နိုင်ငံ သူတို့အနေအထားနဲ့ စားဝတ်နေရေးကတော့ ဘာမှပူပန်စရာမဖြစ်ခဲ့ဘူး သူလိုကိုယ်လို နေလို့ရတယ် သူလိုကိုယ်လိုမူးလို့ရတယ် သူလိုကိုယ်လိုရှုပ်လို့ရတယ်
အမေတစ်ခု သားတစ်ခုဆိုတော့လည်း အမေ့ရဲ့အချစ်တွေကိုအကုန်ရထားတဲ့ လူပျိုသိုးငပေါကြီးပေါ့ စိတ်ရင်းကအလွန်ကောင်း
ခင်တဲ့လူလည်းပေါတယ် ချောင်းရိုက်တဲ့လူလည်းပေါတယ် (အခြေအနေမကြည့်ဘဲ ဇွတ်ကြီးဖွံကြောင်တတ်လို့)
“မင်း ခုတစ်လော တော်တော်ပိန်သွားတယ်နော် ဘာဖြစ်တာလဲ? ကျန်းမာရေးဂရုစိုက်ဦးဟ... တော်ကြာဂိနေဦးမယ် “တိုက်ကောက စိုးရိမ်စိတ်နဲ့ကျနော့ရဲ့ ပိန်ပိန်လာနေတဲ့ခန္ဓာကိုယ်ကိုကြည့်ရင်းပြောတယ် ။ ပြောလည်းပြောစရာပဲကိုး ဟိုးတစ်ခေါက် အမင်းတို့စက်ရုံမှာ အတူတူအိပ်တဲ့ဗမာလူမျိုးက ကော်ဇောနဲ့အိပ်ရတာကို အိုက်တယ်ဆိုပြီး အောက်ဆင်းအိပ်တာ မနက်မိုးလင်းလို့အိပ်ယာထတော့ သူ့ခမျာ အသက်က ပါမလာတော့ဘူး (တမူးသောက်ပြီးအိပ်သွားတာ) ညဘယ်ချိန်ကတည်းကနေအေးပြီးသေသွားတာလဲမသိဘူး အဲဒီကတတည်းက တိုက်ကောက လန့်နေတာ မင်းတို့လူမျိုးတွေတော်တော်အသက်နုတယ်ဆိုပြီးတော့.....
သုံးယောက်သား စားလိုက် ပွါးလိုက်နဲ့ ခဏနေတော့ တိုက်ကော ဖုန်းကcall ဝင်လာတယ် ထုံးစံအတိုင်း သူ့အမေပေါ့
သူ့အမေက သူအပြင်ထွက်ရင် ဘယ်တော့မှစိတ်မချ ခဏခဏဖုန်းဆက်တယ် တွယ်တာစရာလည်းဒီသံယောဇဉ်ပဲရှိတာကိုး
အိမ်ကိုစောစောပြန်ခဲ့ဖို့မှာနေပုံရတယ် ။
ဒီလိုနဲ့ပဲ ကျနော်တို့ရဲ့ညစာစားပွဲက ဒေါ်ခွေးမကြီးရဲ့ ဒေါင်ဒေါင်မြည် အော့ကြောလန် ခေါက်ဆွဲတွေနဲ့ပဲပြီးသွားတယ်

၁၀နာရီထိုးတော့ပြန်ဖို့ဖြစ်လာပြီ ခဏခဏရေနွေးအိုး ရေထပ်ဖြည့်နေရတဲ့ ကုလားစားပွဲထိုးတွေလည်း ကျနော်တို့ကို ငြိုးဘက်ရန်သူကြီးလို ကြည့်နေပြီလေ..... (မျက်လုံးစိမ်းနဲ့ကြည့်ပါနဲ့လားကွယ်....ငါ ခဲနဲ့ပေါက်ချင်တယ်)
“နက်ဖြန်၁၀နာရီအတိနော်.. ငါ တိုက်အောက်ကလာစောင့်နေမယ် သိပ်နောက်မကျစေနဲ့...”
အမင်းကကျနော့်ရဲ့ ချိန်းတိုင်း နာရီဝက်အမြဲနောက်ကျပြီးမှလာတတ်တဲ့အကျင့်ကိုသိလို့ သေသေချာချာထပ်မှာနေတယ်
နက်ဖြန်မြို့ထဲသွားပြီး အမျိုးနဲ့တွေ့ဖို့ချိန်းထားတာ။ သွားရေးလာရေးမှာ ဒီလိုပဲနီးတဲ့အပေါင်းအသင်းကိုအပူကပ်ရတာပဲ taxiခကကြီးတယ်လေ။ဘတ်စ်ကားတို့ ရထားတို့စီးဖို့ကလည်းခေါင်းကိုက်တယ်... ကိုယ့်အဖြစ်ကလည်းသူများတွေလို ကိုယ်ပိုင်ကားမပြောနဲ့ ကိုယ်ပိုင်ဖိနပ်လေး ပါးပြီးစုတ်နေတာတောင် မလဲဖြစ်သေးဘူး ဘဝပေးကအဲလိုကောင်းတာ
ပိုက်ဆံရှင်းဖို့ခေါ်လိုက်တယ် ဒေါ်ခွေးမကြီးရဲ့ တခါစေ့စေ့ကြည့်မိ အသက်၇ ရက်တိုတဲ့စောက်ခွက်ကြီးကို အောင့်အီးပြီးကြည့်လိုက်ရတယ် ၇ရက်စာတိုလည်းတိုပလေ့စေတော့ ဝဋ်ကြွေးလို့ပဲသဘောထားလိုက်တော့မယ် ဖြစ်ရပုံများ အခြားဆိုင်တွေကလည်း ဒီနေ့မှလာပိတ်ရတယ်လို့
ဒေါ်ခွေးမပိုက်ဆံပြန်အအမ်းမှာ သူတို့နှစ်ယောက်ကားပေါ်တက်သွားပြီ.... အစကတော့ အတူတူပြန်ဖို့ပဲ ကိစ္စရှိသေးတော့သူတို့ကိုအရင်ပြန်ခိုင်းလိုက်ရတယ် မြန်မာဆိုင်မှာအလုပ်လုပ်တဲ့သူငယ်ချင်းက သူဝယ်လာတဲ့ဖုန်းအသစ်ထဲ သီချင်းလေးတွေလာထည့်ပေးပါဦးဆိုတာနဲ့ နေရစ်လိုက်ရတယ် ဆိုင်ချင်းက ကပ်ရက်ပဲကို
သူငယ်ချင်းအတွက်မှာထားတဲ့ခေါက်ဆွဲရတော့ပြန်မယ်အလုပ်မှာ စောစောကထိုင်ခဲ့တဲ့ စားပွဲပေါ်မှာ တိုက်ကောဖုန်းကကျန်နေတယ် “ဒုက္ခပဲ…ဒီကောင်ဖုန်းမေ့နေပြန်ပြီ...” အဲဒါသူ့အကျင့်ပဲဖုန်းတို့ သော့တို့မေ့တာ..၊
စားသောက်ဆိုင်မှာပဲသူမေ့ကျန်လို့သူများ မ သွားတဲ့ ဖုန်းက မရေနိုင်တော့ နောက်ဆုံးဖုန်းဆိုရင် အသံထွက်ရင်ပြီးရောဆိုပြီး ခပ်ပေါပေါ ဖုန်းပဲသုံးတော့တယ် ခပ်ကောင်းကောင်းဖုန်းတွေက သူများမ သွားကုန်ပြီကို
အိမ်ပြန်ရောက်မှပဲ ခေါ်ပေးရတော့မယ် ကျနော်လည်းသူ့ဖုန်းကို ယူပြီးအိတ်ထဲကောက်အထည့်မှာ
“ဝုန်း”ကနဲ ကျယ်လောင်တဲ့အသံကြီးတစ်ခုကြောင့် ကျနော်ရပ်နေတဲ့မြေကြီးပါတုန်သွားတယ်
အသံက လမ်းမကြီးပေါ်ကထွက်လာတာ ဆိုင်ကလူတွေလည်းစားနေတာတွေရပ်ပြီးလမ်းမဘက်ပဲအာရုံရောက်သွားကြတယ်
တချို့ပိုစပ်စုတဲ့လူတွေက အသံထွက်လာရာကိုအပြေးတစ်ပိုင်းသွားကြည့်ကြတယ်
“ကားတိုက်တာဟေ့... ကားတိုက်တာ..”
တစ်ယောက်ကထအော်တယ်။ မှောင်နေပြီဆိုတော့သိပ်သဲသဲကွဲကွဲမမြင်ရ နည်းနည်းလည်းလှမ်းနေတယ် ဓါတ်မီးတိုင်အလင်းနဲ့လှမ်းမြင်နေရတာက ကုန်ကားကြီးတစ်စီးက အိမ်စီးဆလွန်းကားလေးတစ်စီးကိုတိုက်သွားတာ
“proton ကားအပြာလေးဟ..?.” လော်လီနဲ့တိုက်တာ....!! တစ်ယောက်က အမောတကောနဲ့ရောက်လာပြီး ဆိုင်ထဲကလူတွေကိုလှမ်းပြောတယ်။။။။
“proton ကားအပြာလေး..?.”

“proton ကားအပြာလေး..?.”
ကျနော့ခေါင်းကပုတ်လောက်ကြီးသွားတယ်ထင်တယ် ။ မဖြစ်ပါစေနဲ့... မဖြစ်ပါစေနဲ့...


အပြေးတစ်ပိုင်းပဲ လမ်းမပေါ်ကို ဒုန်းစိုင်းထွက်လာတယ် နီးလာလေလေ စိုးရိမ်စိတ်က ပိုလာလေလေ
ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားရတဲ့ညပဲ တစ် ဒိုင်းဒိုင်း မြည်နေတယ်
လူတွေအုံနေတဲ့ကြားကအတင်းတိုးသွားပြီးကြည့်လိုက်တော့ ….
“မြတ်စွာဘုရား”....
ကျနော့်မျက်လုံးတွေပြာသွားတယ်
စောစောကပဲကျနော့ကိုနှုတ်ဆက်ထွက်သွားတဲ့ အမင်းတို့မောင်းလာတဲ့ proton အပြာလေးက ဦးခေါင်းပိုင်းတစ်ခုလုံးလော်လီကားကြီးအောက်မှာ စိစိညက်ညက်ကြေနေတယ်..
လော်လီမောင်းလာသူကကုလားလူမျိုး..။ ခေါင်းမှာလည်း မှန်စတွေ သွေးတွေနဲ့ ခုမှခြောက်အိပ်မက်ကနိုးလာသူလို သွေးရူးသွေးတန်းနဲ့အော်နေတယ်
“သူတို့လမ်းကြောင်းမှားတာ ဒီဘက်လမ်းလေးကိုမစောင့်ဘဲအတင်းချိုးဝင်လာတာ ” မီးလည်းမပြဘူး ကျနော်ကအရှိန်နဲ့ဗျာ
သိကြတဲ့အတိုင်း … ခုတော့သွားပါပြီ အီးဟီးဟီး…”
လူကငိုနေသော်လည်း အရက်နံ့ကထွက်နေသည်
ခုမှလာငိုနေတယ် အပြစ်မရှိသယောင်လည်းပြောနေသေးတယ် ပါးစပ်ကလည်းအရည်နံ့က တစ်ထောင်းထောင်း ရဲစခန်းနဲ့လည်းနီးတော့ ရဲတွေချက်ချင်းရောက်လာတယ် ambulanceကားပါရောက်လာတယ်
ပထမဆုံးအကြိမ်အဖြစ် ကျနော့မျက်စိရှေ့တည့်တည့်မှာဖြစ်ပျက်သွားတဲ့သေခြင်းတရား ယုံနိုင်စရာမရှိဘူး
ဗမာလူမျိုးသူငယ်ချင်းတယောက်က ကျနော့်ကိုတွေ့သွားတော့ .. “ဟေ့ရောင် သားကြီး အမင်းတို့ကားလား”?
သူ့အသံက ဝေခွဲမရတဲ့အသံ ကားကိုမှတ်မိပုံမရ
ကျနော်လည်း ဘာစကားမှပြန်မပြောနိုင် အာခေါင်တွေကခြောက်နေတယ် ထိတ်လန့်အံ့သြမှု မယုံကြည်နိုင်မှု
တွေနဲ့ လူကအိပ်ပျော်နေရင်းလမ်းလျှောက်သူလို ။
အဲဒီမှာပဲ အိတ်ထဲကဖုန်းက အသံမြည်လာတယ် တိုက်ကော ဖုန်းပဲ… ဖုန်းကိုင်လိုက်တော့ ကျနော့်လက်တွေကသိသိသာသာ တုန်နေတယ်
“ကြိုင်းရေ…အဲဒီလျှောင်စွေးတွေဝယ်မလာနဲ့တော့ အမေ့သူငယ်ချင်းတစ်ယောက်လာပေးသွားပြီ ပြန်လာရင် ဘေးအိမ်မှာသော့လာယူနော် အဲဒီမှာအမေ မာကျောက်ဆော့နေတယ်...ပြန်လာတော့နော်... ၁၀ နာရီကျော်နေပြီ ”
တိုက်ကောတို့အမေက ပြောချင်တာပြောပြီးဖုန်းချသွားပြီ.. ကျနော့နားထဲမှာသူ့စကားသံတွေက မကြားတချက် ကြားတချက်
ကျနော့ရှေ့က မြင်ကွင်းကိုသာ တိုက်ကောတို့အမေ မြင်နိုင်ခဲ့ရင်...?? မြင်နိုင်ခဲ့ရင်...?
ကျနော်ဘာစကားမှလည်းပြန်မပြောနိုင် မပြောရက်ခဲ့
တိုက်ကောက လူပေဆိုပေမယ့် အမေ့ကိုတော့သိတတ်လွန်းတယ် ကျနော်ကတောင် တခါတခါ အိမ်မှာ ဂျစ်ကန်ကန်
အမင်းဆိုလည်း လူအေး ကျနော်သိရသလောက် ပတ်ဝန်းကျင်မှာ ပြဿနာကြီးငယ်ရယ်လို့ တစ်ခါမှမဖြစ်စဖူး
သူ့အသက်အရွယ် သူ့ဝင်ငွေနဲ့ သူ့အနာဂတ် သူလက်ထပ်တော့မယ့်ချစ်သူ.... လက်ထပ်တော့မယ့်ချစ်သူ...
ကျနော်ဆက်မတွေးနိုင်တော့ဘူး ခေါင်းကအုံပြီးကိုက်နေတယ် ဘယ်လိုကံကြမ္မာကများ ဒီလိုအဖြစ်ဆိုးမျိုးကို ဆောင်ကျဉ်းခဲ့ပါလိမ့်..?
အဖြစ်အပျက်တွေက မယုံနိုင်စရာ
လော်လီဒရိုင်ဘာကိုရဲက ခေါ်သွားတာ..
တွန့်စုတ်သွားတဲ့ ပရိုတွန်အပြာလေးထဲက ကျနော့သူငယ်ချင်းနှစ်ယောက်ကို ခက်ခက်ခဲခဲ ထုတ်ယူလာကြတာ.....
အားလုံးကိုကြည့်နေရတာ အိပ်မက်ဆိုးတစ်ခုလိုပဲ
သူတို့အိမ်ကိုဖုန်းဆက်အသိပေးချင်လည်း ကျနော်ဘယ်လိုပြောထွက်မလဲ ဒီစကားမျိုး..? ခဏနေကြာရင်အကုန်သိကြတော့မှာပါလေ....
သူငယ်ချင်းဆီလည်း ကျနော်မသွားဖြစ်တော့ဘူး အိမ်ကိုပဲတန်းပြန်လာလိုက်တယ်
အပြန်လမ်းတစ်လျှောက်လုံး လမ်းနဲ့ခြေတောက်နဲ့ ထိလို့ထိမှန်းမသိတော့ ခေါင်းကအရမ်းကိုက်ပြီး လူကရူးချင်ချင်ဖြစ်နေတယ်
ဒီညမှ အမှောင်ထုတွေက ပိုပြီးကြီးစိုးနေသလားလို့ အဲဒီအမှောင်တွေမှာ မမြင်နိုင်တဲ့ သေခြင်းတရားအပြည့်ရှိတယ်
သေမင်းက ဘယ်အချိန်ကတည်းကနေ ကျနော်တို့နောက်ကနေ ကပ်ပါလာခဲ့လဲ?
အိမ်ကထွက်လာကတည်းကလား?
ဆိုင်မှာကတည်းကလား..?
ဒါမှမဟုတ်…. မွေးစကတည်းကပဲလား...??
ရှင်ခြင်းရဲ့အဆုံးက သေခြင်းပဲဆိုပေမယ့် ဒီလိုမျိုးအဆုံးသတ်ရလိမ့်မယ်လို့ ဘယ်သူယုံနိုင်မလဲ?
မယုံနိုင်လည်း ကြုံခဲ့ရပြီခုတော့...။
မျှော်လင့်ချက်တွေ အနာဂတ်တွေအားလုံးရုပ်သိမ်းခံလိုက်ရပြီ အားလုံးပြီးဆုံးသွားပြီ ချုပ်ငြိမ်းသွားပြီ ချစ်ခြင်းမုန်းခြင်းတွေလည်းမရှိတော့ဘူး....
မြန်မာစကားမှာ “ကွေးသောလက်မဆန့်မီ” တဲ့
သေခြင်းမှာ အသက်ကြီးတာ ငယ်တာမရှိဘူး ချစ်တာမုန်းတာမရှိဘူး ချိန်းဆိုတာတွေ ဂတိကဝတ်တွေ မရှိဘူး.. အားလုံးကို ရိတ်သိမ်းတယ်
အခန်းပြန်ရောက်လည်း ကျနော်အိပ်မပျော်တော့ မျက်လုံးကကြောင်နေပြီး မိုးလင်းကာနီးမှ တစ်ရေးလောက်ရသွားတယ်
တိုက်ကောဖုန်းကိုလည်း အသေပိတ်ထားလိုက်တယ် callတွေထပ်ဝင်နေရင် ကျနော်ရူးလိမ့်မယ် နက်ဖြန်မှပို့တော့မယ်
မနက် ၁၀နာရီထိုးတော့ ကြောင်ကြောင်တောင်တောင်နဲ့ တိုက်အောက်ကိုငုံ့ကြည့်နေမိသေးတယ်
..စောစောထလာဖို့မှာခဲ့တဲ့ အမင်းရဲ့ စကား နားထဲကမထွက်သေးဘူး...
..ကျန်းမာရေးဂရုစိုက်ဖို့မှာတဲ့ တိုက်ကောရဲ့စကား နားထဲကမထွက်သေးဘူး...
မြန်မာဆိုင်ကသူငယ်ချင်းကပြောတယ် “မင်း အဲဒီကားပေါ် ပါမသွားတာ ကံကောင်းတာပေါ့ကွာ... မဟုတ်ရင် မင်းပါရောပြီး မာလကီးယားနေဦးမယ် ” တဲ့..
ကျနော်ကံကောင်းပြီး သေမင်းလက်က လွတ်ခဲ့ပေမယ့် ကျနော်ဝမ်းမသာနိုင်ပါ...
ဖုန်းပြန်ပေးတဲ့နေ့က တိုက်ကောတို့အမေ ကျနော့ကိုကြည့်ပြီး ငိုလိုက်တာ တက်မတတ်ပဲ
နောက်ပြီး အမင်း ကောင်မလေး အဲဒီနေ့က အဲဒီသတင်းလည်းကြားရော ကောင်မလေး မူးလဲသွားတာ ဆေးရုံပို့လိုက်ရတယ်
တိုက်ကောတို့အိမ်ရှေ့ ကို လုံးဝဖြတ်မသွားဖို့ ကျနော်ဆုံးဖြတ်လိုက်တယ် ကျနော့်ကိုတွေ့ရင် သားကိုသတိရပြီး ငိုတဲ့သူတို့အမေကို သနားလို့…. ကြာတော့ကြာခဲ့ပါပြီလေ.....
………………………
[ ကြိုင်း ဆိုတာက ကွမ်တုန်း ဘာသာစကားနဲ့ သားကိုခေါ်တာ ၊ လျှောင်စွေး ဆိုတာက တရုတ်တွေရဲ့ အရွက်ခြောက်ပေါင်းစုံ အမြစ်ခြောက်ပေါင်းစုံ ရောသမပြီး ချက်ထားတဲ့ အရည်တစ်မျိုး အပူကျတယ်လို့ဆိုတယ်... ကျနော်ကတော့လျှောင်စွေးကို တရုတ်တွေရှေ့မှာပဲ လာစပ်စွေးလို့ပြောင်ခေါ်တယ် အမှိုက်ရည်တဲ့အဓိပ္ပါယ်က... လျှောင်စွေးထုပ်က အမှိုက်ထုပ်နဲ့တူလို့လေ..]

evanescence-Fallen


1 going under
2 bring me to life
3 everybody's fool
4 my immortal
5 haunted
7 tourniquet
8 imaginary
9 taking over me
10 hello
11 my last breath
12 whisper

download

စိတ်ကြိုက်သီချင်းများ

ဟိုကနည်းနည်း ဒီကနည်းနည်းနဲ့ကြိုက်တဲ့သီချင်းတွေကိုရောသမမွေပြီး zip fileလုပ်ထားတာ သီချင်းခေါင်းစဉ်တွေမှားနေလားမသိဘူး ကျနော်က မသိတာသိပ်များတယ်ခင်ဗျ ။
၁ လုံးဝမကြားချင်ဘူး
၂ မင်းလေးကိုချစ်လို့
၃ မိုးရာသီ
၎ အလွမ်းမိတ်ဆွေ
၅ နှောင်ကြိုး
၆ ချစ်သူနားဆင်ပေးပါ
၇ ဂီတ
၈ အဖေ
၉ မိုးစက်တင်လေ
၁၀ နေပါစေသိပ်ချစ်လို့
၁၁ အဖြူရောင်
၁၂ မျက်ဝန်း
၁၃ သနပ်ခါး

download

သားမက်ကလေးညစ်သွားတဲ့သီချင်း

အဲဒီနေ့က သားမက်ရော ယောက္ခမရော ငုတ်တုတ်ပျောက်သွားချင်တဲ့သီချင်းရဲ့ အဆက်တွေပါ
၁ ကုတင်ပေါ်ကညစာ
၂ တော်ပြီပေါ့
၃ ပေါက်ထည့်လိုက်မယ်မိုက်နဲ့
၎ ဈေးမဆစ်နဲ့
၅ အမှန်လေး
၆ ကြောက်လား?
၇ respectပျောက်ရှခြင်း
၈ SZ to Jouk jack
(အိမ်မှာဆိုရင်တော့နားကြပ်နဲ့နားထောင်ပေါ့ နားကြပ်နဲ့အဆင်မပြေရင်တော့ အသံလေးလျှော့ပြီးနားထောင်စေချင်တယ်)
download

T-pain rappa_ternt_sanga

T-pain rappa_ternt_sanga
1 rappa ternt sanga(intro)
2 i'm sprung
3 i'm N luv(wit a stripper)
4 studio luv
5 u got me
6 let get it on
7 como estas
8 have it(inter lude)
9 fly away
10 goin' thru a lot
11 say it
12 dance floor
13 u r not the same
14 my place
15 blow ya mind
16 ridge roadd
17 i'm Hi
18 i'm sprung 2

download

lil wayne-bonus track

BONUS
1 i'm me [deluxe edition bonus track]
2 gossip [deluxe edition bonus track]
3 kush [deluxe edition bonus track]
4 love me or hate me [deluxe edition bonus track]
5 talkin' about it [deluxe edition bonus track]
6 lollipop [remix]
7 prostitute 2 [iTunes bonus track]
8 action [target deluxe edition bonus track]
9 whip it [target deluxe edition bonus track]
10 playing with fire
11 you ain't got nuthin'
12 don't get it

download

lil wayne-the carteriii


download

eminem-king mathers

1.Intro On Hot 97
2.Blood In Blood Out
3.Go Gettas Remix
4.Wouldnt Get Far Till I Collapsed
5.Know The Deal Remix
6.There He Goes
7.Lean Back
8.~censored~ Please Remix
9.Drop It Like Its Hot Freestyle On Hot 97
10.Pistol Poppin
11.40 Oz Remix
12.If You So Gangsta Remix
13.The Real Slim Shady Is Takin Over
14.Locked Up
15.Gun Rule Remix
16.This Is America
17.My Love
18.Murda Murda
19.I Tried So Hard Remix
20.America Is A Screw Up
21.Ill Sell You A Dream

download

LINKIN PARK

ကျနော်ဒီရောက်စက လူငယ်တွေကြားမှာအရမ်းရေပန်းစားနေတဲ့အဖွဲ့ပေါ့ rockနဲ့rap ထူးထူးခြားခြားပေါင်းထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်
အဲဒီအချိန်တုန်းက ဒီလို rockဂီတနဲ့rapဂီတပေပါင်းစပ်မှုသိပ်မရှိသေးပါ ကျနော်သိရသလောက်ပေါ့ သူတို့အရင်စောတဲ့bandတွေလည်းရှိချင်ရှိမှာပါ ဒါပေမယ့်ကျနော်ပထမဆုံးဝယ်ဖူးတဲ့အင်္ဂလိပ်သီချင်းအခွေကတော့ သူတို့ရဲ့ Meteoraအခွေပါပဲ အဲဒီကတည်းကနေ တောက်လျှောက် linkin parkအခွေသစ်ထွက်ရင်ပြေးပြေးဝယ်နေမိတော့တယ် ကျနော်က rock crazyကိုးဗျ rapဆိုလည်းနားထောင်ချင်သေးဆိုတော့လေ...
ခုဒါက သူတို့ရဲ့နောက်ဆုံးထွက်တဲ့ albumပါ ဒီထဲက၄ပုဒ်လောက်ကိုတော့ တော်တော်ကြိုက်ပါတယ် အကြိုက်တူရင်ရင်လည်းdownတော်မူကြပေါ့ခင်ဗျာ ကျန်တဲ့စီးရီးတွေအားမှပဲတင်တော့မယ်..
...........
minute to midnight
1 bleed it out
2 given up
3 hands held high
4 in between
5 in pieces
6 leave out all the rest
7 no more sorrow
8 shadow of the day
9 the little things give u away
10 valentine's day
11 wake
12 what i done
download
(သီချင်းများအစဉ်လိုက်ဖြစ်မနေပါ တောတစ်ပုဒ် တောင်တစ်ပုဒ်ဖြစ်နေပါသည် နားလည်ပေးကြပါကုန်)

VIP

“…မနက်ဆိုရင် မောင်နှမတဲ့ ညဆိုရင်ပေါင်ခွတယ် ဘယ်သူလဲမေးရင်မတ်တတ်ရပ်ပြီးလက်ညှိုးကိုနင်ထောင်ပြတယ်
နင်ပြောတော့ငါပဲနင့်ကို အထင်အမြင်တွေလွဲနေတာ... အဲဒါကမောင်နှမတဲ့လား kissingတွေဆွဲနေတာ….”

“ဟိုက်..”
ကျနော့်ဆံပင်မွေးတွေတောင်ထောင်ကုန်တယ် ကြမ်းလှချည်လား.???....ကိုယ့်နားတောင်ကိုယ်မယုံနိုင်ဘူး.။
သူငယ်ချင်းတစ်ယောက်က“ဒီသီချင်းနားထောင်ကြည့် လန်းတယ်ကွ.”ဆိုတာနဲ့ဖုန်းနဲ့ကူးလာတာ ပြောရရင်ကျနော်ဆိုတဲ့ကောင်က hip hopနဲ့တော့သိပ်မစိမ်းပါဘူး acidတို့ပေါက်တုန်းက ဝယ်ပြီးနားထောင်တာပဲ မျိုးကြော့မြိုင်ခေတ်တုန်းကလည်း မျိုးကြော့မြိုင်မို့လို့
50 centတို့ eminemတို့ကိုလည်းကြိုက်တဲ့အခါကြိုက်တာပါပဲ ဒါပေမယ့်အခုလို မြန်မာလိုပီပီသသကြီး “ဝုန်းဒိုင်း”ကြဲတဲ့သီချင်းကိုတော့ခုမှပဲနားထောင်ဖူးတော့တယ် နောက်မှသိရတာက SZနဲ့ဂျောက်ဂျက်တို့ရဲ့သီချင်းတဲ့ onlineမှာခင်တဲ့သူငယ်ချင်းမလေးတွေကိုအကြောင်းဆုံလို့အဲဒီဂီတအကြောင်းပြောမိတိုင်း ကောင်မလေးတွေက “မုန်းတယ်ဟာ..အဲဒီကောင်တွေကို တော်တော်ရိုင်းတဲ့ဟာတွေ”တဲ့ ဗမာပြည်မှာလည်းသူတို့ကိုအပြစ်တင်ရှုံ့ချတဲ့ဂီတအသိုင်းအဝိုင်းကမနည်း.. ဟိုကဖဲ့ ဒီကဖဲ့ အချင်းချင်းလည်းပြန်ဖဲ့ နဲ့တစ်ကယ့်ကို gangsta ဂီတကြီးဖြစ်နေတော့တယ် ဒါပေမယ့်အားပေးတဲ့ပရိတ်သတ်အခိုင်အမာရှိလို့သာ ဒီအခြေအနေထိရပ်တည်နေနိုင်တယ်ဆိုတာတော့ သံသယဖြစ်စရာမလိုပါဘူး... ပြောမယ့်သာပြောရတာ ကျနော်လည်းသူတို့ကိုခပ်ကြိုက်ကြိုက်ရယ် အဲဒီထဲက ဂျောက်ဂျက်ရဲ့ ဆိုပုံဆိုပေါက်ကိုအကြိုက်ဆုံးပဲ ရယ်ရတာကြောင့်လည်းပါမှာပါ ကျနော်ကနားစွဲသွားပြီဆိုရင် လိုက်ဆိုတတ်တဲ့အကျင့်က ရှိတယ် မှတ်မှတ်ရရ အလုပ်ထဲမှာတစ်ခါ !!!
….အခြောက်ဒီဇိုင်းနဲ့လျှောက်မဖိုက်နဲ့ ကွာလတီကွာခြား ငါ၏စာသား… ကြားတာနဲ့မင်းစောက်ခွက်ကြီး....???` !!!
ဟင်!!! ???
နင်... နင်...မိုက်ရိုင်းလှချည်လား? !!!!
အနားမှာ အလုပ်အတူတူလုပ်တဲ့ထားဝယ်မလေးကိုသတိမထားလိုက်မိဘူးကိုးဗျ ဂျောက်ဂျက်စတိုင်နဲ့ဟဲနေတာ.. သီချင်းဆိုလို့ဆိုမှန်းတောင်ကောင်မလေးမသိပါဘူး သူ့စိတ်ထဲမှာ အယုတ္တ အနတ္တတွေကို သူကြားအောင်ကျနော်တမင် အော်ရွတ်နေတယ်လို့ပဲထင်တာ သူတို့ရွာမှာ ဟစ်ဟော့လည်းမရှိဘူး ဂျောက်ဂျက်လည်းမရှိဘူးကိုး...နောက်တစ်ခါက အခန်းမှာ… ကျနော့အကျင့်က မူးရင် သီချင်းအကျယ်ကြီးဖွင့်တတ်တဲ့အကျင့်ရှိတယ်
အဲဒီနေ့က တိုက်တစ်ထပ်တည်းအတူနေအဒေါ်ကြီးရဲ့ ပူပူနွေးနွေးသားမက်လေး လာလည်တာ (သားမက်ချည်းသက်သက်အလည်လာရတာက သမီးကဗမာပြည်ပြန်သွားပြီကိုး )
ကျနော်လည်းရေချိန်ကိုက်နေပြီဆိုတော့ စပီကာကိုအသံကုန်ဖွင့်ပြီပေါ့ ကျနော့်အခန်းနဲ့ သူ့အခန်းသိပ်မလှမ်းတော့ သီချင်းသံတွေက အတိုင်းသား
….စော်တွေကိုလည်းVIPကစောက်ထင်ကိုမကြီး.......??? သူ့ကိုယ်သူအမှန်လေးပါတဲ့...ပြောတာတော့အမှန်လေးပါတဲ့...
…အမှန်လေးပါပဲ ခုတော့…….
………………………………....xxxxx

သားမက်လုပ်တဲ့သူခမျာ ယောက္ခမအသစ်ကြီးရှေ့မှာငုတ်တုတ်တောင်ပျောက်သွားချင်ရှာမှာ
အဲဒီကိစ္စနဲ့ပတ်သက်ပြီးကျနော့ကိုအဒေါ်ကြီး နှစ်ပတ်တိတိစကားမပြောတော့ဘူး :P
ခုဒီကသီချင်းတွေက အဲဒီနေ့ကမူးမူးနဲ့ဖွင့်တဲ့သီချင်းထဲက တခွေပါ အကြိုက်တူရင် ယူကြပေါ့
ကျနော့ဆီမှာလည်းသူတို့သီချင်းသိပ်မရှိဘူး ရှိသလောက်လေးပေါ့
၁။မင်းတို့ပဲတော်တယ်
၂။အားလုံးသိတယ်
၃။ကျော်ခဲ့လိုက်
၎။၁ညအိပ်၂ညခရီး
၅။ဆရာကျလွန်းတယ်
၆။ရှိုတ်ကြစို့
၇။ငါ၏စာသား
၈။ဘူလေးလဲ
၉။လူရှိုန်တာပေါ့
၁၀။လောကရုပ်သေး
၁၁။အာရုံ
၁၂။စိတ်ရှုပ်တယ်
၁၃။ပြီးခါနီး

download

ဒီလိုပါ ဒီလိုပါ

ခြံထဲတွင် ကစားနေသော ကျွန်တော့်မိတ်ဆွေ၏ လေးနှစ်အရွယ်သားငယ်လေးက သူ၏နားထဲသို့ ကျောက်ခဲဝင်သွားကြောင်း ပြောလေရာ မိတ်ဆွေသည် ထိုကျောက်ခဲကို ပြန်လည်ထုတ်ယူရန် ကလေးအား ဆေးရုံသို့ အပြေးအလွှား ခေါ်သွားရလေသည်။ ဆရာဝန်က ထိုကျောက်ခဲအား ညင်သာချောမွေ့စွာ ထုတ်ယူပေးလိုက်ရာ "" ဘယ်လိုများ ဒီကျောက်ခဲ နားထဲ ၀င်သွားရတာလဲ "" ဟု ဆရာဝန်က ကလေးကို မေးလိုက်သည်။ "" ဒီလိုပါ "" ဆိုပြီး ကလေးငယ်က ကျောက်ခဲကို သူ၏ နားထဲသို့ ပြန်ပြီး ထိုးသွင်းပြလိုက်သည်။ သူသည် ဒုတိယအကြိမ်မြောက် မေ့ဆေးပေးခံရပြန်တော့သည်။

နောက်ဆုံးတစ်ခုတည်း ကျန်လို့ပါ

အမြန်ရထားဖြစ်သည့် အတွက် ဘူတာတိုင်းတွင် အချိန်ကြာကြာ မရပ်ပါ။ ကျွန်မသည် ပလက်ဖောင်းပေါ်မှ ကလေးငယ်တစ်ဦးအား "" အန်တီ့ကို ကူညီပြီး သကြားပလာတာနှစ်ချပ် ၀ယ်ပေးပါ၊ တစ်ချပ်က သားစာ၊ တစ်ချပ်ကို အနှ်တီ့ကို ပေးပါ "" ဟုပြောပြီး ငွေတစ်ဆယ်ပေးကာ ၀ယ်ခိုင်းလိုက်သည်။ ကလေးငယ်သည် ပလာတာတစ်ချပ်ကို ကိုက်စားပြီး ကျွန်မအား ငွေငါးကျပ်ပြန်ပေးရင်း "" နောက်ဆုံးတစ်ချပ်တည်း ကျန်တယ် အန်တီရယ်"" ဟု ပြန်ပြောခဲ့သည်။

မှတ်ကရော

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။

"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် …"



စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။

"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"

ဧည့်သည်

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။



အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။

"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"



ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။

"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"

ချီးကျူးထိုက်သူ

ငွေစက္ကူ အတုလုပ်သောယောကျာ်းက မိန်းမကို ချီးကျူးစကားပြောသည်။
``ငါ့ မိန်းမ အင်မတန်တော်ပါလားဟေ့၊ဒီနေ့လည်းနောက်တပ် ငွေနှစ်သောင်းသုံးလိုက်နိုင်ပါလား။´´

စာနာစိတ်

စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ်သည်။ လူနာသုံးယောက် ခုတင်တစ်ခုတည်းတွင် ကြပ်ကြပ်တည်းတည်း
အိပ်နေကြသည်။ ၎င်းတို့အထဲကတစ်ယောက်သည် မလှည့်သာ မလှုပ်သာ သဖြင့်
အိပ်မပျော်နိုင်။ကြာသော် သည်းမခံနိုင်တော့သဖြင့် ခေါင်းအုံးကိုဆွဲကာ ကြမ်းပေါ်ဆင်းအိပ်သည်။
အိပ်ပျော်နေသော လူနာတစ်ယောက် မျက်လုံးပွင့်လာပြီး မိမိဘေးတွင် နေရာလွတ်သွားသည်ကိုတွေ့သည်။
သို့နှင့် ကြမ်းပေါ်က လူနာကို လှမ်းပြောသည်။
``ဟေ့...နေရာချောင်သွားပြီ၊လာ..တက်အိပ်လှည့်။´´

အသင့်ပြင်ထား

လူနာကို ခွဲစိတ်ခန်းထဲသို့ ခေါ်လာသည်။ မကြာမီ ရေချိန်ကိုက်နေသော မေ့ဆေးဆရာဝန်
ဝင်လာပြီးပြောသည်။
``ကိုင်း.ခင်ဗျားကို ကျွန်တော်တို့ ခွဲစိတ်ဖို့ ပြင်ဆင်တော့မယ်။´´
လူနာကြောက်လန့်တကြားပြောသည်။
``ဖြစ်ပါ့ မလားဆရာ..ဆရာမူးနေတာပဲ။´´
``ကျွန်တော်လား မူးနေတာ...မမူးပါဘူး၊ဟော ခဏနေလာမယ့်ခွဲစိတ်ဆရာသာ မူးနေတာ၊
မယုံရင် စောင့်ကြည့်။´´

တတိယအကြိမ်

ဆရာဝန်ဆီ ပထမအကြိမ် ကိုဘမောင်ရောက်တုန်းက လည်ချောင်းနာသည်ဟု ပြောလိုက်ရာ
ဆရာဝန်က အာသီးကို ဖြတ်ပေးလိုက်သည်။ ဒုတိယအကြိမ်ရောက်တော့ ဗိုက်နာသည်ဟုပြောလိုက်ရာ
ဆရာဝန်က အူအတက်ကို ချက်ချင်း ဖြတ်ပေးလိုက်သည်။ တတိယအကြိမ်ရောက်၍ ဆရာဝန်က
ဘာဖြစ်တာလဲဟု မေးသောအခါ ကိုဘမောင် မဖြေချေ။ ဤအခေါက်တွင် ၎င်းခေါင်းကိုက်နေ၍
ဖြစ်လေသည်။

အချင်းချင်းတွေပါလား

ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်သည်။ ကတုတ်ကျင်းတွင် ဆိုဗီယက်စစ်သားများရှိနေကြသည်။
၎င်းတို့ဘက်သို့ ဂျာမန်တင့်ကားချဉ်းကပ်လာသည်။ ဆိုဗီယက်စစ်သားများ မောင်းပြန်သေနတ်တွေနှင့်ပစ်သည်။
မထိ လက်ပစ်ဗုံးပါကုန်သွားသည်။တင့်ကားသည် လက်တစ်ကမ်းအကွာသို့ရောက်လာသည်။ဤတွင် တစ်ချိန်လုံး မပစ်ဘဲနေသောတပ်သားမိန်းမလျာကို ၀ိုင်းအော် ကြသည်။
``ဟေ့ကောင်..ဘာငေးနေတာလဲ တို့ကို ဒင်းတက်မကြိတ်ခင်မင်းဆီက လက်ပစ်ဗုံးနဲ့ပစ်လိုက်။´´
``ဟင့်အင်းဟင့်အင်း ကောင်လေးတွေ သနားပါတယ်။´´
``ဟေ့ကောင် ပစ်လို့ပြောနေတာမကြားဖူးလား၊မဟုတ်ရင် ဗုံးအစား မင်းကိုငါတို့ပစ်လိုက်မယ်နားလည်လား။´´ ``ဟင့်အင်း ဟင့်အင်း တင့်ကားထဲမှာကောင်လေးတွေရှိနေတယ်လေ..သနားစရာကြီး။´´ ကတုတ်ကျင်းရှေ့တည့်တည့်သို့တင့်ကားရောက်လာသည်။တင့်ကား၏အပေါ်ဖုံးပွင့်သွားပြီး ခေါင်းတစ်လုံးပြူထွက် လာသည်။ဂျာမန်စစ်သားလှမ်းပြောသည်။ ``ကောင်လေးတွေ...နည်းနည်းဖယ်ပေးကြနော်..နို့မဟုတ်ရင် တက်နင်းမိလိမ့်မယ်ကွဲ့။´´

အသေချာဆုံး

ဘတ်စ်ကားမှတ်တိုင်တွင် အဘွားအိုက လူတစ်ယောက်ကိုမေးသည်။
``သင်္ချိုင်းကို ဘယ်ကားစီးရင်...ရောက်မလဲဟင်။´´
``ဘရိတ်ပေါက်နေတဲ့ကား..စီးသွား။´´

ကံကြီးပေလို့

တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ် အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။ အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့
`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´ လို့မေးလိုက်တယ်။
ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။
ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။
နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့ ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။
`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

ဖြစ်မှဖြစ်ရလေ

တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ် ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက် မေးကြတော့တာပေါ့။
ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။
`ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊ စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။
ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။ `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ ငိုပြန်ပါလေရော။
နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။ သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက `ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။
မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ …. ။

so sorry

တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကို ဆွေးနွေးကြတယ်။
ဂျပန်လူမျိုးက "ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်" လို့ ပြောပြီး သူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ် ပြိုင်ခိုင်းလိုက်တယ်။
ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂၀ လှမ်းပြီး ကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့ ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝက မီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. "I am Hunter" ငါက မုဆိုးတဲ့။
ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅၀လှမ်းပြီး ကိုယ်ကို တစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်က ကိုယ့်ကို အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. "I am Bond" ငါက ဂျိမ်းစ်ဘွန်းတဲ့။
နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီး ပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။ တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။ "I am sorry" ငါဝမ်းနည်းပါတယ်တဲ့။

ဆုတောင်းမမှားကြနဲ့

လူတစ်ယောက်က အသားအရမ်းမည်းလို့ လူတွေက သူ့ကို မြို့ကနေ မောင်းထုတ်လိုက်သတယ့်။
ဒါနဲ့ သူက လူတွေကိုစိတ်နာပြီ: သဲသောင်ပြင်ဘက်ထွက်သွားတယ်တဲ့။
အဲ့မှာ သူက ရေအရမ်းဆာနေတာပေါ့လေ အဲ့ဒါနဲ့ သူက သေခါနီးအချိန်ကိုရောက်လာရော…
အဲ့မှ သဲသောင်စောင့်နတ်က သနား ပြီး ထွက်လာတာပေါ့..
သဲသောင်စောင့်နတ်ကနောက်ဆုံးအနေနဲ့ ဆု၃ ခုတောင်းခိုင်းသတယ့် ။ မသေခင်ပေါ့။
အဲ့မှာ သူတောင်းတဲ့ဆု တွေ ကတော့
(၁ ) အသားမည်းလို့လူတွေက မောင်းထုတ်လိုက် တယ်..ဒါကြောင့်
နောက်ဘ၀ကျရင် အသားဖြူဖြူလေးဖြစ်ပါစေ…
(၂ ) ဒီဘ၀မှာ ရေဆာလို့သေရတော့မယ် ..ဒါကြောင့်
နောက်ဘ၀ကျရင် ရေတွေအရမ်းပေါ များတယ့်နေရာမှာ ဖြစ်ရပါစေ….
(၃) နောက် ဆုံးတစ်ခု အနေနဲု့ကတော့ ကောင်မလေးတွေကိုမြင်ရင် ဘောင်းဘီမပါပဲမြင်ရပါစေ
ဆိုးပြီး တောင်းလိုက်တယ်
အဲ့ဒီမှာ နတ်ကြီးကလည်း ပြည့် စေပေါ့ ….
အဲ့ဒီမှာ အဲ့ဒီလူလည်းသေရော ဆုတောင်းကချက်ချင်းပြည့်ပြီ ဒန် တန် တန်…………
…..
…….
မိန်းမအိမ်သာထဲ က " အိမ်သာကြွေခွက် " ကြီးဖြစ်သွားရောတယ့် ……
ဆုတောင်း မမှားကြနဲ့ကို့လူတို့ ………..

မှတ်ကရော

တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

အားလုံးပျော်ရအောင်

တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်"
တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့…
"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။

ကြီးလေးတဲ့အပြစ်ဒဏ်

လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့ ပြောလိုက်သတဲ့။

သေရော

တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..

စိတ္တဇဆေးရုံ

နေရာ … စိတ္တဇဆေးရုံ
ဆေးရုံအုပ်…. "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
နောက်တစ်နေ့ ….
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။

 
©2009 ♬သားကြီး♪ | by TNB