မိုးလေဝသ


သတိရခြင်းကို

လေထဲလွှင့်လိုက်တော့

မင်းနာမည်က... တိမ်တွေပေါ်မှာ စွဲထင်လို့

ငွေ့ရည်ဖွဲ့ ရွာမယ့်မိုးမှာ

မင်းအကြောင်း သတင်းတစ်စ ပါလိမ့်မယ်ဆိုလား

ငါ...... နေ့တိုင်း ရေဒီယိုဖွင့်ထားတယ်။ ။
(ထက်ရှ)

2 comments:

khin oo may said...

ကျယ်ကျယ်လေးဖွင့်ပါ။ ဘေးအိမ်တွေက ခဲနဲ့ထုစေချင်လို့။

သားကြီး said...

ဟားဟား စေတနာထားသည်ပေါ့
လွမ်းနာကျတဲ့လူကိုမသနားဘူးပေါ့ :P

 
©2009 ♬သားကြီး♪ | by TNB