အလွမ်းနက္ခတ်ငြိတဲ့နေ့

“ကောင်မလေးရေ”
“ကောင်မလေးရေ”
“အခုဆိုရင် ကောင်မကြီးဖြစ်နေပြီဖြစ်တဲ့ တခါက ကောင်မလေးရေးးးး”
...............................
ဒီနေ့ဘာနက္ခတ်နဲ့ငြိတဲ့နေ့လဲတော့မသိဘူး အိပ်ယာက ထလာကတည်းက လူကလွမ်းချင်သလိုလို ဆွေးချင်သလိုလိုကြီး
မျက်နှာသစ် သွားတိုက် အိမ်သာတက်တောင် စိတ်က ဟိုယိမ်း ဒီယိမ်းနဲ့
ဒီလောက်တောင်လွမ်းနေမှတော့ ငယ်သူငယ်ချင်းစာဥပဲဖြစ်ရမယ်လို့တော့မတွေးကြပါနဲ့ ကျနော့မှာ စာဥဆိုတဲ့သူငယ်ချင်းမရှိသလို “စာအု”နာမည်နဲ့သူငယ်ချင်းလည်းမရှိပါဘူး
အင်းး…..ပြန်ပြောရမယ်ဆိုရင်တော့..။.
……………………….
လမင်းလေးရယ် ကျနော်ရယ် ရပ်ကွက်တစ်ခုမှာအတူကြီးပြင်းခဲ့ကြပါတယ် ကျနော်ကြီးလာတာက ရိုးရိုးတန်းတန်းပါ လမင်းကတော့အဲလိုမဟုတ်ဘူး ကြီးလေ လှလေ လုပ်နေတယ်၊ အဲဒါပြဿနာပဲ မတော်ကျနော်ကချစ်မိသွားရင်တော့ ကျနော့ကို
ချည်းအပြစ်တင်လို့ရမှာမဟုတ်ဘူး အေးအေးဆေးဆေးမနေဘဲ လှသထက်လှလာနေတဲ့လမင်းကိုလည်းအပြစ်တင်ရလိမ့်မယ်
ဒီလိုကိစ္စမျိုးမဖြစ်ရအောင် အစကတည်းက မလှပါနဲ့တော့လား…။
…………
ကျနော့မှာ“တင်အောင်”ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ် ကျနော်သိထားတာက “တင်”ဆိုတာ“ဖင်”ကိုလည်းရည်ညွှန်း
ခေါ်ဝေါ်ကြတာပါပဲ အဲဒီတော့ “တင်အောင်”ဆိုတဲ့နာမည်ဟာ “ဖင်အောင်”လို့လည်းသက်ရောက်တယ်
နာမည်ကသာ တင်အောင် သူ့တင်ကဖြင့် လှလည်းမလှဘူး အောင်လည်းအောင်မယ့်ပုံမပေါ်ပါဘူး။ ထားပါတော့“တင်”ဆိုတဲ့
စကားကိုချည်းဇာချဲ့နေရင်“နှာဘူး”လို့ထင်ကုန်ကြလိမ့်မယ်..။

တနေ့ကပေါ့ ကျောင်းကားစောင့်နေတဲ့အချိန်မှာ ကျနော့သူငယ်ချင်းတင်အောင် မကောင်းတဲ့အကြောင်းကို
လမင်းလေးနဲ့သူ့သူငယ်ချင်းမနှစ်ယောက်ကျနော့ရှေ့မှာပဲ စွာကျယ်စွာကျယ်လုပ်ပြီးပြောနေတယ် ။
“အဲဒီတင်အောင် ကောင်းကိုမကောင်းဘူးသိလား လမ်းမှာတွေ့ရင်မခေါ်နဲ့ တအားညစ်ပတ်တဲ့ကောင် စကားပြောရင်လည်း သူ့စကားက ဘယ်လိုကြီးမှန်းမသိဘူး အနှောင့်အသွားမလွတ်နဲ့”
ကျနော်မနေနိုင်ပါဘူး ကိုယ့်ကိုရှေ့ထားပြီးကိုယ့်သူငယ်ချင်းမကောင်းကြောင်းပြောတဲ့ကိစ္စကြီး.. မနေနိုင်တော့လည်းဝင်ပါရတာပေါ့ (စကားထဲမှာဝင်ပါလိုက်တာကိုပြောတာပါ toiletလို့ရေးထားတဲ့ အခန်းကျဉ်းကျဉ်းလေးထဲဝင်“ပါ”တာမျိုးကိုပြောတာမဟုတ်ပါဘူး)

“တင်အောင့်စကားက အနှောင့်တွေ အသွားတွေနဲ့ဟုတ်လား အရိုးတွေ လက်ကိုင်တွေရောပါလား အဖျားကရော တော်တော်ရှည်ရှည်ပဲလား ငါတော့ စကားကိုအသံအနေနဲ့ပဲကြားဖူးတယ် နင်မို့လို့စကားကိုအနှောင့်တွေအသွားတွေနဲ့မြင်တယ်”
ကျနော့စကားဆုံးတော့ ကျနော့ကိုသုံးယောက်စလုံးဘုကြည့်ကြည့်ပါတယ် အဲဒီဘုကြည့်သုံးကြည့်ထဲက တစ်ဘုကိုကျနော်
တော်တော်စွဲသွားတယ် အကြည့်ကဖုနေတာတောင် ကျနော့လမင်းလေးလှနေတုန်းပဲကွယ်။
……………………….
ကျနော်တို့ရပ်ကွက်မှာ ဆိုက္ကားဆရာ ကိုတွတ်နီဆိုတာရှိပါတယ် ပုလင်းဖင်လောက်ထူတဲ့မျက်မှန်နဲ့ စာလည်းအရမ်းဖတ်တယ်
ခက်တာက သူဖတ်တဲ့စာတွေက တရုတ်သိုင်းဝတ္ထုအများစု ၊ ကျနော်ငယ်ငယ်ကဆို သူဖတ်တဲ့စာအုပ်တွေကြည့်ပြီး ဒီလူကြီး သိုင်းတော့တတ်မှာပဲလို့ထင်ခဲ့တယ်။ ခက်တာက သူ့ပုံစံက သိုင်းလောကသားရုပ်မပေါက်ဘူး သိုင်းလောကသားတွေ ပုလင်းဖင်လောက်မျက်မှန်ကြီးတွေတပ်ပြီး ဆိုက္ကားနင်းကြတယ်လို့လည်းမကြားမိဘူး…။
ဒါပေမယ့် …တနေ့မှာတော့ ကိုတွတ်နီ သိုင်းတစ်ကယ်တတ်တယ်ဆိုတာကိုကျနော်သိခွင့်ရလိုက်တယ်။
သိုင်းတောင်မှရိုးရိုးသိုင်းမဟုတ်ဘူး အရက်မူးသိုင်းကြီး။

“မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့”ဆိုတဲ့ဆောင်ပုဒ်ပဲရှိတယ်
“မူးရင်မနင်းနဲ့ နင်းရင်မမူးနဲ့”ဆိုတဲ့ဆောင်ပုဒ်မကြားဖူးဘူးလေ မူးမူးနဲ့သူဆိုက္ကားထွက်တဲ့နေ့ပေါ့ ကြောင်တောင်တောင်နဲ့ သူ့ဆိုက္ကားကို ကျနော်ငှားတဲ့နေ့ပေါ့ ကိုးကွယ်တဲ့ဆရာတော်ကျောင်းကခင်တဲ့ကိုရင်လေးတစ်ပါးပါ အရှေ့ထိုင်ခုံမှာ လမ်းကြုံလို့
ဝင်လိုက်လာတဲ့နေ့ကပေါ့။
လူအစည်ဆုံးဆိုတဲ့ လက္ဘက်ရည်ဆိုင်တစ်ဆိုင်ရှေ့အရောက်မှာကိုတွတ်နီ မူးမူးနဲ့ဘာသိုင်းကွက်သုံးလိုက်လဲမသိဘူး ဆိုက္ကားမှောက်ပါလေရော

လမ်းကခပ်မြင့်မြင့်အနေအထား လက်ဖက်ရည်ဆိုင်ကအနိမ့်ပိုင်းမှာ ဆိုက္ကားလည်းမှောက်ရော
ကိုရင်လေးက သင်္ကန်းတစ်လွှားလွှားနဲ့ပြုတ်ကျတယ် ကျနော်ကလည်းပုဆိုးတကားကားနဲ့ပေါ့ သိုင်းလောကသားဖြစ်တဲ့ကိုတွတ်နီကတော့ ကိုယ်ကိုဖေါ့ပြီးကျတယ် ဒါပေမယ့်ကံဆိုးသွားတယ် လူဘာမှမဖြစ်ပေမယ့် မျက်မှန်တော့ကျွတ်ကျသွားတယ် လူနှစ်ယောက်နဲ့ကိုရင်လေးတစ်ပါး ညီညီညာညာပဲ လက်ဖက်ရည်ဆိုင်ရှေ့တည့်တည့်ကြီးလှိမ့်ဆင်းသွားပါတယ် ။

အလှိမ့်ရပ်တော့ကိုတွတ်နီလည်း ချက်ချင်းပဲပြန်ထလာပြီး လဲကျနေတဲ့ကိုရင်လေးကိုသွားပြေးထူလိုက်တယ် အဲဒီမှာကံထပ်ဆိုးပါတယ် မျက်မှန်ကျွတ်သွားတော့ ဘာမှမသဲကွဲတော့ဘူးလေ မူးကလည်းမူးနေတယ် သူထူလိုက်တာက ခွေးခြေပုခုံလေးမှာထိုင်ပြီးလက်ဘက်ရည်သောက်နေတဲ့
အပျိုကြီးဒေါ်သင်းသင်းကို၊ အပျိုကြီးကလည်းအဲဒီနေ့မှ အဝါရောင်ပါတိတ်ဝမ်းဆက်ဝတ်ထားတာကိုး ဆိုက္ကားပေါ်ကပြုတ်ကျတဲ့
ကိုရင်လေးအမှတ်နဲ့ ချိုင်းနှစ်ဖက်ကနေဆွဲထူမလိုက်တာ အပျိုကြီးလက်ဖက်ရည်တွေ သီးပြီး “အောင်မယ်လေးတော့”ဖြစ်ပါရော။တော်သေးတယ် မျက်နှာသိတွေမို့လို့။

ဆိုင်ထဲကလူတွေတဝါးဝါးတဟားဟားပေါ့ အထူမခံလိုက်ရတဲ့ကိုရင်လေးကတော့ သူ့ဘာသာသူပဲထလာပါတယ်
ကိုတွတ်န်ီကြီးကိုကြည့်ပြီး ငိုမဲ့မဲ့နဲ့ပြောတယ် …
“ဒီဒကာကြီးတော့ ဝက်ပဲ”
…ဆိုက္ကားမှောက်ပြီး ကျနော်ပြန်အထမှာ ဆိုင်ထဲကိုထူပူနေတဲ့မျက်နှာနဲ့ လှမ်းကြည့်လိုက်တော့
ဘုရား…ဘုရား… ကျနော့ရဲ့ စာအု အဲလေ.. ကျနော့ရဲ့လမင်းလေးက ကျနော့အဖြစ်ကိုကြည့်ပြီးခွက်ထိုးခွက်လန်ရယ်နေပါပေါ့လား ကျမ်းစာထဲကအတိုင်းဆိုရင်တော့ ဒီရယ်နည်းဟာ ကောင်းမြတ်သောမိန်းမရဲ့ရယ်နည်းမဟုတ်ဘူး ဒါပေမယ့်…..ဒါပေမယ့်….. ကျနော်ခွင့်လွတ်ပါတယ် ။
……………..
ကျောင်းပိတ်တဲ့တစ်ရက်မှာပေါ့
အကျအနဝတ်စားပြီးမြို့ထဲထွက်လာခဲ့တယ် စာအုပ်ဆိုင်တစ်ဆိုင်ရှေ့မှာ ကျနော့လမင်းလေးနဲ့တွေ့တယ်
အရင်ကဆိုသူကျနော့ကိုသိပ်ပြီးဟက်ဟက်ပက်ပက်မရှိလှပါဘူး ဒီနေ့တော့ ကျနော့ကိုကြည့်တဲ့သူ့အကြည့်က အရောင်တွေလက်နေတယ်

ဘာရမလဲ အပီအပြင် သ လာတာပဲ သူ့ရှေ့မှာအပြုံးလေးနဲ့ကျနော်သွားရပ်တော့ သူကစကားစပြောပါတယ်
“တော်တော်ကြည့်ကောင်းတယ်”
“အဟီး ဟုတ်လား ဘာပဲပြောပြောနဂိုရှိမှ နဂိုင်းထွက်တာပါဟာ ဒီလုံချည်က ငါ့အမေမန္တလေးသွားတုန်းက ဝယ်ခဲ့တာလေ ဒီပိုလိုစပို့ရှပ်က..”
“နင် ဘာတွေလျှောက်ပြောနေတာလဲ ငါပြောတာက လက်ဖက်ရည်ဆိုင်ရှေ့မှာ နင်ဆိုက္ကားမှောက်တာ တော်တော်ကြည့်ကောင်းတယ်လို့ ရယ်လိုက်ရတာ ဗိုက်တောင်နာတယ် ပြောရင်းနဲ့တောင်ရယ်ချင်လာပြီ အဟိ”
ပေါသွပ်ကာတွန်းထဲကလိုသာဆိုရင် အဲဒီအချိန်မှာ လူစင်စစ်ကနေ ကျနော်“ဂိန်”လို့အသံထွက်မိမှာပါပဲ
ရက်စက်လိုက်ပါပေ့ လမင်းရယ်။
…………………………
ဘာပဲပြောပြောအဲဒီလမင်းကို ရင်ခွင်မှာသာနိုင်အောင် ကျနောကြိုးစားရတော့မယ်
ကျောင်းကနေအပြန်လမ်းတစ်ခုမှာပေါ့ ခါတိုင်းတစ်ယောက်တည်းကျောင်းကပြန်လာလေ့မရှိတဲ့ လမင်းလေးဒီနေ့တော့တစ်ယောက်တည်းရယ် အဖေါ်တွေပါမလာကြဘူး..။
သိုင်းဝတ္ထုမဖတ်လည်း ဒီနေရာမှာတော့ ကိုယ်ဖေါ့သိုင်းကိုကျနော်တတ်သွားတယ်ထင်တယ် အနားရောက်သွားတာတောင်
လမင်းလေးမသိလိုက်ရှာဘူး ခြေသံလုံလိုက်ပုံများ။

“ဟိ ယား”ဆိုပြီးတရုတ်သိုင်းကားတွေထဲကလိုတွေ့တာနဲ့ဓါးထုတ်ဖို့ကျနော်မပြင်ပါဘူး ဓါးလည်းရှိမနေပါဘူး
“အဟမ်း အဟမ်း”လို့ပဲ ကျောင်းကမြန်မာစာဆရာကြီးရဲ့လေသံနဲ့ အသံပေးလိုက်တယ်။ ပထမတော့ သူလန့်သွားမလားပဲ
ဒါပေမယ့်မလန့်ပါဘူး ကျနော့ကိုခပ်တည်တည်ပဲပြန်ကြည့်နေလိုက်တယ် လမ်းလျှောက်နေရင်းကပေါ့
ပြီးတော့ အသံဆတ်ဆတ်လေးနဲ့မေးတယ်
“ဘာလဲ”

အသံကျွတ်ကျွတ်လေးနဲ့ပဲကျနော်ပြန်ဖြေလိုက်တယ်။
“ဘာရယ်မဟုတ်ပါဘူး ဒီနေ့တစ်နေ့လုံးနေတော်တော်ပူတယ်နော်”
“အင်းလေ…အဲဒါဘာဖြစ်လဲ”
“ဘာမှတော့မဖြစ်ဘူးပေါ့ဟာ ငါကတော့နင့်ကိုချစ်နေပြီ”
“အမ်”
လမင်းလေးအံ့သြသွားပါတယ် စကားကလည်းဘာမှမဆိုင်ဘူးကိုး
ပေါရဲလိုက်လေခြင်းလို့လည်းတွေးမိသွားပုံရတယ်။
“လုပ်ဦးဟာ နင်ကလည်း အဖြေကလေးပေးလိုက်ပါတော့ စောင့်ရတာမောလှပြီ”
“အမ်”
ကောင်မလေးထပ်ပြီးအံ့သြပြန်ပါတယ်

အသံစွာစွာလေးနဲ့ပြန်ပြောတယ်…
“နင်ကလည်းဇွတ်ကြီးပါပဲလား”
“သြော်.ဆန္ဒစောရကောင်းလားဆိုပြီးလည်း ငါ့ကိုအပြစ်မတင်ပါနဲ့ဟာ ငုံးဆူလူမသိဆိုသလို ငါ့အပူငါပဲသိပါတယ်ဟာ”
“နင် ပူနေတယ် ဟုတ်လား”
“အေးလေ”
“တော်တော်ကြာပလား”
“အချစ်စိတ်တွေ မျိုမသိပ်နိုင်တော့လို့ ပွင့်အံ့ချလိုက်မိကတည်းကပေါ့”
“နင်ကလည်းဟယ် ယောင်္ကျားဖြစ်ပြီးပူရတယ်လို့”
“ချစ်မိတော့လည်း ပူရတာပေါ့ဟာ”
“ဒါဆိုရင် ဒီလိုလုပ် အချိန်တွေမနှောင်းခင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရမယ် နင်အခုပဲ ဒေါက်တာဋ္ဌေးဋ္ဌးမြင့်ကိုသွားတွေ့လိုက်နော် အကောင်းဆုံးအကြံဥာဏ်သူပေးနိုင်ပါတယ်”
“ဟိုက်”
သွားပြီ ကိုယ့်စကားကိုယ်ပြန်ပတ်ပြီ ဒေါက်တာဋ္ဌေးဋ္ဌးမြင့်ဆိုတာက ကျနော်တို့မြို့က သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး ။ လမင်းလေးကတော့ ခပ်တည်တည်ပါပဲ သူ့စိတ်ထဲမှာတော့ ရယ်ချင်နေမှာပေါ့ ။

“ငါပြောတဲ့ ပူတယ်ဆိုတာက နင်ပူသလိုမဟုတ်ဘူးလေ”
“ဘာ ဘာပြောတယ်”
လမင်းလေးစွေ့စွေ့ခုန်သွားပါတယ်။
“အာ…ဆောရီး စကားမှားသွားလို့ ငါ့အပူက နင်တို့မိန်းကလေးတွေပူသလိုမဟုတ်ဘူးလို့ အဲ..အဲဒါလည်းမဟုတ်သေးဘူး
နင်တို့မိန်းကလေးတွေ အိမ်ထောင်ရက်သားကျပြီး“ပူ”ရတဲ့အပူကိုပြောတာမဟုတ်ဘူးလေ ရင်ထဲကလာတဲ့ အပူကိုပြောတာပါဟာ နင်နားလည်ပါတယ် စကားမကပ်ပါနဲ့”
“လာလာချည်သေး နင်ပဲစကားလိုက်ကပ်နေတာ”
“လုပ်ဦးလေဟာ နင်ကလည်း တကတည်း ချစ်နေပါပြီဆိုနေမှ”

ခဏကြာတော့ ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်
နိုင်နိုင်ချလိုက်ပုံနဲ့လမင်းလေး ကျနော့ကိုမျက်နှာချင်းဆိုင်လိုက်ပါတယ်။ အဲလိုမျက်နှာချင်းဆိုင်ပြီး…
“ မမှီနိုင်တဲ့ မြင့်လွန်းလှလွန်း တင့်လွန်း မွှေးလွန်းတဲ့ ပန်းကိုမှ မရ ရအောင်ဆွတ်ယူလှမ်းချင်တယ်ဆိုရင်တော့ မောရုံ ပန်းရုံပဲ
ရှိတော့မပေါ့ ကိုသိန်းတန်ရယ်”လို့မပြောပါဘူး ကျနော်ကလည်းတွံတေးသိန်းတန်မဟုတ်ပါဘူး တွံတေးဥမ္မာထွေးလည်းမဟုတ်ရပါဘူး။

လမင်းလေးကျနော့ကိုပြောလိုက်တာကတော့ စကားလေးသုံးလုံးတည်းပါ
အင်္ဂလိပ်လို “I love u” မဟုတ်ပါဘူး
မြန်မာလိုပဲပြောတာပါ .....

လဲ သေ လိုက်” တဲ့ ။
.........................
(ဇာတ်မနာအောင် ဇာတ်သိမ်းရရင် လမင်းရယ် ကနော်ရယ် နောက်ပိုင်းအချစ်ဆုံးချစ်သူတွေဖြစ်ခဲ့ကြပါတယ် မယုံရင် ဘလော့လို့သာမှတ်လိုက်ပါတော့ ဘလော့လုပ်တဲ့လူကိုယ်တိုင်က ရေးချင်တာလျှောက်ရေးနေမှကိုး :P)

ဒီစာလေးပြန်တင်ဖြစ်တာလည်း ဝက်ဝံကလေးရဲ့ကျေးဇူးကြောင့်ပါပဲ ကျေးဇူးကိုယ့်ညီမလေးရေးးးး

41 comments:

Angel Shaper said...

ဟဟဟားးးးးးးးးး တစ် ရတယ်ဗျ။

Angel Shaper said...

နှစ်တော့ ယူဘူး။ လိုချင်ဘူးနော် ပေးနဲ့။ ဒါပဲ။
ဟဟားးးးးးးး

Angel Shaper said...

သုံးယူ မယ်ထင်လား။ မထင်ပါနဲ့ ။
မယူပါဘူး။ မလိုချင်ဘူး။ ရန်သူမရှိတော့ အေးချမ်းစွာ နေရာရပါပြီ။

Angel Shaper said...

လေးးးးးးးးး
စာဖတ်လိုက်ဦးမယ်။
ငြိမ်ငြိမ်လေးနေ ပေးကြပါနော်။

Angel Shaper said...

ငါးးးးးးးးးးး
တကယ်ဖတ်နေပြီဆိုမှပဲ..........

Angel Shaper said...

ခြောက်...... အဟုတ် ဖတ်နေတာပါ....
ငြိမ်ငြိမ်နေကြနော်။ ရေတမာ၊ မေလေး။ မေဇင်၊ ၀က်ကလေး...
ငါစာဖတ်နေတယ်ဟ

Angel Shaper said...

ဟဟဟားးးးးးးးးးးးးးးးး
မောင်သားကြီးများတို့ များ စွံပုံ...
ပြောမပြောချင်ဘူး။
တော်သေးတယ်
I LOVE YOU အစား...
လဲသေလိုက် ပြောလို့ ။
I'LL KILL YOU ပြောလို့ ကတော့ သမီးကြီးက ခံမှာမဟုတ်ဘူး။ ကိုယ့်အကိုကို ပြောရင်ကို မခံနိုင်တာ သူ့ ဟာသူ ခံပါစေပေါ့ ဟိဟိ။

Angel Shaper said...

၇...... ပြန်ပြီဲနော်။

Angel Shaper said...

ဟိဟိ... ၉... အယ် ဘယ်မလဲ ၈ ဟိဟိ။
တတာဗျိုးးးးးးးး
အားလုံးကို လေးစားပါတယ်။ ဟိဟိ

Angel Shaper said...

၆ နဲ့  ၈ ပျောက်နေလို့  လာပြောတာ။
၁၀ထိ ယူပြီး သောင်းကျန်းတယ် ထင်နေမှာစိုးလို့ ပါ။
ဘာရယ်မဟုတ်ဘူး။ ပျင်းပျင်းရှိတာနဲ့  မတွေ့ တာလဲ ကြာတော့ ကိုယ့်အကို ဘလော့ကို စိတ်ကြိုက် လာမွှေတာ။ ဘယ်သူလဲ မကျေနပ်ဘူးပြောတာ။ ဟမ်။
လက်သီး လက်သီး လက်သီး ဒါပဲနော်။
ပျော်ရွှင်ကြပါစေဗျိုးးးးးးးးးးးးးးးးးးးးး

ရွက်လွင့်ခြင်း said...

အပေါ်မျာ Angle Shaper ဝင်မွှေတာ နာဂစ်ဖြစ်သွားတာာကြနေတာပဲ
ဇာတ်နာအောင် ဇာတ်သိမ်းရရင်တော့
??????
မြန်မာဗွီဒီယိုတွေ အတိုင်းဆိုရင်တော့
!#$#$&%&*^%&
း))

yangonthar said...

ဖြူစင် ဖြည်းဖြည်း heart attack တွေဘာတွေ
ရသွားဦးမယ် အပျော်လွန်ပြီး :P
ဟူးးးးးးးး ရယ်လိုက်ရလို့ မောသွားပြီဆရာရေ
ကောင်းချက် မြူးတူး ခုန်ပေါက်နေတဲ့ စကား
လုံးတွေ ကို အမိအရဖမ်းပြီး ရယ်မောသွားပါ
လေရဲ့ ..... နေပါဦးဗျ “လဲသေလိုက်” လို့ ပြော
တုန်းက အဲဒီ မင်းသားကြီး ဘာများလုပ်လိုက်
သေးလဲ မသိဘူး .... ဒါလေးတွေကို ကောင်မ
လေးက ကျသွားတာထင်ပါရဲ့  ..... ဘလော့
လို့ ပဲ မှတ်ပါတယ် ကိုသားကြီးရေ .....
နား နားပြီးရယ်လျှက်
ရန်ကုန်သား :D

မေလေး said...

သမီးကြီးးး ညည်းတော်တော် သောင်းကျန်းနေနော်။
ဘာမှမပြောချင်တော့ဘူးအေ့။
တော်သေးတာပေါ့
သူပြောတဲ့စကားက သုံးလုံးထဲ
တေချင်းဆိုး
မဟုတ်လို့
မခံနိုင်ဘူးးးး
နာ့အကိုကိုပေါတာ မခံနိုင်ဘူးး
ကိုယ်ဘာသာခံလိုက်နော်။ အဟီးးး

ဝက်ဝံလေး said...

မေ့သမီးကြီး အိန်ဂျယ်က နာတော့မယ် အပေါ်မှာသူ့ကွန်မန့်တွေချည်းပဲ ဟွန်းးးးးး

ဖေသားကြီးရေ ကျေးဇူးးးးးနော်

အဲဒါကြောင့်ပြောသားပဲ ဖေသားကြီးရေးရင် ရယ်ရပါတယ်ဆိုမှ ဟွန်းးးးးးးးး

ဘယ်နေရာတွေလဲ ဘာလဲမပြောတော့ဘူးနော်ရယ်တော့ရယ်ရတယ် သိတယ် ဒါကြောင့် အသစ်တင်တယ်ဆိုကတည်း က လာဖတ်တာ မေ့သမီးကြီးအိန်ဂျယ်က တော်တော့်ကို မွှေသွားတာပဲ ဟားဟားးးးးးးးးးးးးးးးး

မေဇင် said...

စာရေး ကောင်းလိုက်တာဟေ့.... နီကိုရဲ နဲ့ နင်လား နင်လား ပဲ...း)).... ဇတ်နာအောင် ပြောရရင်တော့.... ဆိုက်ကား မှောက်တုန်းကပဲ ဖြစ်မယ်...း))

ရီရတယ်... ။
နောက်ထပ် ဇတ်လမ်းလေးတွေ လာပါဦး

kiki said...

လဲ သေ လိုက် ရဲ့  အနောက်မှာ
နောက်ထပ် မြှုပ်ကွက် တွေ ရှိအုံးမယ် ။။
ဟင့် ဂလောက်လေး နဲ့ တော့ လမင်း လေးက ဂလိုစကားမျိုးပြောထွက်မယ် ထင်ဘူးကွယ် ....

ဧကန္တ တော့ အေကန်ဒ ဘဲ..
ဆိုက်ကား မှောက်တဲ့ အချိန်မှာ ဘာတွေ မြင်သွားသေးလဲ မှ မသိဒါ နော် ....

ရှေ့ မှာ အရှည်ကြီး ရေးပြီး နောက်ပိုင်းကျ ဘာလို့  ဂလောက် မြန်မြန် ဇာတ်သိမ်း လိုက်တာ ပါလိမ့် ..
မဟုတ်မှ လွဲရော ..... ( လွဲမှာပေါ့ တဲ့တဲ့  မှ မပစ်တာကိုး ..ဟိုစစ်တပ် လိုလေ ... မိုးပေါ်ထောင်ပစ် .. မရှောင်ရင် လွတ်တယ် ဆိုသလိုပေါ့ )...

kiki said...

ဟိုးအပေါ်ဆုံးက သာမီးကြီး ဒေါ်အိန်ဂျယ် ..
ဒီည ဘလောဂ်ဂါ ကောင်စီရုံးမှာ လာပြီး လက်မှတ်ထိုးပါ
မတရား နေရာယူ သောင်းကျန်းမှု နဲ့ နောင် ၃ နှစ် အတွင်း ဖင်မထိုင် ရ ဆိုတဲ့ ဂဒိ ခံဝန်ချက် လက်မှတ်ထိုးပါ ..
မထိုးက ကြံ့  နဲ့  ဖွံ့  နဲ့  လက်ထဲ အပ်လိုက်ပါမယ် .
(ဟဲ ဟဲ ...)

rose of sharon said...

မယုံရင်ဘလော့လို့မှတ်ရမယ်တဲ့လား... ယုံပါတယ်ဟယ်...

Anonymous said...

နောက်ပိုင်း..အချစ်ဆုံးချစ်သူတွေ..လား..
ယုံပါတယ်..ယုံပါတယ်..
ကိုသားကြီးရေ..
အားပေးနေပါတယ်..
နဒီမိုးညို။

maylay said...

ပျော်စရာကြဲီး ကိုကြီး ပိုစ့်ကို ဖတ်ရတာရော ကော်မန့်ရှင်တွေကိုပါ ဖတ်ကြည့်ပြီး တော်တော်လေး ရီဖြစ်သွားတယ်။ သဘောကျလိုက်တာ။ မအိန်ဂျယ်က ဟဟ။ ကိုကြီးရေ ပိုစ့်သစ်တင်မှန်းသိတာနဲ့ပြေးလာတာ။ ဒီမှာ မန့်က အများကြီးဆိုတော့ အယ်ခနဲတောင် ဖြစ်သွားတယ်။ မအိန်ဂျယ်...ရယ်....ကိုကြီး ကျေးဇူး ။ အဆင်ပြေအောင်မြင်ပါစေ။ ကျန်းမာပျော်ရွှင်ပါစေ။

ခြေလှမ်းသစ် said...

ကိုသားကြီးရေ မတင်မတင်နဲ့ တင်လိုက်တော့ တင်အောင်တို့ အကြောင်းတဲ့ ....... စကားလေး ၃ လုံးကိုပဲ သဘောကျသွားတယ် မြန်မာမလေးတွေရဲ့  လက်သုံးလေးလေ...

အနော် said...

အကို သားကြီးရေ မနက်ခင်းက အလွမ်းနဲ့ စတာလားဟေ့
အခုဆိုရင် ကောင်မကြီးဖြစ်နေပြီဖြစ်တဲ့ တခါက ကောင်မလေးရေးးးး ဆိုတော့ အချစ်ဦးများလားဟင် ဟိဟိ
ကောင်မလေး ကြီးလေ လှလေဆိုတော့ အကိုသားကြီး အခက်တွေ့တာပေါ့
အမှန်ဆို ကြီးလေ အိုလေဖြစ်မယ်ဆိုရင် တရားသဘောနဲ့ ရှု့လို့ ရဦးမယ်နော်
အရက်မူးသိုင်းနဲ့ ဆိုက်ကားမှောက်သွားတဲ့ပုံလေး ကြည့်ချင်လိုက်တာ ပုဆိုးက ခေါင်းပေါ်မှာအုပ်နေသလားဟင် ခွိခွိ
ကောင်မလေးက ခွက်ထိုးခွက်လှန်တောင် ရယ်တယ်ဆိုတော့ ပုံစံက တွေးထားတဲ့အတိုင်း ကွက်တိပဲဖြစ်မယ်ထင်တယ်နော် ဟိဟိ
ကောင်မလေးက စကားလေးသုံးလုံးတည်း ပြောသွားလို့နော် တော်သေးရဲ့ စကားက သုံးခွန်းတည်း နည်းလို့ အားနာတယ်ဆိုပီး လက်ပါ မပါလာတာ ကံကောင်းတယ်နော် ဟီး
ဒါပေမဲ့ နောက်ဆုံးဇာတ်သိမ်းမှာ မင်းသားနဲ့ မင်းသမီး ချစ်ကြလေသတည်းဆိုတော့ တော်သေးပါတယ်
ဒါပေမဲ့ အလွမ်းနက္ခတ်ငြိတဲ့နေ့ဆိုတော့ ဒီတစ်ယောက်နဲ့ နာတာရှည်မဖြစ်ခဲ့ဘူးထင်တယ်နော်
ဟီး တွေးတောစဉ်းစားသွားတယ် အကိုသားကြီးရေ :)

kaungkinpyar said...

သားကြီး ဒီတပုဒ် ရေးထားတာ အရိုးရဲ့ စာရေးပုံတွေနဲ့တူတယ်၊ အမ ကြိုက်တယ် ၊ ပြုံးရာက ရယ်အောင် ရေးတယ်၊ ဂွတ်း)

ကောင်လေးငယ် said...

ကိုသားကြီးရေ ကိုသားကြီးရဲ့ ငယ်သူငယ်ချင်းက လမင်းလေး ဟီး ဟီး အီး ဟင့် ရွတ်.. ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းက ချီးထုပ်ကြီးဗျ.. သူ့ကို ဖနောင့်နဲ့ပဲပေါက်ချင်တော့တယ်... ဂယ်ပဲ

mozzee said...

ဟယ်တော် .... လွမ်းပေလို့ပဲ.... နို့မို့ရင် ဖလမ်း ဖလမ်းထနေတာပဲ... ဟီးဟီး... ရီရတာကိုပြောတာပါ....

chitpalone said...

ရယ်လိုက်သမှ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော ကိုသားကြီးရယ် အရမ်းရယ်ရတာပဲ။ ဆိုက္ကားပုံက ကျပုံလေးတော့ မျက်စိထဲမြင်အောင်ရေးပါတော့လားဟင် အဲ့ဒါတော့ဝှက်ဖဲလုပ်ထားတယ် မတရားဘူးဟွန့်။
ပို့စ်အသစ်မျှော်နေမယ်နော်
ခင်မင်လျှက်
ညီမလေး ပါးလုံး

Anonymous said...

ကိုကြီးးးးးးးးးးးးးးးး
စာလာဖတ်တယ်သိလား
သူများတွေများစာရေးတတ်လိုက်တာနော်
မနာလိုသွားတယ်သိလား
Dim လေးသောင်းကျန်းပုံက
ကြယ်လေးဆီကအမွေ ရထားတယ်ထင်ပါရဲ့နော်


ခင်တဲ့
မြူးလေး

ZT said...

မိုက်တယ်ဗျာ။ :D

မီးမီးချစ် said...

လဲ သေ လိုက် ဟုတ်လို့  လား..
သေ ချင်း ဆိုး မဟုတ်ဘူးလား..ဟိဟိ

မေသစ္စာမောင် said...

တကယ်ရယ်ရတယ်....ကိုသားကြီးရေးထားတာရော အပေါ်မှာ မန့်သွားကြတာတွေရောဖတ်ပြီး :D
မမကိလည်းတော်တော်ဟာသပြောတတ်တယ်...။
ပျော်စရာကောင်းတယ်ဗျို့...
အားပေးနေပါတယ်

မြစ်ကျိုးအင်း said...

နောက်ပိုင်းဇာတ်လမ်းကို ထပ်ဆက်ရရင် လဲသေလိုက် ပြောတော့ သေဘို့ တမတ်စေ့ ကောင်မလေးကို ရှာခိုင်းရော အဲဒါနဲ့ ကောင်မလေးက လိုက်ရှာပေးရရော
တမတ်စေ့လည်း ရလည်းရရော ဟဲဟဲ တာရာမင်းဝေ ထဲက အတိုင်းဆိုရင်တော့ ဇာတ်သိမ်းက နာသွားမှာ စိုးရ
တယ်။
အဲဒါနဲ့ပဲ ကောင်မလေးနဲ့ ကောင်လေး ချစ်သူဖြစ်သွား ရောပေါ့...။အဲလိုပဲ သိမ်းလိုက်တော့မယ်။

sweetpeony said...

ကိုကြွေမောက်
မတွေ့တာကြာပီ.......
လာရယ်သွားတယ်နော်...
ဟိ..
အချစ်ဆုံးချစ်သူတွေတဲ့လား...
ဇါတ်ကိုဒီလို မသိမ်းပါနဲ့ သေသေချာချာသိမ်းပေးပါ...
အချစ်ဆုံးချစ်သူတွေ ဖြစ်သွားကြလေသတည်းဆိုပြီး မလုပ်ပါနဲ့...
နီကိုရဲတို့ အကြည်တော်တို့ ပြီးရင် လာမယ့်
စာရေးဆရာ ဂျစ်ပစီကြွေမောက်....
း))

ဂျာမုန်းဒန် said...

သားကြီးရဲ့..I love u ကိုမှတ်သွားပါ့မယ်။
အိမ်ကကလေဖအေကိုပြောကြည့်မလို့ပါ။
မြန်မာလိုပဲပြောလိုက်မယ်နော်...
လဲ..သေ..လိုက်။

ဂျာမုန်းဒန် said...

သားကြီးရဲ့..I love u ကိုမှတ်သွားပါ့မယ်။
အိမ်ကကလေဖအေကိုပြောကြည့်မလို့ပါ။
မြန်မာလိုပဲပြောလိုက်မယ်နော်...
လဲ..သေ..လိုက်။

ဝက်ဝံလေး said...

ဟိဟိ ကွန်မန့်တွေ လာပြန်ဖတ်တယ် ဖေသားကြီးရေ ဟိဟိ ရယ်ရတယ် ကွန်မန့်တွေကလဲ ရီရတယ် ဟားဟားးးး ဖွားကိလေ ပြောလဲ ပြောတတ်ပါ့ ဟိဟိဟိ

ဇော် said...

လျှောက်ရေးတယ်တဲ့။ ယုံချင်စရာကိုရှိဘူးနော်။ အရေးကောင်းလွန်းလို့ မျောပါသွားတဲ့အထိပဲ။ =)

( လင်းစက်ရာက ကဗျာဆရာမဟုတ်ပါဘူးဗျာ။ သူက ကျနော့်ရဲ့သုံးတန်းကတည်းက ခုထိ ပေါင်းနေတဲ့ ငယ်သူငယ်ချင်းပါ။ ကွန်ပြူတာ ပရိုဂရမ်မာတစ်ယောက်၊ ကဗျာတွေကို သိပ်ချစ်ပြီး အပျော်တမ်း ၀ါသနာအရ ရေးနေတဲ့ သူငယ်ချင်းတွေကိုသာ သူရေးတဲ့ကဗျာတွေ မျှဝေနေတဲ့ ကျနော်နဲ့ အသက်တူ ယောက်ျားကလေးတစ်ယောက်ပါ။ မြန်မာပြည်မှာ နေပါတယ်။ =] )

မယ့်ကိုး said...

စာပြန်ရေးဖြစ်တာ ဝမ်းအသာဆုံးပါ။ဘလော့ပိတ်ထားလို့ စိတ်မကောင်းဖြစ်နေတာ။
စာလေးက အရင်လိုကောင်းလျက်...ရယ်ရလျက်...

ဝသန်မိုး said...

ဂွတ်တယ်ဗျာ
လဲသေလိုက်တဲ့လား
တော်တော်ချစ်တာပဲနော် ကောင်မလေးက
နောက်ဆုံးတော့လည်း
ဘလော့ဂ်လို့ ပဲမှတ်ယူရတော့မှာပေါ့လေ
ဟေဟေ
ကိုသားကြီးရေ

ခင်တဲ့
ဝသန်မိုး

khin oo may said...

လဲသေလိုက်ကို အဂ်လိပ်လို ဘယ်လိုပြောရမလ

မိုးခါး said...

အလုပ်မှာ ခိုးဖတ်ရတာ လူမိတော့မှာပဲ
တခွိခွိနဲ့
:D

ဆောင်း said...

လမင်းလေးကျနော့ကိုပြောလိုက်တာကတော့ စကားလေးသုံးလုံးတည်းပါ
အင်္ဂလိပ်လို “I love u” မဟုတ်ပါဘူး
မြန်မာလိုပဲပြောတာပါ .....

“လဲ သေ လိုက်” တဲ့ ။.....))))))

တော်တော့်ကို ချစ်ကြတယ်နော်....:D

 
©2009 ♬သားကြီး♪ | by TNB