ရပ်ကွက်ထဲမှာဒီလိုရှိတယ်


အဲဒီည အေမီထမင်းစားမဝင်တော့ဘူး အိပ်လို့လည်းမပျော်တော့ဘူး ညနေကမြင်ကွင်းပြန်မြင်ပြီး ခမျာလေးလန့်နေရှာတယ်
ကျနော့်ကိုလည်း မပြေးရကောင်းလားဆိုပြီး အပြစ်တင်မဆုံးတော့ဘူး
နင်သတ္တိကောင်းတာလား? ရူးတာလား?
ဟိုက နင့်ကိုပါရောပြီးခုတ်ထည့်လိုက်ရင်ဘယ်လိုလုပ်မလဲ? ဆိုပြီးဂရုဏာဒေါသောနဲ့ မာန်မဲရှာတယ်
နောက်တစ်ရက်လင်းလို့ အလုပ်ဝင်တဲ့အထိသူ့ပါးစပ်ကနေ
“ငါကြောက်တယ်... ငါကြောက်တယ်”နဲ့ ခြောက်ခြောက်ချားချား ပြောနေတုန်းပဲ
အဲ…ငါကြောက်တယ် ငါကြောက်တယ်ပဲပြောပြီး ..ငါ့ကိုဖက်ထားပါ ငါ့ကိုဖက်ထားပါ.. လို့တော့မပြောဘူး (ဆိုင်လားမသိ:P)
ဖြစ်ပုံကဒီလို... တရုတ်စားသောက်ဆိုင်တစ်ခုမှာထိုင်နေတဲ့ ကုလားတစ်ယောက်ကို မျက်နှာကိုအဝတ်တွေနဲ့ဖုံးထားတဲ့ကားပေါ်က ကုလားလေးယောက်က ဆင်းပြီးဝိုင်းခုတ်တာ ဆိုင်ထဲကလူတွေအကုန်ထွက်ပြေးပဲ
မပြေးဘဲအနီးကပ်ရပ်ကြည့်နေတာဆိုလို့ ကျနော်ရယ်၊ မူးပြီးကောင်းနေတဲ့ ဘေးစားပွဲဝိုင်းက ဆာဗားလူမျိုးနှစ်ယောက်ရယ်ပဲရှိတယ်
ဟိုက မပြေးဘူးဆိုတာက ရူးကြောင်မူးကြောင်နဲ့ ဘာမှန်းမသိလို့မပြေးတာ
ကျနော်မပြေးဘူးဆိုတာကလည်း မျက်စေ့ရှေ့ကမြင်ကွင်းကိုသိပ်မသဲကွဲလို့ မျက်စိကမှုန်တယ်ဗျာ အမေနဲ့သမီးနဲ့လမ်းလျှောက်လာရင် သမီးပဲမြင်တော့တယ်ဆိုတဲ့မျက်လုံးမျိုး မျက်မှန်တပ်ရတော့မယ်
ဓါးနဲ့ တဗျောင်းဗျောင်းဝိုင်းခုတ်နေတာကို ဒုတ်နဲ့ဝိုင်းရိုက်တယ်ပဲထင်နေတာ
နောက်မှသွေးတွေက ထွက်လှချည်လားဆိုတော့မှလက်စသတ်တော့ဓါးကိုး...
ပြေးလည်းမပြေးရတော့ပါဘူး ဟိုကခုတ်ပြီးအဆင်သင့်ရပ်ထားတဲ့ကားပေါ်ကို ခုန်တက်ပြီးပျောက်သွားပြီ
ခုတ်ခံထိတဲ့ကုလားလည်းမခေဘူးဗျ ချက်ချင်းပြန်ထလာတယ် ဒါပေမယ့်မဟန်တော့ဘူး ယိုင်နေပြီ
မျက်နှာတစ်ခုလုံးအသားတွေလန်ကုန်တယ် လက်တစ်ဖက်ကလည်းပြတ်သွားတယ် အရေခွံတဲတဲလေးနဲ့ တွဲလောင်းကြီးဖြစ်နေတယ် သွေးတွေကအိုင်နေပြီး မြင်ကွင်းကအသဲယားစရာ
တရုတ်အဖိုးကြီးတစ်ယောက်က ဟေ့ကောင်လေး လာဝိုင်းထူဦးဟ ဆိုပြီးကျနော့်ကိုခေါ်တယ်
သွားဝိုင်းထူမလို့ပဲ သွေးအလူးလူးနဲ့ စုတ်ပြတ်နေအောင်ခုတ်ခံထိထားတဲ့မျက်နှာကိုမြင်ပြီး မထူရဲပြန်ဘူးဗျာ သတ္တိကအဲလိုကောင်းတာ နောက် အဲဒီကုလားရဲ့သူငယ်ချင်းတွေရောက်လာပြီး ကားနဲ့ဆေးရုံကိုမောင်းပို့သွားတယ်
ဆိုင်ရှင်သူဋ္ဌေးရဲကိုဖုန်းဆက်တော့ ရဲကလုံးဝ လုံးဝကိုမလာဘူးဆိုပဲဗျာ ကောင်းလိုက်တဲ့ရဲ
ကျနော်တို့ရပ်ကွက်ကဒီလိုပဲဗျ မင်းမနိုင်ရပ်ကွက် seven elevenဆိုင်ကိုတောင် ဓါးပြဝင်တိုက်တာလေးခါရှိပြီ လူကြားလို့မှမကောင်း
ဘိန်းစားတွေကလည်းဆိုးတယ် ယင်းထလာရင် ရေထည့်တဲ့စက်ကိုတောင်မချန်ဘူး ရိုက်ဖြိုပြီးအကြွေစေ့တွေယူတာ သုံးခါရှိပြီ မလေးလူငယ်လေးတွေကလည်း ညညဆိုရင်ဆိုင်ကယ်တွေပတ်ပြိုင်စီးပြီး လမ်းမှာရပ်ထားတဲ့ကားတွေကို မီးရှို့လိုရှို့ မှန်တွေရိုက်ခွဲလို ရိုက်ခွဲနဲ့ တစ်ကယ့်စရိုက်တောပဲ အေမီဆိုရင်သူ့ကားမှန်ကိုရိုက်ခွဲသွားလို့ နှစ်ရက်တိတိအလုပ်မဆင်းနိုင်ဘူး ဝမ်းနည်းလွန်းလို့တဲ့။
နောက်ပြီး စားသောက်ဆိုင်ထိုင်လို့ ငါ့ဖုန်းလေးကသိပ်လှတယ် လူမြင်အောင်ပြဦးမှ ဆိုတဲ့စိတ်ကူးနဲ့ခုံပေါ်တင်မယ် မကြံလေနဲ့
လုပြေးမယ့်လူတွေတပုံကြီး
နောက်မှသိရတာက အဲဒီခုတ်ခံထိတဲ့ကုလားက လူမိုက်ခေါင်းဆောင်ကြီးဆိုပဲ
စားသောက်ဆိုင်မှာထိုင်နေတုန်းကတော့သုံးယောက်ပါ ဟိုကလည်းလာခုတ်ရော ကျန်တဲ့နှစ်ယောက်ကပြေးတာ တန်းနေတာပဲ….
ပြောမယ့်သာပြောရတာ အဲဒီည ကျနော်လည်းအေမီ့လိုပဲ အိပ်လို့မပျော်ဘူး အဲဒါနဲ့ အိပ်မပျော်သေးမယ့်အတူတူ ငါ့အဝတ်တွေ ဖါထေးဦးမှပဲဆိုပြီး အင်္ကျီအစုတ် ဘောင်းဘီအစုတ်တွေကို ယူပြီး ထိုင်ချုပ်နေလိုက်တယ်
အဝတ်အစားသစ်တွေမဝယ်နိုင်ဘူးလေဗျာ ဘဝပေးကနည်းနည်းပဲ့တော့ဒီလိုပဲ အစုတ်တွေကို တတ်သလိုပြန်ဖါပြီးဝတ်နေရတာ
အဲလိုနဲ့ တစ်ချက်မှာ ကျနော့်လက်ကိုအပ်ကစူးတော့ “အား”ကနဲထအော်မိတယ် နာလိုက်တာလည်းတစစ်စစ်နဲ့
ပြီးမှကိုယ့်ဘာသာကိုယ်ပြန်စဉ်းစားတော့ ရှက်ပြီးရယ်နေမိတယ်
“ဟိုက ဓါးလေးလက်နဲ့ဝိုင်းခုတ်တာ အသံတစ်ချက်မထွက်ဘူး ငါ့ကျအပ်လေးစူးတာနဲ့ပဲ အော်လိုက်တာ အခြောက်မကြီးကျနေတာပဲ”
အင်း..? ဟိုကလူမိုက် သားကြီးကလူမိုက်မှမဟုတ်ဘဲ အဲလိုပဲတွေးယူရမယ်ထင်တယ်။
ဟုတ်တယ်ဟုတ်?
ဝုတ်ဒယ်ဝုတ်? :P

ဗိုလ်အောင်ဒင်ပြန်မလာပါ


ဗိုလ်အောင်ဒင်ပြန်လာခြင်းမဟုတ်ပါ၊ mummy returns လည်းမဟုတ်ပါ၊ ရီတန်းအော့ဖ်ဘီလူးလည်းမဟုတ်ပါ၊
ရီတန်းအော့ဖ်သားကြီးသာဖြစ်ပါသည်။ တနည်းဆိုရသော်...ဘလော့လောကသို့ လူရှုပ်တစ်ဦးထပ်တိုးလာခြင်းသာဖြစ်သည်
ဘုရား သိကြားများ၏ စောင်မမှုကြောင့် မောင်မင်းကြီးသားလက်ပ်တော့သည် ကျန်းမာချမ်းသာစွာဖြင့်ပြန်ရောက်လာပြီဖြစ်သည်
ကျနော့်ရဲ့ဆိုးတူကောင်းဖက်လေး....
ကျနော့်ရဲ့Qဖေါ်Qဖက်လေး…. မသေလို့တွေ့ရမေ့နိုင်ပါ့မလား...
ဖြစ်စကဆိုကိုယ့်ကိုယ်ကိုအလွန်ဒေါသထွက်သည် မှန်ထဲကြည့်ပြီးကိုယ့်ကိုယ်ကိုကျိန်ဆဲရတာလည်း အခါခါ
“ဒီလောက်တောင် နမော်နမဲ့နိုင်တဲ့ကောင်... ဒီလောက်ပစ်စလက်ခတ်နိုင်တဲ့ကောင်... ရေချိုးရင်ဆပ်ပြာမစင်ပါစေနဲ့ ၊ လမ်းသွားတိုင်း သူများခြေတောက်တက်နင်းမိပါစေ၊ miley cyrusနဲ့ညားပါစေ၊ taylor swiftနဲ့ညားပါစေ”
ဘီယာမှောက်ကျပြီးဆိုင်သွားအပ်ပြန်လည်း လူကမူး ကွန်ပြူတာကမူးနှင့် စကားပြောရသည်မှာအဆင်မပြေပါ 
ဆိုင်ထဲ ကို့ယို့ကားယားဖြင့်ဝင်လာသူကျနော့်အား ဆိုင်ရှင်ဖြစ်ဟန်တူသော တရုတ်မက ပြူးတာနှင့်ပျာတာကိုပေါင်းပြီးဆီးမေးသည်...
“ဘာဖြစ်တာလဲ?”
ကွန်ပြူတာကိုရွယ်ပြီးမေးလိုက်ခြင်းဖြစ်သည်
ကျနော်လည်းကွန်ပြူတာကိုရွယ်ပြီးပြန်ဖြေလိုက်သည်
“မူးလာတာ”
ကျနော့်အဖြေကို တရုတ်မ မနှစ်မြို့ပါချေ။
“ဒါကွန်ပြူတာပြင်တဲ့ဆိုင်လေ မူးတဲ့လူကိုမှမပြင်တာ”
“ဟေ့…ငါလည်းငါ့ကိုယ်ငါနင်တို့ဆိုင်မှာပြင်မယ့်အစီအစဉ်မရှိဘူးဟေ့..တစ်သက်လုံးသောက်လာတာ...ရှော့မရှိဘူး စိတ်ချ ဟောဒီကွန်ပြူတာကမှ အူအရိုင်းလေး တစ်ခွက်တည်းနဲ့မှောက်သွားတယ်”
ကျနော်ပြောလည်းပြော ကွန်ပြူတာကိုလည်းဖွင့်ပြလိုက်ရာ ဘီယာနံ့တစ်ထောင်းထောင်းနှင့် ပေပွနေသော ကွန်ပြူတာအားကြည့်၍ တရုတ်မမျက်နှာမဲ့ရွဲ့သွားလေသည် သူ့စိတ်ထဲတွင်လည်းတွေးထင်နေပေလိမ့်မည်
…..သြော်…. ရှပ်ဘဲပေပဲ…….???

ဆိုင်ပို့ပြီးနှစ်ရက်အကြာတွင်ထိုဆိုင်မှဖုန်းဆက်သည် ကြားသည်နှင့်ဟိုတရုတ်မအသံမှန်းတန်းသိလိုက်သည် ထုံးစံအတိုင်းအသံကသိပ်ထောင့်မကျိုးချင် ..
“hello…ဟို…ဟို…ဘယ်လိုခေါ်ရမလဲမသိဘူး... ပေးထားတဲ့နာမည်ကိုမဖတ်တတ်ဘူးဖြစ်နေတယ် ဟို… လူရော ကွန်ပြူတာရော မူးတဲ့လူ.. ဟုတ်တယ်ဟုတ်?”
ကျနော်နည်းနည်းဖုသွားသည်။
“ဟေ့…. လူကိုမူးသလေးဘာလေးနဲ့ စကားကိုဆင်ဆင်ခြင်ခြင်ပြောစမ်းပါ”
“ဆောရီး…..နာမည်မခေါ်တတ်လို့ပါဆိုနေ”
“နာမည်မခေါ်တတ်ရင် handsome boyဖြစ်ဖြစ်gentlemanဖြစ်ဖြစ်ခေါ်ပေါ့ ဒါတောင်မသိဘူးလား?”
ကျနော့်စကားကြောင့်ဖုန်းထဲကတရုတ်မစိတ်မရှည်ပါလေတော့....
“ဟာ…ဆောရီးလို့ပြောပြီးပြီလေ...လိုရင်းတိုရှင်းကွာ....ဟို .. ကွန်ပြူတာက keypadပြန်လဲရမယ် ၂ရ၀ကျမယ် OKလား?”
“ရပါတယ်…အဆင်ပြေသလိုသာကြည့်လုပ်ပါ တခုတော့ရှိတယ် ငါ့ဆီကpass wordsရထားတယ်ဆိုပြီးတော့ကွန်ပြူတာထဲကရှိသမျှ ဟာတွေအကုန်လျှောက်ကြည့် အကုန်လျှောက်ကူးလုပ်မနေနဲ့နော်”
“ဝေးသေး….စိတ်မဝင်စားဘူး....လူရောကွန်ပြူတာရော ငမူးတွေ”… ဆောင့်ကြီးနှင့်အောင့်ကြီးကိုပေါင်းပြီးတရုတ်မဖုန်းချသွားသည်။
(ကျနော့်ကိုငမူးဟုတိုက်ရိုက်စကားဖြင့်ပြောခြင်းမဟုတ်ပါ... “ကြွေမောက်”ဟုပြောခြင်းသာဖြစ်ပါသည် ကြွေမောက်ဆိုသည်မှာကွမ်တုန်းစကားဖြင့်တိုက်ရိုက်ဘာသာပြန်ရသော် “ကြောင်မူး”ဟုအဓိပ္ပါယ်ထွက်မည်ထင်သည် ကြောင်ဆိုသည်မှာ အိပ်တော့မည်ဆိုလျှင်လမ်းဘေးကော ဘာကောရွေးမနေ အိပ်ချလိုက်သည်ချည်း.. ထိုသို့ပင် မူးလာလျှင် နေရာမရွေးပဲထိုးထိုးအိပ်တတ်သည့် ညစ်ညစ်ပတ်ပတ်အသောက်သမားများအား “ကြွေမောက်”ဟုတင်စားခေါ်ဝေါ်လေ့ရှိကြသည် တရုတ်မကျနော့်ကို ခပ်တည်တည်နှင့်ဖဲ့လွှတ်လိုက်ခြင်းဖြစ်သည်.. သို့သော်…ရပါသည် စိတ်မဆိုးပါ)
အစက motherboard လဲရမည်ထင်ခဲ့သည် ခုတော့keypadပဲလဲရမည်ဆိုသဖြင့်သားကြီးတို့ပျော်ပါသည်ပေါ့။
ခုတော့လည်း မောင်မင်းကြီးသားပြန်ရောက်လာလို့ပျော်ပါသည် မဖျစ်ညစ်ကျယ်ကျနော့်ညာဏ်ကလေးဖြင့် အလကားရထားသည့်ဘလော့တွင်ရေးချင်တာလျှောက်ရေးရပါဦးမည်....
တခါတခါ ကျနော်၏အရေးအသားမတတ်မှုကြောင့် ကျနော့်ဘလော့မှစာများသည် “ တဖုန်းဖုန်းတဒိုင်းဒိုင်းမြည်နေတတ်ပါသည်” ထိုထိုသောအခါများတွင် ကျနော့်စာအတွက် ဝင်ရောက်ကွန်မန့်ရေးပေးသည့် ဘလော့ကာလောကမှ ညီအစ်ကိုမောင်နှမများအား အလွန်အားတုံ့အားနာဖြစ်ရပါသည်  သားကြီးသည် ဘာမှမတတ်ဘဲလုပ်ချင်ရာလျှောက်လုပ်သူဟုသာ သဘောထားကာခွင့်လွှတ်ပေးကြပါကုန် သားကြီးသည် “ကြွေမောက်”သာဖြစ်သည်ဟု သဘောထားကာခွင့်လွှတ်ပေးကြပါကုန် ။
နောက်ဆုံးအမိန့်ကိုလည်း အေမီထုတ်ထားလိုက်ပြီဖြစ်သည် စားပွဲပေါ်တွင် ခွက်ဖြစ်ဖြစ် ပုလင်းဖြစ်ဖြစ် လုံးဝလုံးဝမတင်ရ ဟူသတည်း။ အင်း..?? သူတို့လေးတွေကိုလည်းကြောက်ရသေးတာကိုးဗျ ... :P 




လပြည့်နေ့

မနက်ဖြန်ဆိုရင်
သူငယ်လေးဟာ
အိမ်ကိုပြန်ခွင့်ရလိမ့်မယ်။

ခေါင်မိုးတွေကို သူဆေးခြယ်မယ်။
အိမ်ကလေးတွေကို သူဆေးခြယ်မယ်။
လမ်းတွေအားလုံး သူဆေးခြယ်မယ်။
မြို့ကလေးတစ်မြို့လုံး သူဆေးခြယ်မယ်။
သူ့ကိုယ်သူလည်း သူဆေးခြယ်လိမ့်မယ်။

ဒါပေမယ့်
တောင်ကုန်း၊ သစ်တော၊ မြစ်ချောင်းနဲ့
ကောင်းကင်ကိုတော့ 
သဘာဝအတိုင်းပဲ ထားလိမ့်မယ်။

ဒီကနေ့ဟာ ထူးခြားတယ်။

နိုင်ဇော်

အားလုံးကိုနှုတ်ဆက်ခဲ့တယ် :(


တစ်ညတွင်ဖြစ်သည်...
သားကြီးသည် တစ်ယောက်တည်းဘီယာသောက်ရသည်ကိုပျင်းလာပါသဖြင့် ကွန်ပြူတာအား ဘီယာတိုက်လိုက်မိလေသည် ကွန်ပြူတာလည်းheineken နှင့် guinness stout ဆတူရောထားသည့်ခွက်အားတခါတည်းမော့သောက်လိုက်ပြီးသည့်သကာလ မူးပြီး မှောက်သွားရာ သတိပြန်လည်လာခြင်းမရှိတော့ပေ ဖြစ်ဖြစ်ခြင်းဆေးရုံပို့သော်လည်း အလျင်မမှီတော့ .... ကွန်ပြူတာကြီးကား စိတ်မကောင်းဖွယ်ရာ ရေတိမ်နစ်ရှာလေပြီ.... ထို့ကြောင့်ဘလော့ကာလောကမှ ချစ်ခင်ရသော ညီအစ်ကို မောင်နှမများအား farewellဟုပြောရပါတော့မည် :( ကွန်ပြူတာဘယ်တော့များမှပြန်ကောင်းလာမည်မသိရသေးချေ အချိန်ကုန်ခံပြီး ကျနော်သားကြီး၏ ရေးချင်တာလျှောက်ေ၇းထားသည့် ကပေါက်တိကပေါက်ချာဘလော့အား လာလည်ပြီးဖတ်ရှုသူ ကွန်မန့်ပေးသူအပေါင်းကိုကျေးဇူးအထူးတင်ရှိပါသည် ကံမကုန်လျှင်ပြန်ဆုံကြမည် ..... ယခုစာကိုဆိုက်ဘာဆိုင်တွင်ရေးခြင်းဖြစ်သည်။

ဆားပြီးတော့ငံပြာရည် :P

POD-Satellite


youth of the nation
01-Set It Off
02-Alive
03-Boom
04-Youth of the Nation
05-Celestial
06-Satellite
07-Rediculous
08-The Messenjah
09-Guitarras de Amor
10-Anything Right
11-Ghetto
12-Masterpiece Conspiracy
13-Without Jah, Nothin'
14-Thinking About Forever
15-Portrait
16-Anything Right(featuring Christian of blindside)
17-Ridiculous (featuring Eek-A-Mouse)
18-Whatever It Takes (Bonus Track)
19-Without Jah, Nothin' (featuring H.R.)
download

hip hopလောကအားတောင်းပန်ပါ၏

ကျနော်ဟစ်ဟော့ရဲ့ပရိတ်သတ်တစ်ယောက်ပါ ဟစ်ဟော့ကိုလှောင်ချင်လို့မဟုတ်ပါ MMcyberကတွေ့လို့တင်လိုက်တာပါ
ဒါဟာဟစ်ဟော့လောကကိုထိခိုက်စေတယ်လို့ယူဆရင်တော့ ဆီဗုံးမှာဖြစ်ဖြစ် ကွန်မန့်မှာဖြစ်ဖြစ်ကွန်ပလိန်းတက်ပေးပါ ကျနော်ပြန်ဖျက်ပါ့မယ်

မရှိလို့တောင်းစားတဲ့လူထက်စာရင် ရှိရှိကြီးနဲ့ခြိမ်းခြောက်အနိုင်ယူတတ်တဲ့လူတွေကမှသာပြီးမုန်းဖို့ကောင်းသေး အဲဒီလူတွေကမှအကြီးစားသူတောင်းစားတွေဖြစ်တယ်။
ဟောဒီမောင်နှမတွေကတော့အဆိုရှင်တွေဖြစ်တယ် ဘဝပေးမလှပေမယ့်စိတ်သန်ရာဂီတနဲ့ဝမ်းရေးကိုဖြေရှင်းတယ် ဒါဟာဘဝပဲဖြစ်တယ်။
ဟိုဟာတွေကတော့ လဒ(လင်းတ) ပဲဖြစ်တယ်။
shit!!!ပြောရင်းဆိုရင်းဆဲချင်လာပြီ .....စကောလောက်မှဇောက်မနက် မဖျစ်ညစ်ကျယ်ချီးဗိုက်ဥာဏ်နဲ့လောကကိုမှောင်အတိချဖို့ကြိုးစားနေတဲ့လူတွေထက်စာရင်... ဟောဒီအဆိုရှင်လေးသုံးဦးဟာ.. ကိုးဆယ်ဆသာကြောင်းပါခင်ဗျာ... ကိုးဆယ်ဆ... ကိုးဆယ်ဆ ။

အမျိုးသမီးများအတွက်နောက်ဆုံးဥပဒေ


ကောင်းကင်ပြာပြောသလိုသားကြီးဆားချက်နေခြင်းသာဖြစ်ပါသည်:P
ပုဒ်မများလည်းတောတပုဒ်တောင်တပုဒ်ဖြစ်နေပါသည် နားလည်ပေးကြပါကုန် ပုံများကိုmailထဲကရခြင်းဖြစ်သည်

ထားခဲ့ဖူးသောရည်းစားများ(tag)


၁. လဲ့လဲ့ဝင်း
အဲဒီတုန်းကသူမရယ် ကျနော်ရယ် နောက်ပြီး နှလုံးသားအသစ်ကိုယ်စီရယ်ပေါ့
အမုန်းဆိုတာကိုမရဖူးကြသေးဘူး
ဒဏ်ရာအနာတရလည်းမဖြစ်ဖူးကြသေးဘူး
နေ့ရက်တိုင်းဟာ သိပ်သစ်လွင်နေခဲ့တယ်။
“လဲ့လဲ့ဝင်းကိုကျနော်ချစ်တယ်”
အဲဒီစာကိုရေးပြီး ပေးသင့်မပေးသင့်ကျနော့်စိတ်တွေက ချီတုံချတုံ… ဘာဆက်ရေးရမှန်းလည်းမသိ..
ကျနော့ရဲ့ဖြစ်အင်ကိုကြည့်ပြီးစိတ်မရှည်နိုင်တော့တဲ့သူငယ်ချင်းက..“ပေးစမ်းကွာ မင်းစာ…ဒီလောက်တောင်ဖြစ်နေတဲ့ဟာ.. ငါအခုချက်ခြင်းသွားပေးမယ်”
ကျနော်တားလည်းမမှီတော့ဘူး သူငယ်ချင်းကစာကိုယူပြီးလှစ်ကနဲပျောက်သွားပြီ
အဲလိုနဲ့ပဲကျနော့စာကောင်မလေးဆီရောက်
အဲလိုနဲ့ပဲကောင်မလေးမေတ္တာကျနော့ဆီရောက်..
….ငယ်ကချစ်အနှစ်တရာ မမေ့သာ…
….ငယ်ကပေါင်းအနှစ်တသောင်း မမေ့ကောင်း..
တဲ့
အဲဒီစကားသာမှန်ခဲ့ရင် သူမဟာ ကျနော့ရင်ထဲမှာ ခုထိရှိနေပါဦးမယ်
ကျနော်ကိုယ်တိုင်အမှုမဲ့ အမှတ်မဲ့ဖြစ်နေသည့်တိုင်ပေါ့
နောက်ဆုံး…နောက်ဆုံး... ဘဝတွေကခြားသွားပြီဆိုသည့်တိုင်ပေါ့...။
………………………

သင်းသင်းဋ္ဌေး
မင်းတို့အဒေါ်ဆီမှာ မနေ့ကမှစက်ချုပ်လာသင်တဲ့ကောင်မလေးက ရေရေလည်လည်မိုက်တယ်ကွာ.. မင်းမတွေ့သေးဘူးဟုတ်.? အသားလေးကဥနေတာပဲ... ဟဲဟဲ..ညနေကျရင်မင်းတို့အဒေါ်ဆီသွားလည်ရအောင်ကွာ...မင်းမျက်နှာနဲ့လေ.. ငါ့ကိုပြောပေးနော်... ဟီးဟီး
မစားရဝခမန်းပြောနေတဲ့သူငယ်ချင်းကို ကျနော်သနားနေမိတယ်။
လိုက်ပါဘိသူငယ်ချင်းရယ်...ငါကဗြမ္မာပြည်ကလာတဲ့ကောင်မှမဟုတ်တာ ကိလေသာကုန်ခမ်းနေတဲ့ အရိယာသူတော်စင်မှမဟုတ်ဘဲ.... လှတာမြင်ရင်ငါလည်းချစ်ချင်တာပဲပေါ့ ညနေကျရင်ငါသွားကြည့်လိုက်မယ် ငါ့မျက်လုံးထဲမှာလှတယ်ထင်ရင်တော့ မင်းအသဲကွဲဖို့သာပြင်
ညနေကျတော့အဒေါ့်အိမ်ကိုကျနော်ရောက်သွားတယ် love at first sightဆိုတဲ့စကားဟာဒီနေရာမှာမှန်ကြောင်းကျနော်သိလိုက်တယ်။ ကောင်မလေးသိပ်လှနိုင်လွန်းတယ် မြင်မြင်ချင်းပဲ စွဲသွားတယ်
အဲဒီနေ့ကစပြီးအဒေါ်အိမ်ကိုအကြောင်းမရှိအကြောင်းရှာပြီး ကျနော်နေ့တိုင်းသွားနေတော့တယ် တဖြေးဖြေးနဲ့လူပြောစရာဖြစ်လာပေမယ့် ကျနော် .. ရှက်လဲမရှက်နိုင်တော့ပါဘူး ယောင်္ကျားတို့ဖွံသေခါမှလျှော့၏ထုံးနှလုံးမူထားတယ်လေ..။
တစ်လကျော်ကျော်အကြာမှာကောင်မလေးရဲ့ တုံ့ပြန်မေတ္တာကိုကျနော်ရခဲ့တယ်...
ပါးစပ်ကနေချစ်နေရုံနဲ့မပြီးဘူးကွ... ကောင်မလေးကို ချိန်းတွေ့ ဖက်နမ်းပစ်
အတွေ့အကြုံများတဲ့သူငယ်ချင်းကအဲလိုအားပေးအားမြှောက်လုပ်တော့ ကောင်မလေးကိုနှစ်ယောက်ချင်းတွေ့ချင်တယ်လို့ချိန်းမိတယ်။
ညကျတော့ကောင်မလေးဆင်းမလာခဲ့ပါဘူး ကြောက်လို့တဲ့လေ...:P
နောက်တစ်ရက်မိုးလင်းတော့ကျနော်စာတစ်စောင်ရေးပြီးပေးလိုက်တယ် “ညကတစ်ညလုံးမိုးလင်းပေါက်ထိုင်စောင့်ခဲ့ကြောင်း ခြင်တွေကလည်းကိုက်ကြောင်း မှောင်ကလည်းမှောင်၊ချမ်းကလည်းချမ်း၊ ခွေးကလည်းအူ(ဆိုင်သလားမသိ)နဲ့တစ်ယောက်တည်း အသည်းငယ်ရကြောင်း ၊ နောက်ဆုံးဆင်းမလာတော့ဘူးဆိုတာသေချာတော့မှဝမ်းနည်းပက်လက်လှည့်ပြန်ခဲ့ရကြောင်း လမ်းတွင်မှောင်နေသဖြင့်ခလုတ်လည်းတိုက်သေးကြောင်း” အကုန်လျှောက်ရေးတယ်။ အဲဒါနဲ့ကောင်မလေးကျနော့ကိုသနားသွားတယ် နောက်ညထပ်ချိန်းတော့ အိမ်သားတွေအအိပ်မှာကောင်မလေးတိတ်တဆိတ်ဆင်းလာခဲ့တယ်.....
အဲဒီည…… အဲဒီညလေ….
ခြင်မကိုက်တဲ့ည မမှောင်တဲ့ည မချမ်းတဲ့ည ခွေးတွေမအူတဲ့ည ခလုတ်လည်းမတိုက်တဲ့ညပေါ့ ။
လောကကြီးဟာအတိုင်းထက်အလွန်ကိုသာယာနေခဲ့တာပေါ့...
ကောင်မလေးနဲ့ကျနော်သုံးနှစ်ကျော်ကျော်ချစ်ခဲ့ကြတယ် မမျှော်လင့်တဲ့ဘဝအချိုးအကွေ့လေးတစ်ခုမှာကျနော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေချုပ်ငြိမ်းခဲ့ရတယ်။
………………
သူဇာ
ကိုးကွယ်တဲ့ဆရာတော်ရဲ့ကျောင်းကထိန်အလှူတစ်ခုမှာကျနော်သွားဝိုင်းလုပ်တုန်းကပေါ့ အလှူဒါယကာတွေနဲ့ပါလာတဲ့ကောင်မလေးကိုကျနော်သတိထားမိတယ် အသားညိုညိုလေးနဲ့ ရယ်ရင်သွားတက်ကလေးနဲ့ စကားပြောရင်အသံစာစာလေးနဲ့ ချစ်ဖို့ကောင်းတဲ့အထဲမှာပါတယ် ဝိုင်းလုပ်စရာတွေပြီးတော့ကျနော်တို့လူငယ်တွေကျောင်းဝင်းအပြင်မှာထိုင်ပြီးစကားပြောကြတယ် … ကောင်မလေးလည်းပါတယ် ညနည်နည်းနက်လာတော့အားလုံးပင်ပန်းပြီးပြန်အိပ်သွားပြီ အစောကြီးလည်းထရဦးမှာကို
ကောင်မလေးရယ် ကျနော်ရယ်ပဲကျန်ခဲ့တယ် ကျနော်လည်းဒီနေ့ပင်ပန်းလို့အိပ်ချင်နေပြီဖြစ်တဲ့အကြောင်းပြောတော့ ကောင်မလေးက “နေပါဦးအစ်ကိုရယ်တဲ့ အစ်ကိုနဲ့စကားပြောနေရရင်ပျော်တယ် အိပ်ပါနဲ့ဦး”တဲ့ အဲဒါနဲ့ဆက်နေလိုက်ရတယ်
၁နာရီလောက်ကျတော့လူကမနိုင်တော့ဘူး အရမ်းအိပ်ချင်လာတယ် ပြန်အိပ်တော့မယ်ကွာဆိုတော့ကောင်မလေးကနေပါဦးလားပဲ အဲဒါနဲ့ကျနော်လည်းစိတ်အချဉ်ပေါက်ပေါက်နဲ့ ဒီလောက်တောင်ဖြစ်လှတာဆိုပြီးရည်းစားစကားပြောပစ်ပလိုက်တယ် ကျနော်စိတ်ကူးထားတာကတမျိုးပါ ကျနော်ရည်းစားစကားပြောရင်ကောင်မလေးစိတ်ဆိုးပြီးထွက်သွားမယ်ပေါ့ ဒါပေမယ့်ကျနော်မှားပါတယ် ကောင်မလေးကစိတ်မဆိုးတဲ့အပြင် ကျနော့်ကိုလည်းမြင်မြင်ချင်းချစ်နေပါတဲ့အကြောင်း တန်းပြောတယ်…
အဲ…အဲ…. ကျနော်လည်းအိပ်မှုံစုန်မွှားနဲ့ ကောင်မလေးကိုနမ်းလိုက်မိလား...?ဘာလုပ်လိုက်မိလဲ..?မမှတ်မိတော့ဘူး....
ရယ်စရာတော့ကောင်းတယ် အဲဒီညပြီးတော့နောက်တစ်ရက်လင်းတော့အလှူကိစ္စဝိုင်းလုပ်ပြီးကိုယ့်အိမ်ကိုယ်ပြန်ကြတယ် အဲဒီကတည်းကစပြီးကောင်မလေးကိုထပ်မတွေ့ရတော့ဘူး ရှာဖို့လည်းကျနော်မကြိုးစားမိဘူး
ကောင်မလေးကိုတစ်ကယ်ချစ်မိသွားလား ကျနော်ကိုယ်တိုင်လည်းခုထိမသေချာသေးပါဘူး..။
…………………………..
မိုးမိုး
ဒီတခါကျနော်လူကြမ်းမင်းသားလုပ်တဲ့အလှည့်ပါ ကျနော့်ရဲ့“မမိုး”က ကျနော့ထက်၂နှစ်ကြီးပါတယ်
ချစ်မေတ္တာကိုအသနားခံတောင်းရတဲ့အလုပ်ကိုကျနော်ပျင်းသွားလို့ပဲလားမသိဘူး... “ချစ်ပါရစေ…ကြိုက်ပါရစေ”ဆိုပြီးကျနော်မပြောတော့ပါ...
ကျနော့ကိုအသာတစ်ကြည်ပြန်ချစ်ပါ ဒီလိုမှမဟုတ်ရင်တော့ မ တို့တစ်ရွာလုံးကိုမီးရှို့ပစ်ရပါလိမ့်မယ်”ဆိုတဲ့ ဓါးပြဗိုလ်ကြီးရဲ့အသံမျိုးနဲ့ပါ
အဲဒါကြောင့်ပဲ မ ကျနော့်ကိုချစ်တယ်လို့မပြောခဲ့ပါ ကျနော့်ရဲ့ ဂျစ်ကန်ကန် ပေစောင်းစောင်းစရိုက်တွေဟာ မ နဲ့မအပ်စပ်ခဲ့ဘူးလေ။ ကျနော့်ရဲ့ ပြောချင်တာဇွတ်ပြောပြီး လိုချင်တာဇွတ်ယူတတ်တဲ့ဥာည်ကြောင့်တခါတခါ မ ကိုသနားနေမိတယ်.......
ဒါပေမယ့် မ ကျနော့်ကိုချစ်နေပါတယ်ဆိုတာ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းကပြောပြတော့မှကျနော်သိခဲ့ရတယ်...
ကောင်လေးကဆိုးတယ် ဒါပေမယ့်ချစ်ဖို့ကောင်းတယ်တဲ့...
ဒါပေမယ့်… ဒါပေမယ့်ပေါ့လေ… အားလုံးပြီးသွားခဲ့ပြီလေ..။
……………………….
နော်အဲ
ထားဖူးသမျှရည်းစားထဲမှာအရှက်အကြောက်အကြီးဆုံး ဣနြေ္ဒအရှိဆုံး မိန်းကလေးပါ တခါတခါသူမရဲ့တည်ကြည်လွန်းတဲ့အနေအထိုင်ကြောင့် ချစ်ရတဲ့ကျနော့်မှာအောင့်သက်သက်..
ဖက်နမ်းမိရင်ငရဲပဲကြီးတော့မလိုလို...။ ဘုရားရှိခိုးရင်လည်းအရမ်းကြာတယ် ရှိသမျှဘုရားစာအကုန်ရွတ်ပြီး ရှိသမျှဆုကိုအကုန်တောင်းလားမသိ အပေါင်းအသင်းတွေကြားမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးလေးလိုဖြစ်နေတယ် “တောင်းတဲ့ဆုတွေထဲမှာ ကိုယ်နဲ့သေတပန်သက်တဆုံးပေါင်းရပါစေဆိုတဲ့ဆုမပါဘူးလား”လို့မေးကြည့်တော့ “ဟိဟိ အဲဒါတော့ဆုမတောင်းမိဘူး ဘုရားကြိုက်မှာမဟုတ်ဘူးထင်တယ်”တဲ့
ကိုယ့်ကိုဘယ်လောက်ချစ်လဲမေးရင်လည်း မသိဘူးတဲ့
ချစ်လားဆိုရင်တော့ ချစ်ပါတယ်တဲ့
ပတ်ဝန်းကျင်ကတော့ သူလိုမိန်းကလေးမျိုးကိုရအောင်လိုက်နိုင်လို့ကျနော့်ကိုသြချနေကြတယ်
ကျနော်လေ… ကိုယ့်ကိုကိုယ်လည်းကံကောင်းတယ်လို့ထင်ခဲ့တယ် ဒါနောက်ဆုံးအချစ်ပဲလို့လည်းထင်ခဲ့တယ်
အများကြီးလည်းမျှော်လင့်ခဲ့တယ်.... ဒါပေမယ့်…. ဒါပေမယ့်ပေါ့ဗျာ..... ကံကြမ္မာကိုကြိုမမြင်ခဲ့ဘူးလေ....။ ။
(နာမည်တူနေရင်ခွင့်လွတ်စေချင်တယ် အားလုံးနာမည်အမှန်တွေပဲဖြစ်တယ် သူတို့ပြန်ဖတ်မိမှာကိုကျနော်မစိုးရိမ်ပါ.... ပြီးခဲ့တာတွေလဲပြီးခဲ့ပြီလေ..)
broကြီး ree noe mannရေ..ကျေနပ်နိုင်ပါစေ... :)

Avril lavigne-under my skin


01 - Take Me Away
02 - Together
03 - Don't Tell Me
04 - He Wasn't
05 - How Does It Feel
06 - My Happy Ending
07 - Nobody's Home
08 - Forgotten
09 - Who Knows
10 - Fall To Pieces
11 - Freak Out
12 - Slipped Away
13 - I Always Get What I Want (Bonus Track)
download

အမှန်လေး


တစ်ညသ၌…
မင်းမင်းသည် အောက်ပါထူးဆန်းသည့်အိပ်မက်အားမြင်မက်လေသည်..
သူသည်ခမ်းနားကြီးကျယ်သည့် စားသောက်ဆိုင်ကြီးတစ်ခုတွင်းသို့ရောက်ရှိနေလေသည် ဆိုင်၏အခမ်းအနားအပြင်အဆင်သည် အလွန်လှပခေတ်မှီပြီး နေရာတိုင်း၌ ရောင်စုံမီးအလှများ ထွန်းညှိထားလေသည်
အလွန်လှပပြီမွှေးပျံ့သည့်နှင်းဆီပန်းပွင့်များကိုလည်း စားပွဲတိုင်း၌အစည်းလိုက်ချထားပြီး သာယာနာပျော်ဘွယ်ရာဂီတသံတစ်ခုသည်လည်း ဆိုင်၏တနေရာမှတိုးတိုးငြိမ်ငြိမ်လေးထွက်ပေါ်လျှက်ရှိ၏
ဆိုင်၏ ခမ်းနားကြီးကျယ်မှုကို မင်းမင်းသည် ရင်သပ်အံ့သြငေးမောနေစဉ်...
“လူကြီးမင်းရှင်... ဘာများသုံးဆောင်လိုပါသလဲရှင်”မိုးဆွေငှက်လေးလိုသာသည့် အသံရှင်ကြောင့် မော့ကြည့်လိုက်ရာ မင်းမင်းသည်လန့်ဖျတ်ပြီးထိုင်နေရာမှနောက်သို့လှန်ကျမသွားအောင်
သူ့ကိုယ်သူမနည်းထိန်းလိုက်ရလေသည်...
ရှုလော့မိတ်ဆွေ...
အသံသာပြီးစွဲမက်စဖွယ်ရုပ်ရည်ကလေးရှိသည့် မိုးဆွေငှက်ကလေး၌ မည့်သည့်အဝတ်အစားမျှကပ်မနေပါဘဲမိမွေးတိုင်းဖမွေးတိုင်းဖြစ်နေသည်
သူမ၏လျှို့ဝှက်အပ်သည့်ရတနာလေးများသည် ပြိုးပြိုးပြက်ပြက် ဖြစ်နေကာ menuစာအုပ်နှင့်ဘောပင်ကိုင်ပြီးသူ့ရှေ့၌ချိုလွင်သောမျက်နှာပေးဖြင့် ဘာမှမဖြစ်သလိုရပ်နေလေသည်
မင်းမင်း၏ရင်အစုံသည် ကုလားဘုရားလှည့်သကဲ့သို့ တဒိန်းဒိန်းမြည်လာသည် ဘေးဘီဝဲယာကိုအကဲခတ်ကြည့်လိုက်တော့
ကောင်တာတွင်ထိုင်နေသည့် မိန်းမချောလေးသည်၎င်း ဆိုင်သန့်ရှင်းရေးလုပ်နေသည့် မိန်းမချောတို့တွင်၎င်း အားလုံးအဝတ်ဗလာချည်း တစ်ဆိုင်လုံးမိန်းမပျိုတွေချည်းဖြစ်ပြီး ယောင်္ကျားသားဟူ၍ သူတစ်ယောက်သာ
…အခက်ကြီးခက်ချေပြီကွယ် … မင်းမင်းသည် ခေါင်းကိုတဗြင်းဗြင်းမည်အောင်ကုတ်ပြီး ရှက်ရှက်ဖြင့် အောက်သို့ငုံ့လိုက်မိရာ
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထခုန်မိမတတ် လန့်သွားပြန်လေသည်
ဘယ်ကဘယ်လိုဖြစ်တယ်မသိ သူ့ကိုယ်၌လည်း အဝတ်အစားဟူ၍ဘာတစ်ခုမှကပ်မနေပါချေ
နတ်ဝတ်ပုဆိုး တိမ်မီးခိုးနှင့်သူ့အနေအထားကိုသူ လူမြင်ကွင်းထဲလင်းလင်းချင်းချင်းပြန်မြင်နေရသည်မှာ ခြောက်ချားဖွယ်အတိ
“စောက်ကျိုးနည်းဟ... !!! ကံကောင်းလို့လန့်ပြီးထမခုန်မိတာ ထခုန်မိရင်ပိုဆိုးပြီ ”မင်းမင်းသည်ထိုဆိုင်မှ ငုတ်တုတ်ပင်ပျောက်သွားချင်နေတော့သည် မိုးဆွေငှက်လေးကိုလည်းစေ့စေ့မကြည့်ရဲတော့
ဇက်ကလးကိုကုပ် ကိုယ်ခန္ဓာကိုကျုံ့ပြီး အတွင်းအားဖြင့်ကို့ယ်ကိုကိုယ်သေးနိုင်သမျှသေးထားလိုက်တော့၏ “လူလစ်ရင်စားပွဲခင်းကိုပဲယူပြီးပတ်ရတော့မယ်...
သူတို့ချည်း ဖင်ချွတ်နဲ့ဆို ကွိုင်မရှိ ရူးသလိုလို ပေါသလိုလိုနဲ့ထိုင်ကြည့်နေလိုက်လို့ရသေးတယ် … ခုတော့ငါ့မှာပါဖင်ချွတ်ကြီးနဲ့ အီးဟီးဟီး… ဆိုးလိုက်တဲ့ကံနှယ်....” မင်းမင်းငိုချင်နေပြီဖြစ်သည် ။
“လူကြီးမင်းအလိုရှိတာ ပြောပါရှင်”
မိုးဆွေငှက်လေးက ချိုလွင်သည့်အသံကလေးဖြင့်ထပ်ပြောရင်း menuစာအုပ်ကိုသူ့ရှေ့သို့ထိုးပေးလေသည်
စိတ်ပျက်လက်ပျက်ဖြင့်မင်းမင်းသည် menuစာအုပ်အားကြည့်လိုက်ရာ ဘာစားစရာနာမည်မှမတွေ့ဘဲ ဂဏန်း(နံပါတ်)တွေချည်းရေးသားထားသည်ကိုတွေ့ရလေသည်
ဘာတွေလဲဟ? ဘာတွေလဲ? ဘာတွေလဲ?
ရှက်စိတ် ဝေခွဲမရစိတ် အံ့သြစိတ် တို့ဖြင့်လုံးထွေးနေခိုက် မိမိနာမည်ကိုကျယ်လောင်စွာအော်ခေါ်လိုက်သည့်အသံတစ်ခုအားကြားရသည်
“မင်းမင်း”
“ဟေ့ရောင် မင်းမင်း သေနေပလားကွ”

ဒီအသံငါကြားဖူးတယ် ဒီအသံ..??
အသံကကျယ်သည်ထက်ကျယ်လာသည် နီးသည်ထက်နီးလာသည်
ထို့နောက်မင်းမင်းအိပ်ရာမှလန့်နိုးသွားတော့သည် ။ သြော်…လက်စသတ်တော့အိပ်မက်မက်နေတာကိုး... ဟူး ..တော်သေးတယ်.. ။
ကိုယ်တုံးလုံးတွေပျောက် မိုးဆွေငှက်ကလေးပျောက်
“ဟေ့ရောင်မင်းမင်း တံခါးဖွင့်လေကွာ!!!”အိပ်မက်ထဲထိရောက်လာသည့်အသံကားအခန်းအပြင်ဘက်က အော်ခေါ်နေသည့် ဖွတ်ကြီးအောင်သိန်း၏အသံ
မင်းမင်းလည်းအိပ်ယာမှလူးလဲထပြီး တံခါးဖွင့်ပေးလိုက်သည်
“..မင်းကလည်းကွာ အော်ခေါ်လိုက်ရတာ လျှာတောင်ထွက်တော့မယ်... မဟုတ်မှလွဲရောအိပ်မက်ထဲမှာ နတ်သမီးတွေနဲ့တွေ့နေတယ်ထင်တယ် ဟဲဟဲ… နှိုးရတာအားတော့နာတယ် ခုဟာကအရေးကြီးနေလို့ကွ … ဟိုစောက်ကုလားလေ … ငါတို့ကိုဖဲလိမ်ရိုက်တယ် ရှိသမျှပြောင်ရော ခုငါနဲ့ ဇော်ကြီးနဲ့ပေါင်းပြီး ဒီကောင့်ကိုပြန်ပညာပေးမလို့ …မင်းသိပါတယ် .. ငွေမျောတော့ငွေနဲ့လိုက်လေကွာ ဟဲဟဲ ပိုက်ဆံတစ်ရာ ခဏလှည့်ကွာ နက်ဖြန်ညဆက်ဆက်ပြန်ပေးမယ်... မင်းငါ့အကြောင်းသိပါတယ် ဖဲလောကမှာနာမည်တစ်လုံးနဲ့နေနေတာ ခုဟာက အလစ်မှာလိမ်သွားတာကွ... ခုတော့ဘယ်ရမလဲ ငါ့ပိုက်ဆံငါပြန်ယူမယ် ဒီကုလားလောက်တော့အပျော့ ဒင်း ထပ်လိမ်လို့မရတော့ဘူး.. ကဲလုပ်ကွာ တစ်ရာလောက်”
မင်းမင်းအလွန်ညစ်သွားသည် ညကြီးအချိန်မတော်အိပ်တာကိုလည်းနှောက်ယှက်သေး ပြီးတော့ပိုက်ဆံချေးပါတဲ့။
…တစ်ရာမရှိဘူးကွာ ငါးဆယ်တော့ယူထားလိုက် ငါ့မှာဒါပဲရှိတယ်...
ငါးဆယ်တန်တစ်ရွက်အားထုတ်ပေးပြီး အခန်းတံခါးပြန်ပိတ်ချလိုက်သည်
“ကျေးဇူးကွာ နက်ဖြန်ညကျရင်ဆက်ဆက်ပြန်ပေးမယ်ကွာ” ဖွတ်အောင်သိန်းကား ငါးဆယ်တန်တစ်ရွက်ဖြင့်ပျော်ရွင်မြူးထူးစွာထွက်သွားတော့၏ ။
သူ့ကိုယ်သူဖဲအောင်သိန်းဟု အမည်တပ်ထားသော်လည်း အများအခေါ်မှာ ဖွတ်အောင်သိန်းဖြစ်သည်..
နေ့မအိပ်ညမအိပ်ဘဲဖဲရိုက်နိုင်သည် ဖဲကို မယားကဲ့သို့တွယ်တာလှသူဖြစ်သည် ဖဲမင်းသားအဖြစ်သရုပ်ဆောင်ရာတွင်အလွန်နာမည်ကြီးသည့် မြန်မာပြည်တွင် ဟောင်ကောင်နေအောင်ဟုလူသိများသည့်chong yun fat ရိုက်ကူးသည့် ဖဲရုပ်ရှင်ဇာတ်လမ်းများကိုလည်း စွဲစွဲလမ်းလမ်းကြည့်သူဖြစ်သည် သို့သော်… သူ့ဆံပင်များသည် ဖဲမင်းသား chong yun fat၏ ဆံပင်ကဲ့သို့ အဲဗားတောက်ပြောင်မနေပါချေ ဘယ်အချိန်ကြည့်ကြည့် သူ့ဆံပင်သည် အမြဲ ဖာတန်းမီးလောင်ဆံပင်သာဖြစ်သည် မဖီး မသင် ဆီလည်းမထိ အမြဲကြို့တို့ကျဲတဲဖြင့်... ။
မင်းမင်းသည် အိပ်ယာထက်ဝယ်ငြိမ်သက်စွာပြန်လည်လဲလျှောင်းရင်း ရင်တုန်စရာကောင်းသည့်စောစောက အိပ်မက်အားပြန်စဉ်းစားမိလေသည်... စဉ်းစားယင်းခုမှပဲပြန်လွမ်းလာသလိုလို....
“ဆက်အိပ်မယ်… ဆက်အိပ်မယ်… ကံကောင်းရင် အဲဒီအိပ်မက်ထပ်မက်ဦးမှာ... ဒီတစ်ခါတော့ ခါးတောင်းကျိုက်ထားလိုက်မယ် ငါလာခဲ့ပြီမိုးဆွေငှက်ကလေးရေ!!!!” မင်းမင်းသည် တစ်ကိုတည်းရေရွတ်ရင်း စောစောကအိပ်မက်ဆက်မက်ရန် ဖြဲသဲပြီးကြိုးစားအိပ်တော့သည် သို့သော်…တော်ရုံနှင့်မပျော် အတန်ကြာမှအိပ်ပျော်သွားရာ အိပ်မက်ထဲတွင် မိုးဆွေငှက်ကလေးနှင့်မတွေ့ရဘဲ သွားခေါခေါကုလားမကြီးနှင့်ညားနေကြသည်ဟု မြင်မက်သဖြင့် အိပ်ယာကနိုးလျှင်နိုးချင်း စိတ်ဆိုးမာန်ဆိုးဖြင့် ရေချိုးခန်းထဲပစ်ဝင်ကာ ရေကိုတဝုန်းဝုန်းချိုးနေလိုက်သည်။
အလုပ်ထဲရောက်တော့အတူတူလုပ်သည့် ခင်စိုးဆိုသူအား သူ့အိပ်မက်ကိုပြောပြလေသည်
“တော်တော်တော့ထူးဆန်းတယ်မင်းအိပ်မက်က ဒါပေမယ့်အိပ်မက်ဆိုတာအမျိုးမျိုးရှိတယ်ကွ စွဲလမ်းပြီးမက်တဲ့အိပ်မက် သွေးလေချောက်ချားပြီးမက်တဲ့အိပ်မက် နတ်တွေကျီစားလို့မက်တာ အစရှိသဖြင့်ပေါ့ကွာ အစားစားရှိတယ် မဟုတ်မှလွဲရော မင်းအောကားကြည့်ပြီးအိပ်လို့မက်တာများလား?”
ဟာ… ခင်စိုးကလည်း ဘာဆိုင်လို့လဲ မကြည့်ပဲနေနေတာနှစ်ရက်တောင်ရှိသွားပြီ “ဒါဆိုရင်တော့ နိမိတ်များလားပဲ ဒါနဲ့မင်းပြောတော့ menuစာအုပ်မှာဂဏန်းတွေ နံပါတ်တွေချည်းဆို”
အင်း…ဟုတ်တယ် ဟုတ်တယ်
“အဲဒီဂဏန်းတွေမင်းမှတ်မိလား?”
အင်း…ရေးတေးတေးပဲ...
“ပြန်စဉ်းစား ရအောင်ပြန်စဉ်းစား အဲဒီဂဏန်းရရင် ချဲသာထိုးပေတော့ နိမိတ်ကောင်းတစ်ခုသေချာရင်တော့ မလွဲပါဘူး မင်းချဲပေါက်လိမ့်မယ် သေသေချာချာပြန်စဉ်းစား... ငါ့လည်းပြောဦးဟ”
ခင်စိုးဆိုသူကား မင်းမင်းကို ချဲထိုးရန်တိုက်တွန်းလေတော့သည် ခင်စိုးသည်ချဲအလွန်ဝါသနာပါသူဖြစ်သည်
သူငယ်ငယ်ကချဲတစ်ခါပေါက်ဖူးသည်ကိုအကြောင်းပြုပြီး နောက်ထပ်ပေါက်လိမ့်ဦးမည် မျှော်လင့်ချက်ဖြင့်ချဲကို တစ်ထိုးတည်းထိုးလာခဲ့ရာ ယခုအသက်၂၀ကျော်ပြီဖြစ်သည် တခါမှထပ်မပေါက်သေးချေ စကားကိုလည်းအမြဲရွဲ့ပြောတတ်သူဖြစ်သည် ၊ ဥပမာ… မြန်မာသံရုံးတွင်ပါမစ်ကြေးအခွန်သွားဆောင်မည့်အရေးကို ဘယ်သွားမလဲ?ဟုမေးလျှင် “ကျည်ဆန်ဖိုးသွားပေးမလို့ဟေ့” ဟုဖြေတတ်ခြင်းမျိုး ။
မင်းမင်းလည်းထိုနေ့ညအခန်းပြန်ရောက်တော့စောစောစီးစီးရေမိုးချိုး စားသောက်ပြီး အခန်းအောင်းနေလိုက်သည်
နောက်စာရွက်တစ်ရွက် ဘောပင်တစ်ချောင်းနှင့် အိပ်မက်ထဲက ဂဏန်းများကို တစ်လုံးချင်းပြန်စဉ်းစားပြီး စာရွက်ပေါ်ရေးချနေလေသည် “.. အင်း… သိပ်တော့လည်းမသေချာဘူး... မှတ်မိသလောက်ပေါ့... ဒါဟာငါ့အတွက် နိမိတ်ကောင်းမဟုတ်ဘူးလို့ဘယ်သူပြောနိုင်လဲ... ကံထမ်းတာ မြင်မှမမြင်ရဘဲ..”
ဤသို့ဖြင့်မှတ်မိသမျှရေးချထားသောဂဏန်းများအား မင်းမင်းသည် စိတ်ကြိုက်ပြန်လည်ပူးတွဲပြီး နေ့ရှိသရွေ့ချဲထိုးနေတော့သည်။
အထက်ပါအဖြစ်အပျက်များဖြစ်ပွါးပြီး တစ်ပတ်တိတိကြာသောအခါ တစ်မနက်တွင် မင်းမင်းချဲပေါက်ကြောင်းဝမ်းမြောက်ဖွယ်ရာကြားသိရလေသည် ။
“totoတွင်ဒုတိယဆုနှင့်ဖြစ်သည် ကံနည်း၍လားမသိ ပေါက်မည့်နေ့မှပိုက်ပိုက်ကနည်းနေရှာသည် ရှိသမျှလေးနှင့်ကပ်ပေါက်သွားခြင်းဖြစ်သည် ခင်စိုးဆိုသူကားအူမြူးလျှက်ရှိ၏ သူ့အကြံကိုယူပြီးပေါက်ခြင်းဖြစ်၍ သူနှင့်အနည်းနှင့်အများဆိုင်သည်လေ အမှန်မှာထိုနေ့မှမပေါက်ခဲ့ရင် ခင်စိုးအားအိမ်တိုင်ရာရောက်လာဆဲရန် မင်းမင်းစိတ်ကူးနှင့်ပြီးဖြစ်သည် ခုနှစ်ရက်အတွင်းကုန်လိုက်သည့်ပိုက်ဆံ ရှိသမျှဒိုင်ပတ်ထိုးတာကိုး
ချဲပေါက်လို့ပိုက်ဆံရှိလာလည်းအိမ်ကိုမပို့ပေ ရှိရင်းစွဲဝါသနာဖြစ်သည့် ဖွံကြောင်ခြင်းအမှုအား ငွေအား ၊လူအားအကုန်စိုက်ပြီး စိုက်လိုက်မတ်တတ်လုပ်ဆောင်လေတော့သည်။
မကြာပါချေ ယမင်းလေးလိုလှသည့် “အ”မ(အင်ဒိုနီးရှားမ)နှင့်မင်းမင်းငြိကြလေသည်
နော်ဟာလီဇာအသေးစားများလားမှတ်ရအောင်ကောင်မလေးကချောသည် “မင်းမင်း”မှာမုတ်ဆိတ်မရှိလည်းပျားတော့စွဲနေလေပြီ
အားကျဖွယ်ကောင်းလေစွ နိုင်ငံခြားလောကကချစ်သူတွေလေ အာဝါဟ ဝိဝါဟမလိုဘဲ လင်မယားအရာမြောက်ကြလေသည်
အားလုံးထဲမှာမင်းမင်းကအချစ်သူရဲကောင်းကြီးပေါ့
“မင်းစော်ရေရေလည်လည်လန်းတယ်ကွာ”
ချစ်သူကိုလှကြောင်းပြောနေသည့်ဖွတ်အောင်သိန်း၏စကားကြောင့်မင်းမင်းမှာအကျေနပ်ကြီးကျေနပ်လျှက် ပြုံးဖြီးဖြီးလုပ်နေသည်။
“လန်းတာကကောင်းပါတယ် လန်နေရင်တော့မကောင်းဘူး”ရွဲ့တဲ့တဲ့ခင်စိုး၏စကားကြောင့်မင်းမင်းအနည်းငယ်ဖုသွားသည်
“ဟေ့ရောင်… ငါကအမှန်လေးကိုဖန်လာတာကွ ကိုယ့်ကုသိုလ်နဲ့ကိုယ်ဖြစ်တာပါသူငယ်ချင်းရယ် မနာလိုမဖြစ်ပါနဲ့” “ဘာလဲ ဂျောက်ဂျက်သီချင်းထဲကအမှန်လေးလား?” ခင်စိုးကထရွဲ့တော့ အမင်းတင်းလာသည်
ဟေ့ရောင်..တော်တော့ကွာ
“ဟား ဟား ဟား”
“ဟား ဟား ဟား”
မင်းမင်းဒေါသထွက်သွားသည်ကိုကြည့်ပြီးအားလုံးဝိုင်းရယ်ကြသည် သြော်.. အချစ်ဆိပ်ကားငယ်ထိပ်တက်သည်လေ
ဤသို့ဖြင့်ပျားရည်ဆမ်းသည့်အချစ်နေ့ရက်များကို ပျော်ရွင်စွာဖြတ်သန်းကြ၏
ကောင်မလေးလည်းတဖြည်းဖြည်းနှင့်အရောင်တောက်တောက်လာ၏
နောက်ဆုံးပေါ်ဟမ်းဖုန်းနှင့် နောက်ဆုံးဖေါ်ရွေအဆင်နှင့် နောက်ဆုံးပေါ်အဝတ်အစားနှင့် နောက်ဆုံးတွင်ကျနော်တို့၏ အချစ်ဟီးရိုးကြီးလည်း လုံးပါးပါးတော့မည်
မင်းမင်းနှင့်ကောင်မလေးတို့ချစ်ခဲ့ကြသည့်ရက်မှ စတင်ရေတွက်သော် တစ်လတင်းတင်းပြည့်သည့်နေ့တနေ့၏တခုသောနေ့လည်ခင်းတွင် အမင်းနဖူးကွဲလေသည်
ဖြစ်ရပုံများ... အခန်းနံရံနှင့်နဖူးကိုပြေးတိုက်သည်တဲ့ မူးသွားတာလား? ရူးသွားတာလား?
သူငယ်ချင်းတွေကသို့လောသို့လောဖြစ်နေကြသည် နောက်ဆုံးခင်စိုးဆိုသူကအဖြစ်မှန်ကိုပြောပြတော့မှ
သေဟဲ့ နန္ဒိယ ဟုအားလုံးထအော်ကြလေတော့သည်
သူတို့ရပ်ကွက်တွင် အရှောင်းဟုအမည်ရသည့်တရုတ်ကြီးတစ်ယောက်ရှိသည် ထိုသူသည် သူ့ကိုယ်သူ အောမင်းသားများမှတ်လေရော့လားမသိ ဆောင်ကြာမြိုင်သွားတိုင်း သူ့ဖုန်းနှင့် ရီကော့လုပ်လာလေ့ရှိ၏
သူ၏စွန့်စားခန်းများ စစ်တိုက်ခန်းများကို memory cardဖြင့်အပြည့်သိမ်းထား၏ ဝါသနာတူလူ ၊စိတ်ချရသည့်လူများကိုလည်းပေးကြည့်လေ့ရှိ၏
ဘယ်ကဘယ်လိုဖြစ်သည်မသိ သူ့တိုက်ပွဲခန်းတွင် မင်းမင်း၏ကောင်မလေးပါလာလေသည်
ကောင်မလေးနေ့လည်နေ့လည်မြို့တက်အလုပ်လုပ်သည်ကိုတော့လူတိုင်းသိကြသည် ကုမ္ပဏီမှာလိုလို အလှပြင်ဆိုင်မှာလိုလို သတင်းသဲ့သဲ့ကြားရ၏။ သို့သော်.. လိုလိုသည် လိုလိုသာဖြစ်ပြီး တကယ်တွင်တော့ ကြည့်မကောင်းရှုမကောင်းအနေအထားရောက်နေချေပြီ
ထိုပြဿနာဖြစ်ပြီးနောက်ပိုင်း မင်းမင်းတို့၏အချစ်ဇာတ်လမ်းလည်းနိဋ္ဌိတံလေသည်
ရှိသမျှလည်းပြောင်ကုန်ပြီဖြစ်သည် …. ကောင်မလေးလည်းကိုယ်ယောင်ဖျောက်သွားတော့သည် သူငယ်ချင်းတွေကိုရှက်လှချည့်ဆိုပြီးမင်းမင်းလည်းအလုပ်ပြောင်းသွားတော့သည်
အကောင်းမှတ်လို့ချစ်မိပါရဲ့ လက်စသတ်တော့ တရုတ်တန်းက တီကားပလို့ကြီးကိုးဗျ...သေရော သေရော..။ ။
(ဤဇာတ်လမ်းမှအချို့နာမည်သည် အမှန်ဖြစ်ပြီး အချို့နာမည်သည်အမှားဖြစ်ပါသည် ကာယကံရှင်ကိုငဲ့သောကြောင့်ဖြစ်လေသည်

စီတီနော်ဟာလီဇာ(Siti Nurhaliza)အားမြင်ဖူးစေရန်အပုံပါထည့်ပေးလိုက်သည်)

ငယ်ချစ်ဦးရဲ့အလွမ်းကဗျာ


...အတိတ်တစ္ဆေ စိတ်ကြေလေလွင့်
သခင့်အသည်း လွင့်ဝဲဝေသီ
တွေ့နိုးမျှော်မှန်း ရော်ရမ်းလွမ်းတ ပြန်ဆုံရဖို့
ညအလီလီ နာရီမခြား
ဆုတောင်းအားငယ် မျက်ရည်နယ်ထဲ
မပျော်ရဲဘူး အချစ်ဦးရယ်
သံယောဇဉ်ဆူး ရင်မှာစူးပေါ့
အကြင်နာဦးရဲ့ ရူးလှပြီ..။

ရေးသူနာမည်ကို မမှတ်မိတော့ဘူး ကဗျာခေါင်းစဉ်ကိုလည်းမမှတ်မိတော့ဘူး
မှတ်မိတာတစ်ခုကတော့ ကောင်မလေး ဟိုးအဝေးကိုရောက်နေခဲ့တဲ့အချိန်မှာ သူမကိုလွမ်းတဲ့စိတ်နဲ့ ဒီကဗျာကို ကျနော်အလွတ်ကျက်ခဲ့ဖူးတယ်... စိတ်မကောင်းစရာပဲ... ခုကောင်မလေးမှာကလေးနှစ်ယောက်နဲ့
..:P

POD_When Angels and Serpents Dance


apart from LINKIN PARK,this is another of me Lol :)
addicted
01 P.O.D Addicted
02 P.O.D Shine with Me
03 P.O.D Condescending
04 P.O.D It Can't Rain Everyday
05 Mike Muir Kaliforn-Eye-A
06 Marley Girls I'll Be Ready
07 P.O.D End of the World
08 P.O.D This Ain't No Ordinary Love Song
09 P.O.D God Forbid
10 P.O.D Roman Empire
11 P.O.D When Angels & Serpents Dance
12 P.O.D Tell Me Why
13 P.O.D Rise Against
download

mailထဲကဓါတ်ပုံ


လောကကြီးဟာလိုတာထက်ပိုရှုပ်တယ် အိပ်တာပဲကောင်းတယ် zzzZZZZ ...

ဟေ့!!!! ငါ့ဘောလုံးပြန်ပေး..!!!

ဝလာလိုက်တာ စိတ်ညစ်ပါတယ် ကိုယ့်ဖင်တောင်ကိုယ်ပြန်ကုတ်ဖို့မမှီတော့ဘူးလက်က

ပိတ်ပိတ်!! မင်းပါးစပ်ပိတ်!!... တော်တော်စကားများတဲ့ကောင်...!

Avril Lavigne - Let Go


သူမရဲ့ပွဲဦးထွက်အခွေပါ.. ဒီget over itကတော့ကျနော့ဘာသာကျနော်ရှည်ပြီးတင်တာပါ။
get over it
01 - Losing Grip
02 - Complicated
03 - Sk8er Boi
04 - I'm With You
05 - Mobile
06 - Unwanted
07 - Tomorrow
08 - Anything, But Ordinary
09 - Things I'll Never Say
10 - My World
11 - Nobody's Fool
12 - Too Much To Ask
13 - Nake
download

လမ်းအက်ဆီးဒင့်ဖြစ်စေသည့်အဓိကအကြောင်းအရင်းများ

ယာဉ်အန္တရာယ်စုပေါင်းကာကွယ်သောအားဖြင့် အမျိုးသမီးများယခုကဲ့သို့ဝတ်စားဆင်ယင်ပြီး လမ်းထွက်ခြင်းမှရှောင်ရှားသင့်ပေသည် :P

 
©2009 ♬သားကြီး♪ | by TNB