ဝက်ဝံကလေးရဲ့တဂ်



“မစားရတဲ့အမဲ သဲနဲ့ပက်”ဆိုတာ သားကြီးတို့လိုကောင်မျိုးကိုပြောတာဖြစ်မယ်
အခုပဲကြည့် ကိုယ့်ရည်းစားမဟုတ်တိုင်း လုပ်ထားလိုက်တာ ရစရာကိုမရှိတော့ဘူး


မွေးကတည်းကလမ်းကိုအတည့်မလျှောက်တဲ့ကောင် ၊ မျက်နှာမြင်ရိုက်ချင်ပါစေ ဆုတောင်းပြည့်တဲ့ကောင်
ချစ်သူတစ်ယောက်ရှိရင် မုန်းသူက နှစ်ယောက်လောက်ရှိတဲ့ကောင် ။
ဝက်ဝံကလေးက ကိုယ့်ကိုအမြင်ကပ်ရသောအကြောင်းရင်းများတဲ့ ဒီအကြောင်းတွေရေးရင် ပြောမဆုံးပေါင် တောင်သုံးတောင်
ဖြစ်နေလိမ့်မယ် တခါတခါ ကိုယ့်ကိုကိုယ်တောင်အမြင်ကပ်နေပါတယ်ဆို ။
..........................
နောက်တစ်ခုက ကိုသက်တန့်ချိုကစပြီး ဝက်ဝံကလေးကအားလုံးကိုပြန်တဂ်တဲ့ အကြိုက်ဆုံးဘလော့ငါးခုအကြောင်းတဲ့
ဒီအကြောင်းကိုရေးရရင် ရှည်နေပါလိမ့်မယ် ၊ ရှည်တယ်ဆိုတာက မတိုဘူးပေါ့နော် မတိုမှတော့ရှည်ပြီပေါ့လေ။
ဒါပေမယ့် တိုတိုပဲရေးလိုက်ပါ့မယ် အကြိုက်ဆုံးဘလော့က ငါးခုမကရှိပါတယ် တစ်ခုချင်းစီပြောပြဖို့ရာခက်ခဲပါတယ်
ခက်ခဲတယ်ဆိုရင် ခေါင်းကကိုက်ရပါတယ် ခေါင်းကိုက်တယ်ဆိုရင် ဆေးက သောက်ရပါတယ် ဆေးသောက်တယ်ဆိုရင်
ပိုက်ဆံကကုန်ပါတယ် ပိုက်ဆံကုန်ရင် လူလည်းညစ်ပါတယ် လူညစ်ပြီဆိုရင်ခေါင်းကကိုက်ပြန်ပါတယ်။
ဆိုရရင် အနေအထားက မုန့်လုံးစက္ကူကပ်နေပါတယ် သေချာတာကတော့ ဘလော့တစ်ခုကြိုက်ခြင်း၊ မကြိုက်ခြင်းကို ပေးခဲ့တဲ့
ကွန်မန့်တွေအရသိနိုင်ပါတယ် အားလုံးကိုလည်း ရင်ထဲကလာတဲ့စကားနဲ့ပဲ ကျနော်မန့်ခဲ့တာပါပဲ ။

(ဝက်ဝံကလေးရေ ကျေနပ်ရဲ့လားမသိ အခုတလော စာလုံးဝမရေးနိုင်တာကိုနားလည်ပေးပါ ၊တဂ်ကြွေးနှစ်ခုစလုံးကိုဒီစာတိုတိုလေးနဲ့ပဲ ဆပ်လိုက်ပါရစေ g-talkတောင်မဝင်ဖြစ်တာကြာပေါ့ဟာ လူက တစ်ယောက်တည်းရှုပ်နေတယ်ဒီမှာ ချိတ်ချိုးပါနဲ့ဗျိုးးးး)

ပထမအပုံကိုဒီနေရာကယူပါတယ် ၊ ဒုတိယအပုံကတော့ ကိုယ့်ဘာသာကို ပြန်ပြီးလက်ဆော့ထားတာဖြစ်ပါတယ် ၊ mileyရေ မကျေနပ်ရင်လည်း အခန်းလာပြီး ရန်တွေ့လှည့်တော့ :P

36 comments:

ဝက်ဝံလေး said...

ဟုတ် ကျေနပ်ပါတယ်

ဝက်ဝံလေး said...

တယ်တော်တဲ့ ငါ့ ဒက်ဒီ ဖေသားကြီး တဂ် ၂ ခုကို တခါတည်း ရေးပေးသွားတယ် တွေ့လား မေ့သမီးကြီး အိန်ဂျယ် တွေ့လား ဟွင်းးးးးး ပြောတော့ သူ့ပစ်ထားသလေး ဘာလေး နဲ့ တဂ်ပြန်တော့လဲ မရေးပေးဘူး ဟွန်းးး အလုပ်ရှုပ်နေတယ်မအား ဘူး နဲ့ ဘယ်အားမလဲ ဟွန်းးး ငါလေ ပြောလိုက်ရမလား ပြောမယ် ဟယ် ဖွတယ် ကြူ ကြူ သင်တန်းဖွင့်နေ တာ ဟုတ်တယ် မလား

ဝက်ဝံလေး said...

ငါခေါ်ရင်တောင် တော်တော်နဲ့ပြန်မထူးနိုင်ရှာဘူး သနားပါ ဟင့် (အိန်ဂျယ် ငါ့လာထုမှ မြင်ယောင်သေး အဟေးးးအဟေးးးးးးး အဲဒါတွေက ငါလုပ်တာတွေ ဟိဟိ သူမပြောခင် ကိုယ့်ဟာကို ကြိုပြောထားမှ ဒါပေမယ့် ရုပ်တည်နဲ့ ဟောက်စားလုပ်လိုက်ဦးမယ် သမီးကြီးကို ဟိဟိ)

ဝက်ဝံလေး said...

ဖေသားကြီးရေ လုပ်မနေနဲ့ g talk မဝင်နိုင်ဘူးလေး ဘာလေးနဲ့ အရင်တုံးကရော ဝင်တာကျနေတာပဲ ပုံးနေပြီးတော့များ ဟုတ်တယ်မလား မေ့သမီးကြီး အိန်ဂျယ်ရယ် နော် (လေပြေသွေးထားမှ ဟိဟိ)

ဂမယ် ဖေသားကြီး(ခါးထောက်၍ လက်ညိုးငေါက်ငေါက်ထိုးကာ) သိပ်မကျေနပ်ဘူး များ မှာ ဓာတ်ပုံဆို (photo shop) မရှိပါဘူးဆိုနေ သူက ပုံတွေထုတ်ထုတ်ပြနေ သူတတ်ကြောင်းကြွားတယ် ဟွန်းးးးးးးးးးးးး
တဂ်ထားတာနဲ့ ဆိုင်လဲမဆိုင်ပဲ ရေးချင်တာ လျှောက်ရေးသွားပြီး တဂ်ပို့စ် ပြီးရောလားလို့ ဟွင်းးးးး သတိကြပ်ကြပ်ထား ဒါပဲ ပြောမယ်

ဝက်ဝံလေး said...

မေ့သမီးကြီး အိန်ဂျယ်ရယ် သနားတယ်နော် ဂျွတ်ဂျွတ် သိလား ၁ မရလို့လေ နာ ယူသွားတယ်သိရား ဟိဟိ ၅ ခုတောင်လေ ဟဟဟဟဟဟ မကျေနပ်ရင် ရန်လာတွေ့ ဒါပဲ နော် ဟွင်းးးးးးး

ကဲ ပြန်ပြီ ဒုန်းးးးဒုန်းးးးးးးးးးး ထော်နဲ့တော့ ရှိတော့ဘူးနော် ဟွင်းးးး(မခေါ်မှန်းသိတယ် တမင်ဂလာပြောတာ)

ဝက်ဝံလေး said...

ဖွားကိရေ အမျှ အဲလေ ဖွားကိရေ များကို ဆူနဲ့နော် လက်မှတ်လဲ လာထိုးနိုင်ဘူးရယ်သိရား ဟိဟိ များက ရှုတင် ရှိသေးတယ် သိလား များ လက်မှတ် ဘယ်လောက်တန်လဲ သိလား အလကားမရပါဘူးနော် ဟွင်းးးးးးးးး

yangonthar said...

ဒီနည်းကောင်းမယ်ထင်တယ် ကိုသားကြီးရာ
ကျနော်လည်း ခေါင်းမီးတောက်နေတယ် ဟဟ အတော် ရေးရခက်တဲ့တက်ဂ်

ဇင် said...

အကိုေ၇ ဇင်ဇင်မအားဘူး ပျောက်တာမဟုတ်ပါဘူး ရှိပါတယ် ကျောင်းတက်နေ၇ပြီလေး .ဘလော့ကိုတောင်လာမကြည့်နိုင်ဘူး အချိန်မလောက်လို့ ကျောင်းစာအရမ်းများလို့ အကိုေ၇
နောက်မှဘဲအေးဆေးဘဲလုပ်တော့မယ်
အကို ဇင်ဇင်မရှိတာတောင် လာလည်တာကျေးဇူးနော်
ဟိုအေ၇ှ့မှာ ကွန့်မန်ပေးလိုမ၇လို့ ဒီမှာလာပေးတာနော်

ဇင် said...

[url=http://winkkk.com/pimp_glitter_1338.html][img]http://winkkk.com/photo/1338.gif[/img][/url]
[url=http://winkkk.com/pimp_glitter_1338.html]> Click Me <[/url]

ဂျာမုန်းဒန် said...

သားကြီးရေ
အရမ်းလှတဲ့ပုံကိုလုပ်ရက်တယ်ပေါ့။သရဲကားကြည့်နေတာအောက်မေ့ရတယ်။
ဒါတခုခုတော့တခုခုပဲ။
အေးပါ...နားလည်းပေးရမှာပေါ့။
အစ်မလည်းကိုယ့်ကိုကိုပတ်ရှုပ်နေတာလေ။

Anonymous said...

miley လေးသနားပါတယ်ဗျာ
လှတပတလေးကို
ဟီး
မဂျာမုန်းဒယ်ပြောသလိုပဲ
အလုပ်တွေ ရှုပ်နေတာလား
အရှုပ်တွေလုပ်နေတာလား
ကိုသားကြီး ရေ
ဟီး
ခင်လို့ စနောက်သွားတယ်


ခင်တဲ့
ဝသန်မိုး

kiki said...

မုန့်လုံးတွေ စက္ကူကပ်နေတာ ဆို တော့
အဲ့ ဒီ စက္ကူမှာ အပြစ်ရှိတာပေါ့
ထောင် ၁၈ လ ကျစေ ....

ခေါင်းကိုက်တာက လည်း ခေါင်းရှိနေလို့  ကိုက်တတ်တာ ..
အဲဒီတော့ ခေါင်းဖြတ်စေ ....

မအားဖူး ဆိုတော့ ၊ အရှေ့ က "မ" တလုံး ကို ဖြုတ်စေ...

ဟဲ ဟဲ ..ဝက်ကလေး ကတော့
ဘလောဂါ ကောင်စီရုံးမှာ လက်မှတ် အခါ တသိန်းထိုးတာတောင် မလောက်သေးဘုးထင်ရဲ့  ၁၈ လစာ တခါတည်း လာထိုး စေ ....

sweetpeony said...

အဲဒါမျိုးတွေကိုကြိုမြင်လို့ ကမ္ဘာကျော်အောင် မလုပ်တာပေါ့..
ဟီးဟီးးးးးး
တဂ်ရင်ပြန်ဖြေရတဲ့ ဒီနည်းကိုမှတ်ထားဦးမှ..
း)

စိမ်း... said...

ရှောင်လင်သိုင်းကွ...

ရွက်လွင့်ခြင်း said...

ကိုသားကြီးရေ တော်ကြာ miley လေးက အဲဒီပုံနဲ့  ရန်လာတွေ့ နေရင် ဘယ်လိုလုပ်မလဲ
အခု ဒီလက အငတ် သူရဲတွေ အပြင်ထွက်တဲ့လ
း))

khin oo may said...

တယ်ဆိုးပါလား. သဲအတော်များတယ်။

Vista said...

miley တော.လာမှာမဟုတ်ဘူး သူ့ ရှေ.နေပဲရောက်လာလိမ့်မယ် ကိုသားကြီးကြိုက်တာကျနော်သိပြီ Dark Kight ထဲက Joker ကိုခိုက်နေတာကိုး

ဧရာဝတီသား said...

ဘလော့ပေါ်မှာ တော့ ကိုသားကြီးကို အမြင်ကပ်တဲ့ လူ မရှိလောက်ပါဘူး။ အားလုံးက ခင်ကြတာကိုး။ တက်ဂ်ပို့စ်ရေးသွားတဲ့ အိုက်ဒီယာလေး ကောင်းတယ်ဗျာ။ တချက်ခုတ်၊ နှစ်ချက်ပြတ်ပဲ။

မယ့်ကိုး said...

miley ပုံကြည့်ပြီး သားကြီးကိုတော့ ကြောက်သွားပြီ :P
ပညာရှိရှိပါးပါးနပ်နပ်ရေးထားတာ အရမ်းသဘောကျပါတယ်။

... ဘလော့တစ်ခုကြိုက်ခြင်း၊ မကြိုက်ခြင်းကို ပေးခဲ့တဲ့
ကွန်မန့်တွေအရသိနိုင်ပါတယ် ...

ဆိုလို့ ပညာတတ်ပီသတာ ပိုတွေ့သွားပါတယ်။ =)

စည်သူ said...

ဟုတ်ပါ့ ကိုသားကြီးေ၇..

မုန့်လုံးစက္ကူကပ်သွားလိမ့်မယ်ဗျာ...

လိုရင်း တိုရှင်းလေး..
ပျော်ရွှင်ပါစေ ကိုဘေ့(ခ်ျ)ဆန်းရေ...

မေဇင် said...

ကိုသားကြီးရေ...ရှင်းသွားတာပဲ...ရေးထားတာ...ကောင်မလေး သနားပါတယ် ဟယ်...။ သူ့ရုပ်လေးသာ မြင်ရတော့ ရင်ကျိုးမယ်...း)))။ အဲ့ဒါကြောင့်... ငါ့ ပုံတွေ နေရာ အနှံ့ မဖြန့်ချင်တာ...ဟိဟိ

maylay said...

တိုင်ပြောမယ်နော် Miley ကို ။ နာတို့အစ်ကိုက ချစ်လို့ကျီစယ်တာ နည်းနည်းပိုသွားတယ်လို့။ နင် နည်းနည်းပဲ ဆူပါလို့ ။ တဂ်ထဲကအတိုင်း ကျွန်ုပ် အလုပ် မတရားရှုပ်နေသည်ပေါ့။ ဟုတ်ပါ့ ခေါင်းကကိုက်နေရင် ဖြုတ်ပလိုက်။ ဆေးလည်းမဝယ်ရ ပိုက်ပိုက်လည်းမကုန် အချိန်လည်းသက်သာတယ် ဟိဟိ။ ကျန်းမာပျော်ရွှင်ပါစေနော်။

Khyl said...

မစားရလို့ သဲနဲ့ပက်လိုက်တာလား.... အော် မတိပါဘူးအေ... ချစ်လွန်းလို့ ကိုက်ဖြဲ လိုက်တာလားလို့....

လမ်းကို အတည့် မလျှောက်တတ်ဘူးဆိုတော့ ... တစောင်းလေးလျှောက်တာပေါ့... ဟိဟိ....
လမ်းမှာတွေ့ရင် အဲလိုလျှောက်တဲ့လူဟာ... ကသားကြီး ဘဲဆိုတာ တို့သိလိုက်ပါပြီ....

rose of sharon said...

ဒီပို့စ်ရေးလိုက်ရတာတော်တော် ပင်ပန်းသွားမှာဘဲနော် :P

Anonymous said...

မအားတာတောင်..ရေးနိုင်တာ..ချီးကူးပါတယ်
ကိုသားကြီးရေ..ချစ်သူတစ်ယောက်မုန်းသူနှစ်ယောက်.မှန်လိုက်တာ.
နဒီတို့ ..မိုးညိုတို့ လိုပဲ...သိလား..
မှန်တာပြောရင်..ရွှာပြင်ထုတ်ခံရတယ်ဆိုလို့ ..မထုတ်ခင်..ကိုယ်ဟာကိုယ်ပဲ..ထွက်နေလိုက်တယ်...ခစ်ခစ်...

နဒီမိုးညို။

kyalkalay said...

ကိုသားကြီးတို့ကတော့လုတ်ချလိုက်ပြန်ပြီ

ဘာလို့ online မတက်တာလဲ?

မြစ်ကျိုးအင်း said...

ငါ့ကိုပေးထားတဲ့ ကွန်မန့်တွေ ပြန်ဖတ်ကြည့်အုံးမှ
ခေါင်းဖြတ်ရင်ပြောဗျာ ၀က်သားတုတ်ထိုးထဲ ထည့်ရအောင် ဟဲဟဲ
အဆင်ပြေပျော်ရွှင်ပါစေဗျာ။

အနော် said...

အကိုသားကြီးရေ
အခုတလော ဘာမှ လုပ်ချင်စိတ်မရှိဘူးဖြစ်နေတယ်
စာတွေလဲ ဖတ်သာဖတ်တယ် ဘာမှလဲ မဖတ်မိဘူး ထင်တာပဲ
အဲ့တာနဲ့ ဘလော့တွေ လိုက်မလည်ဖြစ်တာတောင် ကြာပီ
ကို့ဘလော့လေးတောင် ပစ်ထားမိတယ်
တောင်းပန်တယ်ဗျာ
အကြိုက်ဆုံးဘလော့ဆိုပီး ပို့စ်အသစ်တင်တာတောင် လာမဖတ်နိုင်ဘူး ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးး
အခုမှပဲ အကိုသားကြီးရဲ့ ကောင်မလေးပုံကို တွေ့ဖူးတယ် လှချက်ဗျာ
ဒါမျိုးလေး ရရင် တယောက်လောက် ရှာပေးပါနော် ဟိဟိ

ကောင်လေးငယ် said...

ဟာ ကိုသားကြီးရေ ကျွန်တော်တွေ့တွေ့ခြင်းတော့ အိုး တော်တော်မိုက်လှပါ့လားလို့.. ဟီး..ဟီး နောက်ပြီး အောက်လည်းနည်းနည်း ဆွဲချလိုက်ရော ရီလိုက်ရတာ ဗျာ တကယ်ပါပဲ. ဟီး ဒါပေမယ့် တစ်ယောက်တည်း ရီရတာဆိုတော့ ကြောင်တော့ကြောင်တောင်တောင်ရယ်

ကောင်းကင်ပြာ said...

အော် ကိုယ့်ထက်ဆိုးသူ ရှိနေသေးပါလားဟ....း)

chitpalone said...

အိုင်ဒီယာကောင်း၏။
ခင်မင်လျှက်
ညီမလေး ပါးလုံး

မေသစ္စာမောင် said...

ကိုသားကြီးက စာရေးလည်းကောင်း ရှောင်လင်သိုင်းလည်းတယ်တော်ပါလား....:P :) :D

မိုးခါး said...

အာဘတ်လွတ်ပြောသွားပုံများ
မမေသစ္စာမောင်ပြောသလို ရှောင်လင်လည်းတတ်တယ်နော်
အော့်ကြည့် ဂိုဏ်းက စိန်ခေါ်နေဦးမယ် :P

ဇော် said...

ပီတယ်ဗျာ။ ပိုင်တယ်ဗျာ။ ခိုက်တယ်ဗျာ။ ကျနော်လဲ တက်ဂ်ပိုစ့်၎ခုတောင်ရှိနေတာ ဘယ်လိုရှင်းရမလဲလို့ စဉ်းစားမရဖြစ်နေတာနဲ့ ။ ဟီး။

စာမရေးဖြစ်ရတဲ့အကြောင်းအရင်းက တစ်ခုတည်းရှိပါတယ်ခင်ဗျ။ မာဖီးယားနေတာလေ။ ဟီးဟီး။ လူလဲ မာဖီးယားရုပ် လုံးလုံးကို ပေါက်လို့။ ခိခိ။

လင်းစက်ရာရဲ့ ကဗျာတွေကို ကြိုက်တယ်လို့ပြောလို့ သူ့ကိုပြန်ပြောပြလိုက်တယ်သိလား။ သူပျော်သွားတယ်။ =)
ကျေးဇူးပါတဲ့။

Angel Shaper said...

ကိုသားကြီး ၀က်ကလေးကို ပေါ်ကြမယ်ဟ။
သမီးကြီးကို ပြောထားတာတွေ့ လား။
ဟင့်ဟင့်......... သူက ၀က်တန်မဲ့ အွန်လိုင်းမှာ အပြင်းအထန် ဘီးဇီးနေတာများ သမီးကြီးကို ပြောင်းပြန်လာပြောနေတယ်လေ။
သူ့ ကိုခေါ်ပြောလဲ ဂရုတောင်မစိုက်ပဲ၊ ပြန်တောင်မထူးလို့  သမီးကြီးကို ပစ်ထားကြတယ်လို့ ပြောမိတာပဲလေ။ ဟင့်ဟင့်။ မဟုတ်ဘူးလား။ မမှန်ဘူးလား။
ကိုသားကြီး လမကုန်ခင် ၀က်ကလေးကိုပေါ်ကြမယ်နော်။ ကိုသားကြီး တုတ်နဲ့ ထိုးရောင်းပေါ့။ ဟဟားးးးးး တမလွန် အဲ တလနွန်လာအားပေးလိမ့်မယ် သူက ၀က်သားသိပ်ကြိုက်တာ သူ့ ပုံကိုကြည့်ပါလား။ ကြည့်ရင် သိသာတယ်လေ ဟိဟိ။။။
ဒါပဲ ၀က်ရေ..င့ါကိုပြောတဲ့ဝက် တွေ့ ကြသေးတာပေါ့ကွားးးဟဟဟားးးး

Angel Shaper said...

အဲ ခုမှသေချာကြည့်မိတယ်။
ကိုသားကြီး နော် ရက်စက်လိုက်တာ။
သမီးကြီးဓာတ်ပုံကို စိတ်ကြိုက်လုပ်ပစ်လိုက်တယ်ပေါ့။
ဟွန်းးးးးးးးးးးး ကိုယ့်ညီမပုံကို အဲလိုလုပ်ရလား။
နေဦးးး သူ့  လပ်ချမီးပုံကိုလဲ လက်ဆော့ပေးထားဦးမှ.... ဒါပဲ။ ရေခဲမုန့် ကျွေးပြီး လာတောင်းပန်ပါ။ ဟင်းးးးး

 
©2009 ♬သားကြီး♪ | by TNB