Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts

just like heaven


ပြီးခဲ့တဲ့ရက်တွေကအခန်းမှာ pc ကမရှိ psကမရှိနဲ့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ဒီနိုင်ငံကလွှင့်တဲ့တီဗွီချိုင်နယ်တွေကိုပဲပတ်ပြီးကြည့်နေမိတော့တယ် မှတ်မှတ်ရရ အင်္ဂါနေ့ည၉နာရီလောက်မှာ TV 2ကပြတဲ့ just like heaven ဆိုတဲ့ကားလာတော့ ထိုင်ပြီးကြည့်နေလိုက်တယ် Reese Witherspoon ကElizabethအဖြစ်သရုပ်ဆောင်ပြီး Mark Ruffaloက Davidအဖြစ်နဲ့သရုပ်ဆောင်ပါတယ် ဆုံစည်းမှုခပ်ဆန်းဆန်းအချစ်ဇာတ်လမ်းလေးပါ များသောအားဖြင့်အချစ်ဇာတ်ကားတွေကို ကျနောကြည့်လေ့ကြည့်ထမရှိဘူး ဒါပေမယ့်ဒီကားကိုတော့ အစကနေအဆုံးထိကိုတရှိုက်မက်မက်ကြည့်ဖြစ်သွားတယ်
သူမအလုပ်လုပ်တဲ့ဆေးရုံကနေအပြန်လမ်းမှာElizabethဟာကားအက်ဆီးဒင့်ဖြစ်သွားခဲ့တယ် elizabethအရင်နေခဲ့တဲ့အိမ်ကိုdavidကပြန်လာငှားနေတယ် တစ်ညမှာတော့ ကောင်မလေးတစ်ယောက်ရုတ်ခနဲပေါ်လာပြီး ဒါဟာသူမနေရာဖြစ်ကြောင်း အမြန်ဆုံးထွက်သွားသင့်ကြောင်း မထွက်ရင် ရဲခေါ်ရမည်ဖြစ်ကြောင်း davidကိုခြိမ်းခြောက်ပြီး ရုတ်ခနဲပြန်ပျောက်သွားပါတယ် davidလည်းကြောင်တောင်တောင်ဖြစ်ကျန်ရစ်တယ် နောက်ညတွေမှာလည်း ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေတဲ့ကောင်မလေးဟာ မရိုးဘူး သရဲဖြစ်နိုင်ကြောင်းdavidကရိပ်မိပြီး ရှိသမျှပယောဂဆရာတွေရော ခရစ်ယာန်ဘုန်းကြီးတွေပါအကုန်ပင့်ပြီး ဝိညာဉ်ကိုနှင်ပါတယ် ဒါပေမယ့်ဘာမှထူးမလာပါဘူး စပ်ဖြဲဖြဲနဲ့ကောင်မလေးက ပေါ်လာလိုက် ပြောချင်ရာပြောပြီးပြန်ပျောက်သွားလိုက်နဲ့ရှိနေတုန်း ကြာလာတော့ davidနဲ့လည်းခင်သွားကြတယ် ကြောက်ရကောင်းမှန်းလည်းမသိတော့ဘူး အဲလိုနဲ့တနေ့မှာ ဆေးရုံတစ်ခုကိုရောက်သွားတော့ လူနာကုတင်ပေါ်မှာမျောနေတဲ့ကောင်မလေးတယောက်ကိုdavidတွေ့လိုက်ရတယ် အဲဒါသူ့နေတဲ့နေရာက ဝိညာဉ်ရှင်ကောင်မလေးပါပဲ နောက်မှဆရာဝန်တွေကိုမေးကြည့်တော့ ကောင်မလေးဟာelizabethဖြစ်ပြီး ကားအက်ဆီးဒင့်ကြောင့် သတိမေ့သွားခဲ့တာအလွန်ကြာပြီဖြစ်ကြောင်းပြောပါတယ် elizabethဟာသေဆုံးသွားတဲ့ဝိညာဉ်မဟုတ်ဘဲ မျောပြီးစွဲလန်းစိတ်နဲ့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်နေတဲ့ဝိညာဉ်ဖြစ်ကြောင်းdavidသိလိုက်တယ် ။အဲဒါနဲ့ ကောင်မလေးပြန်သတိရလာအောင် davidအစွမ်းကုန်ကြိုးစားပါတော့တယ် ဝိညာဉ်လေးကိုလေး davidအနေနဲ့ချစ်နေမိပြီဖြစ်ကြောင်းဖွင့်ပြောလိုက်မိတယ် ဝိညာဉ်ကောင်မလေးလည်း ရိုးသားတဲ့davidကိုသံယောဇဉ်ရှိနေခဲ့ပါပြီ ဒါပေမယ့်နောက်ဆုံးတစ်ရက် ဆေးရုံမှာ ကောင်မလေးသတိပြန်လည်လာတော့ ဝိညာဉ်ဘဝက သံယောဇဉ်ရှိခဲ့တဲ့ davidကိုလုံးဝမမှတ်မိတော့ပါဘူး သူ့ကိုသိလားလို့ဝိုင်းမေးတော့elizabethက မသိဘူးလို့ခပ်ပြတ်ပြတ်ပဲပြန်ဖြေခဲ့ပါတယ် davidလည်းဆေးရုံကနေဝမ်းနည်းကြေကွဲပြီးလှည့်ပြန်ခဲ့ရတယ် တကယ်ကြွေဖို့ကောင်းတဲ့အခန်းပေါ့ဗျာ ဒါပေမယ့်သူတို့ထုံးစံခပ်ပါးပါးလေးပဲရိုက်ပြသွားပါတယ် စိတ်တော့မပူပါနဲ့ ဆွေးစရာ နာစရာမပါပါဘူး happy endingပါပဲ အချစ်ဇာတ်လမ်းကောင်းတွေကြိုက်ရင် ဒီကားကိုကြည့်ဖြစ်အောင်ကြည့်လိုက်စေချင်တယ် ဒီမှာတော့ လိုရင်းတိုရှင်းလောက်ပဲကျနော်ရေးထားပါတယ် ။
ကြည့်ဖူးပြီးသားဆိုရင်တော့ဆောရီးပေါ့ဗျာ တော်ကြာသားကြီးက လူတတ်ကြီးသိပ်လုပ်လွန်းတယ်ဖြစ်နေဦးမယ် ကျနော်ကခုမှကြည့်ဖူးလို့ပါ youtubeနဲ့ အိုကေရင်တော့ဒီမှာပဲကြည့်လိုက်ပါ။

hip hopလောကအားတောင်းပန်ပါ၏

ကျနော်ဟစ်ဟော့ရဲ့ပရိတ်သတ်တစ်ယောက်ပါ ဟစ်ဟော့ကိုလှောင်ချင်လို့မဟုတ်ပါ MMcyberကတွေ့လို့တင်လိုက်တာပါ
ဒါဟာဟစ်ဟော့လောကကိုထိခိုက်စေတယ်လို့ယူဆရင်တော့ ဆီဗုံးမှာဖြစ်ဖြစ် ကွန်မန့်မှာဖြစ်ဖြစ်ကွန်ပလိန်းတက်ပေးပါ ကျနော်ပြန်ဖျက်ပါ့မယ်

မရှိလို့တောင်းစားတဲ့လူထက်စာရင် ရှိရှိကြီးနဲ့ခြိမ်းခြောက်အနိုင်ယူတတ်တဲ့လူတွေကမှသာပြီးမုန်းဖို့ကောင်းသေး အဲဒီလူတွေကမှအကြီးစားသူတောင်းစားတွေဖြစ်တယ်။
ဟောဒီမောင်နှမတွေကတော့အဆိုရှင်တွေဖြစ်တယ် ဘဝပေးမလှပေမယ့်စိတ်သန်ရာဂီတနဲ့ဝမ်းရေးကိုဖြေရှင်းတယ် ဒါဟာဘဝပဲဖြစ်တယ်။
ဟိုဟာတွေကတော့ လဒ(လင်းတ) ပဲဖြစ်တယ်။
shit!!!ပြောရင်းဆိုရင်းဆဲချင်လာပြီ .....စကောလောက်မှဇောက်မနက် မဖျစ်ညစ်ကျယ်ချီးဗိုက်ဥာဏ်နဲ့လောကကိုမှောင်အတိချဖို့ကြိုးစားနေတဲ့လူတွေထက်စာရင်... ဟောဒီအဆိုရှင်လေးသုံးဦးဟာ.. ကိုးဆယ်ဆသာကြောင်းပါခင်ဗျာ... ကိုးဆယ်ဆ... ကိုးဆယ်ဆ ။

dead alive


လေးတန်းကျောင်းသားဘဝကထင်တယ် တနင်္ဂနွေပိတ်ရက်တစ်ရက်မှာသူငယ်ချင်းနဲ့အတူသူတို့ရပ်ကွက်ထဲကဗွီဒီယိုရုံမှာဒီကားကိုကြည့်ရတာ အဲဒီတုန်းကကြောက်လိုက်တယ်ဆိုတာ တချို့အခန်းတွေဆိုမျက်နှာကိုလက်နဲ့အုံ့ထားရတယ် မကြည့်ရဲဘူး
အဲဒီကားလည်းကြည့်ပြီးရော နှစ်ရက်လောက်အိမ်သာကိုတစ်ယောက်တည်းမသွားရဲတော့ဘူး
ဒီမှာဝင်ကြည့်လိုက်ပါ

the maid


စင်္ကာပူမှာအိမ်ဖေါ်သွားလုပ်တဲ့ ဖိလစ်ပိုင်မတစ်ယောက်ရဲ့အတွေ့အကြုံကိုဇာတ်လမ်းဆင်ထားတာပါ
ဒီမှာပဲနှိပ်ပြီးကြည့်လိုက်ပါ နေကောင်းသွားမှာပါ

the shutter


လက်တို့ပြီးတော့ပြောပါရစေဦး
youtubeနဲ့အဆင်ပြေရင် ဒါလေး ကိုလည်းနှိပ်ပြီးကြည့်လိုက်ပါ နေကောင်းသွားမှာပါ

သဲထိတ်ရင်ဖို


ညကဘာစာမှမရေးဖြစ်ဘူး၊ ဘာရေးရမယ်မှန်းမသိလို့။ Qတဲ့အလုပ်လည်းမလုပ်ဖြစ်ဘူး ၊Qရင်းနဲ့ပျင်းသွားလို့။
အဲဒါနဲ့youtubeကရုပ်ရှင်ဇာတ်လမ်းတစ်ခုတွေ့တာနဲ့ ထိုင်ကြည့်နေလိုက်တယ်
ကျနော်ကရိုးရိုးဇာတ်လမ်းတွေကြည့်ရတာပျင်းတယ် နည်းနည်းခပ်ဆန်းဆန်း ခပ်ပေါပေါတွေကြိုက်တယ်
မြန်မာပြည်မှာကတည်းက သူငယ်ချင်းတွေစုပြီး အခွေငှားကြည့်ကြမယ်ဆိုရင်တောင် အခွေငှားတဲ့တာဝန်ကျနော့ကိုမပေးဘူး
ကျနော်ငှားတဲ့အခွေက သရဲကားက ခပ်များများကိုး..
နိုင်ငံခြားသရဲကားတွေကြည့်ရင်အားလုံးသိကြတဲ့အတိုင်း သူတို့ဆီကzombieတွေက လမ်းလျှောက်ရင်ထော့နဲ့ထော့နဲ့ နှေးစိနှေးလန်နဲ့
ကြောက်ဖို့တော့ကောင်းတယ် ဒါပေမယ့်နှေးလွန်းတယ်... ညကကြည့်တဲ့ကားကျတော့ zombieတွေကလူကိုလိုက်တာမြန်မှမြန်ပဲ
ဇာတ်လမ်းက တစ်မြို့လုံးzombieဖြစ်သွားတဲ့အချိန်မှာ shopping mallကိုရောက်လာတဲ့လူတွေက zombieတွေပြည့်နေတဲ့မြို့လမ်းကနေဖေါက်ထွက်ဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ သဲထိတ်ရင်ဖိုပရိတ်သတ်အကြိုက်ပေါ့ dawn of the deadပါ ကြည့်ဖူးပြီးသားဆိုရင်တော့လည်းဆောရီးပေါ့ဗျာ ကျနော်ကခုမှ ကြည့်ရလို့မျှလိုက်တာပါ
youtubeနဲ့အဆင်ပြေရင်တော့ ဒီမှာနှိပ်ပြီးကြည့်ကြပေါ့ခင်ဗျာ

 
©2009 ♬သားကြီး♪ | by TNB