နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း

ကျနော့နာမည်“မူးတူး”မဟုတ်ပါဘူး ၊ ကျနော်ကုလားလည်းမဟုတ်ပါဘူး၊
ဒါပေမယ့်.. ခုလောလောဆည်တော့ ကျနော်အိပ်ချင်မူးတူးဖြစ်နေပါတယ်။
ဗမာစကားကလည်းခက်ပါတယ် ၊ အိပ်ငိုက်တာတောင်
“မူးတူး”နာမည်ဆွဲထည့်နေရသေးတယ်။ အဲလိုဆွဲထည့်ကြေးဆို “အိပ်ချင်ပေါက်ဖေါ်ကြီး”ရော..မဖြစ်ဘူးလား?
“အိပ်ချင်ဖထီး”ရော.. မဖြစ်ဘူးလား? ။ ကြည့်ရတာ အိပ်ငိုက်တဲ့အလုပ်ကို “မူးတူး”နာမည်နဲ့ကုလားက ပထမဆုံးစတင်ခဲ့လို့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်ကိုယူထည့်ထားတာပဲဖြစ်ရမယ်။

ထားတော့…
ခုဖြစ်နေတာက “မူးတူး”မဟုတ်တဲ့သားကြီးကမနက်စောစောစီးစီးအိပ်ချင်မူးတူးဖြစ်နေတာပါပဲ။
ကုလားထိုင်ပေါ်မှာ ဗမာထိုင်ထိုင်ပြီးငိုက်နေတာပါ အိပ်ယာပေါ်မှာတော့မငိုက်ရဲဘူး အိပ်ပျော်သွားရင်ချိန်းထားတာလေးလွဲသွားမှာစိုးလို့။
………………..
ဒီနေ့မိုးသာစင်စင်လင်းသွားတယ် မနက်ခင်းကတော့ပါမလာခဲ့ဘူး
ကျနော်မှမအိပ်ရသေးဘဲလေ ၊ ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ
resident evil 4ကိုမိုးလင်းပေါက်ထိုင်ဆော့တာကိုး..၊ ကိုယ်ဂိမ်းဆော့တာကနည်းနည်းပါ ဂိမ်းကိုယ့်ကိုပြန်ဆော့တာကခပ်များများ တညလုံးငုတ်တုတ်ထိုင်ပြီးဂိမ်းအဆော့ကို
ခံလိုက်ရတယ်ဆိုပါတော့ ။
မိုးလင်းတော့အိပ်မယ်အလုပ်မှာ အပေါ်ထပ်က ကောင်မလေးတွေက စောစောစီးစီး ထတွန်
နေကြတော့အိပ်မရပြန်ဘူး ။

အပြည့်အဝအိပ်စက်ခွင့်ရပြီးမှကျနော့်မနက်ခင်းလေးကသာသာမောမောနဲ့ရောက်လာမှာပါ။
မနက်ခင်းကိုလူတွေကနေ့သစ်တစ်နေ့လို့တင်စားကြတယ် ကျနော့်အဖို့တော့ မနက်ခင်းဆိုတာလည်းနေ့ဟောင်းတစ်နေ့ပါပဲ
ကမ္ဘာဦးကတည်းကတည်ရှိခဲ့တဲ့မနက်ခင်း ကျနော်လူမဖြစ်ခင်(ဘာဖြစ်နေမှန်းမသိခင်)ကတည်းကတည်ရှိခဲ့တဲ့မနက်ခင်း
ဟောင်းလိုက်သမှနွမ်းလို့ရိလို့ပေါ့..၊ လက်နဲ့“ဇတ်”ကနဲတို့ထိကြည့်ရင်တောင် တစစီပဲ့ကြွေကျသွားမလားပဲ..။
ဟောင်းနေတဲ့ဒီမနက်ခင်းမှာပဲ ကျနော့်ဘော်ဒါနှစ်ကောင်ရောက်ချလာပါတယ် ထုံးစံအတိုင်းမျက်နှာအဟောင်းကိုယ်စီနဲ့ပေါ့၊
(မျက်နှာအသစ်လည်းရှိကြပုံမပေါ်ဘူး ။မွေးကတည်းကလည်းဒီမျက်နှာတစ်ခုစီပဲပါလာကြတယ် သေတဲ့အထိလည်းဒီမျက်နှာတစ်ခုတည်းနဲ့ပဲလူလုပ်သွားရမှာ…..ပျင်းစရာကြီး..။
တစ်ယောက်ကိုအနည်းဆုံးမျက်နှာ၈ခုစီလောက်ဘုရားကဖန်ဆင်းပေးခဲ့ဖို့ကောင်းတယ်)

ဘော်ဒါနှစ်ကောင်က အသိတစ်ယောက်ဆီမှာရှိတဲ့အခွေသွားကြည့်မလို့လာအဖေါ်စပ်တာပါ
သူတို့ကြည့်မယ့်အခွေက မြန်မာပြည်မှာလူအင်အားအများဆုံး အကုန်အကျအများဆုံးနဲ့ရိုက်ထားတယ်ဆိုတဲ့ရုပ်ရှင်ကားဟောင်းပါ။
ဘယ်လောက်ပဲကြီးကြီးကျယ်ကျယ်ရိုက်ထားလေ ကျနော်စိတ်မဝင်စားပါဘူး ရိုက်ထားတာကလည်း “ပါတော်မူ”သွားတဲ့ကားကြီးကိုး
“ပါလာတော်မူ”တဲ့ကားကြီးမှမဟုတ်ဘဲကိုး..။
အရင်မြန်မာပြည်မှာကတည်းကအဲဒီရုပ်ရှင်ကျနော်ကြည့်ဖူးပါတယ်
ကျနော်တို့ရဲ့တိုင်းပြည့်ရှင် သူတပါးခေါ်ဆောင်ရာနောက်ကိုလိုက်သွားရတဲ့အခန်းမှာ တစ်ကယ်စိတ်မကောင်းဖြစ်ရတယ်။

ဒါပေမယ့်…ခုဆိုရင်အကောင်းဘက်လှည့်တွေးနေတတ်ပါပြီ။
ထားပါတော့… ဥပမာ ဒီနေ့ဒီအချိန်ထိ ကျနော်တို့ဆီမှာသက်ဦးဆံပိုင်ဘုရင်စနစ်ရှိနေသေးတယ်ဆိုပါစို့…
“သားကြီးစော်က ရေရေလည်လည်လန်းတယ်ကွာ ငါကိုယ်တော်မင်းမြတ်အတွက် တော်ကောက်စေ”လို့ဘုရင်ကမိန့်လိုက်ရင် သားကြီးတို့သေပြီ ။ အဲခါကျရင် ဘုရင်ကော ဘာကောနားလည်မှာမဟုတ်ဘူး အတင်းဝင်ပြီးနပမ်းဖက်လုံးမိမှာပဲ ။
………
ကျနော်မလိုက်ဘူးဆိုလို့ဘော်ဒါနှစ်ကောင်ထွက်သွားကြတယ်
ချိန်းထားတဲ့ဘော်ဒါကလည်းပေါ်မလာသေးတော့ကွန်ပြူတာဖွင့်ပြီးmailစစ်ကြည့်လိုက်တယ် သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့mailတစ်ခုမှာ၂၀၁၂ကျရင်
ကမ္ဘာပျက်တော့မယ်ဆိုတဲ့အကြောင်းကိုခိုင်လုံတဲ့အကြောင်းအရာတွေနဲ့ကိုးကားရေးသားထားတယ်
ကျနော်ဆိုတဲ့ကောင်က ကာတွန်းစာအုပ်ထဲက“ငတက်ဖျား”လည်းမဟုတ်တဲ့အတွက်“ညတ်ချွာဖျား”လို့တော့
ယောင်ပြီးမအော်မိဘူးပေါ့လေ ၊ ဒါပေမယ့်ကျနော်လန့်သွားတယ်…

“ဒုက္ခပဲ.. ငါတော့နေရာအရွေးမှားပြီ”
ကမ္ဘာကြီးကလည်း အင်တင်တင်နဲ့ ၊ ပျက်မယ်ဆိုလည်းစောစောကပြောရောပေါ့ ၊ အဲလိုမှန်းသိရင်အစကတည်းကလူလာမလုပ်ပါဘူး ခုတော့တို့လို့တန်းလန်းတွေ
ဖြစ်တော့မယ်၊ ကျနော့်မှာထိုင်ရတော့မလို ထရတော့မလိုနဲ့၊ အနှစ်၂၀ကျော်ရင်းခဲ့သမျှဒီတစ်ခါတော့အရှုံးကြီးရှုံးတော့မှာပဲ။
………………
တစ်ကယ်ပါပဲ…
တစ်ကယ်ပါပဲ….
ချစ်ရသူအတွက်ကျနော်ရွယ်စူးဖူးတယ်
ကမ္ဘာရဲ့ရင်ဘတ်ကျယ်ကြီးတစ်နေရာမှာသူမနဲ့ကျနော့်အတွက်အိမ်လှလှလေးတစ်လုံး
ဆောက်ဖို့..။ နောက်ပြီးကမ္ဘာ့ရင်ဘတ်ပေါ်မှာပဲ သူမနဲ့ကျနော် သားသားမီးမီးတွေ..
အဲ…အဲ…သားသားမီးမီးတွေလို့ပြောရတာနည်းနည်းတော့ကီးမြင့်လွန်းနေတယ် ခုမှကျနော်တို့ကချစ်သူအဆင့်ပဲရှိသေးတာကိုး၊ ခြစ်သူအဆင့်မှမရောက်သေးတာကိုး..။
ဒါပေမယ့်….တတ်နိုင်ဘူးလေဗျာ တော်ကြာ၂၀၁၂ရောက်မှ“ငါ့နှယ်မပြောလိုက်ရလေခြင်း”ဆိုပြီးနောင်တရနေရရင်မမိုက်ဘူး…
ဟုတ်တယ် …သားသားမီးမီးတွေမွေးဖို့ ၊ သာယာတဲ့မိသားစုလေးတစ်ခုတည်ဆောက်ဖို့
နောက်ပြီး …..
နောက်ပြီး……. အများကြီးဗျာ….အများကြီး
ခုတော့သွားပြီ အားလုံးသွားပြီ….ဂန့်ပြီ…။
………….
လန့်တာကလန့်တာပဲ အိပ်ချင်တာကအိပ်ချင်တာပဲ ပြောရရင်တော့ခုထိ“သားကြီး”က“မူးတူး”ဖြစ်နေတုန်းပါပဲ….
အချိန်အနည်းငယ်ကြာသွားတယ်
ချိန်းထားတဲ့ဘော်ဒါလည်းပေါ်မလာခဲ့ပါဘူး မချိန်းထားတဲ့ဘော်ဒါနှစ်ကောင်ပဲပြန်ပေါ်လာတယ်
စောစောကမျက်နှာအဟောင်းတွေနဲ့ပါပဲ၊ ကျနော့အခန်းထဲဝင်လာပြီး ခုပဲ၂ယောက်စလုံးကြည့်ခဲ့တဲ့ရုပ်ရှင်ကားကို
၂ယောက်စလုံးပဲအပြန်အလှန်ပြန်ပြောပြနေကြတယ်
ကျနော်တောင်ကြောင်သွားတယ် ဘယ့်နှာကြီးပါလိမ့် ။ တစ်ယောက်မကြည့်လိုက်ရလို့တစ်ယောက်ကပြန်ပြောပြတယ်ဆိုရင်တစ်မျိုး…ခုဟာကြီးက..။

ပြောရင်းနဲ့အသံတွေကကျယ်လောင်လာတယ် နောက်ဆုံးအခန်းကိုစိတ်ထိခိုက်ရတဲ့အကြောင်းလည်းပါတယ်
နန်းတွင်းအရှုပ်တော်ပုံတွေလည်းပါတယ် မျိုးချစ်သူရဲကောင်းတွေရဲ့အကြောင်းလည်းပါတယ် မြန်မာပြည်သူ့ကျွန်ဘဝကျခဲ့ရတာ
ရင်နာဖို့ကောင်းတဲ့အကြောင်းလည်းပါတယ် ၂နှစ်ယောက်စလုံးရဲ့ရင်ထဲမှာတော့ သူ့ကျွန်မခံလိုတဲ့စိတ်တွေတစ်ဖွားဖွားထွက်နေမှာပေါ့ ခဏနေတော့ တစ်ယောက်ရဲ့ဖုန်းကအသံမြည်လာတယ်….
ကောက်ကိုင်လိုက်တယ်ဆိုရင်ပဲ…
………………
“……………”
“yes boss!!”
“……………”
“yes boss!!”
“……………”
“yes boss!!”
တစ်ဖက်ကဘာတွေပြောနေမှန်းမသိဘူး ကျနော့်ဘော်ဒါကတော့ “ရက်စ်ဘောစ်”ဆိုတာချည်း။
ဖုန်းပြောလို့ပြီးသွားတော့ ကျနော့ဘက်လှည့်ပြီး..
“သူဋ္ဌေးကစနေနေ့ကြီးဆင်းခိုင်းနေတယ်ကွာ အဲဒါငါတို့သွားလိုက်ဦးမယ် သူဋ္ဌေးကသူခိုင်းရင်ချက်ချင်းမှကြိုက်တယ်ကွ
ခုပဲသူ့ကျွန်မခံပြီဇာတ်ကားကြည့်လာတယ် ခုပဲသူ့ကျွန်သွားခံရဦးတော့မယ်
feelတော့နည်းနည်းငုပ်တာပေါ့ အဟီး”

အဲလိုပြောပြီးနှစ်ကောင်သားသွားဖြဲလေးနဲ့ရယ်တယ် ၊ ရယ်တယ်ဆိုတဲ့နေရာမှာလည်း
ကျမ်းစာထဲမှာပါတဲ့မိန်းမချောလေးတွေရဲ့ရယ်နည်းမျိုးတော့မဟုတ်ဘူးပေါ့လေ
ဘယ်ကျမ်းစာမှာမှမပါတဲ့ အရက်ဆိုင်ထဲက ဘဲနာတွေရဲ့ရယ်နည်းမျိုးပါ ။
“ပြောရမယ်ဆိုရင် ငါတို့ကသူ့ကျွန်ခံတာမဟုတ်ပါဘူးသားကြီးရာ အပေးအယူလုပ်နေတာပါ ငါတို့အမြဲဆောင်ထားတဲ့ဆောင်ပုဒ်တစ်ခုရှိတယ်ကွ
…စားတာကကိုယ့်အတွက်… လုပ်တာကသူဋ္ဌေးအတွက်…. ပြေးနိုင်မှလွတ်မယ်.တဲ့ …ဟဲဟဲ…
သွားပြီဟေ့”
အဲလိုပြောပြီးထလစ်မလို့လုပ်တယ်။

“နေပါဦး…မင်းတို့ကဒီအတိုင်းပြန်မှာလား ဘာမှပါမလာဘူးလား ငါလိုက်ပို့မယ်လေ”
“နေပါစေကွာ ပို့မနေပါနဲ့ ရပါတယ် ဘာမှမပါဘူးဆိုပေမယ့်ငါတို့မှာခြေတောက်တစ်ယောက်၂ချောင်းစီ
ပါကြတယ်လေ အဲဒီခြေတောက်နဲ့ပဲပြန်မှာပေါ့ ဒီနားလေးတင်ကို…ကဲ..နောက်မှတွေ့ကြတာပေါ့”
နှစ်ကောင်သားထွက်သွားတော့မှကျနော့်မှာ ရယ်ချင်ချင်ဖြစ်ရသေး
ကိုယ့်စကားကိုကိုယ်ပြန်ရယ်ချင်တာပါ လိုက်ပို့မယ်လို့သာလျှောက်ပြောတာ ဒီကောင်တွေသိပါတယ် ကျနော့်မှာလည်းစီးစရာဆိုလို့မွေးကတည်းကပါလာတဲ့
ခြေတောက်နှစ်ချောင်းပဲရှိတာ..။
……………
ခဏကြာမှကမ္ဘာပျက်တော့မယ်ဆိုတဲ့အကြောင်းပြောပြဖို့သတိရလိုက်တယ် လှမ်းကြည့်လိုက်တော့ ခပ်ဝေးဝေးကိုရောက်နေကြပြီ
မျိုးချစ်နှစ်ကောင်သား သူ့ကျွန်ခံဖို့(တစ်နည်း)အပေးအယူလုပ်ဖို့ ရင်ဘတ်ကြီးကော့လို့ ခေါင်းကြီးမော့လို့..ခြေလှမ်းကျဲကြီးတွေနဲ့
လျှောက်သွားကြလေရဲ့ ။ ။
.............
သူငယ်ချင်းsweetpeonyနဲ့မနှင်းတို့tagကြွေးခုထိမဆပ်နိုင်သေးပါဘူး
ကျနော်ဆိုတဲ့ကောင်ကလည်းtagထားတဲ့ခေါင်းစဉ်နဲ့အညီပိုစ်တစ်ခုဖန်တီးနိုင်လောက်အောင်
စာမရေးတတ်ပါ ကျနော့်အားနည်းချက်ပါပဲ
ရေးထားသမျှစာတွေကလည်းသိတဲ့အတိုင်းရောက်ရာပေါက်ရာလျှောက်လျှောက်ရေးတာ
တွေချည်းပါ “ရောက်ရာပေါက်ရာ”ဆိုတဲ့စကားကိုလည်း “ရောက်တဲ့နေရာ ပေါက်တဲ့လူ”ဆိုပြီး
အဓိပ္ပါယ်လွဲမကောက်စေချင်ပါဘူး ကျနော်အဲလိုကောင်မျိုးမဟုတ်ရပါဘူး
ခင်လို့tagကြတာမို့ဝမ်းသာရပါတယ် မဆပ်နိုင်သေးတဲ့အတွက်
လည်းအထူးတောင်းပန်ပါတယ်...

33 comments:

ဆောင်းနှင်းရွက် said...

ရေးထားတာ
ဂွတ် ဂွတ် ..

အားပေးသွားတယ် နံပါတ် တစ် .. ။

ဝက်ဝံလေး said...

အယ် ၂ နော် ဟိဟိ

ဝက်ဝံလေး said...

ဖေသားကြီးရေ ခဏ ဗျာ ပြန်လာမှ ဖတ်မယ် နံပါတ်အရင်ယူထားတာနော် သိလား အပြင်သွားလိုက်ဦးမယ် နော် နော် နော် စိတ်ချိုးနဲ့ ပြန်လာရင် တကယ့်ကို ဖတ်တယ် ဟီးးးးးး

linn said...

အစ်ကိုသားကြီးရဲ့ ဘုရင်က ဘန်းစကားနဲ့ တော်ကောက်သွားတာပေါ့ .. ဒါဆို ခေတ်မီတာပဲ ..( ဒါမှ မဟုတ်ရင်လဲ နာ့အစ်ကို သူ့ကောင်မလေး လန်းကြောင်း ကြေငြာဝင်သွားတာလဲ ဖြစ်နိုင်တယ် ..) အင်း .. အစ်ကိုရေ စီးတော်ယာဉ်ခြေထောက် နှစ်ချောင်းလေး ပိုင်ဆိုင်နေတာပဲ ကိုယ့်ဘ၀ကို ကျေးဇူးတင်ရအုံးမယ် ..မဟုတ်ရင် Wheel Chair နဲ့ သွားနေရရင် သိပ်မနိပ်သေးဘူး...ဟုတ်..

linn said...

ဟင်...စာရေးနေတုံး ၀က်ဝံလေးက ၂ တွေ ၃ တွေ ၀င်ဦးသွားသေးတယ် ..

Angel Shaper said...

ဟင်.....
ကိုသားကြီးနော်....သူကဖြင့်လာတောင် မအော်ပဲ။
သမီးကြီးကို လာပြောနေတယ်။
တွေ့ လိုက်မှ 1hour ago. တဲ့။
ကြည့်...ခုန လာတုန်းကဖြင့် မတင်ဘူးးးးးးးးးးး
ဝက်စုတ် ၀က်နာ နေရာ လာဦးတယ်ပေါ့လေ။
နာတော့မယ်။ လုပ်လိုက်ရ...ဟွန်းးးးးးးးးးး

စည်သူ said...

ဟုတ်တယ် ကိုသားကြီးရ.

ဘာ..ဘာတဲ့.. နဲနဲလေး အင်ထရက်စတင်း လို့..
အပေါ်ထပ်က ဘာဖြစ်တာလဲ..းP

အဲလိုတားချိုရင် မတ်ချွာဖျား ....

ဖတ်ရင်း ပြုံးသွားရတယ်..

ကိုသားကြီးရေ.. နံနက်ခင်းပီသသော နံနက်ချင်းတွေ ပိုင်ဆိုင်နိုင်ပါစေဗျာ..

ခင်မင်စွာဖြင့်
စည်သူ။

Angel Shaper said...

နံနက်မပါတဲ့ မနက်ခင်းတဲ့။ ဘယ်ပါမလဲ... နံနက်က ညကတည်းက မူးလို့ နံကုန် နက်ကုန်လို့နေမှာပေါ့။ အဟဲ... ပေါက်ကရ ပြောကြည့်တာ။
ဘီရင်မြင်းမြတ်က ကိုသားကြီး၇ဲ့ အမီနာလေးကို မတွားမှာတော့ ကြောက်ရတယ်။ ဒီတော့ သက်ဦးစံပိုင်စနစ်က မရှိတာအေးတယ်။ ဒါပေမယ့် သူဦးသူကြံသူပိုင် စနစ်ကြီးတော့ ကသိကအောက်နိုင်လှပါရဲ့နော့်။
ကိုသားကြီးရေ.. သာမီးကြီး နေကောင်းပြီနော်။
တစ်ပွဲ တစ်လမ်း ဟဲကြစို့လားးးးးးးးးးးးဟရို့ ။

ကောင်းကင်ပြာ said...

အဲ့ဒီ ခြေထောက်ကြီး ၂ချောင်နဲ့ ဒီနိုင်ငံဘက် လဲ ကြွခဲ့ပါဦး ဖရားးး၊ လှပတဲ့ မနက်တွေ ကြိုနေမှာပါ..း)

ကောင်လေးငယ် said...

နံနက်မပါတဲ့ကိုယ့်ရဲ့ နံနက်ခင်းတဲ့ ...ခေါင်းစဉ်လေးက
စပြီးကြိုက်တယ်ဗျာ.....ကိုသားကြီးက resident evil 4
ကျွန်တော်ကတော့ ကိုယ့်ဖာသာ ဘာလုပ်နေမှန်း မသိပဲနဲ့ မိုးလင်းနေရတာက အကြိမ်ကြိမ်....
ရေးထားတာလေးတွေ ကောင်းတယ်ဗျာ....
ဖတ်ရတာ သဘောကျပါ့

kiki said...

ဟိုက် .. အမောင်သားကြီးက ကြက်စဉ် ပေါ်မှာ နေတယ်လား အေ့ ။ကျက်မ လေးတွေ ထထ တွန်တော့ ဘီလို လုပ် အိပ်ရေး ဝ ပါ့မတုံး ။ အဟက် .. ကြက်မ တွန်လို့  မိုးမလင်းတာ တဂယ်လား ဟင် ။ ဒါဆို အားလုံး ချက်စားပလိုက် ။။ အေးရော ..

ကုလားထိုင်ပေါ်မှာ ဗမာလိုထိုင်ပြီး မျက်နှာအဟောင်းကြီးနဲ့ ငိုက်နေတဲ့ မောင်သားကြီး ရေ .....
ဘို ထိုင်လေးပေါ် ဆောင့်ကြောင့်လေး ထိုင်ပြီး ကျန်းမာရေးလေး လုပ်ဖို့ လည်း မေ့မနေနဲ့ အုံး ဟေးးး
မျက်နှာ အသစ်တွေ လိုချင်လည်း ဒဿဂီရိ ဆီမှာ တပည့် ခံလိုက်ပါ အုံး ဗျိုးးးးး ( ဒါပေမဲ့  facial foam ဖိုးတွေ ပိုကုန်နေအုံးမယ် ။။ အဟီး )

kiki said...

သူ့ ကျွန် မခံ လို ပေမဲ့ ကိုယ့် ကျွန်ကိုယ်ပြန်ခံရတာ ထက်စာ ရင် အများကြီး ခံသာ သေး လို့  ၊ မခံချင်လည်း အောင့်ပြီး ခံ နေရ ဦးမှာ ပဲ ...

ရောက်ရာ ပေါက်ရာ ဆိုလို့  ရောက်တဲ့နေရာ မီလျှံဆုကြီးတွေ ပေါက် ပါစေ ။။ ဂေါင်းပေါက်ရင်တော့ ပြန်ချုပ်လို့ ရသေးတယ် ။
စိတ်ပေါက်ရင်တော့ သိပ်မလွယ် ဟေးးး
အိတ်ပေါက် နဲ့ တော့ ဖါးမကောက် နဲ့ ပေါ့ ။
မနက်ခင်းမှာ မနက်စာ မစားဖြစ်ရင် ။ နေ့ ဖို့ ညစာ လေးချန် ပြီး နေ့ ရယ် ည ရယ် ပေါင်းစား ပါ။။
ဟဲဟဲ ချွေတာရေး လေ .. ဖွားကိတော့ ဂလို လုပ်တယ် .... ဟားဟား ..

မိုးခါး said...

ဟင်
ကိုသားကြီးက မျက်နှာများချင်နေတယ်ပေါ့ .. :P
သွားတိုက်ဆေးကုန်တယ် .. facial foam ကုန်တယ် .. မျက်နှာဟောင်းကြီးနဲ့ နေတာဆိုတော့ မျက်နှာလည်း မသစ်ဘူးထင်တယ် ..
အား .. အနံ့အသက် မကောင်းဘူး ... :P

ရွက်လွင့်ခြင်း said...

ဘရာသာရေ.....
ပျောက်နေတယ်နော်း)
ပြောင်းပြန်ပြောသွားသည်
နောက်တာပါဗျာ အခုတလော ကမ္ဘာပျက်မယ့် အကြောင်းတွေ တော်တော်လေးပြောနေကြတယ်
နာဆာကတောင် မပြောသေးဘူးး)

ဝက်ဝံလေး said...

ဖေသားကြီး အခုမှပြန်ရောက်တယ် နော် ဖတ်ပြီးပြီ သိလား

အဟီးးးး အိမ်ကျယ်ပြောတဲ့ သူဦးသူကြံသူပိုင် စနစ်တော့ ဟားဟားးး ရီလိုက်ရတာ ဟဲဟဲ

ဘာရေးရေး လာအားပေးနေတယ် ဆိုတာ ယုံ ဘာမှ မပြောဘူး ဒါဗြဲ တာ့တာ တွားမယ် ဒုန်းးးးးဒုန်းးးးးးးးဒုန်းးးးးးးးး

မီးက လိမ္မာတယ် ဘယ်တော့မှ ဂိမ်းမကစားဘူး သိလား(ဝ သွားပြီလေ ဆော့လို့လဲ အခုချိန်ဆော့လဲ စာ သင်မနေနဲ့တော့ ဟဲဟဲ)

အနော် said...

နေ့ခင်းကတည်းက ကွန်မန့်ပေးဖို့ရာ အိပ်ချင်ပေါက်ဖော်ဖြစ်နေတာလား ဘာလား မသိ ပေးလို့ကို ရဘူး အခုမှရတယ် ဟင့်
သူ့ကျွန်မခံပြီ သူ့ကျွန်မခံပြီ ဟိဟိ
၂၀၁၂ ကမ္ဘာပျက်ရင် အော်ဖို့ စကားလုံးရပီကွ ဟိဟိ
နံနက်မပါတဲ့ ကိုယ့်ရဲ့နံနက်ခင်းဆိုတော့
ကြံကြံဖန်ဖန် တွေးမိတာက
နံနက် မပါဘူးဆိုကတည်းက ဝမ်းချုပ်နေပီထင်တာ
နောက်မှ ဟုတ်ဘူးကိုး ဟိဟိ
ကိုသားကြီးရဲ့ စော်ကိုတော့ ဖိုးလပြည့်မမြင်စေနဲ့တိရား
စိုင်းစိုင်းကောင်မလေးတော့ မေမြို့ခေါ်တွားဒယ် သတင်းကြားဒယ်
တော်တော်ကြာ miley cyrus လေးကို ရွှေမြို့တော် ခေါ်သွားမှဖြင့် :)))

မြစ်ကျိုးအင်း said...

အပေါ်ကကြက်တွေတော့ လေးခွနဲ့သာပစ် သယ်ရင်းရေ

အဲ အပေါ်ကဆိုတာ ပို့စ်ထဲက ဟာကိုပြောတာနော်

ကွန်မန့်ပေးသွားတဲ့ လူတွေကို ပြောတာမဟုတ်ဘူး

မြစ်ကျိုးအင်း said...

သူ့ကျွန်မခံပြီဆိုတာ ဒီခေတ်ကို မမြင်လိုက်ရလို့ပါ

ဒီခေတ်ဆိုရင်ကြည့်ပါလား ဟောင်ကောင်တို့ မကာအို တို့ ဘယ်လောက်တောင် တိုးတက်နေပြီလဲ

ကျွန်ပြုသွားတဲ့ နိင်ငံတွေ ကောင်းမှုလေ

ခုတော့ ရွာကလူတွေ KFC တောင် ဘာမှန်းမသိကြရ တော့ဘူး

ဆက်ပြောရင် ပြည်ပအားကိုး ပုဆိန်ရိုး ထင်ကြတော့ မယ်။

Anonymous said...

ခင်မင်သူတွေဒီလိုပေါတဲ့ ကိုသားကြီးရေ....
ဟိုလိုဒီလိုရေးလည်းဖတ်လို့ ကောင်းလို့ လာကွန်မန့် ရေး
တာပေါ့ ဗျာ...
အဲဒါကိုပါရမီလို့ ခေါ်မလားမသိဘူး...
ခင်မင်စွာဖြင့် ....

တလနွန် said...

ကိုသားကြီး ရေ အဟေးဟေး

အိပ်ချင် ဖထီး ? အိပ်ချင် ပေါက်ဖော် ? အိပ်ချင် မူးတူး ?
ဟဟ တွေးသွားတယ်။ မူးတူး ဆိုတဲ့ ကုလားလေးက အမြဲတမ်း အိပ်ချင်နေတာဖြစ်လို့  ဂုဏ်ပြုထားတာ နေမှာပေါ့နော်...... :D
နံနက်အဟောင်းမှာ မျက်နှာအဟောင်းနဲ့ လူတွေတွေ့ နေရတော့ တစ်ခါတစ်ခါတော့ အဆိုးသား။ မျက်နှာရှစ်ခုနဲ့ ဆိုဟုတ်ပါ့ :P
သူ့ ကျွန်မခံပြီး ကားက ဟိုခေတ်တုန်းအတွက် ရိုက်ထားရင် ဒီခေတ်အတွက် သူ့ ကျွန်ခံပြီး ကား ရိုက်သင့်နေပြီး :D

ခင်မင်ခြင်းများနှင့်
တလနွန်

rose of sharon said...

ရေးထားတာလေးမိုက်တယ်...ဖတ်လို့ကောင်းတယ်

မေသစ္စာမောင် said...

ကိုသားကြီးရေ
ဟိုရေး ဒီရေးထားတာကို ဖတ်ကောင်းကောင်းနဲ့ ဖတ်သွားတာ ကြော်ငြာလေး မသိမသာ
ဝင်သွားတာတော့ သတိထားလိုက်မိတယ်နော် :p :)

sweetpeony said...

ကိုကြွေမောက်က ရည်မှန်းချက်တယ်ကြီးတာကိုးး ခုမှသိတယ်.. ဟဲဟဲ.. ဘာတဲ့ သားသားမီးမီး...း)))

Khyl said...

ဟေးဟေး.... တို့တော့ မာဖီးယားကဆော့တာ မာဖီးယားက ချည်းပဲ... ပြန်ပြန်ဆော့သွားတယ်... ( ဟုတ်ပေါင်) ..... ပြန်ပြန်တွယ်သွားလို့ ခုတော့ လမ်းဘေးသူခိုးဘဝနဲ့ ဖွ(စ်)ဘွတ်မှာ သောင်ပြင်လွှတ်တဲ့ ရွှေဟင်းသာလေး ဖြစ်နေပါဒယ်....

ကသားကြီး ပို့စ်ဖတ်လိုက်တာ ရီချင် ပက်ကျိ တခိခိ ဖြစ်သွားလို့ အိမ်က လူတွေက နင်ဘာဖစ်နေတာလဲ တဲ့.....

မျက်နှာ ရှစ်ခု လိုချင်တယ်ဆိုတော့.... ရေသဘင် တခါဝယ်ရင် ရှစ်ခုကြီးများတောင် ဝယ်ရမှာနော်....

မျက်နှာတခုကို ဆယ်နှစ်လောက် သုံးရင်တောင် ဟောင်းဟောင်းကြီးပဲသုံးရမှာတော့..... တနှစ်တခါ ရေပေါ်ထိုးပြီး ပေါ်လစ်တိုက်မှ ပြောင်ပြောင်ရောင်ရောင် ရှိမှာနော်.... အဟစ်....

အဘကပြောတယ် သူ့အလှည့်ကျရင် ပေါက်တော်မူ ကားရိုက်မှာ တဲ့.... ပါတော်မူ ကြည့်ပြီး စိတ်ဆင်းရဲ ကြမှာ စိုးလို့တဲ့.... သူလဲ တိုင်ကွက်တို သင်ထားမယ်တဲ့.... သားကြီးစော်လုရင်... ပြန်ဖိုက်မလို့ ဆိုပဲ.....ခွိခွိ......

မိုးမောင် said...

စဖတ်ကတည်းက အရေးအသားကြောင့် ပြုံးစိစိဖြစ်နေတာ.. သူ့ကျွန်မခံပြီ ကြည့်ပြီး ပြန်လာတဲ့ဘော်ဒါတွေ သူ့ကျွန်ခံဖို့ ထွက်တော်မူခန်းရောက်မှ ၀ါးလုံးကွဲရယ်လိုက်ရတယ်။ သဘောကျတယ် ရောင်းရင်း။

မောင်သီဟ said...

နှစ်ခါမြောက်ဖတ်ပြီး အခုမှမန့်သွားတယ်
ရီရတယ် ဟာသတော်တယ်ဗျား)
ပထမအခေါက်က ကွန်ပစ်ရင်းမမန့်ဖြစ်ဖူး
း)

Anonymous said...

ရေးချင်တာ လျှောက်ရေးလို့ .... ဖတ်ချင်တာ ရွေးဖတ်သွားပါ၏.....

:P

ကြယ်ပြာ said...

ခုမှဖတ်ဖြစ်တယ် ... ဖတ်လို့ကောင်းမှကောင်း ....

khin oo may said...

ဖတ်လို့ကောင်းတယ် သားကြီး

khin oo may said...

မတွေ့တာကြာပြီ။

မယ့်ကိုး said...

စာရေးကောင်းသူကို မမေ့သေးတဲ့ စာဖတ်သူတွေ စောင့်နေကြတယ်။

Witt Hmone said...

အားပေးသွားပါတယ်........... :)

khin oo may said...

သားကြီးရေ.
သတိရလို့လာကြည့်တယ်။ နေကောင်းကျမ်းမာ စိတ်ချမ်းသာပါစေ.

 
©2009 ♬သားကြီး♪ | by TNB