အားလုံးကိုနှုတ်ဆက်ခဲ့တယ် :(


တစ်ညတွင်ဖြစ်သည်...
သားကြီးသည် တစ်ယောက်တည်းဘီယာသောက်ရသည်ကိုပျင်းလာပါသဖြင့် ကွန်ပြူတာအား ဘီယာတိုက်လိုက်မိလေသည် ကွန်ပြူတာလည်းheineken နှင့် guinness stout ဆတူရောထားသည့်ခွက်အားတခါတည်းမော့သောက်လိုက်ပြီးသည့်သကာလ မူးပြီး မှောက်သွားရာ သတိပြန်လည်လာခြင်းမရှိတော့ပေ ဖြစ်ဖြစ်ခြင်းဆေးရုံပို့သော်လည်း အလျင်မမှီတော့ .... ကွန်ပြူတာကြီးကား စိတ်မကောင်းဖွယ်ရာ ရေတိမ်နစ်ရှာလေပြီ.... ထို့ကြောင့်ဘလော့ကာလောကမှ ချစ်ခင်ရသော ညီအစ်ကို မောင်နှမများအား farewellဟုပြောရပါတော့မည် :( ကွန်ပြူတာဘယ်တော့များမှပြန်ကောင်းလာမည်မသိရသေးချေ အချိန်ကုန်ခံပြီး ကျနော်သားကြီး၏ ရေးချင်တာလျှောက်ေ၇းထားသည့် ကပေါက်တိကပေါက်ချာဘလော့အား လာလည်ပြီးဖတ်ရှုသူ ကွန်မန့်ပေးသူအပေါင်းကိုကျေးဇူးအထူးတင်ရှိပါသည် ကံမကုန်လျှင်ပြန်ဆုံကြမည် ..... ယခုစာကိုဆိုက်ဘာဆိုင်တွင်ရေးခြင်းဖြစ်သည်။

9 comments:

ဝက်ဝံလေး said...

အယ်သနားလိုက်တာ ကိုသားကြီးရယ် ကျွတ်ကျွတ်
ညီမပြောသားပဲ ရေတိုက်လိုက်ပါဆိုနေမှ ပြန်ကောင်းသွားလိမ့်မယ်
ခစ်ခစ်

တလနွန် said...

အကို ရေ တကယ်စိတ်မကောင်းဘူးဗျာ။။။ပြန်လာဖြစ်အောင် ပြန်လာပါလားဗျာ။။။ ကွန်ပျူတာ မြန်မြန်ကောင်းပါစေ လို့ ဆု
တောင်းပါတရ်။။။

ခင်မင်ခြင်းနှင့်
တလနွန်

sweetpeony said...

စိတ်မကောင်းပါဘူး...
မြန်မြန်ပြန်ကောင်းပါစေနော်...

JulyDream said...

ဘီယာတိုက်တာလောက်က ကိစ္စမရှိပါဘူး။ ဆောင်းတွင်းမှာ ချမ်းတယ်ဆိုပြီး မီးလှုံတဲ့အချိန် ကွန်ပျူတာလေး ချမ်းနေရှာမယ်ဆိုပြီး မီးပုံထဲ ပစ်မထည့်မိစေနဲ့ပေါ့။ အဲဒီလိုပဲ နွေရာသီမှာ ပူအိုက်တယ်ဆိုပြီး ပင်လယ်ကမ်းစပ် ရေဆင်းချိုးတဲ့အခါ ကွန်ပျူတာလေးပါ ရေချိုးချင်ရှာမှာပဲ ဆိုပြီး ပင်လယ်ထဲ ခေါ်မသွားမိစေနဲ့ပေါ့။ ဟဟ...

ကောင်းကင်ပြာ said...

စိတ်မကောင်းဘူး သားကြီးရေ၊ အမြန်ဆုံး ပြန်ကောင်းပါစေ

မယ့်ကိုး said...

နှုတ်ဆက်ခဲ့တယ် ဆိုတော့ လန့် သွားတာပဲ။ မြန်မြန်ပြန်ကောင်းပါစေ...

ကြယ်ပြာ said...

ပြန်ပြင်လို့မရတော့တာလား ... အဆင်ပြေ အချိန်ရရင် ဆိုက်ဘာကနေ တခါတလေလာဝင်ပေါ့ သားကြီးရာ .... နှုတ်မဆက်နဲ့ စိတ်မကောင်းဖြစ်တတ်လို့ ...

Anonymous said...

စိတ်မကောင်းဘူးသယ်ရင်းရာ မြန်မြန်ပြန်ကောင်းပါစေကွာ
အဆင်ပြေပါစေ

khin oo may said...

အဆင်ပြေပါစေ

 
©2009 ♬သားကြီး♪ | by TNB