ငါ့ကောင်းကင်မှာ နက္ခတ်တွေ ကြမ်းပြီး
ငါ့လမ်းက တောင်ပြိုနေတယ်။
ငါ့နောက်ကို ဘယ်သူမှ မလိုက်နဲ့
ဖြစ်နိုင်ရင်...
ငါ့အရိပ်ကတောင် ငါ့နောက်ကို မလိုက်နဲ့။
(တာရာမင်းဝေ)
လပြည့်နေ့
ငယ်ချစ်ဦးရဲ့အလွမ်းကဗျာ
...အတိတ်တစ္ဆေ စိတ်ကြေလေလွင့်
သခင့်အသည်း လွင့်ဝဲဝေသီ
တွေ့နိုးမျှော်မှန်း ရော်ရမ်းလွမ်းတ ပြန်ဆုံရဖို့
ညအလီလီ နာရီမခြား
ဆုတောင်းအားငယ် မျက်ရည်နယ်ထဲ
မပျော်ရဲဘူး အချစ်ဦးရယ်
သံယောဇဉ်ဆူး ရင်မှာစူးပေါ့
အကြင်နာဦးရဲ့ ရူးလှပြီ..။
ရေးသူနာမည်ကို မမှတ်မိတော့ဘူး ကဗျာခေါင်းစဉ်ကိုလည်းမမှတ်မိတော့ဘူး
မှတ်မိတာတစ်ခုကတော့ ကောင်မလေး ဟိုးအဝေးကိုရောက်နေခဲ့တဲ့အချိန်မှာ သူမကိုလွမ်းတဲ့စိတ်နဲ့ ဒီကဗျာကို ကျနော်အလွတ်ကျက်ခဲ့ဖူးတယ်... စိတ်မကောင်းစရာပဲ... ခုကောင်မလေးမှာကလေးနှစ်ယောက်နဲ့..:P
မိုး
ချစ်သူရေ
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။
ကိုရွှေမုတ်သုံလေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။
အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။
အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။
ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။
အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။
လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။
ငါတို့ရဲ့ မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။
တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ
"မ......နဲ့"
မခင်ပါနဲ့
ခင်ပြီးရင်မခွါတတ်လို့ပါ
မချစ်ပါနဲ့ ချစ်ပြီးရင်မမုန်းတတ်လို့ပါ
မခွဲပါနဲ့
ခွဲပြီးရင်ပြန်မတွေ့မှာစိုးလို့ပါ
မမေ့ပါနဲ့
မေ့ပြီးရင်ပြန်သတိမရမှာစိုးလို့ပါ
မမုန်းပါနဲ့
မုန်းပြီးရင်အမြဲတမ်းတကျန်တတ်လို့ပါ
"အာ...စိုးရိမ်တတ်ရန်ကောလို့လည်း
မပြောပါနဲ့လားချစ်သူ
မပြုံးပါနဲ့
ပြုံးပြီးရင်ထာဝရစွဲကျန်တတ်လို့ပါ
မလွမ်းပါနဲ့
လွမ်းပြီးရင်တမ်းတမှုတ္မေကုန်သွားမှာစိုးလို့ပါ
မရေးပါရစေနဲ့
ရေးမိရင်ကဗျာဖြစ်သွားတတ်လို့ပါ
မညည်းပါရစေနဲ့
ညည်းမိရင်သီချင်းဖြစ်သွားတတ်လို့ပါ
"အင်း...နားလည်မူတွေလည်းမရပ်လိုက်နဲ့
မေတ္တာတရားတွေလည်းမလျှော့လိုက်နဲ့
အသည်းနဲ့ထပ်တူ ထာဝရရှိနေပါစေချစ်သူ
(ကိုသူ)