မောင်မင်းကြီးသား သက်တော်ရာကျော်ရှည်ပါစေ

သူတို့မြို့တွင်နှင်းများသိပ်သိပ်သည်းသည်းကျသောနံနက်ခင်းတစ်ခု၌ သူ့အိမ်စောင့်ခွေးကြီးသည်ပျောက်ခြင်းမလှပျောက်သွားခဲ့သည် ပြေးကြည့်မှဒီလူနဲ့ဒီခွေးပဲရှိတော့နီးစပ်ရာအကုန်လုံးကိုဖြဲသဲပြီးရှာသည် ၊မတွေ့။ မြို့လေးတစ်မြို့လုံးပတ်ရှာသည်၊ မတွေ့။
ကြံရာမရသည့်အဆုံး ခွေးပျောက်ကြော်ညာရတော့သည် ။ ကြော်ညာပုံကလည်း သူများတကာလို ကိုယ့်ခွေးဓါတ်ပုံကို ကိုတင်ပြီးကြော်ညာတာမဟုတ် တင်စရာပုံကလည်းသူ့တွင်မရှိ နှစ်တွေအများကြီးအတူတူရှိခဲ့ကြပါလျှက် ဓါတ်ပုံလေးတစ်ပုံတောင်ရိုက်ဖို့သတိမရခဲ့သည့် သူ့ကိုသူပဲအပြစ်တင်နေမိသည်။
ထို့ကြောင့်တတ်သလောက်မှတ်သလောက်ပန်းချီအတတ်ပညာဖြင့် ပျောက်သွားသည့်သူ့ခွေးပုံကို သူစိတ်ကူးပုံဖေါ်ပြီးရေးဆွဲရတော့သည် ရေးဆွဲပြီး အောက်ဘက်နားတွင်“တွေ့ရင်ပြောကြပါ ထိုက်ထိုက်တန်တန်ကျေးဇူးတုံ့ပြန်မည်” ဟူသည့်စာတန်းရေးထိုးလျှက် မိတ္တူပွားကာ မြို့အနှံ့လိုက်ကပ်လိုက်သည်။
မိုးစုန်းစုန်းချုပ်တော့ စောင်အထပ်ထပ်ခြုံပြီး သူအိပ်ယာဝင်ခဲ့သည်...။
………………..
ပထမနေ့
ခြေတစ်ဖက်မသန်သည့်တရုတ်ကြီးတစ်ယောက် ခွေးဘီလူးတစ်ကောင်ကိုဆွဲလျှက်သူ့အိမ်သို့ပေါက်ချလာသည်။
“ဟောဒီမှာ ပျောက်နေတဲ့မီ်းခွေး...ကဲ..ဝကိုကျေးဇူးဆပ်ပေလော့”
သူသည်တရုတ်ကြီးဆွဲလာသည့်ခွေးကိုစေ့စေ့ကြည့်လျှက် ခေါင်းကိုဖြေးညင်းစွာယမ်းခါလိုက်သည်။
“မှားနေပြီပေါက်ဖေါ်ကြီးရ....ဒါကျနော့်ခွေးမဟုတ်ဘူး”
“ဟင်…မီးကြော်ငြာထားလဲ့ပုံထဲကအီတိုင်းပဲကို... စီစီချာချာဆိပါဦးကွ”
“သေချာပါတယ်ခင်ဗျ... ကျနော့်ခွေးက ခွေးဘီလူးမဟုတ်ပါဘူး နောက်ပြီး.. ကျနော့်ခွေးက ခုပေါက်ဖေါ်ကြီးယူလာတဲ့ခွေးထက်အများကြီးရုပ်ဆိုးပါသေးတယ်”
“သြော်…စုတ်ခ..စုတ်ခ...ဝ ခဲလီသမျှသဲရီကျပြီ... အီဝေးကြီးကတွေ့ပြီးဆွဲလာရတာ...မီဟုတ်တော့လည်းဘီတတ်နိုင်မလဲလေ”
တရုတ်ကြီး..စိတ်ပျက်လက်ပျက်ဖြင့်ခွေးကိုဆွဲပြီးထွက်ခွါသွားခဲ့သည်။
……………….
ဒုတိယနေ့
အရပ်အလွန်ပုသည့်ကုလားမကြီးတစ်ယောက်သည် အရပ်အလွန်မပုသည့်ကုလားမဟုတ်သည့်လူတစ်ယောက်နှင့်အတူ သူ့အိမ်သို့ပေါက်ချလာသည်။
“ပျောက်သောသူရှာရင်တွေ့တဲ့ နာလေ.. ဒီကောင့်ကိုလေ... မနည်းခေါ်လာရတာ လမ်းတကာမှာကြောင်တောင်တောင်နဲ့ ရပ်နေတာတွေ့လို့လေ...ကဲနာ့ကိုကျေးဇူးဆပ်ပေတော့”
“ဘယ်မှာလဲဗျ ဘာကိုခေါ်လာတာလဲ ဘာမှမတွေ့ပါလား”
“အာ…ဒီကန်ကလေး...ဒုက္ခပါပဲ နင်ကြော်ညာထားတဲ့ပုံထဲကလူလေ...ကိုယ့်လူတောင်ကိုမမှတ်မိဘူးလား”
ခေါ်လာသည့်ကြောင်တောင်တောင်နှင့်လူကိုလက်ညှိုးထိုးပြကာပြောချလိုက်သည့်ထိုကုလားမ၏စကား
ကြောင့် သူအကြီးအကျယ်အအံ့အားသင့်သွားရလေသည်။
“ကျ… ကျနော်ကြော်ညာတာ လူပျောက်မဟုတ်ဘူးဗျ...ခွေးပျောက်...ခွေးပျောက် ဘယ်လိုလုပ်လူဖြစ်နေရတာတုန်း”
“ဟမ်…ဟုတ်လား...နင့်ကြော်ညာပုံကိုနင်ပြန်ကြည့်လိုက်ဦးဒါဆို နာလေ…တယ်မပြောချင်ဘူး ကန်ကလေး”
ကုလားမကြီးသည်စိတ်သိပ်မနှံ့သည့်ပုံပေါက်နေသည့်ထိုလူ၏လက်အားဆွဲလျှက်စိတ်ဆိုးမာန်ဆိုးဖြင့်ထွက်ခွါသွားတော့သည်။
သူလည်းသူကြော်ညာထားသည့်ပုံကိုအသေအချာပြန်ကြည့်ရသည် ဟုတ်သားပဲ..စောစောကလူနဲ့တောင်တူနေသေးတော့..။
သင်ထားသည့်ပန်းချီပညာကဘယ်လောက်ပေါက်မြောက်သလဲဆို ခွေးပုံဆွဲတာ လူပုံသွားပေါက်နေသည်။
အသစ်ထပ်ဆွဲရသည် မိတ္တူထပ်ပွားရသည် ၊ မြို့အနှံ့ကပ်ထားတာတွေပြန်ခွါပြီး အသစ်ပြန်ကပ်ရသည်။
…………….
တတိယနေ့
အရူးဂိုက်ဖမ်းထားတာလား..တကယ်ပဲရူးနေတာလား သိပ်မသေချာသည့် အဝတ်အထည်စုတ်စုတ်ပြတ်ပြတ်နှင့် ညှင်းသိုးသိုးလူကြီးတစ်ယောက် သူ့အိမ်သို့ပေါက်ချလာသည်။
ပခုံးထိဝဲကျနေသည့်စုတ်ဖွားဖွားဆံပင်နှင့် အလွန်စုတ်သည့်လွယ်အိတ်ကြီးတစ်လုံးကိုလည်းလွယ်ထားသေးသည်။
သူ့ရှေ့တွင်ရပ်ကာ သူ့အားရူတည်တည်ကြည့်လျှက်မှ...
“မင်းငါ့နာမည်သိလား”
“ဗျာ….မသိဘူးခင်ဗျ”
“အေး..ငါလည်းမင်းနာမည်မသိဘူး ဒီတော့ဒီလိုလုပ်... မင်းနာမည်ကိုပြောရင် ငါ့နာမည်လည်းပြောမယ်”
“ဟုတ်ကဲ့..နိုက်ထရစ်နေရာက ငါ ဇေယျာသော်..အဲ..ယောင်ကုန်ပြီ ဘာလဲ…ခင်ဗျားက acidရဲ့ ပရိတ်သတ်လား”
“acidပရိတ်သတ်လည်းမဟုတ်ဘူး အင်ဒရင်းပရိတ်သတ်လည်းမဟုတ်ဘူး လိုရင်းသာပြောပါလေ”
“ဟုတ်… ကျနော့်နာမည်က “တောက်တီးတောက်တဲ့”ပါ”
“ဟေ…ဟုတ်လား…လှလိုက်တဲ့နာမည်လေး.. မင်းအမေမို့ပေးတတ်တယ် ငါ့နာမည်က “ချောက်ချီးချောက်ချက်”ပါ နာမည်လှတာလည်းမပြောနဲ့လေ ငါကမြေလျှောက်ဝိဇ္ဇာကိုးကွ”


“ဟုတ်လား…တွေ့ရတာဝမ်းသာတယ် မြေလျှောက်ဝိဇ္ဇာဆိုလို့စာတွေမှာပဲဖတ်ဖူးတာ ”
“အေးပါ အခုငါလာတာက မင်းအတွက်အရေးကြီးကိစ္စပြောစရာရှိလို့ကွ... အဖြစ်ကဒီလို မဟာမြိုင်ကဆရာသခင်ကြီးတွေရဲ့ အမိန့်အရ မကောင်းသူဖယ် ကောင်းသူကယ်ဖို့မင်းတို့နေတဲ့လူ့ရွာကိုငါလာခဲ့တယ်ဆိုပါတော့ကွာ ငါကဝိဇ္ဇာမဖြစ်ခင်ကနည်းနည်းအပျင်းကြီးတယ် ဝိဇ္ဇာလည်းဖြစ်ရော ဘာပြောကောင်းမလဲ ပိုပြီးတော့ကိုပျင်းတော့တာပဲ ဝိဇ္ဇာတန်ခိုးကိုအသုံးချပြီး မြေကြောတွေကိုရှုံ့ ရှုံ့ပြီးတော့လမ်းလျှောက်တာလေ တစ်နာရီလျှောက်ရမယ့်ခရီးကို ငါကပျင်းတော့ ခြေလှမ်းသုံးလှမ်းနဲ့ရောက်အောင်ကိုရှုံ့ပစ်တာ... အဲလိုမြေအရှုံ့ကောင်းလို့ပဲ ဒီပြဿနာတက်လာတာဟေ့”


“ဟုတ်ကဲ့ ပြောပါခင်ဗျ နားထောင်နေပါတယ်”
“အေး…တနေ့တော့ကွာ ချမ်းသာဖို့ကံရှိနေတဲ့လူတစ်ယောက်ကို မစဖို့ဆရာသခင်တွေက ငါ့ကိုလွှတ်လိုက်တယ် ဒါပေမယ့်သူနေတဲ့နေရာကိုသွားရမှာက မိုင်တစ်ရာကျော်တယ်ကွ အဲဒါနဲ့ မြန်မြန်ရောက်အောင် ငါလည်းမြေကြောတွေကို တန်ခိုးသုံးပြီးရှုံ့လိုက်တာပေါ့ကွာ … မိုင်တစ်ရာကိုခြေဆယ်လှမ်းနဲ့ပဲရောက်အောင်လှမ်းလိုက်တယ်လေ ခြေဆယ်လှမ်းလှမ်းပြီးလို့ကြည့်လိုက်တော့ နေရာမှားနေတယ်ကွ ခနော်နီခနော်နဲ့တဲအိမ်အစုတ်ကိုရောက်ရမှာ ခုဟာက နန်းတော်တမျှလှပခမ်းနားတဲ့ အိမ်တစ်အိမ်ရှေ့ကိုတန်းပြီးရောက်နေတာကိုးကွ”
“ဟုတ်ကဲ့….စိတ်ဝင်စားစရာပဲ”


“အေး….ငါလည်းကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးရဲ့အပြင်အဆင်ကိုငေးတုန်းရှိသေး နောက်ကနေလူတစ်အုပ်က ငါ့ကို သေနတ်နဲ့ တဖုန်းဖုန်း တဒိုင်းဒိုင်းမြည်အောင်ဝိုင်းပစ်ပါရောလား ဟရို့”
“ကြောက်စရာကြီးပါပဲလားဗျာ သူတို့ကခင်ဗျားနဲ့ရန်ငြိုးရှိဖူးလို့လား”
“ဘယ်ကလာ သိတောင်မသိပါဘူးဆို... နောက်ကျမှသိရတာက ငါ့ကိုအမျိုးသမီးတစ်ယောက်နဲ့မှားပြီးပစ်လိုက်တာတဲ့ ကောင်းရော ဝိဇ္ဇာမို့လို့မသေတာပေါ့ကွာ... အဲ..အဲ…ကျန်သေးတယ် သူတို့ပစ်နေတဲ့အချိန်မှာပဲ အဲဒီလူစုတွေကြားထဲကိုငါကြည့်လိုက်တော့...လား....လား.... ဘာတွေ့လဲသိလား”
“ဘယ်သိမှာတုန်းဗျ ဘာတွေ့လို့လဲ”


“အေး…မင်းရဲ့ပျောက်နေတဲ့ခွေးလေ လူလည်ခေါင်မှာ ဘုရင်ထိုင် ထိုင်နေပါရောလားကွ”
“ဗျာ………မ..မ ဖြစ်နိုင်ဘူးထင်တယ်”
သူအလွန်အံ့သြသွားခဲ့သည် ဘယ့်နှယ့်သူ့ခွေးက လူတွေကြားမှာဘုရင်ထလုပ်နေပါလိမ့်
“အေး….ဝိဇ္ဇာဆိုတာ ဘယ်တော့မှမမှားဘူးကွ မင်းမယုံရင်မင်းဒုက္ခရောက်လိမ့်မယ် မင်းခွေးကရူးနေတာဆိုရင်တော့ တစ်မွန်းတည့်လောက်ပဲကောင်းစားမှာပေါ့ ခက်တာကမင်းခွေးကပေါနေတာ ပေါနေတဲ့ခွေးဘယ်လောက်ကြာကြာကောင်းစားမလဲဆိုတာ ငါ့ဝိဇ္ဇာဥာဏ်နဲ့တောင်မသိမြင်နိုင်ဘူးကွ အဲ…နောက်ပြီးသတင်းထပ်ကြားတာရှိသေးတယ် မင်းကသူ့ကိုခွေးပျောက်ကြော်ညာတယ် သူကမင်းကို လူဝရမ်းပြန်ကြော်ညာနေပြီဟေ့....ဆုငွေက ကောင်းမှကောင်းဆိုပဲ....မြို့လယ်ခေါင်မှာလျှောက်ကပ်ထားတဲ့မင်းရဲ့စာတွေကသူ့ကိုအကြီးအကျယ် သိက္ခာကျစေတယ်ဆိုပဲ ကဲ…လုပ်သင့်လုပ်ထိုက်တာ မင်းဘာသာမင်းစဉ်းစားတော့ ငါတော့ရှမ်ဘဲလားပြန်ပြီ တာ့တာ”
ဝိဇ္ဇာဆိုသူလူထူးလူဆန်းကြီးသည် ရှည်လျားထွေပြားစွာသူ့အားပြောဆိုပြီးနောက် လာရာလမ်းအတိုင်းလှည့်ပြန်သွားတော့သည်။


“မြေကြောမရူံ့တော့ဘူးလားဗျ”
“ရှုံတော့ဘူးဟေ့ ဒီတခါတွက်ကိန်းထပ်မှားရင် သေနတ်မဟုတ်ဘူး လောင်ချာနဲ့ထုခံနေဦးမယ် ဟားဟားဟား”
ဝိဇ္ဇာကြီးမြင်ကွင်းမှပျောက်သွားတော့ လုပ်သင့်လုပ်ထိုက်တာကိုသူအလျှင်အမြန်စီစဉ်ရသည်။
“ငါ့အိမ်ကထွက်သွားတုန်းကတော့ ခွေးပါပဲ ခုမှဘုရင်ထဖြစ်နေတာတော့ငါလည်းမတတ်နိုင်ဘူး အင်း..ဘုရင်ဖြစ်တော့လည်းကြောက်ရသေးတာပ”
မြို့ထဲသို့အပြေးအလွှားပြန်သွားပြီး သူကပ်ခဲ့သည့် သူ့လက်ရာခွေးပုံနှင့်စာရွက်အားလုံး၏အောက်က “တွေ့ရင်ပြောကြပါ ကျေးဇူးတုံ့ပြန်မည်”ဆိုတာကြီးကိုဖျက်ပြီး စာတန်းအသစ်ပြန်အစားထိုးရေးသည်။
အားလုံးပြီးသော် အိမ်ကပစ္စည်းများကို တပိုင်တနိုင်ထုပ်ပိုးပြီး တပြည်တရွာသို့ သူထွက်ခွါသွားလေတော့သတည်း...။
ရေးခဲ့သည့်စာမှာအောက်ပါအတိုင်းဖြစ်သည်။

“……မောင်မင်းကြီးသား... သက်တော်ရာကျော်ရှည်ပါစေ....”

19 comments:

Chitpalonelay said...

တစ် တစ် တစ် ပြီးမှဖတ်မယ်။ အရင်ယူလိုက်တယ်။ နံပါတ်တစ် နာတွ ပါးလုံး အဟဲ

kaungkinpyar said...

ဘာလို့ ခွေးက ပြန်ဝရမ်းထုတ်တာလဲ၊ လူကရောဘာလို့ ကြောက်ပီးပြေးပါလိမ့်၊ စဉ်းစားသွားတယ်၊ ဒီစာက နဲနဲမြင့်သလိုပဲ သိပ်လိုက်မမှီဘူး၊ ပိန်းတယ်

Chitpalonelay said...

ကြံကြီးစည်ရာ တွေးလည်းတွေးတတ်တယ်။ ရယ်ရတယ်။ တရုတ်သိုင်းကား ဂိုဏ်းလည်းပါသေးတယ်။ အဲ့လိုမရယ်ရတာကြာပေါ့။
ခင်မင်လေးစား အားကျလျှက်
ညီမလေး ပါးလုံး

Angel Shaper said...

ကိုသားကြီးရေ... သိုင်းပဲဝင်ကျင့်ချင်လာသလိုလိုပဲ..ဟိဟိ
ဖတ်လို့ ကောင်းပ...
ဆက်ရေးပါဦး....

Anonymous said...

ကိုကြီး

ဟုတ်ပ့ ခွေးကဘာလို့ပြန်ဝရမ်းထုတ်ရတာလဲ????????
ခင်တဲ့
မြူးလေး

ငှက်ကလေး said...

အင်းးး နဲနဲ လေး စဉ်းစားရပါတယ် နဲနဲ မြင့်သလိုပဲနော် အင်းးး စဉ်းစားပြီးရင် ဟုတ်သလား ဒီလိုမျိုးလေး ဆိုတာ လာပြောမယ် အခုတော့ ဘိုင်

မယ်ကိုး said...

စာလေးဖတ်ပြီး ပြုံးမိတယ်။ စာလေးက ကောင်းလိုက်တာ။ ဆရာတာရာမင်းဝေတို့  မင်းခိုက်စိုးစန်တို့  စာတွေ များများဖတ်တယ် ထင်တယ်....

khin oo may said...

တယ်ဆိုးပါလား။

reenoemann said...

ညီလေးရေ လာရောက်ခံစားသွားတယ်

ကိုရီနို

Anonymous said...

အကြမ်းဖျင်းတော့ နားလည်တယ်...။ကြိုက်တယ်။

မေဇင် said...

အဲ့ ဒါဆို...ခွေး က ဘုရင် ဖြစ်နေတဲ့ သဘောပေါ့ နော်....း)

တလနွန် said...

ကိုသားကြီး ရေးထားတာ လာဖတ်သွားပြီး။ သိသလိုလိုတော့ ရှိတယ် မသေချာဘူး။ ဒီလိုရေးထားတဲ့ စာမျိုးလည်း သဘောကျတယ်။

ပျော်ရွင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

မြစ်ကျိုးအင်း said...

ခွေးရူးကောင်းစားတမွန်းတည့် ခွေပေါကောင်းစား နှစ်ဘယ်နှဆယ်လဲဗျ
ဟင်းးးးးးးးးးးးးးးးးးး
ရေးထားကောင်းပေမယ့် ခွေးဘုရင်လုပ်နေတဲ့ တိုင်းပြည်ကလူတွေကိုတော့ စိတ်မကောင်းဘူး...။

kiki said...

ဟိုက် .. ငါမွေးတဲ့မျောက် င့ါပြန်ခြောက် ။။
ုခုတော့ နောက်တမျိုး တိုးရတော့မယ် ။
ငါမွေးတဲ့ ခွေး ငါ့ပြန် ဒုက္ခပေး ... လို့ ။

နေပါဦး အဲဒီ နေရာ က လူတွေကလည်း ဘာလို့ 
အခြေအမြစ် မရှိတဲ့ ဒီခွေးရူးကို မြှောက်စား နေကြပါ လိမ့် နော် ။
ဒီခွေး ကံကောင်းတာလား ။ ဒီလူတွေ ညံ့ တာလား
နှစ်မျိုးစလုံး ဖြစ်ဖို့ များတယ်..

မေလေး said...

အကိုရေ
ရေးထားတဲ့ အကိုကတော်ပါတယ်။ထိထိမိမိရေးနိုင်တယ်။ ညီမလေးကပိန်းနေတာ၊ ၃ ခေါက်မြောက်မှ ဘာဆိုလိုလဲနားလည်တော့တယ်အကိုရေ။
မှန်လိုက်တာအကိုရေ တခါတလေတချို့လူတွေကခွေးရူးမှန်းမသိ
ဘုရင်မှန်းမသိ စွတ်လေးစားနေတယ်။ အမှားအမှန်ကိုသေချာမခွဲနိုင်ဘဲ
သူများယောင်တိုင်းလိုက်ယောင်နေတယ်။ဟင်းးးးးးးးးးးးးးးးးးးးး
ဒီမိုးဒီရေဒီဘုရင်နဲ့......တွေးမိ ရင်မော မိပါ၏

ရွက်လွင့်ခြင်း said...

အဲဒီခွေးက ခွေးရှုးလည်း မဟုတ်၊ ခွေးကောင်းလည်း မဟုတ်၊ ရှုးချင်ယောငိ ဆောင်နေတဲ့ ခွေး )))))))

ဂျာမုန်းဒန် said...

“……မောင်မင်းကြီးသား... သက်တော်ရာကျော်ရှည်ပါစေ....”
ဒီလိုပြောချင်စရာပင်။
ခင်တဲ့
ဂျာမုန်းဒန်

linn said...

ကိုသားကြီးရေ..
ဒီပို့စ်လေး မိုက်တယ် ... ဆိုလိုရင်းကို သဘောပေါက်လိုက်တယ် ... အင်းးးးးးးးးးး.....
ဒါပေမဲ့ ........................

Anonymous said...

ကိုသားကြီးရေမိုက်တယ်

 
©2009 ♬သားကြီး♪ | by TNB