ကိုယ်ရောင်ကိုယ်ဝါတောက်လွန်းသူ


သူများနိုင်ငံမှာတော့ဒီလိုကားမျိုးပြတိုက်တွေမှာပဲရှာကြည့်ရတော့မယ်ထင်တယ် ကိုယ်တို့ဆီမှာတော့ တဖုန်းဖုန်း တဒိုင်းဒိုင်းအသံပေးပြီးပြေးနေတုန်းပဲ ကားစပယ်ယာတွေများ ကားအင်ဂျင်ကိုသံကောက်နဲ့လှည့်ပြီးနှိုးရလွန်းလို့ လက်မောင်းကကြွက်သားတွေတက်ပြီး
ဗလမောင်တောင်လုပ်စားလို့ရလောက်တယ် ကားခေါင်မိုးမှာရော ကားဝမ်းထဲမှာပါ တင်ချင်သလိုတင်ထားတဲ့လူတွေ ကုန်စည်တွေကြားမှာ ကားတန်ချိန်ဆိုတဲ့စာကပျောက်နေတယ် တခါခါကားတွေကြည့်ရတာ ခရီးသည်တင်ကားနဲ့မတူတော့ဘူး ဆပ်ကပ်ပွဲတစ်ခုက လူပဒေသာပြပွဲနဲ့ပိုတူနေတယ် ။

မတော်တဆမှောက်လို့ကတော့ ပေါသွပ်ကာတွန်းထဲကလို“မွေးမေလေ့”လို့တောင်အော်နိုင်မှာမဟုတ်တော့ဘူး။ တခါကဆိုကားခေါင်မိုးပေါ်အိပ်ငိုက်ပြီးလိုက်လာတဲ့ဇာတ်မင်းသားတစ်ယောက် နိမ့်ကျနေတဲ့အပေါ်ကသရက်ကိုင်းနဲ့ရိုက်မိပြီးအောက်ကိုနောက်လန်ကျတာ
“အောင်မြတ်လေးလေး နှမငယ် ဖြစ်သမျှရယ် လှစ်ဟမယ် မောင်ကြီးအီစလံဝေရတယ်”လို့တောင်အော်ချိန်မရလိုက်ဘူးကတ္တာရာလမ်းနဲ့ခေါင်းနဲ့မိတ်ဆက်ပြီး
အနိစ္စသဘောနဲ့ကိစ္စလျှောပါလေရော။တခါတခါလည်းကားစီးရတာ ကုသိုလ်ရတယ်လို့တစ်ဖက်လှည့်တွေးမိတယ်၊ ဘုရားတရလွန်းလို့လေ။

မိန်းကလေးတွေဟာအရှက်နဲ့လူလုပ်သတဲ့ ၊ လက်ခံပါတယ် ခြွင်းချက်အနေနဲ့ပြောချင်တာက ယောင်္ကျားလေးတွေလည်းအရှက်နဲ့လူလုပ်ချင်ပါတယ် ခက်တာက ကားအနောက်ဘက်မှာတွယ်စီးနေရတဲ့ယောင်္ကျားလေးတွေရဲ့အရှက်ကို တရကြမ်းမောင်းနေတဲ့ကားကြီးက တဖုန်းဖုန်းနဲ့ခါချနေတယ် ဒီလောက်ရှည်တဲ့ခရီးကိုတိုးဝှေ့ဖက်တွယ်စီးနေရမှတော့ ပုဆိုးဆိုတာအခန့်မသင့်ရင် ကျွတ်တာပါပဲ၊ လက်တစ်ဘက်ကလျှောကျနေတဲ့ပုဆိုးကိုဖမ်းထားရတယ် အရှက်ကွဲမှာစိုးလို့၊ နောက်လက်တစ်ဖက်က ကားအတွယ်သံတိုင်ကိုဖမ်းထားရတယ် အသက်အိုးလေးကွဲမှာစိုးလို့။

ပြောရမယ်ဆိုရင် ကားစီးဖို့ဆိုတာပိုက်ဆံရှိရုံနဲ့ဘယ်ရပါ့မလဲ လက်ကလည်းမြဲဦးမှကိုး တစ်ချို့တွေကားတွယ်စီးတာများပြီးလက်က မျောက်လက်ဖြစ်သွားကြပါလေရော
(ကောင်မလေးများသိစေရန်= အကယ်၍ သင့်ချစ်သူ၏လက်သည် မျောက်လက်ဖြစ်နေပါက ကားတွယ်စီးရလွန်း၍ သာဖြစ်ကြောင်းသဘောပိုက်ကာ ခွင့်လွတ်ပေးကြပါရန် ၊ အကယ်၍ကားတွယ်မစီးဖူးဘဲမျောက်လက်ဖြစ်နေသည်ကိုတွေ့ရှိရပါက “ဝသီ”ကြောင့်သာဖြစ်သည်ဟု သဘောပိုက်ကာ “အထူး”ဆင်ခြင်ကြရန်)

တချို့တွယ်စီးနေရတဲ့ကောင်လေးတွေများ ကားထဲမှာချစ်သူကောင်မလေးပါလာခဲ့ရင် “ကောင်မလေးရေ တစ်ဖက်လှည့်နေလိုက်ပါ မမြင်သလိုနေလိုက်ပါ”လို့အသံတိတ်ပြောနေမိမလားပဲ။
တစ်ချို့အကြံကြီးတဲ့ခရီးသည်တွေကတော့လုံချည်ပေါ်မှခါးပတ်ပြန်ပတ်ထားလေရဲ့ ရှေးဟောင်းရုပ်ရှင်မင်းသားကြီးရွှေဘတို့ခေတ်က စတိုင်နဲ့တူတယ်။

တနေ့ကပေါ့…..
ဂိတ်တစ်ခုမှာ နယ်ကဆင်းလာတဲ့ကားတစ်စီးရပ်တော့ ဘယ်ကတည်းကအဲဒီ ကားနောက်ကိုစက်ဘီးနဲ့လိုက်လာတဲ့အကောင်လည်းမသိဘူး(အကောင်လို့သုံးနှုန်းလိုက်တာရိုင်းရာကျပါ
တယ် ရိုင်းတယ်ထင်ရိုင်းတယ်ပဲပေါ့လေ) ဟောဟဲလှိုက်နေရင်းကနေကားခေါင်မိုးပေါ်ကိုမော့ပြီးဒေါသတကြီးနဲ့
“ဟိုဝါးခမောက်နဲ့ဦးကြီးခုဆင်းခဲ့”လို့လှမ်းအော်တယ်
သူ့ပခုံးကအရစ်တွေအပွင့်တွေရယ် သူ့ဗိုက်ကအရစ်တွေ အညစ်တွေရယ်ကိုကြည့်ပြီးသူဘာကောင်မှန်းခရီးသည်တွေအကုန်သိလိုက်ကြတယ်။

အခေါ်ခံရတဲ့ဦးကြီးကလည်းချက်ချင်းဆင်းလာပါတယ် ပြီးတော့ ဘီလူးရဲ့ချပ်ဝတ်တန်ဆာတွေနဲ့တောက်ပနေတဲ့အဲဒီအကောင်ရှေ့မှာခပ်ရို့ရို့လေးရပ်တယ်။
“ဘာများလဲတူလေးရယ်”
“ဘာများလဲ ဟုတ်လားခင်ဗျားကျုပ်ပေါ်ကွမ်းတံတွေးထွေးချတယ် အဲဒါဘာသဘောလဲ”
မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးအစုံနဲ့ခရီးသည်ဦးကြီးကိုကြည့်ပြီးအဲကောင်ပြန်အော်တယ်။
သူ့အော်သံကိုကြားရကုန်တဲ့ကားပေါ်ကခရီးသွားတွေရော ဦးကြီးကပါတအံ့တသြဖြစ်သွားတယ်။
ဦးကြီးကတောသားကြီးတစ်ယောက်ဖြစ်ပုံရပါတယ် ကားခေါင်မိုးပေါ်လိုက်လာရင်းကွမ်းတမြုံ့မြုံ့ဝါးနေတာ
ကားသွားနေတုန်းအောက်ကိုကွမ်းသွေးလှမ်းထွေးတော့ ကားလမ်းဘေးက စက်ဘီးနဲ့အဲဒီအကောင်ကိုနည်းနည်စင်သွားတယ်နဲ့တူတယ်

ဗုံးပေါက်သလိုအဲကောင့်ဒေါသက“ဝုန်း”ကနဲထပေါက်ပြီးကားနောက်ကိုအမှီလိုက်ပြီးစက်ဘီးပြေးနင်းလာတာ
ပြောမယ့်သာပြောတာ သူ့ဝတ်စုံပေါ်မှာဘာကွမ်းသွေးအရောင်မှမတွေ့ရဘူး နည်းနည်းစင်သွားတာကိုတမင်ပြဿနာလာရှာမှန်းခရီးသည်တွေသိလိုက်ကြတယ် မာနကိုထိခိုက်သွားလို့နဲ့တူပါတယ်။ ပခုံးကအပွင့်ကိုထိခိုက်သွားတာလည်းဖြစ်နိုင်တယ်။ ဦးကြီးက ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့သူ့တူသားအရွယ်အဲကောင်ကိုညှိုးညှိုးငယ်ငယ်လေးပြန်ကြည့်ပြီး
“မဟုတ်ရပါဘူးတူလေးရယ် ဦးကြီးမလုပ်ရဲပါဘူး မတော်စင်သွားတာလားမသိဘူး ဦးတောင်းပန်ပါတယ်”
“ဘာတောင်းပန်တာလဲ ခင်ဗျားစောက်ခွက်ကို ကျုပ်ခုတံတွေးပြန်ထွေးမယ် ကျေနပ်လား ကျုပ်ကိုဘာအကောင်မှတ်နေလဲ”

ကြားရကုန်တဲ့ခရီးသွားအပေါင်းရဲ့နားထဲမှာ တမာတောကြီးတစ်တောလုံးဖြုန်းခနဲပွင့်ချသွားသလို“ခါး”ကုန်တယ်။
တဆက်ထဲမှာပဲ ဒေါသကိုထိန်းမရတော့ဟန်နဲ့အဲကောင်က ဦးကြီးအင်္ကျီကော်လံစနှစ်ဖက်ကိုလှမ်းဆွဲလိုက်တယ်
တော်တော်မလှတဲ့မြင်ကွင်းပါ အဖေအရွယ်လောက်ရှိမယ့်လူကြီးကို သားအရွယ်လောက်ရှိမယ့်ကောင်က ပြဿနာရှာနေတာ။ ကြည့်နေသူအပေါင်းရဲ့ပါးစပ်တွေထဲကို ဆေးခါးကြီးတစ်လုံးစီလိုက်ပစ်ထည့်နေသလိုပါပဲ မြင်ရတာ မျက်လုံးတောင်ခါးတယ်။

အရမ်းကြောက်လန့်နေပုံရတဲ့ဦးကြီးက “တစ်ကယ်မတော်လို့ပါ တူလေးရယ် မကျေနပ်လို့ရှိခိုးဆို ခိုးပါ့မယ် ဦးလည်းခရီးသိပ်သွားတာမဟုတ်ပါဘူး ခုတောင်အိမ်ကသမီးကြီးက တအားနေမကောင်းဖြစ်လို့ရွာကဆေးဆရာရေးပေးလိုက်တဲ့ဆေးတွေလာဝယ်တာပါ ဦးလည်းကောင်းကောင်းမကျန်းမာပါဘူးကွယ် ဦးတောင်းပန်ပါတယ်”ဆိုပြီးတုန်တုန်ရီရီနဲ့ပြောရှာတယ်။
ဦးကြီးရဲ့စကားကိုကြားတော့ခရီးသည်တွေဂရုဏာသက်သွားကြတယ် ဟိုကောင့်ဖင်ကိုလည်းဆောင့်ကန်ချင်စိတ်တွေပေါက်သွားတယ် ဒါပေမယ့်စိတ်ထဲပဲဖြစ်တာပါ အပြင်မှာမဖြစ်ရဲကြပါဘူး။

ဘယ်လိုတောင်းပန်ပန်ကျေနပ်ပုံမပေါ်တဲ့အဲကောင်က ဦးကြီးကိုဆွဲထိုးဖို့လုပ်ပါလေရော မနေသာတဲ့ကားဆရာနဲ့ဒရိုင်ဘာကဆင်းလာပြီးဝိုင်းတောင်းပန်ပေးရတယ် “ဆရာလေးရယ်တကယ်မတော်လို့ဖြစ်ရတာပါ ဒီဦးကြီးကောင်းကောင်းမကျန်းမာပါဘူး သနားပါဗျာ ကျနော်တို့တောင်အစကမတင်ဘူး ကားဝမ်းထဲမှာလူပြည့်နေပြီလေ သူကတုန်ချိ တုန်ချိနဲ့ ခေါင်မိုးကိုမပေးတက်ဘူးဆိုတော့ သူကသမီးအတွက်အရမ်းအရေးကြီးနေလို့ပါတဲ့ အဲဒါနဲ့ခေါင်မိုးအလယ်လောက်မှာပေးထိုင်လိုက်ရတယ် မမြင်မစမ်းနဲ့အောက်ကိုလှမ်းထွေးလိုက်တာ စင်သွားတာနေမှာ လူကြုံလည်းမရှိတာနဲ့ကိုယ်တိုင်လာရတာတဲ့ နောက်ပြီးဒီကားတစ်စီးပဲပြေးတယ်လေသူတို့ရွာဘက်မှာ
တမင်လုပ်တာမဟုတ်ရပါဘူး ခွင့်လွတ်လိုက်ပါဆရာလေးရယ်”

အဲကောင့်ကိုဆရာလေးလို့ခေါ်တော့ခရီးသည်တွေရဲ့မျက်လုံးထဲမှာ ကတုံးပြောင်ကြီးနဲ့သီလရှင်ကိုမြင်ယောင်မိကုန်တယ် ။
နာရီဝက်လောက်တောင်းပန်မှမကျေမချမ်းနဲ့ဦးကြီးဘက်ကိုလှည့်ပြီးမိုးကြိုးပစ်သလိုအသံကြီးနဲ့ “ခင်ဗျားကြပ်ကြပ်သတိထား”တဲ့
သူ့ခါးကပစ္စတိုကြီးကိုလူမြင်အောင်လှည့်ပြရင်းကားပေါ်ကခရီးသည်တွေကိုလည်းလူကြမ်းကြီးအံ့ကျော်
အကြည့်နဲ့ကြည့်သွားသေးတယ် ။ (ဒီလိုနှိုင်းရတာ အံ့ကျော်ကြီးကိုတောင်အားနာပါတယ်)
ကားထွက်မှပဲခရီးသည်တွေမှာဟင်းကနဲသက်ပြင်းချနိုင်တော့တယ်။

ဦးကြီးကတော့သူ့နေရာသူပြန်ထိုင်ပြီးတစ်ယောက်တည်းတိတ်ဆိတ်လို့ ကြေကွဲလို့။
တူ သားအရွယ်ကစော်ကားရက်လိုက်လေခြင်းဆိုပြီးဝမ်းနည်းနေတာထက်
အသည်းအသန်မာမကျန်းဖြစ်နေတဲ့အိမ်ကသမီးကြီးဆိုသူအတွက် အချိန်တွေနှောင်းကုန်မှာစိုးတာနေမှာပါ
ဆေးရုံဆိုတာသူလိုအရောင်အဆင်းမဲ့တဲ့တောသားကြီးတစ်ယောက်အတွက် လက်လှမ်းမမှီလောက်တဲ့နေရာတစ်ခုဖြစ်နေမှာပေါ့လေ။ ဒီလိုနဲ့မြို့ထဲကိုဝင်လာပါရော တစ်နေရာရောက်တော့ အနီရောင်အောက်ခံပေါ်မှာအဖြူရောင်စာလုံးနဲ့ရေးထားတဲ့လမ်းဘေးကဆိုင်းဘုတ်ကြီးကြီးတစ်ခုကို
ကားပေါ်ကခရီးသည်တွေအကုန်လိုလိုကြည့်မိလိုက်ကြတယ်။

ရေးထားတဲ့စာက ….
“တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖ”တဲ့
အဲဒီစာတန်းကြည့်ပြီးခရီးသည်တွေအားလုံးရဲ့ပါးစပ်ကနေအသံတစ်ခုပြိုင်တူထွက်သွားကြတယ်။

“ထွီ”
…………………

ဖြစ်ရပ်မှန်ပါ အပုံကိုတော့googleကနေယူပါတယ်။

26 comments:

kaungkinpyar said...

စာလဲသေချာ ဖတ်သွားတယ် ၊ ဆင်ခြင်ပါဆိုတာလဲ သေချာ မှတ်သွားတယ်း)

မေဇင် said...

အရမ်းးးးးးးးးးးးးးးးးး မုန်းးးးးးးးးးးးးးတယ်..............။ စာဖတ်ပြီး ဦးလေး ကြီး စီးတဲ့ ကားထဲက ခရီးသည် ကိုယ် မဖြစ်နေတာ ကံကောင်းတယ်...မဟုတ်ရင် သူ့ခါးကြားက သေနပ် သွားဆွှဲထုတ်ပြီး ပစ်မိလိမ့်မယ်..။

မေလေး said...

ကိုသားကြီးအိမ်လာလည်ရင် နာမည်မရေးချင်ဘူး။
မမကောင်းကင်ကို မကျေနပ်ဘူးတော်။
သူများ တစ် လုပ်မလို့ကို ။
ဖုန်းပြောနေတာနဲ့ တူဦးတွားပီ။
မှတ်သားလောက်ပါပေတယ် ကိုသားကြီးရယ်။

မေလေး said...

အမ်မယ်လေးတော်
ဒေါ်မေဇင် ဦးပြန်ပီ။
တော်ပီ
တီပေါ်
ပြန်ပြီ

kyalkalay said...

ထွီထွီ

တောက်
အသုံးမကျတဲ့ ပခုံးပေါ်ကကြယ်ပွင့်
တွေနဲ့ကောင်တွေ ကိုထွေးသွားသည်

အသုံးမကြတဲ့ကောင် မိုက်တယ်ဆိုပီး
cbox မှာသေနပ်နဲ့လာမခြောက်နဲ့နော်

maylay said...

ကိုကြီးသားကြီးရေ မှန်လိုက်တာ မေလေးတို့ငယ်ငယ်က ဖေဖေက ဆိုက္ကားနင်းရတော့ အဲ့တုန်းက ဖေဖေပြောတယ်။ ငါသာ ကားဝယ်နိုင်ရင် အဲ့ကောင်တွေကိုချည်း ဖြတ်တိုက်ဖို့ ကားကြီးကြီးပဲဝယ်မယ်တဲ့။ သူတို့တွေနော် မုန်းစရာကောင်းလိုက်တာ....
maylay

မြစ်ကျိုးအင်း said...

ဒီစာကိုတော့ အစအဆုံးသီးခံပြီးဖတ်လိုက်တယ်
ဖြစ်ရပ်မှန်လို့ ၀န်ခံဘို့မလိုပါဘူး...ဇာတ်လမ်းဆင်ပြီး ရေးထားတယ်ဆိုရင်တောင် တကယ်ဖြစ်ရပ်လို့ပဲ လူတွေက ထင်ကြမှာပါ....။

ကျွန်တော်လည်း အားပေးသွားတယ်နော်

“ ထွီ ”
....................................

rose of sharon said...

မုန်းလိုက်တာကွယ်... အဲဒီလူကို... အဲလိုမျိုးတွေတကယ့်ဖြစ်ရပ်မှန်ဆိုတာသိကြပါတယ်...
သူတို့ခေတ်ဆိုပြီးရမ်းကားနေကြတာ...

မြစ်ဆုံ said...

ဒီပုံစံမျိုးတွေမြန်မာပြည်မှာနေ့တိုင်းနီးပါးတိုင်းပြည်အနှံ့ဖြစ်
နေပါတယ်၊ဘယ်တော့များမှလွှတ်မြောက်နိုင်ပါ့မလဲ။

အနော် said...

မိုက်ကန်းလိုက်တာနော်
မိုက်ရိုင်းတာထက်ကို လွန်နေပီ
တောင်းပန်တော့ ဗြောင်းဆန်တဲ့သဘော လုပ်ပြသွားတာပါ
ကျန်တဲ့သူတွေလဲ ငုံ့ခံ ကြိတ်ခံရတာတွေ များလွန်းလို့ ဝင်မပြောရဲကြဘူး
ရင်ထဲမှာ ခါးသွားလိုက်တာ
သေမှာပါ ခွေးလိုဝက်လို သေမယ်ဆိုရင် ခွေးရယ် ဝက်ရယ်ကို အားနာရဦးမယ်
အသေဆိုးနဲ့ကို သေကြဦးမှာပါ
ပေါက်ကွဲမိသွားလို့ အကို့ကို တောင်းပန်ပါတယ်
ရင်ထဲမှာ ပူပူကြီးဖြစ်သွားတယ်...

kiki said...

ထွီ ထွီ ထွီ ထွီ ထွီ ထွီ
ထွီ ထွီ ထွီ ထွီ ထွီ ထွီ
ထွီ ထွီ ထွီ ထွီ ထွီ ထွီ
ထွီ ထွီ ထွီ ထွီ ထွီ ထွီ

အမလေးးးး မောတာ တော်
ထွေးရတာ အာတောင်ခြောက် စ် စ်
ရေတိုက်အုံး သားကြီးရေ ... ရေ.... ရေ....

ဂျာမုန်းဒန် said...

အစအဆုံးလာဖတ်သွားပါတယ်..သားသားကြီးရေ။
ဦးကြီးကိုသနားမိတယ်။
အရေးကြုံလာပြီဆိုရင်ကူညီမယ့်သူမရှိဖြစ်နေတာ
ဘယ်သူမှမသိကြဘူးနော်။မပြောချင်ပါဘူးပြောလိုက်ရင်အတုန်းလိုက်အတစ်လိုက်
ထွက်ကျကုန်မှာဆိုးလို့ငြိမ်နေလိုက်ပါ့မယ်။
ဒါပဲနော်

နိုင်းနိုင်းစနေ said...

ဒီမျိုးတွေ မကြာခဏ ကြုံရတယ်..အထူးသဖြင့် ခရီးသွားတဲ့အချိန်ပေါ့.. ရံပုံငွေလေး ထည့်ပါအုန်းဆိုတာမျိုးတွေ ... တစ်ခါခါတော့ သူတို့နဲ့ပြန်ငြင်းဖြစ်ပါတယ်။

ရွက်လွင့်ခြင်း said...

ဟုက်ပါတယ် ကိုသားကြီး
နယ်ဖက်တွေမှာဆို ဒီကောင်တွေ သူတို့ ကိုယ် သူတို့  ဘုရင်တွေလို့  ထင်နေကြတာ
တောသူတောင်သားတွေက ရိုးသားတာလည်းပါတယ်
သည်းခံကြတာလည်းပါတယ်

တလနွန် said...

ပညာမရှိ ကိုယ့်ကိုကိုယ်အဟုတ်ကြီးမှတ် ဆင်ခြင်တရားကင်းမဲ့သော ခပ်ညံ့ညံ့ကောင်တွေပါလို့ ပြောလိုက်ချင်တယ်။ ကိုယ့်အဖေ လောက်ရှိတဲ့ အရွယ်ကို စော်ကားတယ်ဆိုတော့ မြန်မာပြည်မှာမွေးတာမှ ဟုတ်ရဲ့ လား။

ထွီ

နဒီမိုးညို said...

မမကိ..ထွီ..သလောက်..နဒီ..လဲ..ထွီ..သွားတယ်..
တစ်နေ့ ..တော့..မြန်မာပြည်သူတွေ..ဒီဆင်းရဲ ကနေ..
လွတ်မြောက်မှာပါ..ရှင်

sweetpeony said...

ရွံလိုက်တာ.........
ပညာမတတ်တော့ အကန်းပေါ့.....

ရေတမာ said...

မဖြစ်သင့်ဘူးဗျာ

မီးမီးချစ် said...

စိတ်ကုန်လိုက်တာ ဒီခေတ်ကြီးကို အသည်းနာတယ် ..ဖတ်ရတဲ့လူတောင်

ငှက်ကလေး said...

ဖေသားကြီးရေ ထွီအခါတသိန်း လုပ်သွားတယ် သိလား ဖတ်ရင်းလဲ အော့ နှလုံးနာလွန်းလို့ ဖူးးးးးးးးးးးးးးးးးး မလွယ်ပါတယ် နော်

Anonymous said...

ထွီ +++ ခွေးသားတွေ..ခွေးနဲ့နှိုင်း ခွေးတောင်နစ်နာတယ်..sorry to all dogs!

Angel Shaper said...

မြန်မာပြည်မှာမွေးပြီး မြန်မာသွေးမပါတာ၊ မရှိတာ တလနွန်ရေ... အော့နှလုံးနာလွန်းလို့။
ဘယ်လိုဆဲရမလဲတောင်မသိလို့ မဆဲဖြစ်တော့ဘူး။
အဲလောက် လူမဆန်တဲ့ အဖြစ်မျိုးတွေ ဆက်မလုပ်သင့်ပါဘူးနော်။
ကိုသားကြီးရေ...ဒီပို့်စ်လေးဖတ်ပြီး လာမဲ့ လူငယ်လေးတွေအတွက် သူတို့လိုလူမဆန်တဲ့လူတွေ ဖြစ်မလာကြဖို့ အပြင်းအထန်ဆုတောင်းလိုက်ပါတယ်။
သခင်မျိုးဟေ့ ဒို့ဗမာ ဆိုတဲ့ စကားနဲ့အညီ သခင်ဆန်တဲ့၊ လူသားချင်းချင်း စာနာညှာတာ ထောက်ထားတတ်တဲ့ မြန်မာလူမျိုးတွေ ဖြစ်ကြပါစေ။
မြန်မာပြည်မှာနေ၊ မြန်မာထမင်းစား၊ မြန်မာလိုပြောပြီး မြန်မာသွေးမပါတဲ့ လူမျိုးတွေ မြန်မြန်ပပျောက်ပါစေ။
အမိမြန်မာကြီး ငြိမ်းချမ်းပါစေ။

မေသစ္စာမောင် said...

မဆီမဆိုင် တစ်ခုတော့ပြောချင်တယ် ကိုသားကြီး
စာအရေးအသား တော်တော်ကောင်းတယ်။
ရေးပုံရေးနည်းကို သဘောကျနှစ်သက်မိတယ်။

ဖြစ်ရပ်မှန်ဆိုတာကိုတော့ မယုံမရှိပါဘူး။
မြန်မာပြည်သွားလည်ရင် တွေ့နေမြင်နေရတယ်လေ။

Khyl said...

ဟုတ်တယ်ဟ ဒါမျိုးတွေ ခဏခဏတွေ့ဘူးတယ်....
ကိကိဆီမှာ လာပြောသွားတဲ့ကောင်လိုမျိုး အတင်းတွေလို့ ထင်နေတဲ့ကောင်တွေက အဲဒီထဲမှာ နေပြီး အဲ
ဒါမျိုး မမြင်ဘူးလို့လေ.....

လူလဲအဲတာတွေ များများတွေ့လာရင် လူစိတ်ပျောက်ပြီး ...ဟွန်း ပြောချင်တော့ပါဘူးဟယ်...

သက်တန့်ချို said...

သောက်..ရင်ဝဖနောင့်နဲ့
စောင့်ကန်ဖို့ဘဲကောင်းတယ်...(ထွီ..ကျွန်တောလဲအားပေးသွားတယ်...)

မိုးခါး said...

သြော်
ဒုက္ခ ဒုက္ခ
ရွံဖို့ကောင်းလိုက်တာ
ကျက်သရေတုံးလိုက်တာ
အရမ်းဒေါကန်သွားဘီး(((

 
©2009 ♬သားကြီး♪ | by TNB