အချင်းချင်းတွေပါလား

ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်သည်။ ကတုတ်ကျင်းတွင် ဆိုဗီယက်စစ်သားများရှိနေကြသည်။
၎င်းတို့ဘက်သို့ ဂျာမန်တင့်ကားချဉ်းကပ်လာသည်။ ဆိုဗီယက်စစ်သားများ မောင်းပြန်သေနတ်တွေနှင့်ပစ်သည်။
မထိ လက်ပစ်ဗုံးပါကုန်သွားသည်။တင့်ကားသည် လက်တစ်ကမ်းအကွာသို့ရောက်လာသည်။ဤတွင် တစ်ချိန်လုံး မပစ်ဘဲနေသောတပ်သားမိန်းမလျာကို ၀ိုင်းအော် ကြသည်။
``ဟေ့ကောင်..ဘာငေးနေတာလဲ တို့ကို ဒင်းတက်မကြိတ်ခင်မင်းဆီက လက်ပစ်ဗုံးနဲ့ပစ်လိုက်။´´
``ဟင့်အင်းဟင့်အင်း ကောင်လေးတွေ သနားပါတယ်။´´
``ဟေ့ကောင် ပစ်လို့ပြောနေတာမကြားဖူးလား၊မဟုတ်ရင် ဗုံးအစား မင်းကိုငါတို့ပစ်လိုက်မယ်နားလည်လား။´´ ``ဟင့်အင်း ဟင့်အင်း တင့်ကားထဲမှာကောင်လေးတွေရှိနေတယ်လေ..သနားစရာကြီး။´´ ကတုတ်ကျင်းရှေ့တည့်တည့်သို့တင့်ကားရောက်လာသည်။တင့်ကား၏အပေါ်ဖုံးပွင့်သွားပြီး ခေါင်းတစ်လုံးပြူထွက် လာသည်။ဂျာမန်စစ်သားလှမ်းပြောသည်။ ``ကောင်လေးတွေ...နည်းနည်းဖယ်ပေးကြနော်..နို့မဟုတ်ရင် တက်နင်းမိလိမ့်မယ်ကွဲ့။´´

1 comments:

khin oo may said...

ကြင်နာတတ်လိုက်တာ

 
©2009 ♬သားကြီး♪ | by TNB