စာနာစိတ်

စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ်သည်။ လူနာသုံးယောက် ခုတင်တစ်ခုတည်းတွင် ကြပ်ကြပ်တည်းတည်း
အိပ်နေကြသည်။ ၎င်းတို့အထဲကတစ်ယောက်သည် မလှည့်သာ မလှုပ်သာ သဖြင့်
အိပ်မပျော်နိုင်။ကြာသော် သည်းမခံနိုင်တော့သဖြင့် ခေါင်းအုံးကိုဆွဲကာ ကြမ်းပေါ်ဆင်းအိပ်သည်။
အိပ်ပျော်နေသော လူနာတစ်ယောက် မျက်လုံးပွင့်လာပြီး မိမိဘေးတွင် နေရာလွတ်သွားသည်ကိုတွေ့သည်။
သို့နှင့် ကြမ်းပေါ်က လူနာကို လှမ်းပြောသည်။
``ဟေ့...နေရာချောင်သွားပြီ၊လာ..တက်အိပ်လှည့်။´´

1 comments:

khin oo may said...

တယ်လီဖုံးစာအုပ်ကြီးကိုင်ပြိး ဒီဝတ်ထုက ဇတ်ကောင်တွေ သိတ်များတယ် လို့ပြောနေကြတာလဲ ပြောဦးလေ။

 
©2009 ♬သားကြီး♪ | by TNB