ရွှေသုန္ဒရီ

♪….ခြေလက်…ခေါင်း ခါး.. စည်းဝါးနရီ…ပိုင်နိုင်လေသည်...မိုးမလင်းမှီ...ရွှေသုန္ဒရီရေ... ကကြိုးပျောက်မှာ..စိုးမိသည်.... ♬♫♪

စောစောစီးစီးသီချင်းသံကြောင့်သူလန့်နိုးသွားခဲ့သည်။ ချက်ခြင်းတော့မထဖြစ်သေး ၊ အိပ်ယာထက်တွင်ဆက်လက်မှိန်းနေရင်းသီချင်းသံကိုသူအသာအယာနားစွင့်နေလိုက်သည်။

♬…..ပရိတ်သတ်လက်ခုပ်သံကြား....ယစ်မူးလွန်မှားမှဖြင့်.....ထိန်းမနိုင်..သိမ်းမနိုင်...
ယိမ်းယိုင်မလားကွယ်....မောင်တွေးမချိပါသည်...... ♫♪

တစ်ဖက်ခန်းကာရာအိုကေစပီကာဘောက်မှထွက်လာသောအသံသည်ကိုထူး၏အသံမှန်းသူတန်းသိပါသည် ကိုထူးသည် သီချင်းကိုအသံအကျအန၊ အဖြတ်အတောက်၊ အဆွဲအငင် သေသေချာချာဖြင့်သီဆိုနိုင်သူတော့မဟုတ်ပါ။ အသံကလည်းအသံဝါကြီးဖြစ်သည်(အသံနီရှိသလားမသိပါ)
သီချင်းလည်းဆိုလေ့ရှိသူတော့မဟုတ်ပါ ၊ ကိုထူးဘဝတစ်ခုလုံးတွင်အစမှအဆုံးထိမှတ်မိသည့်သီချင်းသည် အရေအတွက်အားဖြင့်လက်ဆယ်ချောင်းပင်ပြည့်လိမ့်မည်ဟုသူမထင်... ယခုရွှေသုန္ဒရီအပုဒ်အပါအဝင်ပေါ့

ရွှေသုန္ဒရီသီချင်းကိုလည်းခုရက်ပိုင်းလောက်မှဖွင့်ကြည့်လိုက် ပြန်ဆိုလိုက်လုပ်နေခြင်းဖြစ်သည်။
ဒီသီချင်းကိုမှကောက်ကာငင်ကာကြိုက်ရလွမ်းရသည့်အကြောင်းရင်းလည်းရှိခဲ့လေသည်။
မြားနတ်မောင်သည် အလွန်လက်သရမ်းသူသာဖြစ်ပေမည် အပူမရှာချင်သူ(အအေးကိုလည်းမရှာလောက်သူ)လူပျိုကြီးကိုထူး၏ရင်ဘတ်ကိုမှမျက်နှာလွှဲကာ ခဲဖြင့်မပစ်ပဲ မြားဖြင့်ပစ်ခဲ့လေသည်။
……………………
မိုးပေါ်ကနတ်သမီးလေးလိုရုတ်ခြည်းသူတို့ဆီရောက်ချလာသောထိုကောင်မလေးကို “ရွှေသုန္ဒရီ”ဟုသူတို့အမည်တပ်လိုက်ကြသည်၊ ကောင်မလေး၏လက်ထဲတွင်“ရွှေသုန္ဒရီ”
သီချင်းအခွေပါလာသည်ကိုအစွဲပြု၍ဖြစ်သည်။လက်ထဲတွင်သီချင်းပါလာခဲ့သော်လည်း ရင်ဘတ်ထဲတွင်သီချင်းပါမလာခဲ့သော သူမသည်သီချင်းဆိုခြင်းအမှုကိုတော့လုံးဝ ဝါသနာမပါပါလေ။ထိုအခွေကိုလည်းတစ်စုံတစ်ယောက်က လက်ဆောင်ပေးလိုက်ခြင်းသာဖြစ်ကြောင်းသိရသည် ဘာပဲပြောပြော ထိုသီချင်းကိုသူတို့ချစ်သလို ထိုကောင်မလေးကိုလည်းသူတို့အားလုံးချစ်ကြလေသည်။

“ကြိုက်တဲ့ကောင်Qချင်သလောက်Q၊ ရန်တော့မဖြစ်ကြေး နောက်ပြီးတစ်ယောက်ယောက်နဲ့ငြိသွားရင် ကျန်တဲ့လူတွေအကုန်နောက်ဆုတ်ပေး”

သူတို့အားလုံးကြားကတိုးတိုးတိတ်တိတ်ဥပဒေဖြစ်သည်။ထိုဥပဒေကိုထုတ်ပြန်သူမှာကိုထူးဖြစ်သည်။
ထိုဥပဒေကိုအားလုံးလိုက်နာကြလေသည် မလိုက်နာတာကသူတစ်ယောက်တည်းဖြစ်သည် ။
“ဒီဥပဒေထဲမှာကျနော့်ကိုထည့်မတွက်ပါနဲ့ ကျနော်လိုက်နာစရာအကြောင်းမရှိသလို ဖောက်ဖျက်ဖို့လည်းအကြောင်းမရှိဘူး ရှင်းရှင်းပြောမယ်ဗျာ... စိတ်ကိုမဝင်စားဘူး”
သူကပဲပြောရသေး ဆိုသည့်အကြည့်ဖြင့်တချို့ကသူ့ကိုကြည့်သွားကြသည် တချို့ကလည်းပြိုင်ဘက်တစ်ယောက်အလိုလိုလျှော့နေလေသဖြင့်ဝမ်းသာသွားကြသည်။
“မင်းကတော့အလာကြီးပဲ”ဟုကိုထူးကသူ့အားရယ်ကျဲကျဲဖြင့်ပြန်ပြောလေသည်။
“ကျနော်ကအလ္လာဟ်ကြီးမဟုတ်ဘူး ဗုဒ္ဓဘာသာဗျ”
သူကကိုထူးအားအရယ်မကျဲတကျဲဖြင့်ပြန်ပြောလေသည်။


သူသည်တခါတခါနေရင်းထိုင်ရင်းအသားလွတ်စိတ်ကြီးဝင်နေသူသာဖြစ်သည်
The antsသီချင်းထဲက“တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် အိမ်ပေါက်စေ့လျှောက်လို့လည် လူမလေးခွေးမခန့်တယ် အသံချဲ့စက်သိပ်ကြိုက်တယ်”ဟူသည့်စာသားသည် သူ့ကိုစောင်းပြီးဖွဲ့ဆိုထားခြင်းတော့မဟုတ်လောက်၊ ဒဲ့ပြီးဖွဲ့ဆိုထားခြင်းသာဖြစ်လောက်သည်။
သူသည်အလုပ်ဟုတ်တိပတ်တိမရှိ ဘဝက ပတ်ချာယမ်းနေသော်လည်း သူ့ကိုပေးထားသည့် အလွန်စုတ်ပြီး ခြင်လည်းအလွန်ပေါသော ၊ဂျပိုးလည်းအလွန်ကိုက်သော နေရာထိုင်ခင်းကျဉ်းကျဉ်းကလေးတစ်ခုတွင် ဘုရင်လိုနေပြီး ဘုရင်လိုအိပ်သူဖြစ်သည် သန်လျက်ရယ်၊ မောင်းမမိဿံရယ်မပါတာပဲကွာခြားသည်။

တနေ့တနေ့သူ့အတွေး သူ့စိတ်ကူးတို့သည် သူ့ထက်အရပ်မြင့်ကြလေသည်။
ငပိကြော်နှင့်ထမင်းဖြူချည်းစားရသည့်ရက်မျိုးရှိခဲ့သည့်တိုင် သူသည်ဟိတ်ကြီးဟန်ကြီးတခွဲသားနှင့်အခန်းထဲတွင်အကျအနတင်ပျဉ်ခွေထိုင်ကာ
မိန့်မိန့်ကြီးစားတတ်နေလေသည်။
……….
ရွှေသုန္ဒရီဘွဲ့အမည်ခံကောင်မလေးသည် အပေါ်ကပဲကြည့်ကြည့် အောက်ကပဲကြည့်ကြည့် သေလိုက်လို့ရအောင်လှသူလေးဖြစ်သည်။(ရှေ့ကကြည့်လည်းယဉ်တယ် နောက်ကကြည့်လည်းယဉ်တယ်... အဲဒါကရှေးဟောင်းသီချင်းပါကွယ်)
စတွေ့ကတည်းက ကောင်မလေးသူ့ကိုကြည့်သည့်အကြည့်ကတစ်မျိုးကြီးဖြစ်နေမှန်းသူသိပါသည်။
စတွေ့ကတည်းက ကောင်မလေးကိုပြန်ကြည့်သည့်သူ့အကြည့်ကလည်း နှစ်မျိုးကြီးဖြစ်မနေမှန်းကောင်မလေးသိချင်သိပါမည်။

မြန်မာပြက္ခဒိန်တွင်သကြန်အကျနေ့ဟုတိတိကျကျရေးပြထားသော သောနေ့လည်ခင်းတစ်ခုတွင်ဖြစ်သည်။
လူငယ်တော်တော်များများ၏ပါးစပ်မှသင်္ကြန်ရနံ့နှင့်အတူ အယ်လကိုဟောရနံ့ပါပူးပေါင်းထွက်လာသည့်နေ့တနေ့တွင်ဖြစ်သည်။
ထို့ထက်ပို၍ တိတိပပဆိုရသော် သူသည် သူတစ်ယောက်တည်းမင်းမူနေသည့်အခန်းထဲက ကော်ဇောခင်း ခေါင်းအုံး စောင် အစရှိသည့်နေရာများတွင် ခြေကုပ်ယူကာ ပုန်ကန်ခြားနားလျှက်ရှိနေသည့်ဂျပိုးများအား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လက်သံပြောင်ပြောင်ဖြင့်လိုက်လံနှိမ်နင်းလျှက်ရှိသောနေ့တစ်နေ့တွင်ဖြစ်သည်။

ရွှေသုန္ဒရီအမည်ရှိကောင်မလေးသည် ဆိုင်းမဆင့် ဗုံမဆင့်ဘဲ စတီးချိုင့်တစ်လုံးသာဆင့်လျှက်သူ့အခန်းသို့ ရောက်ချလာသည်။ ပြီးနောက် အမှောင်ရောင်များများသူ့အခန်းထဲက သီချင်းလေး တအေးအေးဖြင့် ဂျပိုးတွေကိုလိုက်ပြီးသေဒဏ်စီရင်နေသောသူ့အားတွေ့လိုက်ရာအလွန်အံ့သြသွားလေသည်။

“သင်္ကြန်တွင်းကြီးရှင့် အသက်မသတ်ရဘူး”
“ဒါဆိုလည်း ဂျပိုးတွေကိုပြောပြလိုက် သင်္ကြန်တွင်းကြီး အသွေးမသောက်ရဘူးလို့”

လှည့်မကြည့်ဘဲပြန်ပြောလိုက်သည့်သူ့စကားကြောင့်ကောင်မလေးနည်းနည်းညစ်သွားပုံရသည်။
“သူတို့ကလူမှ မဟုတ်တာ ဘယ်လိုပြောလို့ရမှာလဲ”
“သူတို့လူမဟုတ်မှန်းသိလို့ပဲ လူဟုတ်နေတဲ့ငါကသဘောထားကြီးကြီးနဲ့စောင့်ပါသေးတယ် သူတို့စမကိုက်မချင်းငါက စမသတ်ဘူး”
“အယ်..ဒုက္ခပဲ”
အတော်ပြောရဆိုရခက်တဲ့ လူပဲ ဟုကောင်မလေးတွေးမိသည်
ရွှေသုန္ဒရီသည် ချောစုခင်လည်းမဟုတ်လေသဖြင့်“ဘယ်လိုလူကြီးလည်းဟေ့ တွေးရသိပ်ခက်တာပဲ”လို့တော့မညည်းပါ။


“ငါသေသော် ငါ့အနုပညာတွေကျန်အံ့”ဟုကြွေးကြော်သော ကဗျာဆရာလို “ငါရွေ့သော် ငါ့ဂျပိုးတွေကျန်အံ့”ဟုကြွေးကြော်ခဲ့ပုံရသော အရင်ဒီအခန်းကိုနေသွားသူသည် နောက်မှရောက်လာသူသူ့အတွက် ဂျပိုးများအား ဗုန်းဘောလအော ချန်ပစ်ခဲ့လေသည်။
ညတစ်ညမှာသူ့အတွက် ၅နာရီတိတိအိပ်ချိန်ရှိတယ်ဆိုပါစို့ ၊ ၅နာရီထဲက တစ်နာရီသည် စက္ကောမအတတ်ပညာဖြင့် မြေလျှိုးနေကြသည့်ဂျပိုးများအားလိုက်လံနှိမ်နင်းရသည့်နာရီဖြစ်သည် လက်ကျန်လေးနာရီထဲက တစ်နာရီသည် angel မဟုတ်သော်လည်း အတောင်ပံကိုယ်စီတော့ပါကြသည့် ခြင်များအားလိုက်လံသုတ်သင်ရသည့်နာရီဖြစ်သည် လက်ကျန်သုံးနာရီထဲကတစ်နာရီသည် သူ့ဘဝ၏အဆင်မပြေမှုများအား နဖူးပေါ်လက်တင်ရင်း သက်ပြင်းကြီးများအခါခါချလျှက် စဉ်းစားတွေးတောနေရသည့်နာရီဖြစ်သည် ထို့ကြောင့်လက်ကျန်နှစ်နာရီသာ သူ့အတွက်အိပ်ချိန်ရှိလေသည်။

ဒီကြားထဲဂယောက်ဂယက်အိပ်မက်တွေ ထပ်မက်ရသည့်ညမျိုးဆို သူသည်အလွန်အိပ်ရေးပျက်ရတော့၏။
ခြင်များကိုနှိမ်နင်းရာ၌သူသည် “မိုးပျံလက်ဝါး”သိုင်းဖြင့်နှိမ်နင်းခြင်းဖြစ်ပြီး ဂျပိုးများကိုတော့ “မြေလှန်တုတ်ထိုး”သိုင်းကွက်ဖြင့်ဖယ်ရှားရလေသည်။

“ကျမကအပြင်မှာချိုင့်တစ်လုံးနဲ့မိုးတိုးမတ်တတ်ကြီးရှင့် အထဲမခေါ်တော့ဘူးလား”
ကောင်မလေးစကားကြောင့်သူလည်းအခန်းဝသို့တဖြည်းဖြည်းချင်းလှမ်းလာပြီး ကောင်မလေးအားခြေဆုံးခေါင်းဆုံးကြည့်လေသည်။ ခြေဆုံးခေါင်းဆုံးဆိုရာ၌ ဖိုးကာသီချင်းထဲကလို နဖူးကစ ခြေဖျားထိကိုဆိုလိုခြင်းမဟုတ်ပါ ဆံပင်ကစ ဖိနပ်ထိကို အားမနာလျှာမကျိုး စူးစူးရဲရဲကြီးကြည့်ပစ်လိုက်ခြင်းဖြစ်သည် ပြီးနောက် သူ့နှုတ်မှစကားသံတချို့လေးလေးပင်ပင်ကြီးထွက်လာသည်...
“ဝင်ပါ ထိုင်ပါ ရပါတယ် တခုတော့ရှိတယ်နော် ငါ့အခန်းထဲဝင်ပြီးသွားလို့ကတော့ မင်းအခန်းမင်းပြန်ရောက်တာနဲ့ အတွင်းခံကအစ စင်စင်ကြယ်ကြယ်ဆေးဖို့သာပြင်”
“ရှန်”
ကြည့်ရတာ ရှင် ဟုအသံထွက်ချင်ပုံရသည် သို့သော်လည်းကောင်မလေးမပီပြင်တော့ပါ မျက်နှာမှာရဲခနဲဖြစ်သွားသည် ကျောကလည်းအလိုလိုစိမ့်လာသည် ကိုယ့်ရှေ့တည့်တည့်ကထွက်လာတဲ့စကားတစ်ခွန်းကိုဘေးတစ်ဖက်တစ်ချက်စီမှာရှိနေတဲ့နားတွေကကြားပြီး ပခုံးနှစ်ဖက်အလယ်မှာရှိတဲ့ဦးခေါင်းကအံ့သြထိတ်လန့်သွားတာကို ကိုယ့်နောက်တည့်တည့်က “ကျော”ဆိုတာကြီးက ဝင်စိမ့်ပေးရခြင်းမှာဆိုင်ကောဆိုင်ရဲ့လားတော့မသိပါ ။
စော်ကားလိုက်လေခြင်းဆိုပြီးတော့လည်း ကောင်မလေးအတွေးရောက်သွားရသည်။
တကယ်တော့လည်းကောင်မလေး သူ့စကားကိုဆုံးအောင်နားမထောင်ရသေး၍သာဖြစ်သည်။

(ဆက်ရန်….ခုလောလောဆည်တော့ အိပ်ရန် zzzzZZZZ )

23 comments:

kiki said...

အဲ ... နာလဲ အရင် အိပ် မှ ပါပဲ ..
ပြီးမှ မန့် မယ် ​အေ ..ဟိဟိ

မေလေး said...

ဝေးး တစ်ကွ

မေလေး said...

ဟင့်....ဟုတ်ဝူးးး သုံးးမမကီနော်

kyalkalay said...

လူဇိုး ထတော့ဗျိုး

ဆုံးအောင်ဆက်ရေးပေး

မေလေး said...

ကိုကြီး
တော်တော်ဆိုးနော်။ ဖတ်ကောင်းနေတာ ရပ်လိုက်တယ်။
အတွေးလေးတွေ အရမ်းကြိုက်တယ် အကိုရေ။
(အပူမရှာချင်သူ(အအေးကိုလည်းမရှာလောက်သူ)
အဲလိုမျိုးတွေးတတ်တာ..ဆန့်ကျင်ဘက် အတွေးမျိုး တွေးတတ်တာ တော်တယ်အကိုရ။
ကောင်မလေးက ဒီလောက်လှတာ အကိုမကြိုက်ဖူးဆိုတာ မယုံဘူးးးး။
ဘုရင်လိုနေ ဘုရင်လိုအိပ်တယ်ဆိုတာ ဘယ်လိုမျိုးလဲဟင်.။
မသိလို့လေနော်။
နောက်ဆို အကိုဆီက မိုးပျံလက်ဝါးသိုင်းတို့ ၊ မြေလှန်တုတ်ထိုးသိုင်းတို့ လာသင်ရမယ်။
ဆက်ရန်မျှော်နေမယ်နော်။
ချစ်ခင်လေးစားလျှက်
မေလေး

Chitpalonelay said...

မန့်တာတွေကြည့်ပြီး ဖတ်တော့ဝူး အဆုံးထိပြီးမှ ဖတ်မယ် အဟိလူလည်ကျတာ။ ဘယ်နေ့တင်မှာလည်းဗျို့။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Angel Shaper said...

ဟူးးးးးးးးးးးးး ကိုးရီးယားဇာတ်လမ်းတွဲကျနေတာပဲ၊
ဖတ်လို့ ကောင်းနေပါတယ်ဆိုမှ ဆက်ရန်...တဲ့ မုန်းလိုက်တာ။
မြန်မြန်ဆက်ပေးပါဗျိုးးးး

ခြေလှမ်းသစ် said...

ဇတ်လမ်းက အရမ်းကောင်းဗျာ.. ရွက အမကို လဲ သတိရသွားပါတယ်... ကိုသားကြီး အိပ်နေရင်း.. ဟောက်သံကို US ကတောင်ကြားနေရတယ်ဗျ...

လပြည့်ရိပ် said...

ဖတ်လို့ကောင်းတဲ့ ပိုစ့်လေးကို ရပ်ပြီး စာရေးသူကအိပ်သွားတော့ စာဖတ်သူက လည်တဆန့်ဆန့်နဲ့ မျှော်နေမိတယ်...........

မေဇင် said...

ဟာ....တကယ် လူဇိုးပဲ...ဘယ်လိုလဲ... စာဖတ်ကောင်းနေတုန်း... ၀တ္တုဖတ်ရင်တောင် ... ပထမပိုင်း ဒုတိယပိုင်းဆိုရင် တစ်ဆက်ထဲ ကုန်အောင်ဖတ်တာ..... ခုတော့ ...း( စိတ်ညစ်ပါတယ် တော်.... မေလေး တို့ ငှက်တို့ နဲ့ အမျိုးတော်လား မသိပါဘူး.... ဟိုတစ်ပိုင်း ဒီတစ်ပိုင်း

ရွက်လွင့်ခြင်း said...

မောနင်း ကိုသားကြီး ညကတည်းက မန့် နေတာ ဘာဖြစ်မှန်းကို မသိဘူး၊ မန့် လို့ မရဘူး၊ ဒါနဲ့  ဒီမနက် ရုံးကနေ မန့် ကြည့်တာ၊
အရေးအသား စွဲဆောင်မှုရှိပါတယ်။ တစ်ခါတစ်ရံ အဲလို ပေါ့ပေါ့ပါးပါး မြူးမြူးလေးတွေ ဖတ်ချင်တယ်။ ဆက်ရေးပါ၊ အားပေးနေပါတယ်။

khin oo may said...

ဘာဖြစ်သွားမလဲဆိုတာကတော့သိပြီးသားဘဲ ။ ဒါပေမဲ့ စာရေးသားတာကတော့ဆွဲဆောင်မှူရှိတယ်။ ဇတ်လမ်းကောင်းလေးတွေ ထပ်စဉ်းစားပါဦး. (အိပ်တော့အိပ်ပါလေ။ ကျန်တဲ့နစ်နာရီထဲမှာ ဆက်စဉ်းစားပေါ့)

မီးမီးချစ် said...

ကောင်းတယ် .. စကားလုံးလေး တွေ က အသစ်ပဲ..
သန်လျှက်တော့ မရှိဘူး.. ကျန်ကျောင်းဓား ယူမလားး))
ဂျပိုး နှိမ်နင်းဖို့ .. မြန်မြန် ဆက်ပါဗျို့ 

တလနွန် said...

ဇာတ်လမ်းဖြတ်ပြီး အိပ်လိုက်တော့ ရွှေသုန္ဒရီ ဆိုပြီး မယောင်နဲ့ နော် ကိုသားကြီး။ အရေးအတွေးကောင်းတယ်ဗျာ။

အားကျခင်မင်လျက်
တလနွန်

မဟာဆန် said...

စိတ်ဝင်စားဖို့ကောင်း ဖတ်လို့လဲကောင်းတယ်
ဆက်ဦးနော်
ဆက်ဦး
မပြီးသေးဘူး မလား

မေသစ္စာမောင် said...

ဟုတ်တယ် စိတ်ဝင်စားစွာနဲ့ ဖတ်သွားတယ်နော်
ရီရတယ်...
မြန်မြန်လေးဆက်ရေးပေးပါ
စာဖတ်ပရိတ်သတ်တွေ စောင့်မျှော်နေပါတယ် :D

ဝက်ဝံလေး said...

အမလေး မမေဇင်ရယ် များက တခါတည်း အပိုင်းလေးလုပ်ပါတယ် ဒါတောင် ဖတ်ရတာ ပျင်းမှာ စိုးလို့ပါနော် များက အကုန်ရေးပြီးသား ဟွန်းးးးး

ဒီမယ် ကိုသားကြီး ထတော့ဗျာ ပြီးရင် ဆက်ရေး လူကို ဆန့်တငင်ငင်ဖြစ်အောင် သိပ်လုပ်တာပဲ သူ့ကိုယ်သူ ကိုရီးယားမင်းသားထင်နေလားးး ဟဟဟ အပြတ်အပြတ်နဲ့မို့လို့ (ပြတ်တော့မသွားနဲ့နော် တော်နေ ကောင်မလေး ယူကြုံးမရဖြစ်နေဦးမယ် ) ခိခိ အလာနောက်ကျတယ်ဗျာ (အလာအရှင်မြတ်ကိုပြောတာ ဟုတ်ဘူးနော် )
ကဲ ဗျာ နှိုးလဲထမှာဟုတ်ဘူး များသိတယ် ကဲ ထချင်တဲ့ အချိန်မှသာ ထ ပြီးရင်တော့ ဆက်ရေးနော် မျှော်နေမယ် ဘိုင်

kaungkinpyar said...

နောက်ကျသွားတယ်၊ ဆက်ရန်စောင့်မယ်နော် ဘုရင်ကြီး:P

ရွှေ ယွန်း ဝါ said...

ဆက်ရန်... ကြာနေပြီ။ မြန်မြန်ရေးပါ။

ဝက်ဝံလေး said...

ဖေသားကြီးရေ ကြာတယ်ကွာ မြန်မြန်ဆက်ရေးပါ ဂမှာ များက ကိုရီးယားသွားစရာ ရှိသေးတယ် ကွဲ့ ကိုသားကြီး ရေးမယ်ဆိုလို့ စောင့်နေတာ ကိုရီးယားမင်းသားတွေ မေးကုန်ပြီဘာလို့မလာသေးတာတုံးတဲ့ ကဲ မြန်မြန်နော် သိလား ဂမှာ လည်ပင်းရှည်နေပြီ ဟွန်းးးး

ဂျာမုန်းဒန် said...

သားကြီးရေ....
အစ်မပြန်ရောက်ချင်းလာလည်တယ်နော်။
စာရေးကောင်းတော့၊ ဖတ်နိုင်တဲ့သူလဲများပေတယ်။
ရေးလိုက်ရင်ထူးထူးဆန်းဆန်းလေးတွေပဲ။ တော်တော်စိတ်ကူးကောင်းတဲ့သူနော်။
ိခင်တဲ့
အစ်မဂျာမုန်းဒန်

maylay said...

ရေးတတ်ပါ့ ဟဟ အိပ်ရင်း ယောင်များယောင်သေးလား ဂျပိုးနဲ့ခြင်တွေကို နှိမ်နင်းနည်းသိုင်းကွက်သစ်တွေကိုလေ ။

efeakachur said...

Slots and Table Games - Las Vegas, NV - Mapyro
› Las-Vegas-Nevada- 제천 출장샵 › Las-Vegas-Nevada- Nov 2, 2021 — Nov 2, 2021 Vegas Slots and 청주 출장안마 Table Games 경주 출장샵 - Las Vegas, NV. Las Vegas, 춘천 출장마사지 NV. Slot machines - Table Games - 창원 출장샵 Table Games - Las Vegas, NV. Slot machines - Table Games - Las Vegas, NV.

 
©2009 ♬သားကြီး♪ | by TNB