ခြောက်အိပ်မက်


သူငယ်ချင်းတွေနဲ့အတူအိမ်ငှားနေတုန်းကအဖြစ်အပျက်ပါ (၁၀)ထပ်ကွန်ဒိုမီနီယံရဲ့(၆)ထပ်မြောက်မှာနေဖို့အဆင်ပြေသွားတယ် ပြောင်းစရက်ကအခန်းရှင်းစရာရှိတာရှင်းပြီ မောမောနဲ့ပဲအိပ်ပျော်သွားတယ်...နိုးလာတော့ သူငယ်ချင်းတွေအားလုံးအလုပ်ဆင်း
သွားကြပြီ။ ရောက်စအခန်းကိုဟိုဒီလိုက်ကြည့်ရင်းနဲ့ ဧည့်ခန်းဘေးကမှန်ပြတင်းပေါက်တစ်ချပ်ကိုအမှတ်မထင်ဖွင့်ကြည့်
လိုက်တော့ ပြတင်းပေါက်တစ်ချပ်လုံးပြုတ်ကျသွားတယ်...တော်သေးတယ် လှမ်းဖမ်းလိုက်တာမိသွားလို့ မှန်တံခါးချပ်ကြီးက
ဘယ်လောက်လေးလဲဆို သူ့အလေးချိန်နဲ့လူတစ်ကိုယ်လုံးကြွပါသွားတယ်...အောက်ကိုငုံ့ကြည့်လိုက်တော့ လမ်းသွားလမ်းလာ
တွေကအများကြီး ကံကြီးပေလို့...ဒီမှန်အလေးချိန် ဒီတိုက်အမြင့်နဲ့ပြုတ်များ ပြုတ်ကျလိုက်လို့ကတော့ မတွေးဝံ့စရာ… မကောင်းသူထိပ် ကောင်းသူထိပ်တွေ “တိန်...တိန်”မြည်သွားပါလိမ့်မယ်။


သူငယ်ချင်းတွေပြန်လာတော့ အဲဒီအကြောင်းပြောပြပြီး အဲဒီပြတင်းတံခါးကိုလည်းအသေပိတ်လိုက်တယ်...ပတ္တာတွေဆွေး
ပြုတ်နေတဲ့ဒီတံခါးကို နောက်ထပ်ဘယ်တော့မှမဖွင့်ကြကြေး....တိုက်ကဆောက်တာဖြင့်မကြာလှသေးပေမယ့်စုတ်တာကဖြင့်ကြာလှနေပြီ။...
အိပ်ခန်းကသုံးခန်း ဧည့်ခန်းကတစ်ခန်း ရေချိုးခန်းအိမ်သာ သီးသန့်ဆိုတော့နေရတာအဆင်ပြေပါတယ်ပေါ့ သူငယ်ချင်းတွေနဲ့ကျွန်တော်နဲ့ကအလုပ်ချိန်မတူကြပါ သူတို့ကမနက်ဆယ်နာရီ
မှာအလုပ်ဆင်းကြပြီး ကျွန်တော်ကညနေပိုင်းသုံးနာရီမှအလုပ်စဆင်းပါတယ် ဒီလိုနဲ့နေလာလိုက်တာ တစ်ရက်မှာတော့ သူတို့အားလုံးအလုပ်ဆင်းသွားကြပြီး ကျွန်တော်တစ်ယောက်တည်းဆက်အိပ်နေခဲ့တဲ့အချိန်မှာ ဒီဇာတ်လမ်းစတာပါပဲ....။


ကျွန်တော့အကျင့်ကညဥ့်နက်မှအိပ်တတ်ပြီးနေစောင်းမှအိပ်ယာထပါတယ် ဆယ်နာရီမှာသူငယ်ချင်းတွေအလုပ်ဆင်းဖို့ပြင်ဆင်
တော့ကျွန်တော်အမြဲနိုးပါတယ်...တစ်ခန်းထဲနေသူငယ်ချင်းထွက်သွားပြီဆိုရင် အခန်းတံခါးကိုအသေဂျက်ထိုးပြီးမှပြန်အိပ်တတ်
ပါတယ်။ ကိုယ့်စိတ်ကြိုက်ပိုးစိုးပက်စက်အိပ်နေတာကို အခြားလူမြင်မှာမလိုလားပါ...ကြည့်၍လည်းကောင်းမည်မထင်ပါ. ကိုယ်ဘာသာကိုယ်အိပ်ချင်သလိုအိပ်နေတဲ့အချိန်မှာကိုယ်မသိလိုက်ဘဲတယောက်ယောက်က
ကြည့်ချင်သလိုကြည့်သွားခဲ့ရင်
်ကိုယ့်ဘက်က အလွန်နစ်နာသည်ဟုကျွန်တော်ထင်သည် ..ဒါက
ကျွန်တော့အကျင့် ။
ဒီလိုနဲ့ဆက်အိပ်နေလိုက်တာ....နားထဲမှာစကားပြောသံလိုလိုစကြားလာရတယ်....ကျွန်တော်တို့နေတဲ့
ဒီတိုက်ဟာ ဒီအချိန်ဆိုတိတ်ဆိတ်နေလေ့ရှိပါတယ်...အလုပ်သမားလူတန်းစားချည်းမို့အားလုံးအလုပ်ခွင်ထဲမှာပါပဲ..ဒီလိုနဲ့အသံ
ဟာ ဝေးရာကနေတဖြေးဖြေးနီးလာပါတယ် လူအစုလိုက်အပြုံလိုက်စကားပြောသံလို ပိုပြီးဆူညံလာပါတယ် အဲဒီအချိန်မှာပဲ..
ကျွန်တော့်အခန်းတံခါးဂျက်က “ချောက်”ကနဲမည်ပြီးတံခါးပွင့်သွားပါတယ်
ကျွန်တော် တော်တော်အံ့သြသွားပါတယ် ကျွန်တော့်
အခန်းကိုအပြင်ဘက်ကဘယ်နည်းနဲ့မှဖွင့်ဖို့မဖြစ်နိုင်ပါ.....အထဲမှာလည်းဘယ်သူမှရှိမနေပါ....ဒါပေမယ့်
အခုလက်ရှိအနေ
အထားက တံခါးကပွင့်နေပြီး အဆောက်အဦးအမြင့်တို့ရဲ့ ထုံးစံအတိုင်းပြင်ပလေတွေကတဟူးဟူးနဲ့တိုက်နေပါပြီ...အဲဒါနဲ့အံ့သြ
စိတ်နဲ့ထကြည့်မယ်အလုပ်မှာ ပြဿနာအကြီးအကျယ်တက်တော့တာပါပဲ....ဟုတ်ပါတယ်...ကျွန်တော်လုံးဝလှုပ်လို့မရပါ...
အသိစိတ်ကနိုးကြားနေပြီး လူကလုံးဝ လေးနေပါတော့တယ် တစ်ခါမှလည်းမကြုံဖူးတော့...အံ့လည်းအံ့သြနေပါတယ်...မျက်ခွံ
တွေလည်းအလွန်တစ်ရာလေးလံနေပါတယ်....မျက်လုံးကိုကြိုးစားဖွင့်ရတာပင်ပန်းလှပါတယ် တစ်ချက်တစ်ချက် မျက်ခွံအလှုပ်
မှာအခန်းကိုနေ့လည်ခင်းမြင်ကွင်းအတိုင်း ရိုးတိုးရိပ်တိတ်မြင်ရပါတယ်....ဘာမှရှိမနေပါ...ဒီလိုနဲ့တစ်ကိုယ်လုံးပြန်လေးကျသွား
ပြီး မျက်လုံးလည်းလုံးဝမဖွင့်နိုင်တော့ပါ...အားလုံးပြန်ပြီးမှောင်အတိကျသွားတယ် အမြင်အာရုံလုံးဝကွယ်ပျောက်သွားပေမယ့်
စိတ်ကတော့အခန်းရဲ့အနေအထားကိုသိမြင်နေပါတယ်။

အဲဒီအချိန်မှာ ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်
ရယ်ရယ်မောမောနဲ့စကားတွေဖေါင်အောင်ပြောပြီး အခန်းထဲဝင်လာပါတယ် အိပ်ပျော်နေတဲ့ကျွန်တော့်ဆီ တည့်တည့်ကြီး
လျှောက်လာနေပါတယ်။ ပြီးလည်းပြီးရော ကျွန်တော့်ခေါင်းအုံးကိုနှစ်ယောက်သားတက်နင်းပြီး ခေါင်းအုံးပေါ်မှာမတ်တတ်ရပ်
လိုက်ပါတယ်၊ ဘာစကားမှဆက်မပြောကြတော့ဘဲ တစ်ယောက်ခါးတစ်ယောက်ဖက်ပြီး သူတို့ခြေရင်းမှာအိပ်ပျော်နေတဲ့ ကျွန်တော့်ကို မျက်လုံးကြီးတွေပြူးပြဲ ပြီးစိမ်းစိမ်းကြီးစိုက်ကြည့်နေပါတော့တယ် မျက်လုံးကလေးပြီးဖွင့်လို့မရပါ စိတ်ထဲကသိနေ
မြင်နေခြင်းသာဖြစ်သည်၊ တစ်ခါတစ်ခါမှာအားစိုက်ပြီးမျက်လုံးကိုကြိုးစားဖွင့်ရင် ကျွန်တော့်အပေါ်မှာအုပ်မိုးနေတဲ့ မျက်နှာရိုးတိုး
ရိပ်တိတ်နဲ့ နက်မှောင်ရှည်လျှားပြီးစိုက်ကျနေတဲ့ဆံပင်တွေကိုသာမှုန်တိမှုန်ဝါးမြင်နေရပါတယ်။ မကြုံစဖူးတစ်ကိုယ်လုံးလည်း
အေးစက်နေပြီးကြက်သီးတွေလည်းတဖြန်းဖြန်းထနေတယ်၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးပဲဗျာ...အရေးကြုံတော့ဘာလုပ်လဲ ဘုရားတ တာပေါ့၊ အရေးထဲမှာတစ်သက်လုံးရွတ်လာတဲ့ သံဗုဒ္ဒေ ဂါထာကအခုမှလာမေ့နေတယ် ရွတ်မယ်လုပ်တိုင်း အစမေ့
လိုက် ခလယ်မေ့လိုက် အဆုံးပိတ်ကိုသတိမရလိုက်နဲ့ လုံးချာလည်လိုက်နေတော့တယ်....လူကလည်းဖတ်ဖတ်မောနေပြီ ငနဲမ
နှစ်ကောင်ကလည်းမီးပွင့်မတတ်မျက်လုံးတွေနဲ့ မလှုပ်မယှက်စိုက်ကြည့်နေတုန်း အဲဒီမှာ ကံကောင်းဖို့အကြောင်းဖန်လာတယ်
အလုပ်ဆင်းနေတဲ့ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကိုဖုန်းလှမ်းဆက်လိုက်တာပဲဖြစ်တယ်...


အဲဒီတုန်းက ကျွန်တော်သုံးတာ
Sony ericssonk750i အသံအရမ်းကျယ်တဲ့ဖုန်းပါ လူတော်တော်များများကအဲဒီဖုန်းသုံးရင် ringtone volumeကို၃အထိပဲထား
လေ့ရှိပါတယ် ပတ်ဝန်းကျင်ဆူလွန်းလို့ပါ ကျွန်တော်ကတော့ volume 8အထိ အကုန်တင်ထားပါတယ် နားလေးလို့တော့မဟုတ်
ပါ…အကြိုက်ဆုံးlinkin parkအဖွဲ့ရဲ့ somewhere I belongသီချင်းခေတ်စားစအချိန်မို့ အဲဒီသီချင်းကိုringtoneလုပ်ထားပြီး call
တစ်ခုခုရတိုင်းအဲဒီသီချင်းကိုကျယ်ကျယ်လောင်လောင်နဲ့ကြားချင်နေတဲ့ဝသီကြောင့်ပါ....သူငယ်ချင်းတွေတော့
မကြိုက်ကြပါ
အိပ်ပျော်နေတဲ့အချိန်ကျွန်တော့်ဖုန်းမည်လာရင်အားလုံးလန့်နိုးရလို့လေ။ ဒါဟာအလိုက်မသိမှုတစ်ခုပါ...အခုတော့အဲဒီအလိုက်
မသိမှုကပဲ ကံကောင်းဖို့အကြောင်းဖန်လာတယ်လို့ဆိုရမယ် တစ်ကယ်လိုလိုအိပ်မက်လိုလိုသရဲနဲ့လုံးပမ်းနေတုန်း အိပ်ယာဘေး
မှာချထားတဲ့ဖုန်းထဲကနေ chester benningtonရဲ့ I wanna hear,I wanna feel,like I close to something realဆိုတဲ့အသံ
ပြဲကြီးလည်းပေါ်လာရော စောစောကငနဲမနှစ်ကောင်ရော အသံဗလံတွေရော ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်
လူလည်းပဲ အိပ်ယာထက်ကနေငေါက်ကနဲထထိုင်မိရဲ့သား...လူတစ်ကိုယ်လုံးလည်းချွေးစေးတွေပြန်နေတယ် မောလိုက်တာလဲ
အလွန်ပဲ….ဒါနဲ့အခန်းတံခါးကိုလှမ်းကြည့်လိုက်တော့....

“ညတ်ချွာဖျား...အခန်းကပိတ်လျှက်ကြီးပါပဲလား” ဘယ်တံခါးမှလည်းပွင့်မနေပါ ဘယ်အပြင်လေကမှလည်းဝင်မလာပါ ခုမှပိုပြီးအိုက်စပ်နေတယ် ဝုန်းကနဲမတ်တတ်ထလိုက်တယ်
အိပ်ခဲ့တဲ့အိပ်ယာနဲ့ခေါင်းအုံးကို ပြန်ကြည့်မိတော့ကြက်သီးတွေပြန်ထလာတယ်...ဒုတိယအခေါက်ဖုန်းထပ်မည်တယ် စောစော
ကသူငယ်ချင်းပဲထပ်ဆက်တာ...ကောက်ကိုင်လိုက်ရော သူငယ်ချင်းက အပြင်မှာအမောဆို့နေတဲ့အသံနဲ့
“ဟေ့ကောင်…အိပ်ကောင်းတုန်းလား?” တဲ့
ကျွန်တော်ကလည်း “အေး ခုမှနိုးလာတာဟေ့” လို့ပြန်ဖြေတော့ငနဲက “ဒါဆို မင်းဘာမှ မကြားသေးဘူးပေါ့” ဆိုပြီးအမောတကောနဲ့စကားဆက်လာတယ်။ ဘာဖြစ်လို့လဲဟ? ကျွန်တော်ကစိတ်မရှည်တဲ့
အသံနဲ့ထပ်လည်းမေးလိုက်ရော “ငါတို့နေတဲ့တိုက်က အဖွားကြီးတစ်ယောက် တိုက်ပေါ်ကနေခုန်ချသတ်သေသွားလို့ဟေ့”
လို့အော်ပြီးဖုန်းချသွားတယ်။ ပေါသွပ်ကာတွန်းထဲကလို “မွေးမေလေ့”ဆိုပြီးအော်လိုက်ချင်တော့တယ်။ ခုပဲသရဲနဲ့တွေ့ပြီးနိုးလာ
တယ် နိုးနိုးချင်းပဲ ဒီအ မင်္ဂလာသတင်းထပ်ကြားရတယ်...


နောက်မှသိရတာက အဖွားကြီးကအသက်တော်တော်ကြီးနေပါပြီ တရုတ်လူမျိုးပါ သူ့အသက်အရွယ်နဲ့အလွန်ဆုံးနေရလှ လေးငါးနှစ်ပေါ့ သေချိန်ကိုစိတ်မရှည်နိုင်တော့လို့ပဲကိုယ့်ကိုကိုယ်သတ်သေလေရော့သလားတွေးမိတယ် ဒါမှမဟုတ် စိတ်များ
ဖေါက်ပြန်သွားတာလားပေါ့ တစ်ချို့ကပြောတော့ အကြွေးမဆပ်နိုင်လို့တဲ့ …သတ်သေပုံကိုလည်းကြည့်ပါဦး ပထမ ၂ထပ်တိုက်
ပေါ်ကနေခုန်ချတာ...အနည်းငယ်ပွန်းပဲ့သွားတာကလွဲလို့ဘာမှမဖြစ်ဘူး အဲဒါနဲ့ ဒုတိယအခေါ်က်ပြန်တက်လာပြီး ဟိုးတိုက်ထိပ်
ဆုံး ၁၀ထပ်အမြင့်ကိုတက်သွားတယ် အဲဒီကနေခုန်ချတော့မှ လူကကျိုးကြေပြီ အမှန်အကန် အသက်ထွက်သွားပါတော့တယ်
ကျွန်တော်တို့ဆီမှာကအဲလို ဖြစ်ပျက်တာကလူတွေ့ဖို့မလွယ်ပါ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြတဲ့လူတွေ အလုပ်မရှိ
ရင်လည်းကိုယ့်အခန်းနဲ့ကိုယ်နှပ်နေကြတာများပါတယ် ခန့်ထားတဲ့လုံခြုံရေးဂိတ်စောင့်တွေကလည်း အမြဲအိပ်ရေးပျက်နေတဲ့
ကုလားလူမျိုးတွေ ဘယ်အချိန်ကြည့်ကြည့် သူတို့မှာငိုက်နေတာချည်း ။
တိုက်အောက်ကိုငုံ့ကြည့်လိုက်တော့ လူတွေစုစု စုစုနဲ့စကားပြောနေကြတာတွေ့ရတယ် လုံခြုံရေးဂိတ်စောင့်တွေလည်း ခုမှပြူးပြူး ပြာပြာနဲ့ ဟိုပြေးဒီပြေး ဟိုမေးဒီမေးနဲ့ အလုပ်ရှုပ်နေပါတော့တယ် ဒီလိုအဖြစ်အပျက်မျိုးကြုံလာရတော့ ကျွန်တော်လည်းနေဖို့စိတ်မသန့်တော့ပါ ဟဲဟဲ..ဘာအသားနဲ့ထုထားတာမို့လို့လည်းဗျာ အခုလိုကြုံရတော့ ကြောက်သည်ပေါ့
ကြောက်တော့လည်းပြေးသည်ပေါ့ အဲဒါနဲ့ပဲ အိမ်ပြောင်းဖို့ဖြစ်လာတော့တယ်။ နေစရာအသစ်ပြန်ရပြီး မကြာဘူး နောက်ထပ်
သတင်းတစ်ခုထပ်ကြားရတယ် အဲဒီတိုက်က ကုလားလူမျိုးတစ်ယောက် ဧည့်ခန်းမျက်နှာကျက်ပန်ကာမှာ ကြိုးဆွဲချသေသွား
ပြန်ပြီတဲ့ ရှာကြီးတစ်လစ်နဲ့ပန်ကာမှာတန်းလန်းကြီးတွဲလောင်းကျသေနေတယ် အိမ်အမြန်ပြောင်းဖြစ်သွားတာပဲတော်တော့တယ်။ (တစ်ချို့ကပြောတော့ကျွန်တော်ကြုံခဲ့တဲ့အဖြစ်ဟာ ထမင်းလုံးတစ္ဆေခြောက်
တာတဲ့)ဒါပေမယ့်ခက်တာက အဲဒီအိပ်မက်လိုလိုတကယ်လိုလိုကတစ်ခါတည်းဖြစ်တာမဟုတ်ဘူး တစ်ပါတ်ကိုအနည်းဆုံး၅ရက်
လောက်ကိုဖြစ်နေတာ အဲဒီအိမ်စပြောင်းကတည်းကပါပဲ။ အရင်ခေါက်တွေကခုနောက်ဆုံးခေါက်လောက်ထင်ထင်ရှားရှားကြီး
မဟုတ်ဘူး ငါစိတ်ထင်လို့ဖြစ်မှာပါလေ ဆိုပြီးမေ့မေ့ပျောက်ပျောက်နေလိုက်တာပဲများတယ် ခုအခေါက်ကတော့ နေလည်းမနေ
နိုင် ခံလည်းမခံစားနိုင်တော့တဲ့အတွက် အမြန်လစ်ပြေးခဲ့ရပါကြောင်း.....။


(မဖတ်ရသေးဘူးထင်လို့ထပ်တင်လိုက်တာပါ ဒီဘလော့စစလုပ်ချင်းပထမဆုံးတင်ခဲ့တဲ့ပိုစ့်လေးပါ အဲဒီတုန်းကကျနော့်ဘလော့ကိုတစ်လနေလို့မှလူတစ်ယောက်လမ်းမှားပြီးတော့တောင်ရောက်မလာပါဘူး ဖတ်ဖူးတဲ့လူနည်းနေပါလိမ့်ဦးမယ် အပုံကတော့ ကျနော်အရမ်းကြိုက်ခဲ့တဲ့ PS 2ရဲ့Fatal Frame II: Crimson Butterflyကအခွေကာဗာအပုံကိုဆွဲချင်သလိုလျှောက်ပြန်ဆွဲထားတာပါ )

13 comments:

kaungkinpyar said...

တို့ ဖတ်ပီးသားပေမဲ့ ကြောက်ကြောက်နဲ့ သေချာ ပြန်ဖတ်သွားတယ်၊ ဆားကုန်နေတယ် မှတ်နေတာ:P

chitpalone said...

သြော် တော်သေးတယ် ဒုတိယရလို့ မမကောင်းကင်တို့ကတော့ မြန်ချက်နော်။ ဟွန်းးးးးး။ တကယ်ပါပဲဗျာ။ ကောင်းတယ် ဆားချက်တယ်ဆိုလည်း ပါးလုံးအတွက်တော့ အသစ်ပါဗျာ။ သမီးအခုအိမ်မှာတယောက်တည်းဗျ ဒီလိုမှန်းသိရင် အဖေပြန်လာမှ ဖတ်ပါတယ်။ ကြက်သီးတောင်ထတယ်။ အဟိ။ မီးဖိုဆောင်ထဲမှာလည်း အသံကြားတယ်။ အကိုလုပ်ခါမှ တခါမှမကြောက်ဖူးပါဘူး။ အခုကြက်သီးတွေထနေပြီဗျ။
ပျော်ရွှင်ပါစေ
ညီမလေး ပါးလုံး

မြူးသျှရီ said...

မြူးရောက်ပါတယ်နော် အဲတုန်းက
မမန့် တတ်သေးလို့ပါ
ဆားကလေးသားပဲနော်

ခင်တဲ့
မြူး

khin oo may said...

ဧည့်သည်လာဖတ်သွားသည်။

မယ်ကိုး said...

သရဲတွေနဲ့  တော်တော်အကျိုးပေးတဲ့ သားကြီးပဲနော်။ ကြောက်အောင်လည်း ရေးတတ်တယ်။ပုံကလည်း ကြောက်စရာ...:)

တလနွန် said...

ကိုသားကြီး သရဲဇာတ်လမ်းကို ဖတ်သွားပါတယ်။ ကျနောက အခုမှ ဖတ်ရတော့ အသစ်ပဲ။ ရုံးမှာအခုတစ်ယောက်ထဲရှိနေတာ :(
နောက်ကျောတောင် မလုံတော့ဘူး :)

ခင်မင်ခြင်းနှင့်
တလနွန်

sweetpeony said...

ပုံကိုလည်းကြည့်တာနဲ့ကြောက်တယ်...
စာကိုလည်းဖတ်ရင်းနဲ့ကြောက်တယ်...
တော်သေးရဲ့မနက်မှာဖတ်မိလို့
အီးးးးးးးးးးးးးးးးး

pandora said...

ကိုသားကြီး ဘလော့အိမ်အသစ်ပြောင်းတာလဲ ဒါကြောင့်လား

နေဒေးသစ် said...

ဖတ်ရင်းနဲ့ ကျောချမ်းလာတယ် ... တော်သေးတယ် ဖုန်းကယ်လို့ ... အသတ်ရှုတောင် ကျပ်လာတယ် . တကယ် ...
မြန်မြန် ပြောင်းဖြစ်သွားတာ ကောင်းတယ် ..
နောက်ဆို အတင့်ရဲပြီး လည်ပင်းပါ တက်ညှစ်မှ ဒွတ်ခ :D
နေဒေးသစ်။

မဟာဆန် said...

အား.....
အိမ်မှာ တစ်ယောက်တည်း ဖြစ်နေလို့ ကြောက်နေပါတယ် ဆိုမှဗျာ

မီးမီးချစ် said...

ဒီကလူတွေ တော်တော် ခုန်ကြတယ်..သရဲ အိုလံပစ် ဝင်ပြိုင်ကြမလို့ လား မသိဘူး..ဆွဲထားတာကြီးကလဲ ကြောက်စရာကြီး..
ကိုရီးယား သရဲကား TWO SISTER ဆို ကြောက်လို့ ခုထိ ဇာတ်သိမ်းမသိဘူး သားကြီးမကြောက်ရင် ကြည့်ပြီးပြန်ရေးပါလားဟင် ဇာတ်သိမ်းလေး သိချင်လို့း))

ငှက်ကလေး said...

ကိုသားကြီး အခုမှအားတယ် အခုမှ လာပြန်ဖတ်တယ် ဟဟဟ သရဲမလေးတွေက ချောလားဟင် ကိုသားကြီးလဲ ဖက်နမ်းလိုက်တာ ဟုတ်ဘူး ခိခိ သိပါတယ်လှုပ်လို့မရဘူးမလား ဟားဟားးးးး

မဖတ်ဖူးသေးဘူးလေ အခုလိုပြန်လည်ဖော်ပြတာ ကျေးဇူးးနော် ဘိုင်

မ အနမ်း said...

ညဖက်ကိုစာလာဖတ်မိပါတယ်ဆိုမှ သရဲကားနဲ့ လာတိုးနေတယ်။ ပြေးပြီဗျိုး
ကျောလည်းချမ်းလာပြီ ။ အဟီး

 
©2009 ♬သားကြီး♪ | by TNB