ကမ ၻာၾကီး..သို့

“မင်္ဂလာပါကမ္ဘာကြီး ကောင်းသောနေ့/ညပါ”

ခင်ဗျားကိုခြေစုံချနင်းပြီး လူလုပ်လာခဲ့တာပဲ အနှစ်၂၀ကျော်သွားပြီ ခုမှပဲခင်ဗျားကို တခုတ်တရနှုတ်ဆက်ဖြစ်တော့တယ်၊
ကျနော့ကောင်မလေးကိုခင်ဗျားသိပါတယ်နော် ကျနော့ကိုစိတ်ကောက်တိုင်း ကြားက ဘာမဆိုင်ညာမဆိုင်ခင်ဗျားကို ခြေတောက်နဲ့
ဆောင့်ဆောင့်အောင့်အောင့်နင်းတတ်တဲ့ကောင်မလေးလေ၊ အဲဒီအတွက်ကျနော်တောင်းပန်တယ်ဗျာ ကောင်မလေးကိုခွင့်လွှတ်ပေးပါ မလိမ်မိုး မလိမ္မာလေးမို့လို့ပါ။

ကမ္ဘာကြီးရေ…..
ကျနော့ကိုတချို့က“ဆန်ကုန်မြေလေး”တဲ့ဗျာ ၊ ဆန်ကုန်ဆိုတဲ့စကားကိုကျနော်လက်မခံနိုင်ဘူး၊ ကျနော်အခုနောက်ပိုင်းအစားနည်းလာတယ်ဗျ (အစားနည်းလာတယ်ဆိုတော့ အသောက်တော့များလာမှာပေါ့ဆိုပြီးစောဒကမတက်နဲ့လေဗျာ အသောက်ကိုလည်းခုံခုံမင်မင်မရှိလှပါဘူး) တစ်ရက်ကိုထမင်း၂နှပ်စားတယ်ဗျာ စားတိုင်းလည်းတစ်ပန်းကန်ထက်မပိုဘူးဗျာ
အဲဒါနဲ့များတောင်ကျနော့်အတွက်ဆန်က အတော်ကုန်ရသတဲ့လား ..၊ မဖြစ်နိုင်တာနော်..

အခုရှင်းချင်နေတာက “မြေလေး”ဆိုတဲ့စကားပဲ
ကျနော့ကိုကျောပေါ်တင်ပြီးမထမ်းဖူးဘဲနဲ့များ blindကြီး“မြေလေး”လို့ပြောတဲ့လူတွေကိုမကျေနပ်ဘူး
ကျနော်တစ်ကယ်လေး မလေးကိုနှစ်တွေအကြာကြီးကျနော့ကိုထမ်းလာခဲ့တဲ့ ခင်ဗျားပဲအသိဆုံးဖြစ်မှာ
ကဲ…မှန်မှန်ဖြေဗျာ… အားမနာနဲ့ “ကျနော်လေးသလား”??
လေးတယ်ဆိုလည်း ခုကစပြီးကိုယ်ဖေါ့နေတော့မလို့

ကြုံတုန်းလူတစ်ယောက်အကြောင်းခင်ဗျားကိုပြောပြချင်သေးတယ်ဗျ
အဲဒီလူဟာ ကျနော့အရင်ခင်ဗျားဆီကိုနှစ်ပေါင်း၄၀ကျော်ကတည်းကကြိုရောက်နှင့်နေတဲ့
ကမ္ဘာသားအဟောင်းကြီးပါ ၊ အဘိုးကြီးပေါ့ဗျာ။
ဘယ်နေ့အင်္ဂါဂြိုလ်က လာခေါ်မလဲစောင့်နေရတာ ၊ လိန်ဖယ်လိန်ဖယ်နဲ့ပေါ့။
အဘိုးကြီးဆိုပြီးလျှော့တော့မတွက်နဲ့နော် ပေါက်တတ်ကရအရမ်းလုပ်တာ တိုက်ပေါ်မှာလှမ်းထားတဲ့ကောင်မလေးတွေရဲ့
အတွင်းခံဘောင်းဘီကို ခိုးခိုးပြီးအခန်းထဲအမြဲထည့်တယ် ဘာလုပ်တာလဲမသိဘူး

ကျနော်နဲ့ကအခန်းသပ်သပ်စီဆိုတော့ဘယ်သိမှာလဲဗျ ကောင်မလေးတွေပြန်ပြောပြလို့သိရတာ
သူတို့ခဏခဏမိတယ်တဲ့ ဘောင်းဘီခိုးတာ၊ ဒါပေမယ့်ဘာမှမပြောရဲကြဘူး အဲလိုဘောင်းဘီခဏခဏပျောက်လာတော့
ကောင်မလေးတွေခမျာ ရေစိုနေတဲ့ဘောင်းဘီတောင်အခန်းထဲထည့်လှမ်းရရောဗျိုးး အခန်းထဲထည့်လှမ်းတော့ ဘောင်းဘီကမခြောက် ဘောင်းဘီကမခြောက်တော့ဝတ်လို့မရ ဝတ်လို့မရတော့ဒီအတိုင်းကြီးနေရ ဒီအတိုင်းကြီးနေရတော့
အဲ…အဲ… ဘယ်လိုဖြစ်လဲဆိုတာသူတို့ပဲသိမယ် ကျနော်မပြောပြတတ်ဘူး ။

တနေ့တော့ဗျာ
Titanicကားဟောင်းကြီးအလွမ်းပြေကျနော်ထိုင်ကြည့်နေတုန်းအဲဒီအဘိုးကြီး ကျနော့အခန်းထဲဝင်လာတယ်
ပြီးတော့ခပ်တည်တည်နဲ့ထိုင်ကြည့်တယ် (ခပ်တည်တည်ထိုင်မကြည့်လို့ မဲ့ရွဲ့ပြီးထိုင်ကြည့်ရမှာလားဆိုပြီး မမေးနဲ့လေဗျာ ကျနော်လည်းမဖြေတတ်ဘူး)
ခဏကြာတော့ ကျနော့ကိုပြောတယ် အသံနည်းနည်းချဲ့ပါတဲ့ ဇာတ်ကားကြည့်တယ်ဆိုတာ စကားသံကြားရမှနားလည်မှာပေါ့တဲ့ အဲဒီအဘိုးကြီးစာတစ်လုံးမှမတတ်ဘူးနော် ဒါပေမယ့် ကျနော်အသံချဲ့ပေးလိုက်ပါတယ် ။

အခွေကြည့်နေရင်းဘာပြောတယ်မှတ်လဲ အဲဒီတရုတ်မင်းသမီးတော်တော်လှတယ်နော်တဲ့
ကျနော်တောင်ကြောင်သွားတယ် kate winsletကိုဘယ်တရုတ်မနဲ့သွားမှားနေလဲမသိဘူး
ခဏကြာတော့ ကျနော်စုထားတဲ့CDတွေကို တစ်ချပ်ချင်းလိုက်ကြည့်တယ် အဲဒီထဲကတစ်ချပ်ကိုရွေးပြီး “ဒီကားပြပါလား”တဲ့
ကျနော်တော်တော်စိတ်ညစ်သွားတယ် တိုက်တန်းနစ်ကဖြင့် တိုက်နေရင်းတန်းလန်းရှိသေး မနစ်ရသေးဘူး ဒါပေမယ့်အဘိုးကြီးဆိုတော့(ကမ္ဘာ့လူဟောင်းကြီးဆိုတော့)ဦးစားပေးတဲ့အနေနဲ့ ဖွင့်ပေးမလို့ကျနော်လှမ်းယူလိုက်တယ် ...

ဒါပေမယ့် သူရွေးလိုက်တဲ့အခွေက ဇာတ်လမ်းခွေမဟုတ်ဘူး သီချင်းခွေဖြစ်နေတယ်
သိတဲ့အတိုင်းပဲလေ Mariah careyအခွေကာဗာမှာ သရုပ်ဖေါ်ထားတဲ့အပုံကလန်ထွက်နေတယ် အဘိုးကြီးကကော့ကော်လန်ကားအခွေထင်သွားတာပေါ့ တော်တော်ကြီးရှင်းပြလိုက်ရတယ် အဲလိုရှင်းပြတော့ ကျနော့ကိုဘာပြန်ပြောတယ်မှတ်လဲ “သီချင်းဆိုဖွင့်မနေပါနဲ့တော့ အဲလိုသီချင်းမျိုးငါလည်းဆိုတတ်တတ်ပေါ့”တဲ့ အံ့ရောဗျာ။

ပြီးတော့ကျနော့်ကိုမေးတယ် “ဟိုအခွေမရှိဘူးလား”တဲ့
ကျနော်ကလည်းပြန်ပြောတယ် “ဟိုအခွေမရှိဘူး”လို့
“ဟိုအခွေအရင်ကရှိပါတယ်”
“ဟိုအခွေကို ဟိုအရင်ကတည်းက ဟိုကောင်ယူသွားပြီလေ”
ကျနော်အဲလိုပြန်ပြောတော့အဘိုးကြီးနဖူးကြောရှုံ့လာတယ် တစ်လက်စတည်းဆက်မေးတယ်
“ဟိုအခွေကို ဟိုကောင်ကဘာကိစ္စယူသွားတာတုန်း”
“ဟိုကောင်က ဟိုကကောင်တွေနဲ့အတူကြည့်ဖို့ယူသွားတာပေါ့”
“ဘယ်ကိုယူသွားတာလဲ”
“ဟိုကိုယူသွားတာပေါ့”
မေးရတာကိုအဘိုးကြီးမောလာပုံရတယ်ဗျ စကားကလည်းဘယ်မှမရောက်ဘူးကိုး၊ ဒါပေမယ့်မလျှော့သေးဘူးဆက်မေးတယ်
“ဟိုကောင့်ကိုဖုန်းဆက်ပြီးအခွေပြန်ပို့ခိုင်းပါလား”တဲ့..
“ဟိုကောင့်ဖုန်းက ဟိုးအရင်ကတည်းက ဟိုနံပါတ်မဟုတ်တော့ဘူးလေ ပြောင်းသွားပြီ”လို့ကျနော်ပြောလိုက်တော့
အဘိုးကြီးအကြီးအကျယ်စိတ်ညစ်သွားတယ် ။

လာလာချည်သေးနော်.. သူကအဲတော့မှစိတ်ညစ်တာ ကျနော်စိတ်ညစ်တာဖြင့်ကြာလှနေပြီ အခန်းထဲကိုသူဝင်လာကတည်းကပဲ ကျနော့အရင် ကမ္ဘာပေါ်ကိုဦးပြီးရောက်တဲ့လူဟောင်းကြီးမို့လို့သာအလိုက်အထိုက်ဆက်ဆံနေရတာ လူကိုမရိုသေသည့်တိုင်အသက်ကိုတော့ရိုသေရမယ်လေဗျာ ဟုတ်ဘူးလား ကြည့်ရတာစိတ်ညစ်လာရင်ခေါင်းကုတ်တဲ့အကျင့်ကိုလူမျိုးဘာသာမရွေး
လုပ်ကြတယ်နဲ့တူပါတယ် မြန်မာမဟုတ်တဲ့အဘိုးကြီးက စိတ်ညစ်ညစ်နဲ့မယားတဲ့ခေါင်းကိုကုတ်တယ်
ကုတ်တယ်ဆိုတဲ့နေရာမှာလည်းအကြမ်းပတမ်းကြီးတော့မကုတ်ရဲဘူးပေါ့ သူခေါင်းကဆံပင်တွေကအားလုံးပေါင်းမှအချောင်းတစ်ရာမကျော်တော့ဘူးကိုး
အချောင်းတစ်ရာမကျော်တဲ့ဆံပင်ကိုအကြမ်းပတမ်းကုတ်ရင်ကျွတ်ကုန်မှာကိုး
ကျွတ်ကုန်ရင်လည်းနဂိုပြောင်နေတဲ့နဖူးက ထပ်ပြောင်မှာကိုး..။
...................

ကျနော်အခုလိုစကားတွေအရှည်ကြီးပြောနေရတာအကြောင်းရှိလို့ဗျ
အဲဒီအဘိုးကြီးကရော “ဆန်ကုန်မြေလေး”ပဲလားဆိုတာ ခင်ဗျားကိုမေးချင်လို့
ခင်ဗျားက ကိုယ်တိုင်ကိုယ်ကျထမ်းဖူးသူဆိုတော့ပိုသိမှာပေါ့
ကျေးဇူးပြုပြီးကျနော့ကိုဖြေကြားပေးပါ ဘာမှတော့အရေးမကြီးပါဘူး ဖြေချင်မှလည်းဖြေပါ
အဘိုးကြီးတောင်မှ အင်္ဂါဂြိုလ်ကလာခေါ်လို့လိုက်သွားတာကြာပေါ့ ။

ကမ္ဘာကြီးရေ ခင်ဗျားအခုတလောတော်တော်ချူချာလာတယ်နော်
ဆူနာမီဖြစ်လိုက် ငလျင်လှုပ်လိုက်နဲ့ သေလိုက်တဲ့လူတွေလည်းမနည်းဘူး
၂၀၁၂ရုပ်ရှင်ကြော်ငြာကိုကြည့်ပြီးကျနော်ဖြင့်လန့်သွားတာပဲဗျာ
ကျနော်သိပါတယ် ခင်ဗျားအိုနေပါပြီ ၊
အင်း… oldရခြင်းဒုက္ခ hurtရခြင်းဒုက္ခ dieရခြင်းဒုက္ခ
ကမ္ဘာကြီးဖြစ်တဲ့ခင်ဗျားတောင်မလွတ်ဘူးကိုး အဲ..အဲ.. dieတော့ မdieလိုက်နဲ့ဗျာ ခင်ဗျားမရှိရင် ဟာလာဟင်းလင်းကြီးထဲဘယ်နားခြေသွားချရမှန်းကျနော်တို့သိမှာမဟုတ်ဘူး ဘာပဲပြောပြောကျန်းမာရေးတော့ဂရုစိုက်ဖို့မှာချင်တယ်။
……………………

ကမ္ဘာကြီးရေ!!!
ခင်ဗျားအတွက်သတင်းကောင်းပဲ
ခင်ဗျားမွှန်နေမှာစိုးလို့ ကျနော်ဆေးလိပ်ဖြတ်တော့မယ်
………………
ကမ္ဘာကြီးရေ!!!
ဒါပါပဲ ကျနော်လည်းအိပ်တော့မယ်
Good nightနော်
မက်သောအိပ်မက်လှပါစေနော်..
အဲ..အဲ… ခင်ဗျားအိပ်မက်ကောမက်တတ်လို့လားဗျာ အိပ်ကောအိပ်ရဲ့လား စကြာဝဠာဟာလာဟင်းလင်းကြီးထဲငုတ်တုတ်ပဲအမြဲထိုင်နေတာလား.. ပျင်းစရာကြီးဗျာ ။ ။
..........................

photoshopဖြင့်ဖန်တီးထားခြင်းသာဖြစ်ပါကြောင်း
မူရင်းပုံကိုဤနေရာတွင်ကြည့်နိုင်ပါကြောင်း :)

48 comments:

တလနွန် said...

ကိုသားကြီး စာပြန်ရေးတဲ့အတွက် ဝမ်းသာလို့  နံပါတ် တစ် ယူတယ်ဗျာနော်........စာဖတ်အုံးမယ်နော်

Yu Ya said...

၂ ယူပြီး စာဖတ်အုံးမှ.

yu ya

kaungkinpyar said...

3 ကွ၊ စာဖတ်ဦးမယ်..

Yu Ya said...

သြော်..ဆေးလိပ်ဖြတ်တော့မယ်တဲ့လား ကိုသားကြီး။
ကောင်းတယ်ဗျာ။

ကမ္ဘာကြီးက ကိုသားကြီးပျော်ရင် သူလည်း မပျင်းပါဘူးတဲ့...lol..lol..

yu ya

kaungkinpyar said...

ကမ္ဘာကြီး ကို ဂရုစိုက်ပါ၊ လေးတယ် ပြောလဲ ဂရုစိုက် မလေးလဲ ဂရုစိုက်..း)
ဆေးလိပ်ဖြတ်တာလဲ ကောင်းတယ် ဖြတ်သာဖြတ်..

တလနွန် said...

ဆေးလိပ်ဖြတ်မယ်ဆိုတာ ဆေးလိပ်ချိုးလိုက်တာလား ကိုသားကြီးရ (အဟီး ကိုသားကြီးလို ကန့် ကန့့်သတ်သတ်တွေးပြီး မေးသွားတယ် :P )

ပျော်ရွှင်ပါစေဗျာ..... ဂွတ်ည

မေလေး said...

ဂယ်ကြီး ဆေးလိပ်ဖြတ်ဒယ်လား ကိုသားကြီးး
ဆေးလိပ်ဖြတ်တာ ဝမ်းသာပါဒယ်။
စာရေးတာတော့ မဖြတ်လိုက်ပါနဲ့နော့။

Khyl said...

ဟားဟား.... ဆက်စပ်တွေးခေါ်တဲ့နေရာမှာ ကိုသားကြီးက Top......

မယ့်ကိုး said...

ဘာပဲရေးရေး စာပြန်ရေးတာ အရမ်းဝမ်းသာပါတယ်။
နောက်တစ်ခါ စာမရေးဘဲ ခဏနားမယ်ဆိုလည်း ဧည့်စာရင်းလေးတော့ တိုင်သွားဦးပေါ့။
မောင်နှမတစ်တွေ ဆိုပြီး ရဲစခန်းလည်း တိုင်လို့မရ။လူပျောက်ကြေငြာလည်း ထည့်လို့မရ။

ဝက်ဝံလေး said...

ဖေသားကြီးရေ အဲဒီ အဘိုးကြီးနဲ့ စကားပြောတာလေး သဘောကျတယ် ဗျ ဟားဟားးးးး
ဟိုကားရော
ဟိုကောင် ယူသွားပြီ
ဟားဟာားးးး ဟိုတွေချည်းပဲ ရီလိုက်ရတာ ဟားဟားးးးးး

အယ် ပါးလုံးမလာသေးဘူး အိန်ကျယ်ရာ ပျောက်နေတယ် ဖွားကိရော တိန်တိန်

ခြေလှမ်းသစ် said...

ကိုသားကြီးရေ အခုမှပြန်လာတယ်ဆိုလို့ နံပါတ် ၁ လေးများ ရမလားလို့ လိုက်လာတာ နောက်ကျသွားပီ .. ဘာပဲဖြစ်ဖြစ်ပါ ပြန်လာတာ ၀မ်းသာပါတယ်ဗျာ..

chit palone said...

ကိုသားကြီးရေ စာဖတ်ပြီး ရယ်သွားတယ် ရယ်သွားတယ်ဆိုတာက ရယ်ပြီး သွားနေတာမဟုတ်ဘူးနော် အဟိ။ ဟိုတခါ သေသွားလို့ သရဲကြောက်တယ်ပြောတဲ့ အဘိုးကြိးလားဗျ အဟိ။
ဟေ့ ဝက် ငါဒီမှာဟ နင်မသိအောင်လာရတာဟ တော်ကြာနင်က ငါ့မြင်မှ ဘူလွှတ်နေမှာစိုးလို့။ နင့်ရဲ့ ဘူ ဘူသိုင်းကိုတော့ ကြောက်သား အဟိ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

ဝက်ဝံလေး said...

ဟေ နင်ကလဲ နင်ပြောမှ ငါ ဘူ လုပ်ဖို့ သတိရတယ် ဟေ့ ဟားဟားးးးး ဝမ်းသာအားရစွာ ဘူ ဘူ ဘူ လုပ်ခဲ့ပါတယ် ဟိဟိ

ဖေသားကြီးရေ နှာခေါင်းပိတ်ထားပါဗျိုးးးးးးးးးးးးး

ကောင်လေးငယ် said...

ကိုသားကြီးရာ..လူငယ်တွေထက်မိုက်တဲ့ ကြီးမိုက်ကြီးတွေက တော်တော်များများရှိကြပါတယ်...
သံပုရာသီးမျိုးတွေပေါ့လေ..ကြီးလေချဉ်လေဆိုတာမျိုးပေါ့....အဲလိုလူမျိုးတွေနဲ့ ဆက်ဆံရရင် တော်တော် ဂွကျသဗျ..နော..
မလေးမစားပြောလိုက်ရင်လည်းရိုင်းရာကျပြန်ရော
အဲ...လေးစားလို့ကလည်းမရ...နဲ့..ဟူး..
သူတို့နဲ့တွေ့ရင် အနည်းဆုံးတော့ မချိသွားဖြဲလေးတော့
လုပ်လိုက်ရတယ်...နော်...

chit palone said...

အောင်မယ် ဝက်တော့ နာတော့မယ် ကိုသားကြီးရေ ခွင့်လွှတ်ပါနော်
ဟေ့ ဝက် ငါမအားလို့နောက်ကျတာနဲ့ နင်ဆေးမသောက်ထားဘူးမဟုတ်လား ငါပြောတယ် ဆေးကိုလှုပ်သောက်ပါဆို။ ဆေးတော့လှုပ်မသောက်ဘူး။ အခုတော့ဖောက်လာပီဟုတ်။ နေဦး ဆိတ်နဲ့ ဒယ်ဒယ်မြစ်ကို စစ်ကူခေါ်ပြီးမှ နင့်ကိုလာဖမ်းတော့မယ်။ ဒယ်ဒယ်မြစ်ကလည်း သူ့သာမီးလေး ပျောက်နေတာ မသိဘူးထင်တယ်။

ဝက်ဝံလေး said...

ဒက်ဒီမြစ်က နင်ပေးတဲ့ ကြက်ကို စားနေလောက်ပြီ အခုချိန်မှာ ခြင်ထောင်ထဲမှာ အဟီးးး(ဖေသားကြီးရေ သိချင်ရင် ကိုမြစ်ကျိုးအင်းကို တိတ်တိတ်လေးသွားမေးနော် ဟိဟိ)
ဖွခဲ့ပြီ ဒက်ဒီမြစ်ရေ ဟဲ့ ဆိတ်မ ဘယ်ရောက်နေတုံး သူ့မလဲ ဘော်လီကပ် ၄ ယောက်နဲ့ လက်မလည်ဘူးထင်ပါ့ ဟားဟားးးးးး ဘဲမ နော် နင် ငါ့ကို ဖမ်းလို့ရမယ် မထင်နဲ့ ငါက မြေလျှိုးမိုးပျံ တတ်တယ် သိလား ငါ ခြေထောက်နာနေလို့ မဒုန်းးး နိုင်ဘူး ဒါတောင် တဒုန်းးးးပဲရမယ် ဒုန်းးးးးးးးး ပြန်မယ်

chit palone said...

ဝက်ကလည်း ဒါများ မခက်ပါဘူး ခြေထောက်တချောင်း မြှောက်ထားပေါ့။ ကိုသားကြီးပြောသလို နင်ကအစားပုတ်တယ်ဆိုတော့ ဆန်ကုန်ရင်ကုန်မယ် မြေတော့မလေးတော့ဘူးပေါ့ ဟုတ်ဘူးလား အရပ်ကလည်း ရှည်တယ်ဆိုတော့ အတော်ပဲပေါ့။ နင်ကကိုယ့်ဒယ်ဒယ်ကို ကိုယ်အဲ့လိုမပြောရဘူးလေ။ ဒယ်ဒယ်သိရင်တော့ မိုးမီးလောင်တော့မယ် ဆိတ်လည်း နင့်အတွက် ပြောင်းဖူးရိုးရှာနေတယ်ထင်တယ်။ ငါအခု သူကြီးဆီက ခြောက်လုံးပြူးသွားဌားလိုက်ဦးမယ်
ကိုသားကြီးကို အားနာလျှက်
ညီမလေး ပါးလုံး

ဝက်ဝံလေး said...

ဒက်ဒီမြစ်ရေ ကယ်ပါ မီးကို ကယ်ပါ မီးကို သူတို့ ၂ ကောင်က ရေနွေးအိုးတည်ပြီး ဆူရင် ပေါ်တော့မလို့တဲ့ ပြီးတော့ ပြောသေးတေယ် အိန်ကျယ် (ဆိတ်မ)က ဝက်ခြေထောက်စားချင်တယ် တဲ့ ဟီးးးးးး ရွံဘူးလားမသိဘူး သူတို့မို့ ဝက်က ရွှံလူးတယ် ပြီးတော့ ခြေထောက်မှာလဲ အမွှေးတွေ တလပျစ်ဟာကို နော် ဒက်ဒီနော်

ဘဲမက ဝက်ခေါင်းကို တပြားမှမလျှော့ဘူးတဲ့ အီးးးဟီးးးးးးးးးး

ဖေသားကြီးရေ ကယ်ပါ ကယ်ပါ

မြစ်ကျိုးအင်း said...

ကဲ ... ငြိမ်ငြိမ်နေကြစမ်းပါ အငယ် နှစ်ကောင်ရယ်

ဒီမှာ စာအေးအေး မဖတ်ရဘူး

chit palone said...

ဝက်ခေါင်းကြိုက်တာကိုးဟ ဆိတ်ပြောသလို လျှာကိုတော့ သေသေချာချာလေး ရေနွေးပွက်ပွက်ဆူနဲ့ ပြုတ်ရမယ် ပီးမှ သုတ်စားမယ်။ ဟိ တုတ်ထိုးဆိုလည်း မဆိုးပါဘူး။ ဒါက ဝက်သွားရမယ့်လမ်းပေါ့ ဟိ။ နင်အင်္ဂါဂြိုလ်ပြေးတောင် မလွတ်ဘူး။ နင်ကြောက်လို့ နေ့တိုင်း တနေ့တနာရီ ဘုရားရှီခိုးနေတယ်မဟုတ်လား မမှီတော့ဘူး ဝက်ရယ် ချိတ်ကောင်းဝူးးးးးးးအခု သူကြီးလူထွေးဆီက သေနတ်လည်းဌားလာပီ ပြောင်းဖူးရိုးလည်းရလာပီ အတော်ပဲ ဟိ
ကိုသားကြီးကိုအားနာလျှက်
ညီမလေး ပါးလုံး

မြစ်ကျိုးအင်း said...

ဖတ်ထားတဲ့စာတွေတောင် ပြန်မေ့သွားတယ်

ဝက်ဝံလေး said...

တော်ပြီ တော်ပြီ ကြာကြာဆက်နေရင် ငါ လုံးပါး ပါးတော့မယ် ပြန်မယ် ဒုန်းးးးးးးးးး တဒုန်းးးးးပဲရမယ် ခြေထောက်နာနေလို့ တာ့တာ

chit palone said...

ငါလည်းပြန်ပြီ မနက်နင့်ကို ပေါ်ဖို့ အခုအိပ်ရေးဝမှဖြစ်မယ် အဟိ။

မြစ်ကျိုးအင်း said...

ဆန်ကုန်မြေလေး တွေဆိုတာ မလိုသူတွေပြောတာပါ
ကမ္ဘာကြီးက လူတွေ ရှိနေလို့ အပျင်းပြေနေတာလေ...။

အတွေးရော အရေးရော လန်းတယ်...။အလန်စမစ်ပဲ...။

မဖတ်ရတာကြာလည်း အရင် လက်ရည် အတိုင်းပဲ....။

မပြန်သေးခင် ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းကြတာပေါ့။

မိုးခါး said...

ကမ္ဘာကြီးလည်း ပျင်းနေရှာရော့မယ်
ကိုသားဂျီး ရှိပေလို့
မဟုတ်ရင် ပိုပျင်းမှာ
ခုတော့ စကားပြောဖော်လေးနဲ့ မေးထူးခေါ်ပြောလုပ်မယ့်သူလေး ရှိနေလို့ :D
အများအားဖြင့်က နင်းသွားဖို့လောက်ပဲ စဉ်းစားတယ် .. အင်းလေ .. လူတွေကလည်း သူ့အလုပ်နဲ့သူဆိုတော့ ဂရုမစိုက်အားဘူးထင်ပ ..
ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးကို ဂရုစိုက်လိုက်ပါ
သူ အသက်ကြီးဘီလေ :D
ကြုံရင်မေးပေးပါဦး
မိုးခါးတို့ကိုလည်း ထမ်းထားရတာ လေးသလားလို့း))
မလေးဘူးပြောရင်တော့ ပြန်ပြောပ
လေးတယ်ဆိုရင်တော့ မသိချင်ယောင်ဆောင်ပြီး ပြန်မပြောနဲ့တော့
မိုးခါးလည်း ခြေချစရာ ဒီမြေကြီးပဲရှိလို့ပါ .. :D

kiki said...

ကျုပ်လဲ ထမင်းမစားတာ ၂ရက် .. လျှောဘရာသား ဖြစ်နေတာ လည်း ရှိသေး.. ဒါဆိုရင် ဆန်လည်းမကုန် . မြေလည်းပေါ့ သင့်တာပေါ့ ကွယ် ..
ကိတ်ဝင်းစလက်တော့ ကြည့်တော့ဘုး . ကိတ်မုန့်ပစ်သလက်လေးရှိရင်တော့ ဝါးချင်တယ် ။ ပါးလုံးလေးနဲ့  ဝက်လေး မတွေ့ ခင် ဒီကို လှမ်းပေးလိုက်နော် ..
မခြောက်သေးတဲ့  အတွင်းခံ ဘောင်းဘောင်းတွေ သေချာ ခြောက်အောင်လှမ်းပါ မောင်သားကြီး ... မိုးတွင်းဆို မှိုတက်လွယ်တယ် ..
ဆေးလိပ်ဖြတ်ချင် ဖြတ်ပေးမယ် ..သင်တုန်းဒါး အသစ်ချက်ချွတ် ရှိတယ် .. လာခဲ့  ..ဟဲ ဟဲ..

Angel Shaper said...

ဝေးးးးးးးးး
၂၇ ရတာပါလားဟ။

Anonymous said...

ဘူဒူပြေားတာလဲ ငါ့ကိုကြိးကို ဆန်ကုန်မြေလေးလို့ 
မခံဘူးနော် ကိုကြီးပဲခံပါစေဟဟား
စာတွေဆက်တိုက်ဖတ်ရပြီပေါ့နော့

Angel Shaper said...

၂၈။ အဟိ.. ရရာနေရာ ယူတယ်။
အော် အပေါ်က သတ္တ၀ါနှစ်ကောင်...
တိတ်တိတ်နေကြစမ်းးးးးးးးးးးးးးးးးးးးးးးးး
သမီးကြီးလာပြီနော်။၏
ဘယ်မလဲ ၀က်တုတ်ဖို့ကြိုးးးးးးးး
ဘယ်မလဲ ဘဲကင်ဖို့မီးးးးးးးးးးးးးးးးးး
ဟူးးးးးးးးးးး
ဒီနှစ်ကောင်...လွှတ်လို့ လိုက်ဖမ်းတာ ဒီမှာလာသောင်းကျန်းနေကြတာကိုးးးးးးးးးးး
နေဦး နေဦး... ငါ့ရေနွေးလဲဆူပြီ။
ကိုသားကြီး အိပ်နေတယ်နော်။ တိတ်တိတ်နေကြ။
သူနိုးလာရင် အရက်နဲ့မြည်းဖို့ ဘဲကင်ပြီး၊ ၀က်ပေါ်လိုက်ဦးမယ်။ ဟူးးးးးးးးးးးး
ပင်ပန်းထှာနော့်။

Angel Shaper said...

သမီးကြီးရဲ့ အကိုတော် ကိုသားကြီးက
ဆန်ကုန်မြေလေးဟုတ်ပါဘူးတော်။
ဆန်မလောက် မြေပန်းပါ။ ဟဲဟဲ
ဆန်မလောက်ဘူး။ မြေလဲ ပင်ပန်းတယ်။ ဟုတ်သလားမသိ။
အိ... သာမီးအကိုကို ဘီတူပေါတာလဲဟမ်...
အဲဂလိုကြီးးးးးး ဟင့်ဟင့်

Angel Shaper said...

ကိုသားကြီးရေ...ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်တော့မယ်ပေါ့လေ။
သူမမွှန်အောင် ဆေးလိပ်ဖြတ်တယ်ဆိုတာကောင်းတယ်။
သူမျက်စိမနောက်အောင် သေချာဂရုစိုက်ကြမယ်နော်။ ဟဲဟဲ
ဖတ်လို့သိပ်ကောင်းးးးးးး
ကိုသားကြီးလက်ရာ အရင်ကထက်တောင် ပိုကောင်းလာတယ်။ မုန့်ဝယ်ကျွေးးးးးးးးးးးးးးးး

Angel Shaper said...

အသက်၄၀လူကြီး ထွက်သွားတာ တော်သေးတာပေါ့။
မဟုတ်ရင် မြေကြီးခေါင်းစားနေမယ်သူ့အတွက်။ ဟုတ်တယ်ဟုတ်။ ဟိဟိ
တကယ် ဖတ်လို့ကောင်းတယ်ဗျာ။။။။

အနော် said...

အကိုသားကြီးရေ အစားအသောက် နည်းလာတယ်ဆိုတော့ နေမကောင်းလို့လားဗျို့
ကျန်းမာရေးကိုတော့ ဂရုစိုက်ပါ အကိုရာ
ကိုယ်က ရပ်ဝေးမြေခြားမှာနေရတာ မကျန်းမာရင် ကိုယ်ပဲ အားငယ်ရမှာ
ဆန်ကုန်တာပဲဖြစ်ဖြစ် မြေလေးတာပဲ ဖြစ်ဖြစ်
ကမ္ဘာကြီးက အပြစ်မတင်ပါဘူး လူတွေကသာ ဟိုပြောသည်ပြော လျှောက်ပြောချင်ကြတာ ဘာမှတွက်မနေနဲ့ သိလား အကို :)
ဟိုအဘိုးကြီးက အတွင်းခံဘောင်းဘီတွေခိုးတယ်ဆိုတော့ သူ့ဝါသနာကလဲ တစ်မျိုးနော် ဟိဟိ
ကောင်မလေးတွေလဲ သနားပါတယ်နော်
ဟုတ်တယ်နော် ကမ္ဘာကြီးက သိပ်ပင်ပန်းနေပီ
အဲ့ဒီအတွက် အကိုသားကြီး ဆေးလိပ်ဖြတ်တာကို ဝမ်းသာအားရကြိုဆိုလိုက်ပါတယ်ဗျို့ :))

ရေတမာ said...

ဗျိုးးးးးးးးး ကိုသားကြီး အကိုကမှ မေးဖော်ရသေးတယ်နော်။ ဒီလောက်ကောင်းတဲ့ အရသာကို စွန့်ပစ်တော့မလို့လား ;P ကမ္ဘာကြီးနဲ့တွေ့ရင် ပြောပေးပါ လေးစားပါတယ်လို့

စည်သူ said...

ဟဲဟဲ.. ကိုက ကမ္ဘာကြီးကို လေးစားလို့ နာလည်လိုက်တာ နှစ်အတော်ကို ကြာရောပေါ့..း)

အရေးအသားက လန်းတယ် ကိုဘစ်(ခ်ျ)ဆန်းရေ
ဖြတ်မယ်ဆိုတော့.. ကောင်းတယ်ပေါ့

ဗူးထဲက ကုန်အောင်ဖြတ်တာတော့ ဟုတ်လောက်ပါဘူးနော်..းP


this is my ရင်ဘတ် and u can leave your ခြေရာ
But, not ဖနှောင့် :P thank you..

[J[J..ဟဲဟဲ..း)

စိမ်း... said...

ဘာပြောရမှာလဲ မသိဘူးနော်...
ဘာပြောသင့်တာလဲလည်း မသိဘူး...
ဘာပြောချင်တာလဲလည်းမသိဘူး... ကိုယ့်ကိုကိုယ်ပြောပါတယ်...
သေချာတာတစ်ခုက ၂၀၁၂ ရုပ်ရှင်ကားကို ကြည့်ချင်တယ်... သွားကြည့်ဖြစ်မှာသေချာပါတယ်... :)

နှင်းနဲ့မာယာ said...

2012 ကိုတွေးတွေးပြီးကြောက်နေတာ
သူရေးမှပဲ ပိုလို့ကြောက်သွားတယ်
ကမ္ဘာမြေကြီးက ဒဏ်ရာတွေ ဗလပွနဲ့
သနားပါတယ်နော်....

နှင်း

linn said...

ဖတ်ချင်တယ်.ရေးခဲ့ပြီး ၃၈ ကျမှ ဖတ်ရတယ် ..ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာမြေကြီးပေါ်မှာ ပြန်ရောက်လာတဲ့ အတွက်ရော စာတွေ ပြန်ရေးတဲ့အတွက်ရော အထူးပင် ၀မ်းသာပါကြောင်း...

ဆောင်းနှင်းရွက် said...

ဖတ်လို့ ကောင်းတယ် ဗျာ ..

ကမ္ဘာကြီးက
သူသာ ငုတ်တုတ်ထိုင်ပြီး
ပျင်းနေပေမယ့်
လူသားတွေကို တော့
စိတ်ညစ်စရာတွေ ပေးသလို
ဖျော်ဖြေမှု့တွေ ပေးနေလို့
လူသားတွေကို
ရသ ပေါင်းစုံ အသက်ရှုခိုင်းရင်း
နေပျော်အောင်
စွမ်းဆောင်နိုင်တယ်နော် ..။

အခုမှ
ပထမဆုံး
ကိုသားကြီး ဖတ်ဖူးပေမယ့်
ရေးထားတာ အရမ်းကောင်းတယ် ..

linn said...

ကိုသားကြီးရေ ...
မနေ့က မေ့သွားလို့ ဆေးလိပ်ဖြတ်မယ် ဆိုတာ တစ်လိပ်နဲ့ တစ်လိပ်ကြားကို ဖြတ်မယ် ပြောတာလား..ဟင် ..

ခရေညို said...

စာပြန်ရေးတာ အရမ်းဝမ်းသာပါတယ်။
2012 ကိုတွေးတွေးပြီးကြောက်နေတာ
သူရေးမှပဲ ပိုလို့ကြောက်သွားတယ်

မေသစ္စာမောင် said...

လူတွေတင်မက ဆန်ပါ
ထမ်းထားရတာ မြေလေးနေမှာဆိုတာနဲ့
ထမင်းပိုစားပေးလိုက်ပါတယ်.....

အခုတော့ ဆန်ကုန် မြေမလေး မဟုတ်
ဆန်ကုန်မြေလေး ဖြစ်ရပြန်ပါရောလားးးးးးးး

rose of sharon said...

ဖြတ်.. ဖြတ်... ဖြတ်မယ်လို့ဆုံးဖြတ်ပြီးရင် ပြတ်အောင်သာဖြတ် :P

ကိုရင်နော်ခင်လေးငယ် said...

“this is my ရင်ဘတ် and u can leave your ခြေရာ
But, not ဖနှောင့် :P thank you..”

တော်တော်ထိတဲ့ စကားပဲ..း) ကမ္ဘာကြီးကလည်း ကျနော်တို့ကို ဒီလိုပဲ ပြောလိမ့်မယ်..

ဒီပိုစ့်လေးကို လေးလေးနက်နက်ကို ဖတ်ပါတယ် သားကြီးရေ..

ကမ္ဘာပျက်၊ မပျက်.. အသာထား.. ကမ္ဘာကြီး ကျန်းမာရေး မကောင်းတာတော့ သေချာတယ်.. သူ့ကို သိပ်မလေးတော့အောင် ကျနော်တို့ရဲ ရင်ထဲက ဒေါသတွေ၊ မောဟတွေ၊ လောဘတွေ နည်းနည်းစီ လျော့ကြဦးစို့..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

မိုးမောင် said...

တောတော်လေး သဘောကျသဗျာ။ တကယ့် အက်ဆေးကောင်းလေး ဖတ်ရလို့ ကျေးဇူးပဲ။

ballonlay said...

အရေးအသားလေး အရမ်းကောင်းတယ်.. သဘောကျတယ်ဗျို့ :D

promyanmar said...

မိုက်တယ်... ဒါနဲ့ အဲ့အဖိုးကြီး ထပ်လားသေးလား? =)
အောက် က ၂၀၁၂ ရန်ကုန်ဆိုတာလည်းတော်တော်မိုက်ဗျ လုပ်ထားတာ... =)

Witt Hmone said...

အားပေးသွားပါတယ်...

 
©2009 ♬သားကြီး♪ | by TNB