ရင်နှင့်ရင်း၍ (တဂ်ပိုစ်)

ဘလော့စစလုပ်ချင်းရခဲ့တဲ့ကွန်မန့်တွေကတော့ ကျနော့်ကိုဘလော့လုပ်နည်းသင်ပေးခဲ့တဲ့ကိုသားငယ်ဆီကရယ် photo shopသင်ပေးတဲ့ကိုငြမ်းလို့သူ့ကိုသူအမည်ခံယူထားတဲ့ဆရာတစ်ယောက်ဆီကရယ်ပဲရှိပါတယ်။ အဲဒီကစလို့တစ်နှစ်ကျော်ကြာသွားပါတယ် ဘယ်သူမှယောင်ပြီး(လမ်းမှားပြီး)ရောက်မလာကြပါဘူး ဆိုတော့…ကွန်မန့်လည်းမရှိဘူးပေါ့။
နောက်ပြီးကျနော်ကစာရေးတာကိုဝါသနာမပါပါဘူး ကိုရေးတဲ့စာကိုကိုယ်တိုင်ဖတ်ရတာတောင်အဆင်မပြေရင် အခြားလူတွေအတွက်ပိုဆိုးပြီလို့ယူဆထားလို့ပါ အဲဒါကြောင့် ရေးတာထက် ဖတ်တာကိုပဲပိုကြိုက်တယ်
မမျှော်လင့်တဲ့တစ်ရက်မှာ c-boxမှာcommentတစ်ခုတိုးလာတာတွေ့ရတယ် ကြယ်ပြာဆိုတဲ့အစ်မဆီကပါ
ကျနော်ရေးတဲ့ခြောက်အိပ်မက်ဆိုတဲ့ပိုစ်နဲ့ပတ်သက်ပြီးဖတ်လို့ကောင်းတဲ့အကြောင်းဝင်ရေးထားတာပါ
တော်တော်ပျော်သွားပါတယ် ခက်တာကအစ်မက အဲ့တုန်းကလင့်မပေးခဲ့ဘူး ကြယ်ပြာဆိုတာပဲသိလိုက်တယ် ။


နောက်ဟိုဒီလျှောက်သွားရင်းအစ်မနိုင်းနိုင်းစနေဘလော့ကိုရောက်သွားတယ် ပထမဆုံးရောက်ဖူးခြင်းပါ forward mailတွေထဲကနေနိုင်းနိုင်းစနေဆိုတဲ့နာမည်ကိုတော့ရင်းနှီးနေတာတော်တော်ကြာပါပြီ အစကတော့ယောင်္ကျားတစ်ယောက်လို့ပဲထင်ခဲ့တယ် ဘလော့ရောက်မှမဟုတ်မှန်းသိတယ် အဲဒီမှာကျနော်ပထမဆုံးcommentပေးဖြစ်သွားတယ် အစ်မစာတွေအမြဲဖတ်ဖူးပေမယ့်ဘလော့ကိုတော့ခုမှရောက်ဖူးတဲ့အကြောင်းပေါ့ နောက်တစ်နေ့လည်းကျရော အစ်မဘလော့ကိုသွားထပ်လည်တော့ ကျနော့်ဘလော့လင့်ကို “ဖတ်စရာလေးတွေ”ဆိုတဲ့နေရာမှာချိတ်ထားတာတွေ့လိုက်ရတယ် တော်တော်ပျော်သွားပါတယ် ကိုယ့်ဘလော့ကို သူများဘလော့မှာလင့်ချိတ်ထားတာကို ပထမဆုံးတွေ့ဖူးခြင်းပါပဲ အဲဒီကစပြီးလာလည်တဲ့လူတွေသိသိသာသာတိုးလာပါတယ် အဲဒီကမှတဆင့်ဘလော့ကာညီအစ်ကိုမောင်နှမတွေလည်းတိုးလာခဲ့ပါတယ်


အစားအသောက်ဘလော့၊နည်းပညာဘလော့၊ ရသတွေပေးစွမ်းတဲ့ဘလော့၊ ဘာသာရေးဘလော့အစရှိသဖြင့်ပေါ့ အများကြီးရှိကြပါတယ် အဲဒီထဲကမှ ကျနော့်ဘလော့ဟာ ဘာဘလော့လို့ပြောရမှန်းတောင်မသိပါဘူး အဲဒါကြောင့်ပဲရေးချင်တာလျှောက်ရေးတယ်ဆိုပြီးခေါင်းစီးမှာ တင်ထားလိုက်တော့တယ် နောက်ပြီး ဘာကြောင့်မှန်းမသိ ကောင်းကောင်းရေးပါမယ်ဆိုမှ ကျနော့်စာတွေက နေရင်းထိုင်ရင်း ပေါ ပေါသွားတယ် ဖတ်ဖူးသူတွေသိပါတယ် ကျနော်လည်းမတတ်နိုင်ပါ။
ခုနောက်ပိုင်းစာတွေစိုက်လိုက်မတ်တတ်ပြန်ရေးဖြစ်နေတာလည်း အစ်မခင်ဦးမေရဲ့ “ရဲရဲသာရေး မင်းရေးတတ်တယ်ဆိုတာအစ်မသိတယ်”ဆိုတဲ့ကွန်မန့်တစ်ခုကြောင့်လို့ပြောရမယ် စာတွေဆက်ရေးနေဖို့အကောင်းဆုံးသောတွန်းအားတစ်ခုပေါ့ နောက်ပြီးအစ်မကောင်းကင်ပြာရဲ့ “မင်းဘာရေးရေး ဒို့တော့လာဖတ်တယ် ဗိုလ်အောင်ဒင်ရေ့”ဆိုတဲ့ကွန်မန့်တစ်ခုကြောင့်လည်းဖြစ်ပါတယ်


ကွန်မန့်မှာဝင်ဖဲ့တာတော့မကြုံဖူးသေးပါဘူး c-boxမှာတော့နှစ်ယောက်က ဝင်သမသွားဖူးတယ် ဘယ်သူမှန်းလည်းမသိတဲ့လူတွေကို ပြန်ပြောရမှာနည်းနည်းပျင်းတာနဲ့ ဘာမှတော့မတုံ့ပြန်ဖြစ်ဘူး
ကွန်မန့်ပေးတဲ့နေရာမှာဘယ်သူအကောင်းဆုံးလဲတော့ကျနော်လည်းမပြောတတ်ပါ ကိုတင်တဲ့ပိုစ်မှာကွန်မန့်တစ်ခုတိုးရင်ဘယ်သူမဆိုပျော်တာပါပဲ တခါတခါကျတော့ ကိုကိုယ်တိုင်တောင် အရမ်းဖတ်လို့ကောင်းတဲ့သူများပိုစ်တစ်ခုကိုဖတ်ပြီး နောက်ဆုံးဘာမှတ်ချက်ပေးရင်ကောင်းမလဲမစဉ်းစားနိုင်တာတွေကြုံဖူးပါတယ် အဲဒါကြောင့်တစ်ချို့တွေရဲ့ “လာဖတ်တယ်” “ကြိုက်တယ်”ဆိုတဲ့တိုတိုတုတ်တုတ်ကွန်မန့်တွေရရင်လည်း သူတို့ခမျာငါ့လိုပဲ ရုတ်တရက် ဘာမှတ်ချက်ပေးရင်ကောင်းမလဲ မစဉ်းစားနိုင်လို့နေမှာပါလေလို့ပဲတွေးတယ်။


ကိုနေဒေးသစ်ရေးတဲ့ကွန်မန့်တော်တော်များများကိုတော့ အတော်သဘောကျမိတယ် တွေ့ဖူးသလောက်ပေါ့
အကြောင်းရာအချက်အလက်တော်တော်များများကိုပြန်ကောက်ပြီး ပိုစ်တစ်ခုရဲ့ဆိုလိုရင်းအနှစ်ကိုသေသေချာချာသိပြီးတော့မှကွန်မန့်ပြန်တာမျိုးပါ ကျနော်အားကျပါတယ် ။
ညီတဂ်ထားတာနဲ့ဆိုင်ရဲ့လားတောင်မသိ ကျေနပ်နိုင်ပါစေညီလေး ရာတမေ(အစ်မကိကိခေါ်သလို)ရေးးး။
အဟမ်း…အဟမ်း….!!!!
တစ်ဆက်ထဲမှာပဲ … အောက်ပါပုဂ္ဂိုလ်များကို ကျွန်ုပ်သည် tag ရပေလတ္တံ :P
ရဖူးတဲ့အထဲကအကြိုက်ဆုံးကွန်မန့် ၊ဒါမှမဟုတ် ကွန်မန့်တွေကိုပိုစ်အနေနဲ့ပေါ့
ရေးတော်မူကြစမ်းကွယ် ငှဲ ငှဲ ငှဲ…
ငှက်ကလေး
မြူးသျှရီ
မေလေး
ချစ်ပါးလေး
တလနွန်
မေဇင်
ဖြူစင်ကြယ်
မီးမီးချစ်
ရေးပေးကြပါခင်ည ။

25 comments:

kaungkinpyar said...

ဒီလို လေးရေးတာတောင် တော်တော် ဖတ်လို့ ကောင်းပါတယ်ဆရာရယ်၊ ရေးပါ၊ ရေးပါ၊ ဘယ်လိုရေးရေးလို့ပြောပါတယ်

chitpalone said...

မမကောင်းကင်တို့ သွက်ချက် ၂၂၂၂၂၂၂၂၂ ဟွန့်။ ပြီးမှ ပြန်မန့်မယ်။ လူဇိုး။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဝက်ဝံလေး said...

ဝေးးး များ ၃ ရတယ် ကွ

chitpalone said...

အီး ဟီး ဟီး အဟုတ်မှတ်လို့ ထိုင်ဖတ်နေတာ။ တက်ဂ်တယ်တော့ ခေါ်တော့ဝူး တကယ့် လူဇိုးမှလူဇိုး အီးဟီး တက်ဂ်ပို့စ်ကြောက်ပါတယ်ဆို စာမရေးပဲံ နားပါဦးမယ်ဆို အခုတော့ သေပီဆရာ အီးဟီး

chitpalone said...

သုံးရတဲ့ ဌက်လေးကို ကိုယ်ချင်းစာမိတယ်။ ကိုသားကြီးတို့ရိုက်ချက်ကတော့ သူ့ခဗျာ ပါးလုံးလိုပဲ ပထမဆုံး အတက်ဂ်ခံရမှန်း မသိရှာဘူး။ ကျွတ်ကျွတ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

khin oo may said...

ကျေးဇူး

ဝက်ဝံလေး said...

ဟုတ်ပါ့ မချစ်ပါးလုံးရယ် များကို ပထမဆုံးကို တဂ်ထားတာ ဝမ်းသာအားရ ၃ ရလို့ မန့်လိုက်ပါတယ် တဂ်နဲ့တိုးနေတယ် နာလေ ရှင်ချင်တယ် ကိုသားကြီးရယ် ဘာပဲဖြစ်ဖြစ် ပါ ရေးပေးမယ်နော် စိတ်တော့ရှည် များက ရှုတင်တွေ ရှိုးပွဲတွေရှိသေးတယ် အဟက် လာမယ်ကြမယ်နော်
ဘိုင်

မီးမီးချစ် said...

မီးချစ် ဘလော့ သမိုင်းမှာလဲ သားကြီး က ပထမဆုံး တဂ်တဲ့လူပဲ... ဟိဟိ
ပျော်တော့ပျော်စရာ ကြီး... မကြာမှီလာမည် မျှော်

Anonymous said...

ကိုကြီးးးးးးးးးးးးးးးး
လာဖတ်တယ် ကောင်းတယ် ကရုံလေးလာဟင်??????
ဟီးသိနေသလိုပဲ ရုံလေးကမမန့် တတ်ဖူးလေ
မရေးတတ်ပါဖူးဆိုနေမှ နာမည်ကဘာလို့ ပါလာရတာတုန်းးးးးးးးးးးးးးးးးးးးးးးးးးးး

ခင်တဲ့
မြူးလေး

mysterysnow said...

ကိုသားကြီးရေ
ကောမန့်တွေအကြောင်း ရေးထားတာလေးက ကောင်းတယ်သိလား...
အတွေ့အကြုံလေးတွေ တူတယ် တချို့နေရာလေးတွေမှာလေ
ကောမန့်မရှိတဲ့ ပို့စ်ပေါင်းများစွာ ရှိခဲ့ဘူးတယ်...
လာဖတ်မယ့်သူမရှိပဲ တစ်ယောက်တည်း ရေးနေခဲ့တဲ့ အချိန်လေးတွေကို ပြန်သတိရတယ်...

ခြေလှမ်းသစ် said...

ကွန်မန့်အကြောင်းလေးတွေ ရေးထားတာက သဘ၀ ကျပါတယ် ကျနော်တို့လို စာမရေးတတ်သူတွေအတွက်ပေါ့နော် ... ရင်ထဲက လာတာတွေကို အမှန်အတိုင်း ထုတ်ပြခြင်းပေါ့..

လူရိုင်းလေး said...

ဌက်ဆီမှာလဲ ၁၂ ပဲ ဒီမှာလဲ ၁၂ ပဲ ရေရေလည်လည် တင်းတယ်ကွာ :)

မဟာဆန် said...

သားကြီးရဲ့ စာတွေက ပွင့်လင်းလွတ်လပ်တယ်။ အဲလိုအရေးအသားတွေကို သဘောကျပါတယ်။ အင်း သူကတော့ တက်ဂ်ကျွေးကျေသွားပြီ...တို့တော့ မရေးရသေးဘူး...ရေတမာများရောက်နေလားမသိ..ဟီး

Angel Shaper said...

ဟွန်းးးးးးးးး လူဇိုး........
အကြောင်းအရာလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ကောင်းလိုက်တာဆိုပြီး ဖတ်ကောင်းကောင်းနဲ့ဖတ်နေတာ...ဟီးးးးးးးးးးးး
စာလေး သုံးကြောင်းရေးရမှာထက် သီချင်း အပုဒ်သုံးဆယ်ဆိုရင် ပိုလွယ်မယ်ထင်တဲ့ သူကိုမှ တပ်ခ်လိုက်ပါသတဲ့... ရက်စက်ပါပေ့ဆရာ ကိုသားကြီးရယ်။ ဟွင်း........
ဘာပဲဖြစ်ဖြစ်ပေါ့ ပထမဆုံးရဖူးတဲ့ တက်ဂ်လေးအနေနဲ့  ကြိုးစားပါ့မယ်။ ကိုသားကြီးဘလောဂါဘ၀နဲ့  အတူတူပါပဲ။ ရေးကြည့်မယ်လေ။ အဆိုတော်က ပွဲစဉ်များနေလို့  နည်းနည်းတော့ ကြာမယ်ထင်တယ်နော်။
ိကိုသားကြီးရေ ဆက်ရေးပါ...အမြဲလာအားပေးနေမယ်။

မယ့်ကိုး said...

ဖတ်ကောင်းကောင်းနဲ့  ဖတ်သွားပါတ်။ မ တဂ်တဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ :D

ရေတမာ said...

ကျေနပ်ပါတယ် ကိုသားကြီးရေ.. Marketing comment တွေ၊ ရင်းလို့ပေးတဲ့ comment တွေကင်းလို့ ရင်နှင့်ရင်း၍ ရေးသော comment တွေ အများကြီးရပါစေ။

မေလေး said...

အပေါ်က စာတွေဘဲမြင်ရတယ်။အောက်က အပိုဒ် မြင်ရဘူးတော့။ ဟီးဟီး
ဌက်တို့၊ပါးလုံးတို့၊ မမီးချစ်တို့ ဘာတွေကျောတွားတာလဲတိဘူး။
စတာပါ။ရေးပေးမယ်နော်။
ဒါထက် မေလေးကပိန်းတယ်။ရင်နှင့်ရင်းတယ်ဆိုတာ ဘာလဲဟင်။

အကို့ စာတွေကောင်းပါတယ်။ရသတစ်ခုခုလဲ အမြဲရတယ်။
ဘယ်သူပြောတုန်း ပေါတယ်လို့။အဲဒါ ကြည်နူးမှု ဟဒယရသဘဲ။(မေလေးနာမည်မေး၏)

မေဇင် said...

tag တယ်ဆိုတာ ဘာလဲ မသိလို့...dictionary ထဲတကယ်ကို ၀င်ကြည့်မိပါတယ်..ပြိးတော့ သူများတွေ ရေးထားတဲ့ ကော်မန့်တွေ ဖတ်ပြီး... နားလည်သွားတယ်...နောက်ဆက်တွဲ ဒီလို ပုံစံမျိုးလေး ရေးခိုင်းတာပဲ...ဟိဟိ သူများတွေ ရေးရေးထားတာတော့ တွေ့ဖူးတယ်...tag ပိုစ့် ဆိုပြီး ...ဘာမှန်း မသိပေမယ့် ကိုယ့်ဖတ်ချင်တာက စာပဲနော်..ဘာရေးရေး ဖတ်တာပဲ..။ ကိုသားကြီး ရေးထားတာလေး သဘောကျတယ်...နောင့်လဲ အဲ့လို ခံစားချက်လေးတွေ ရှိတယ်..။ ကိုယ့်ရဲ့စာကို သေချာ ဝေဖန်ပေးထားရင်ပေါ့...ဟုတ်တယ်တခါတလေ တော့လဲ ဘာပြောရမှန်းမသိလို့ ကောင်းတယ် ဆိုလဲ ကိုယ်က ပျော်တာပါပဲ...။း)

တလနွန် said...

ကွန်မန့် တစ်ကြောင်းကြောင့် စည်းဝိုင်းထဲကို ဝင်လာရဲတာ ကျနောအပါအဝင်ပါပဲလေ။ ဆက်လက်အားပေးနေပါတယ် ကိုသားကြီး။
တဂ်ထားတာ ရေးပေးပါ့မယ်။။

ခင်မင်ခြင်းနှင့်
တလနွန်

မေသစ္စာမောင် said...

ကိုယ်ကိုယ်တိုင်းလဲ comment တောင်းဆိုခဲ့ဖူးတဲ့ ပို့စ်လေးမှာ ရှားရှားပါးပါး comments အနည်းငယ်သာရခဲ့ဖူးလို့ comments ရဲ့ တန်ဖိုးကို နားလည်သဘောပေါက်ခဲ့ပါတယ်။

ဘလော့ဂ်မှာ စာလာဖတ်သူတွေ ရေးပေးခဲ့တာလေးတွေက တကယ့်ကို အားတက်စရာ ပျော်ရွှင်စရာ တွေးစရာလေးတွေ ပါရှိကြပါတယ်။

တစ်ချို့လဲ ရေးထားတဲ့စာနဲ့ ပတ်သက်မှုမရှိတာတွေ ရေးပေးခဲ့ကြပေမယ့် သူတို့ရဲ့ ခင်ခင်မင်မင် ပြောဆိုတတ်တာလေးတွေကို ဖတ်ရတော့ ကြည်နူးမိတာ အမှန်ပါ။ ဘ၀အမောတွေကို ခဏတာ အဝေးကို ဖယ်ချပေးခဲ့သလိုပါပဲ။

အပြင်မှာ လူတစ်ယောက်ကိုလွယ်လွယ်နဲ့ မခင်တတ်သူတစ်ယောက်အနေနဲ့ ဘလော့ဂ်မှာ ရေးထားတဲ့ သူတို့တွေရဲ့ ခံစားချက်လေးတွေကို ဖတ်ရ သိရတော့ တိတ်တိတ်လေး စိတ်ထဲမှာ ခင်မင်မိသွားတယ်လေ။

kyalkalay said...

ကိုယ်ခြင်းစာစိတ် အပြည်. နဲ့
သူငယ်ချင်းနဲသောကျနော့blog မှာလာလာမန့်တာကျေးဇူး

နောင်လဲ အမြဲလာမယ်ဆို ရုံထားတယ်

ဇော် said...

ကိုသားကြီးကတော့ မာမာရဲ့ အကြွေးကို ချက်ချင်းဆပ်နိုင်တယ်ဗျာ။ =)
ကိုလေးနေဒေးသစ်ရဲ့ ကွန်းမန့်တွေကို ကြိုက်တဲ့နေရာမှာ ကျနော်နဲ့ ကိုသားကြီး လာတူနေတယ်။ ကျနော်လဲ အဲ့အကြောင်းကို ထည့်ရေးမို့ စဉ်းစားထားတာ။ နံနက်ဖြန်ကို အပြီးရေးမှ ထင်တယ်နော်။ =)
စာရေးကောင်းပါတယ်ဗျာ။ တိုတိုနဲ့ လိုရင်းကို ရေးနိုင်တယ်ဆိုတာ နဲတဲ့အရည်အချင်းလားနော်။ စိတ်မလျှော့ပါနဲ့။ ခုကစပြီး ကျနော်အမြဲလာဖတ်နေတော့မှာဆိုတာကို သိထားလိုက်ပါတော့ဗျာ။ =)

Anonymous said...

d ta kar lal bar yay ya man ma ti lol
Very good

maylay said...

အဟား အမှာစာ(စာတစ်အုပ် ဇာတ်လမ်းမဖတ်မီ ကြိုဖတ်ရသော) မှတ်နေတာ .ဘယ်ဟုတ်မလဲ။ သူက ပြန်တဂ်ထားတယ်။ ခုမှ ရောက်ဖူးပေမယ့် စာတွေကို ဖတ်တယ် အစ်ကိုရေ ။ ဆက်ရေးပါ။ နောက်လာလည်လွန်းလို့ မဖိတ်အားဘူးဖြစ်နေမယ် ။ ကိုယ်က စာဖတ်သမားလေ။ ဘယ်လိုရေးရေး ရတယ်။

ကြယ်ပြာ said...

မောင်လေးရေ လာဖတ်သွားပါတယ် ....း)

 
©2009 ♬သားကြီး♪ | by TNB