ငယ်ချစ်ဦးရဲ့အလွမ်းကဗျာ


...အတိတ်တစ္ဆေ စိတ်ကြေလေလွင့်
သခင့်အသည်း လွင့်ဝဲဝေသီ
တွေ့နိုးမျှော်မှန်း ရော်ရမ်းလွမ်းတ ပြန်ဆုံရဖို့
ညအလီလီ နာရီမခြား
ဆုတောင်းအားငယ် မျက်ရည်နယ်ထဲ
မပျော်ရဲဘူး အချစ်ဦးရယ်
သံယောဇဉ်ဆူး ရင်မှာစူးပေါ့
အကြင်နာဦးရဲ့ ရူးလှပြီ..။

ရေးသူနာမည်ကို မမှတ်မိတော့ဘူး ကဗျာခေါင်းစဉ်ကိုလည်းမမှတ်မိတော့ဘူး
မှတ်မိတာတစ်ခုကတော့ ကောင်မလေး ဟိုးအဝေးကိုရောက်နေခဲ့တဲ့အချိန်မှာ သူမကိုလွမ်းတဲ့စိတ်နဲ့ ဒီကဗျာကို ကျနော်အလွတ်ကျက်ခဲ့ဖူးတယ်... စိတ်မကောင်းစရာပဲ... ခုကောင်မလေးမှာကလေးနှစ်ယောက်နဲ့
..:P

2 comments:

ကိုရင်နော်ခင်လေးငယ် said...

အော် ကလေး နှစ်ယောက်နဲ့တဲ့.. အင်း

Anonymous said...

ကဗျာကတော့ တကယ်ကောင်းတယ်
ဟားဟား ရည်စားဦးမြေးဦးရတောင် မေ့မှာ မဟုတ်ပါဘူးကွာ :P

 
©2009 ♬သားကြီး♪ | by TNB