လမ်းလွဲသူ

အဘိုးကျနော့ကို မှတ်ချက်ပေးဖူးတယ် (commentပေါ့လေ)
onlineက home-pageမှာမဟုတ်ပါဘူး အပြင်ဘဝက home-pageမှာပါ ။
“ဒီကောင် လမ်းမယူဘူး”တဲ့
ဒီကိစ္စကိုအဘိုးနားလည်အောင် ပြန်ရှင်းပြဖို့ခက်ပါတယ်
ပြောရမယ်ဆိုရင် လမ်းကလည်း ဒီကောင့်ကိုမှမယူတာကိုး ။
……………….
ငယ်ငယ်ကပေါ့….
ကျောင်းကအပြန် အိမ်ရောက်တော့ အဘိုးကမေးတယ်
“မိုးဘာကြောင့်ချိမ်းလဲ သိလား”
“ဟုတ်ကဲ့ အဘိုး သိပါတယ်”
အဘိုးက အလွန်အားရကျေနပ်သွားတဲ့အပြုံးမျိုးနဲ့ မိန့်မိန့်ကြီးပြုံးပြီး..
“ကဲ…ဒါဆိုလည်းပြောစမ်းကွာ”
“ဟုတ်ကဲ့.. မိုးပေါ်ကနတ်တွေက တိုင်ကီအလွတ်တွေကို ပတ်လှိမ့်ပြီးကစားနေကြလို့ တဒုန်းဒုန်း တဂျိမ်းဂျိမ်းနဲ့ ကောင်းကင်မှာဆူညံနေရတာပါ”
“ဟေ”
(အဘိုးရဲ့ အဲဒီ“ဟေ”ဆိုတဲ့အသံဟာ တော်တော်ကျယ်ပါတယ်)

“နတ်တွေဟာ ကောင်းကင်မှာနေတော့ နေနဲ့ပိုနီးတယ်လေ ကျနော်တို့ပူတာထက် သူတို့ကပိုပူတာပေါ့
မိုးရာသီလည်းရောက်ရော နတ်တွေအပျော်လွန်ပြီး အဲလိုတိုင်ကီအလွတ်တွေနဲ့ဆော့လို့ မိုးချိမ်းသံဖြစ်လာရတာပါအဘိုး”
“အဲဒါဆိုရင်ကွာ မိုးခြိမ်းသံကြားတာနဲ့ မိုးကြိုးပစ်မှာကြောက်ပြီး မင်းဘာလို့အိမ်ထဲဝင်ဝင်ပြေးရတာလဲ မင်းပြောတော့တိုင်ကီတွေဆို”

“ကျနော် မိုးကြိုးပစ်မှာကြောက်တာမဟုတ်ဘူးအဘိုးရ တိုင်ကီခွံအလွတ်တွေ ခေါင်းပေါ်ပြုတ်ကျလာမှာကြောက်လို့အိမ်ထဲဝင်ပြေးတာ”
“ဟေ”
ဒီ“ဟေ”ကတော့ စောစောက“ဟေ”ထက် အသံအားရော အရှည်အားပါနှစ်ဆတိတိပိုပါတယ်။
အဘိုးမျှော်လင့်ထားတဲ့အဖြေက မိုးတိမ်ထဲကလျှပ်စစ်ဓါတ်တို့ရဲ့ရုန်းကန်မှုတွေ လေထုရဲ့အပူတွေ စိုထိုင်းမှုတွေကိုပါ
ရလာတဲ့အဖြေကဘယ့်နှာကြီးမှန်းမသိ ၊ အံ့သြမှင်သက်စွာနဲ့ ဟထားမိတဲ့ပါးစပ်ကို ကိုယ်တိုင်ပြန်ပိတ်ဖို့အဘိုးမေ့နေ
တုန်းမှာပဲ ကျနော်က အဝတ်အစားလဲပြီး လမ်းပေါ်ထွက်လာခဲ့ပါပြီ ။
…………………
ပြောရမယ်ဆိုရင် ထော်လော်ကန့်လန့်ကြီးတွေနဲ့ ကျနော်လူလားမြောက်ခဲ့ပါတယ်
(“လူလားမြောက်”ဆိုတဲ့စကားကိုသိပ်မကြိုက်ပါ ၊ ဘယ့်နှယ့်လူက လားသွားမြောက်ရမှာတုန်း ကျနော်တွေ့ဖူးတဲ့“လား”တွေက လည်ပင်းခပ်ရှည်ရှည်တွေ ထားတော့)

တနေ့… သူငယ်ချင်းတစ်ယောက်ကညဉ်းတယ် …..
“ခုထိရည်းစားမရသေးဘူး စိတ်ညစ်လိုက်တာကွာ ဟိုတစ်ယောက်ကလည်း ငါ့ကိုမတူသလိုလို မတန်သလိုလိုနဲ့ နောက်တစ်ယောက်ကလည်း ငါ့ကိုလူ့ပေါက်ပန်းတဲ့ ပြန်မကြိုက်ချင်လို့ရမယ်ရှာနေကြတာပါ ကောင်မလေးတွေ မလွယ်ပါဘူးကွာ”
“ဘာမှမပူနဲ့ဟေ့ရောင် ငါ တဘောင်တစ်ခုကြားထားတယ် တဘောင်စကားဆိုတာမျိုးက သိပ်မှန်တာနော်”
“လုပ်စမ်းပါဦး မင်းရဲ့တဘောင်က ငါ့ကိုစော်တွေဘယ်တော့ကြည်မယ်ဆိုတာမျိုးပါလား”

ကျနော်က ဆရာကြီးအသံနဲ့ဆက်ပြောတယ်….
“ဒီလိုကွ…တနေ့ကျရင် ဟောဒီကမ္ဘာမှာ ယောင်္ကျားတွေဟာ အလွန်ရှားသွားလိမ့်မယ်တဲ့ ကမ္ဘာ့လူဦးရေရဲ့ ငါးပုံလေးပုံဟာ မိန်းမတွေတဲ့ အဲဒီအချိန်ကျရင်
ယောင်္ကျားတွေဟာ မိန်းမတွေကိုမြင်တာနဲ့ပုန်းနေရရောတဲ့။ တချို့ကလည်းထွက်ပြေးကြတယ်
မိန်းမတွေက အုပ်နဲ့သင်းနဲ့အနောက်ကလိုက်ပေါ့

ယောင်္ကျားဆိုတဲ့ကောင်က ကြောက်ကြောက်လန့်လန့်နဲ့သစ်ပင်ပေါ်တက်ပြေး
တော့ မိန်းမအုပ်ကြီးက အောက်ကနေ ဝါးလုံးနဲ့လှမ်းထိုးတယ် အဲဒီဝါးလုံးက ယောင်္ကျားကိုလှမ်းထိတယ်ဆိုရင်တောင် အဲဒီဝါးလုံးကို ဝမ်းပန်းတသာနဲ့ မိန်းမတွေက ကရမက်နံ့သာအမှတ်နဲ့ မက်မက်စက်စက်ကြီးရှိုက်နမ်းကြရတော့တာ ယောင်္ကျားတစ်ယောက်ကို ကာမပိုင်လင်အဖြစ်ပေါင်းသင်းချင်ရင်လည်း မိန်းမတွေအချင်းချင်း သတ်ကြရတယ်တဲ့”

“အဟေးဟေးဟေး”
ကျနော့စကားတောင်မဆုံးသေးဘူး ၊ သူငယ်ချင်းကသဘောတွေခွေ့ပြီးရယ်နေတယ်။ တစ်ဆက်တည်းမှာပဲ..
“ငါ့ကိုမတူသလိုလို မတန်သလိုလိုလုပ်တဲ့ကောင်မနဲ့ လူ့ပေါက်ပန်းလို့ပြောတဲ့ကောင်မတွေ ငါ့ကိုလိုချင်လွန်းလို့ မိုက်တိုင်စန်လို
နားရွက်တွေကိုက် ရွေဓူဝံလိုလက်သီးတွေထိုး၊ ဒေါ်ဘုမလို ဆံပင်တွေဆွဲ ပါးတွေရိုက်ပြီး ဖက်သတ်ကြမှာမြင်ယောင်သေး အဟေးဟေး ကောင်းရောကွာ ဒါနဲ့ မင်းရဲ့တဘောင်က ဘယ်တော့လောက်ဖြစ်မှာလဲ”

“မကြာပါဘူး မသကာရှိလှ မင်းရဲ့နောက်တစ်ဘဝပေါ့”
“အာ.... မင်းဟာကြီးကလည်းကွာ”
“ငါ့ဟာကြီးမဟုတ်ဘူးကွ သူများဟာကြီး သူများဆီကကြားလာတာ”
အားမလိုအားမရသံနဲ့ကျနော့သူငယ်ချင်းစိတ်ညစ်သွားပါတယ်၊ စိတ်ညစ်တော့လည်းမြန်မာဗွီဒီယိုတွေထဲကလို မယားတဲ့ခေါင်းကိုကုတ်ပါတယ်၊ နောက်ဘဝကျ မိန်းမဖြစ်နေရင်ပြဿနာပဲလို့လည်း တွေးနေမှာပေါ့

တဘောင်စကားမှန်တာနောက်မှထား လောလောဆည်တော့ ကျနော့စကားက တော်တော်လေးပျံ့သွားလို့ ကောင်မလေးတွေတော်တော်များများ ကျနော့ကိုမခေါ်ကြတော့ဘူး တစ်ယောက်ကပြောတော့ “သောက်ညင်ကပ်သွားလို့”တဲ့။
…………………..
ကလေးတွေပုံပြင်ကြိုက်တာတော့လက်ခံပါတယ် ဘယ့်နှယ့်လူကြီးကပုံပြင်ကြိုက်နေရတာတုန်း
ကျနော်တို့ရပ်ကွက်ကလူပျိုကြီးပေါ့ ၊ အလှူတစ်ခုမှာဝိုင်းလုပ်နေတုန်း ကျနော်တို့လူငယ်တွေ
ဝိုင်းထဲဝင်ထိုင်ပြီး ပုံပြင်တစ်ပုဒ်စီပြောခိုင်းနေတယ် ဒီလူပျိုကြီးက ကျနော်တို့လိုလူငယ်တွေနဲ့လည်း ပနံသင့်တာပါပဲ။

ကောင်မလေးတွေရှိနေတာကိုအခွင့်ကောင်းယူပြီး ဝက်ခြံများများ နှာခေါင်းနီနီနဲ့အကောင်တစ်ကောင်က လွမ်းမောဖွယ်ရာရှေးဟောင်း အချစ်ပုံပြင်တစ်ပုဒ်ကို အားရပါးရပြောပြတယ် အချစ်သူရဲကောင်းကြီးစတိုင်နဲ့ပေါ့လေ။ ဒီနေရာမှာဝိုင်းကူလုပ်စရာတွေကလည်းပြီးကုန်ပြီဆိုတော့ အားလုံးပဲ ရေနွေးကြမ်းသောက် လက်ဖက်လေးစားပြီးအေးအေးဆေးဆေးနားထောင်နေကြတာပေါ့ ၊ အချစ်ပုံပြင်ပြီးတော့ လူပျိုကြီးက “အင်း….အလွမ်းရသတစ်ခုကိုငါရလိုက်တယ်”တဲ့၊

အဲဒီနောက် ပိန်စုတ်စုတ် အကောင်တစ်ကောင်က သူငယ်ငယ်က စွဲလမ်းခဲ့ဖူးတဲ့ နဂါးကြီးနဲ့ယှဉ်ပြိုင်တိုက်ခိုက်တဲ့သူရဲကောင်းကြီးတစ်ဦးရဲ့ပုံပြင်ကိုပြောပြပြန်တယ် ရင်ဘတ်ကြီးကော့ပြီး ဟန်ပါပါနဲ့ပြောတာပေါ့။ ဇာတ်လမ်းပြီးတော့ လူပျိုကြီးက commentပေးပြန်တယ်
“ဒါဟာဝီရ ရသဆိုတာပဲ”တဲ့။

ကျနော့်အလှည့်ရောက်လာပါတယ် ။ အရင်ဆုံးလည်ချောင်းရှင်းဟန်နဲ့
“အဟမ်း အဟမ်း”လို့အသံပြုလိုက်တယ်
ကျနော့ရဲ့တဘောင်စကားကြောင့် ကျနော့ကိုမကျေမနပ်ဖြစ်နေကြတဲ့ ကောင်မလေးအချို့ မျက်စောင်းလေးတွေကို လှမ်းပစ်ကြပါတယ်၊ ပစ်တိုင်းလည်းကျနော့ကိုထိပါတယ်။

“…..ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာအလွန်ချောမောလှပတဲ့လုံမပျိုလေးတစ်ယောက်ရှိသတဲ့ ၊ အဲဒီလုံမပျိုဟာခဏခဏလည်းလေလည်တယ်တဲ့။ အတောမသတ်လေလည်တတ်လွန်းလို့ ညညဆိုရင် အိမ်ကို ကာလသားတွေလာလည်ရင် အမြဲစိတ်ညစ်ရပါတယ် အောင့်ထားရတာကိုး မအောင့်ရင်လည်းနံတော့မှာကိုး ၊ သူလည်တဲ့လေက ပါးစပ်နဲ့လည်တဲ့
“အေ့ အေ့”ဆိုတဲ့လေကိုပြောတာမဟုတ်ဘူးနော် ပါးစပ်မဟုတ်တဲ့ဟာနဲ့လည်တဲ့
“ဘူ ဘူ”ဆိုတဲ့လေကိုပြောတာ”

ပြောပြီးကျနော့ဘာသာကျနော်ပဲရှက်သလိုလိုဖြစ်လိုက်သေးတယ် ဘယ့်နှယ့် ဟိုကထွက်တဲ့အသံကို ငါ့ပါးစပ်ကနေအသံတူလိုက်လုပ်ပြနေမိပါလိမ့်။
ကျနော့ပုံပြင်အပျိုးက သိပ်မဟန်လောက်ဘူးလို့ကောင်မလေးတွေရိပ်မိကြမှာပါ ဒါပေမယ့် ထမသွားဘဲဆက်နားထောင်နေကြတယ် (သောက်ညင်ကပ်ကပ်နဲ့ပေါ့)

“တနေ့ကျတော့တဲ့ သူ့ဆီကို ရွာက လုလင်ပျိုလေးတစ်ဦးက အလည်လာမယ့်အကြောင်းသတင်းကောင်းပါးသတဲ့ လုလင်ပျိုက
ယောင်္ကျားတို့တတ်အပ်တဲ့အဋ္ဌာရသ ၁၈ရပ်ကို ထုံးလိုကြေ ရေလိုနှောက်တတ်ကျွမ်းတဲ့အပြင်
မကြာခင်မှာပဲ မင်းနေပြည်တော်ကြီးကိုသွားပြီး ရာထူးကြီးကြီးနဲ့ အမှုတော်ထမ်းဦးမယ့်လူပျိုပေါ့။ ယောင်္ကျားပီပီသသနဲ့ရုပ်ကလည်းချော ပညာကလည်းတတ်ဆိုတော့ အဲဒီလုလင်ပျိုရဲ့နာမည်ကို သားကြီးလို့ပဲဆိုပါစို့”

ကောင်မလေးများ သောက်ညင်ကပ်ပြီးရင်းထပ်ကပ်ရပြန်ပါတယ် ။(သူတို့မို့မမောနိုင်မပန်းနိုင်)
“အဲဒါနဲ့ လုလင်ပျိုလာလည်မှာကို ဝမ်းသာလုံးဆို့ပြီးလုံမပျိုလေးကပျော်နေလေသတဲ့ကွယ်”
“အဲဒီလုံမပျိုနာမည်ကရော အိုဂွက်ထော်လား”
“အိုဂွက်ထော်တော့မဟုတ်လောက်ဘူး မယ်လေဖြန်း ပဲဖြစ်ရမယ်”
ကောင်မလေးနှစ်ယောက်ကဝင်နောက်တော့ အားလုံး“ဝါးကနဲ”ဝိုင်းရယ်ကြတယ်။

ကျနော်ကတော့ခပ်တည်တည်ပဲ…
“လုံမပျိုလေးပျော်တာကနောက်မှ လေလည်တာကိုလည်းမအောင့်နိုင်ရှာဘူးတဲ့ အဲဒါနဲ့ကြံရာမရတဲ့အဆုံး သူ့မောင်လေးကိုခေါ်ပြီးလုံမပျိုလေးကပြောသတဲ့ မောင်လေးပေါ့ ဒီည သားကြီးလာလည်ရင်အစ်မအနားမှာနေပေးပါ အစ်မလေလည်ရင် မောင်လေး လေလည်တယ်ဆိုပြီးအပြစ်တင်သလိုနဲ့ပြောမလို့ အစ်မအဲလိုပြောရင်မောင်လေးဘာမှပြန်မပြောဘဲငြိမ်ငြိမ်နေ၊ အဲလိုနေပေးရင် နက်ဖြန်မောင်လေးကို မုန့်စိမ်းပေါင်းတစ်ဝ ဝယ်ကျွေးမယ်လို့စည်းရုံးတယ်

အဲဒါနဲ့လုံမပျိုရဲ့မောင်လေးကလည်းသဘောတူလိုက်တယ်
ညရောက်တော့ ကိုယ်ရောင်ကိုယ်ဝါတောက်ပြောင်လွန်းလှတဲ့ သားကြီးက ကျောက်စီဓါးကိုလွယ်ပြီးစီးတော်မြင်းနဲ့အတူ
ရောက်လာခဲ့သတဲ့ ပြီးလည်းပြီးရော အိမ်ပေါ်တက်ပြီး အပျိုလူပျိုစကားလေးတွေဖလှယ်ကြတာပေါ့ကွယ် အလယ်မှာရေနံဆီမီးခွက်ကြီးထွန်းလို့ပေါ့ စကားကောင်းနေလိုက်ကြတာ ညဉ့်တော်တော်နက်သွားတယ် လုံမပျိုလေးက လေမလည်ဘဲစကားကောင်းနေသတဲ့ ..

မောင်လေးဖြစ်သူကလည်းအစ်မအနားမှာထိုင်ပြီးအရမ်းငိုက်နေပြီ နောက်ဆုံးလုံးဝမအောင့်နိုင်တော့တာနဲ့ အစ်မဖြစ်သူကို ကလေးပီပီ ပြောလိုက်သတဲ့..
အစ်မ…အစ်မအီးပေါက်မယ်ဆို မြန်မြန်ပေါက်လေဗျာ ကျနော်အိပ်ငိုက်နေပြီတဲ့ ကဲ ပုံပြင်လေးကတော့ ဒါပါပဲ”
ကျနော်ထွက်လာတော့ ရယ်သံတွေက အတော်မစဲဘူး အနောက်မှာကျန်ရစ်တယ် လူပျိုကြီးလည်း ဘာရသ ရသွားမလဲမသိဘူး သူရလိုက်တဲ့“ရသ”ကရော နည်းနည်းနံနေမလားမသိဘူး ။
………….
အဘိုးပြောသလိုပဲ…
လူကသာကြီးပြင်းသွားတာ (“ကြီးပြင်း”နော် “ကြီးပျင်း”မဟုတ်ဘူး စာလုံးပေါင်းမှားမှာစိုးလို့)
လမ်းရယ် ကျနော်ရယ်က ခုထိမယူဖြစ်ကြသေးဘူး
လမ်းကလည်းကျနော့ကို “ဟင့်အင်း”ပဲ ။
ကျနော်ကလည်းလမ်းကို “yes, I do”လို့ပြောဖို့ငြင်းဆန်နေတုန်း ။

40 comments:

linn said...

သားကြီး အလှည့်လဲပြီးရော လူပျိုကြီးက ဘာ ရသ ရတယ်လို့လဲ မပါဘူး .. ဒါပေမဲ့ လင်းတော့ အော်ရယ်မိ
တယ် .. သူ့မောင်လေး တော်တော်ဆိုးတာပဲနော ..

Anonymous said...

ရေးတတ်ပါပေ့ ကိုသားကြီးရယ်...
ပုံပြောကောင်းတဲ့ ဦးဦးရေ....
နောက်ထပ်လဲအခုလိုနောက်တီးနောက်တောက်ပုံပြင်လေး
တွေလုပ်ပါဦး...

rose of sharon said...

ရီရတယ်..... သားကြီးကပုံပြောကောင်းတယ်ပေါ့

Anonymous said...

လူပျိုကြီးက ဟာသရသကို နှာခေါင်းပိတ်ပြိးရသွားတာပေါ့

sweetpeony said...

ရယ်လိုက်ရတာ ကိုသားကြီးရယ်..
ရုံးမှာ အသံထွက်မိတော့မလို့ မနည်းပါးစပ်ပိတ်ထားရတယ်..
ရေးတတ်ပါ့...
း))))

yangonthar said...

တတ်လည်း တတ်နိုင်တဲ့ကိုသားကြီးပဲ ဟဟ
ပုံပြောကလည်း ကောင်းချက် စကားလုံးတွေ
ကို အဓိပ္ပါယ်ဖွင့်တဲ့နေရာတော့ ကိုသားကြီး ပါမုတ်ခြောက်ထုပ်ပဲ အဲ ပါမေက္ခချုပ်ပဲ ခင်ဗျား နဲ့ စကားပြောတဲ့ ကောင်မလေးတော့ လေပဲ လည်မလား ..... ဟဟဟ .... တော်တော် ဆိုးတဲ့လူပဲဗျ ....ကောင်းချက် ကောင်းချက် :D
ဟဟဟ :)))))
(ကိုမြစ်ကတော့ စာမရေးတော့ ဘူးတဲ့ ကျွန်တော့်မိတ်ဆွေတွေတော့ကုန်ပါပြီဗျာ .....)

မယ့်ကိုး said...

သားကြီးရဲ့ စကားလုံးတွေကို တခြားအမြင်ကနေ ဖောက်ထွက်ကြည့်ပုံက ဆရာတာရာမင်းဝေနဲ့ တနေ့တခြားတူလာတယ်။
အရမ်း နှစ်သက် တယ် သားကြီးရေ...
ရယ်ရတာတင် မဟုတ်ဘဲ ဒီထက်ကောင်းတဲ့စာတွေကို သားကြီးဆက်ရေးလိမ့်မယ်လို့ မျှော်လင့်အားပေးနေပါတယ်။

ဒီစာလေးလည်း ကောင်းတယ်နော်။

kiki said...

ဪ ..
လူ ရယ် ၊ လား ရယ် ။ မျောက် ရယ် ၃ ကောင်ပေါင်းလိုက်တော့ ..လူလားမြောက်ပြီး
ကြီးလေ ပျင်းလေ ဆိုတဲ့
သောက်ညင်ကြီး က ဟိုကပ် ဒီကပ် နဲ့ 
သားကြီး ဖြစ်လာခဲ့ရတာကိုးးးးး

ဘယ်တော့ ပေါက်မလဲဟေ... ( အမြီး ရှည်ရှည်) ..
လမ်းမယူ ဆိုတာ လူမရမ်း တာကို ပြောတာလား ..အဟေးဟေး
လွတ်လပ်စွာ ရယ်မောသွားပါသည်။

Anonymous said...

ပုံပြင်လေးကောင်းတယ်..
ရီရတယ်..ရီသောသူအသက်ရှည်၏တဲ့
အသက်ရှည်ချင်ရင်..ကိုသားကြီးစာလာဖတ်ရတယ်
ခင်မင်လျှက်
နဒီမိုးညို

maylay said...

လူပျိုကြီး ရသွားတဲ့ ရသ က လေထုညစ်ညမ်းရသ ဖြစ်လိမ့်မယ်နော်။ လူးကာ လားကာ မျောက်လာတယ်ပေါ့။ အညင်ကိုကပ်ဖို့ ဟိုးဘက်နည်းနည်း တိုးပေးပါလား။ တဘောင်က နောက်ရော နောက်ထပ် ထပ်တိုးဖို့ရှိလား။ နှစ်ဘောင် သုံးဘောင်ဆို မလွယ်ဘူးပဲ။ ကျော်ရ မောရှာမယ်။ လမ်းကို ယူတော့မယ်ဆိုလည်း ကြိုတင်ဖိတ်စာဝေနော်။ လုလင်ပျို သားကြီးနဲ့ မယ်လမ်းပေါ့ ဟုတ်လား။ လာခဲ့မယ်။ တာ့တာ ကျန်းမာပျော်ရွှင်ပါစေ။ (ရယ်သွားရတာ ကျေးဇူး)

chitpalone said...

ပါးစပ်ကကို အသံထွက်ပြီးတော့ အော်ရယ်ပစ်လိုက်တယ် ဘာရမလည်း။ သေအောင်ရယ်ရတယ်။ ပုံပြင်ပြောကောင်းတယ်ဗျာ။ မြန်မြန်ပေါက်လေဗျာ ကျတော်အိပ်ငိုက်နေပြီတဲ့။
မိုးပေါ်က ပီပါပြုတ်ကျမှာစိုးလို့တဲ့ တော်တော်ကို လူလည်ကျပါလားနော်။
ခင်မင်လျှက်
ညီမလေးပါးလုံး

နွေဆူးလင်္ကာ said...

ဖတ်လို့ကောင်းတယ်ဗျ

Yu Ya said...

ကိုသားကြီးရေ.. ဘာဖြစ်လို့ လေမလည်တာလဲဟင်...အဟီး။

yu ya

မီးမီးချစ် said...

လမ်းတော့မယူပါ နဲ့ ..ယူချင်းယူ မိန်းမ ပဲ ယူပေါ့
း))

ဝက်ဝံလေး said...

အော် ငါ့ဒက်ဒီဂျီးကလဲ တိရိစ္တာန်ကကိုမလွတ်ပါလား လား ရယ် မျောက်ရယ် အဟိ မွေးထားတာ က ဝက် ဟဟဟဟဟဟ

ရီရတယ် ဗြဲဟဲဟဲ

ရေးချင်သာရေးကွာ ဖတ်ချင်တာဖတ်မယ် မန့်ချင်တာ မန့်မယ် ဘာလုပ်ချင်လဲ ဟွင်းးးးးး

ဝက်ဝံလေး said...

ပြန်တော့တယ် ဒုန်းးးးးးးးးဒုန်းးးးးးးးးးးးးး

အနော် said...

အကိုသားကြီးရေ
လမ်းက ဒီကောင့်ကို မယူဘူးတဲ့လား
လမ်းကိုက မယူတာလား
တခါတလေမှာ လမ်းပေါ်လျှောက်နေပေမဲ့လဲ လမ်းက ကိုယ်လျှောက်ခဲ့တာ အသိအမှတ်မပြုတာလား
လမ်းက ကို့တစ်ယောက်ကိုပဲ မယူဘူး ငြင်းနေတာလား
လမ်းနဲ့ ကိုက မအပ်စပ်တာလား
လမ်းပေါ်လျှောက်ရင်း လမ်းပျောက်သွားတာလား
လမ်းလွဲရောက်သွားတာလား
လမ်းက ဒီကောင့်ကို မယူဘူး ဟင့်အင်းလို့ ငြင်းနေတာကိုဖတ်ရင်း စိတ်မကောင်းဖြစ်သွားတယ် အကိုသားကြီးရယ် :(

Anonymous said...

ကိုသားကြီးရေ
ပုံပြင်လေးတွေ သဘောကျတယ်
နောက်ထပ် ပုံပြင်လေးတွေ လည်း
လုပ်စမ်းပါဦး
အဆင်ပြေပါစေဗျာ

ခင်တဲ့
ဝသန်မိုး

မလိခ said...

ရယ်ရပါ၏...
ဒါနဲ့ ဟိုလေ..လမ်းလွဲသူဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတာတွေကို နားလည်တယ်.. လမ်းကိုမယူဘူးဆိုတာ... ဘာကိုပြောတာလဲဟင်..
ဘာလမ်းကိုယူတာလဲဟင်...
(မှတ်ချက်.. တကယ်မသိလို့မေးခြင်းဖြစ်ပါသည်..ရစ်တယ်ထင်မှာစိုးလို့.. :D)

စိမ်း... said...

လူနောက်...

Khyl said...

အူလိုက်ရတာ ရီတွေကိုတတ်နေတာပဲတော်...
မိုးပေါ်ကို ဘူလူတွေက တိုင်ကီတွေ သွားပို့ထားပါလိမ့်နော်... ဟီးဟီး....

ရွက်လွင့်ခြင်း said...

ဘရာသာရေ နောက်ကျသွားတယ်ဗျာ
လမ်းလွှဲနေရင်လည်း အတက်နိုင်ဆုံညှိလေ
ဘရာသားပြောတဲ့ မိန်းမတွေ ရင်ထုပြီး -င်လုတဲ့ခေတ်က
၂၀၁၀မှာပါဗျာ
း))
မမတို့ ရေ နောက်တာနော်
စိတ်ဆိုးနဲ့ 

ငယ် said...

ကိုသားကြီးရေ... အဟိ.. ငယ်လည်းး ငယ်ငယ်တုန်းက မိုးခြိမ်းရင် အဲ့လိုထင်တာဗျ... ဒါပေမယ့် လျှပ်စီးလက်တာကိုတော့ (မြဝတီနဲ့ မြန်မာ့အသံက လှိမ့်ပိန့်ပြတဲ့ တရုတ်သိုင်းကားတွေ ပဲ ကြည့်ခဲ့ရလို့လားသိဘူး ) နတ်တွေဆော့ရင်းရန်ဖြစ်ပြီး ဓားသိုင်းချနေတယ်ထင်တာ... အဟိ... အဲ့လို ကိုယ့်ဘာသာ တွေး ကိုယ့်ဘာသာ အဆိုပြု ကိုယ့်ဘာသာတင်သွင်း ကိုယ့်ဘာသာ အတည်ပြုပြီး ကိုယ့်ဘာသာ ပြဌာန်းလိုက်တာလေ... ကောင်းတယ်ဟုတ်...
ထပ်ရေးပါဦး ဂျို့..........

ပျော်ရွှင်ချမ်းမြေ့ပါစေရှင့်...

စည်သူ said...

ကိုသားကြီးရေ.. အိပ်မလို့ဟ..

အိပ်လို့မရအောင်ကိုဖြစ်သွားပြီ..

ဘူး.. ဘူး.. နဲ့ ဘယ်လိုလုပ် အိပ်ရမလဲဗျ..

ကိုသားကြီး မကောင်းဘူးဗျာ...

တလနွန် said...

ရယ်လိုက်ရတဲ့အတွက် ကျေးဇူး။ တော်တော်လေး စကားလုံးရွေးချယ်တတ်တယ်။ နောက်ပြီး ဟာသမြောက်ပုံက အူကိုနာလို့ ။

ခင်မင်စွာနှင့်
တလနွန်

khin oo may said...

တန်းစီတိုးစားသွားတယ်။ လူများနေလို့။

khin oo may said...

ရယ်သွားတယ။်

kaungkinpyar said...

အင်း တို့တွေကိုလဲ လမ်းက မယူ သေးဘူး သားကြီးရေ၊ လွဲနေတုန်းပဲ၊
လမ်းလွဲ နေရင်း ဟီးဟီးဟားဟားတော့ လုပ်နိုင်တယ်၊ ရီရတယ် ရေးထားတား)

Angel Shaper said...

ဝေးးးးးးးးးးးး ၁ ကွ။
အောက်ဆုံးက ၁ ယူပါ၏ ဟိဟိ။
အမောင်သားကြီး ပြောတဲ့ ပုံပြင်လေးက အရယ်ရဆုံးပဲဟ။ ဟဟဟားးးးးးးးးးးးးး
သမီးကြီး လာရယ်သွားသည်ပေါ့။
သမီးကြီးလဲ သတိရလို့ ရောက်လာသည်။

ခြေလှမ်းသစ် said...

ရေးတတ်ပ ကိုသားကြီးရာ လူပျိုပုံပြင်လေးတွေ ရှိရင် ထပ်ရှယ်ပါအုံးဗျ

ကာရံဆူး said...

ကိုသားကြီးကတော့ လူတွေကို ဟာသ ရသပေးလို့ တော်တော် ကုသိုလ်ရနေပြီ...တတ်နိုင်ပါပေ့ ကိုသားကြီးရေ..ညစ်နေတာ တဒင်္ဂ သက်သာသွားလို့ ကျေးဇူးနော်...အင်း ကိုသားကြီးစာ ဖတ်ပြီးမှ နတ်တွေလည်း တော်တော် ဆော့တတ်တာပဲလို့ တွေးမိတယ်...:P

မေလေး said...

ကိုသားကြီးရေ
လူပျိုအကြောင်းလာဖတ်ပါတယ်နော်။ ရယ်ရလို့ ကျေးဇူးပါ။

ဝက်ဝံလေး said...

ဖေသားကြီးရေ သေဖော်သေဖက်ညှိထားတယ် သိလား ဟိဟိ စန္ဒီမြင့်လွင်အကြောင်း ရှင်းသာ ပြလိုက်တော့ ပုံနှင့်တကွ ဟဟဟဟဟ သမီးတော့ လစ်တော့မယ် ပါးပါးရေ ဟက် အဲဒီ ပို့စ်ကို တင်ပေးလိုက်ပါ ဖေသားကြီး ဟိဟိ ဒါမှ ပရိတ်သတ်တွေ ကွက်ကွက်ကွင်းကွင်းနဲ့ မြင်အောင် ညီမလဲ မသိဘူးရော အစ်ကိုပြောပြတာ ဒါပေမယ့် ရေးတေးတေးတော့ အဲလိုသဘောပေါက်လိုက်တာပဲလေ မသိဘူးဗျာ ဖေသားကြီး ရှင်းလိုက်တော့နော် ထားခဲ့ပြီသိလား ဟဟဟ

ဂျာမုန်းဒန် said...

တော်တော်တတ်နိုင်ပါပေတယ်။
ဖတ်နေရင်းရယ်လိုက်ရတာချောင်းတောင်ဆိုးသွားတယ်။
သားကြီးရေ....တော်တော်စိတ်ကူးကောင်းတယ်။
ရေးလိုက်ရင်...ဖတ်ချင်စရာလေးတွေပဲ။
ဘယ်လိုများစိတ်ကူးပေါ်လာတာလဲ အစ်မကိုလည်းနည်းပေးပါအုံး။
သားကြီးရဲ့စားဓားတိုင်းဟာစွဲငင်ဓါတ်ရှိတယ်။
တကြောင်းကိုဖတ်လိုက်ရင် နောက်တကြောင်းပါဆက်ဖတ်ချင်အောင်လုပ်နိုင်တယ်။
ဟော်နောက်ဆုံးတော့...yes,I do ထိရောက်သွားတာပေါ့။
အဲလိုဖမ်းနဲ့ဖမ်းစားထားတဲ့ကောင်းမလေးတွေဘယ်လောက် ရှိပြီလဲ...အစ်မကိုပြောပြအုံးနော်။

ဂျာမုန်းဒန် said...

အစ်မရေးတာမှားသွားလို့
စာဓားနော်။စားဓားမဟုတ်ဘူး။
စားဓားဆိုကြောက်စရာကြီးနော်။

မြစ်ဆုံ said...

ဘာမှမပြောတော့ဘူး၊ပြောမယ့်စကားလုံးတွေသူများပြော
သွားလို့၊အားပေးနေလျှက်ပါ။

ကြယ်ပြာ said...

အစ်မကတော့ ဟာသရသ ရတယ်ဟ ... အရေးကောင်းပါ့ ...

ကြယ်ပြာ said...

အစ်မကတော့ ဟာသရသ ရတယ်ဟ ... အရေးကောင်းပါ့ ...

သုခုမလေဒီ said...

လုံမပျို လေမလည်တော့ သားကြီးသက်သာရာရသွားမှာ ပေါ့နော်။ ဒါနဲ့ သားကြီးရဲ့ ကျောက်စီဓါးကြီးရောရှိသေး လားဟင်!! ကြီးပျင်းတဲ့အထိ သိမ်းထားသလားလို့ ပါ။း))

ဆောင်း said...

“လုံမပျိုလေးပျော်တာကနောက်မှ လေလည်တာကိုလည်းမအောင့်နိုင်ရှာဘူးတဲ့ အဲဒါနဲ့ကြံရာမရတဲ့အဆုံး သူ့မောင်လေးကိုခေါ်ပြီးလုံမပျိုလေးကပြောသတဲ့.......)))) ဂယ်လာဟင့်....

ဟီး

 
©2009 ♬သားကြီး♪ | by TNB