ခုတလော(တဂ်)

ခုတလောတဂ်စာတွေချည်းခဏခဏမိနေတယ်၊ ကံကောင်းလို့သွေးတိုးမရှိတာ၊ မဟုတ်ရင်အတက်စာတွေနဲ့ စောစောစီးစီး မာလကီးယားနေလောက်တယ်။ ပြောသာပြောရတာ ခင်လို့မင်လို့ ကိုယ့်ကိုတဂ်ထားတာလေးတွေ့ရင် စိတ်ညစ်သလိုလိုနဲ့ပျော်တော့လည်းပျော်သား စိတ်ညစ်တယ်ဆိုတာက စာသိပ်မရေးတတ်တဲ့အားနည်းချက်
ကြောင့်ပါ။

မြန်မာ့ရုပ်သံအစီအစဉ်ကြေညာသူရဲ့လေသံနဲ့ပြောရရင် “ဒီတစ်ခါ အလှည့်ကျရောက်လာတာ
ကတော့ တစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်တဲ့ သူငယ်ချင်းမလေး sweetpeonyရဲ့ ခုတလော ဆိုတဲ့တဂ်ပဲဖြစ်ပါတယ်ခင်ဗျာ
နောက်ပြီး ခင်တဲ့သယ်ရင်းတလနွန်ကလည်း ဒီခေါင်းစဉ်နဲ့ပဲတဂ်ထားပြန်ပါတယ် တစ်ခါတည်းအတူတူရေးလိုက်ပါမယ် ”
မလေးစကားနဲ့တိုက်ရိုက်ဘာသာပြန်ရရင် “ခုတလော”ဆိုတာ“ခေါတလု”လို့တော့ အသံထွက်မယ်မထင်ဘူး
(လျှာကရှည်နေပြန်ပြီ ဟီးး)
လတ်တလောနိုင်ငံခြားမှာနေ နေရတာဆိုတော့ ဘဝက ကိုယ်ထူကိုယ်ထ လမ်းတစ်လမ်းလိုပါပဲ ကိုယ်ထူကိုယ်ထဆိုတာကလည်း ကိုယ်လဲရင်လည်း ကိုယ်ပဲကွဲပါတယ်။ ဒါက မြင်သာအောင်ပြောရတာပါ။

တွေးနေမိတာက…... ဂစ်တာလေးရှိနေသေးရင်သိပ်ကောင်းမယ် ဘာမှန်းမသိတဲ့ဟာတွေကိုလွမ်းသလိုလိုဖြစ်လာတိုင်း ဂစ်တာလေးတီးတီးနေရတာ ဖြေသာတယ်
ခုတော့ တီးစရာဆိုလို့ ကိုယ့်နရင်းပဲကိုယ်ပြန်တီးဖို့ရှိတယ် အဲဒါကြောင့်ဘာကိုမှမလွမ်းရဲတော့အောင်ပဲ။

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက......လူတွေအကြောင်းအများကြီး လေ့လာရဦးမယ်၊ ဆရာတာရာမင်းဝေရဲ့စာထဲကလိုပေါ့၊ တစ်ချို့ကျ လူတွေအကြောင်း“ကကြီး”ကနေ“အ” အထိသူတို့သိပါတယ်လို့
ကြွေးကြော်ကြတယ်။ ကျနော်ကတော့ လူတွေအကြောင်းကို“ကကြီး”ကနေ“ခခွေး”အထိပဲသိပါတယ်။ ဒါတောင် သိတဲ့တစ်ဝက်က မှားနေသေးတယ်။

ကျန်းမာရေး…….“ကျန်းမာရေး”ဆိုတာဝမ်းနှုတ်ဆေးရဲ့နာမည်ပေါ့နော် ၊ မသောက်ဖြစ်ပါဘူးကွယ်။ တော်ကြာဟိုသီချင်းထဲကလို“ပွမ်ပွမ်မြည်တဲ့အသည်း” မဖြစ်ဘဲ “ဒန် ဒန် မြည်တဲ့ဘဲ”ဖြစ်နေပါဦးမယ်။

ဖတ်ဖြစ်နေတဲ့စာအုပ်တွေ......မဖတ်ရသေးတဲ့စာအုပ်၊ ဖတ်ပြီးလည်း ထပ်ဖတ်ဖို့ဆန္ဒရှိနေသေးတဲ့စာအုပ်။

ရောက်ဖြစ်နေတာက......လက်ရှိနေထိုင်နေတဲ့နေရာကိုရေးရမှာလား? လျှောက်လျှောက်ပြီးသွားနေတဲ့နေရာ
ကိုရေးရမှာလား? လက်ရှိနေထိုင်နေတဲ့နေရာကိုရေးရမယ်ဆိုရင်တော့ ရေးမယ်။ အရင်ကဆို လူတွေကသူ့ကို“ပြား”တယ်လို့ယူဆခဲ့ကြတယ်၊ ခုတော့လည်းသူ့ကို“လုံး”နေမှန်း သိသွားကြပြီ။ဒါတောင်တစ်ချို့က သူ့ကို “လုံး”သလိုလို“ပြား”သလိုလို လုပ်နေတုန်း။ “သူ”ဆိုတာက
“ကမ္ဘာ”ကိုပြောတာပါ။ ကျနော်အဲဒီကမ္ဘာပေါ်မှာနေထိုင်နေပါတယ်၊ ဒီထက်ပိုပြီး သေသေချာချာမသိပါဘူး။

ရေးဖြစ်နေတာက........အခုမိတ်ဆွေဖတ်နေတာပဲပေါ့

နားထောင်ဖြစ်နေတာက.......“ဖိုးကာ”ရဲ့ တစိမ့်စိမ့်ကြည့် သီချင်းကို လေးစားကြည်ညိုစိတ်အပြည့်နဲ့ နားထောင်ဖြစ်နေပါတယ်။ ချစ်သူကို နဖူးကနေခြေဖျားထိ တစ်နေကုန်တစိမ့်စိမ့်ကြည့်ရုံလေးပဲ ကြည့်တယ်ဆိုတာ နည်းနည်းနောနော သမာဓိမှ မဟုတ်ဘဲ၊ မြန်မာပြည်မှာ အထောက်တော်ကျန်ကျောင်းလိုမျိုးဇာတ်လမ်းတွဲရိုက်ရင် ဖိုးကာကို သုခမိန်ကြီးပေါင်ချိန်နေရာထားရမယ်၊
ပေါင်ချိန်ကလည်း ပိန်ချောင်နေတာပဲလို့တော့အဲကျမှ ကွန်ပလိန်းမတက်ကြနဲ့ပေါ့လေ (ဒါကကြိုပြောထားရတာ)

ရွတ်နေမိတာက….... အနိစ္စ၊ဒုက္ခ၊ အနတ္တ ။ ပြီးခဲ့တဲ့ရက်တွေကမှ ကျနော့မျက်စိရှေ့မှာ အကောင်းပကတိကြီးရှိနေသေးတဲ့ ကောင်မလေးတစ်ယောက်၊ တနေ့က သတင်းကြားလိုက်တယ် “လင်ရသွားရှာပြီ”တဲ့ အဲဒီကတည်းက ဘယ်အရာမှမမြဲဘူးဆိုတာသဘောပေါက်သွားတယ်။

ဖြစ်ချင်နေတာက......miley cyrus ရဲ့ရည်းစား။

စားဖြစ်နေတာက.....မနေ့ကထက် ဘာမှပိုမထူးတဲ့အစားအစာတွေ။

သနားနေမိတာက…...ငယ်ငယ်ကဆိုတိရိစ္ဆာန်တွေကို သနားတယ်၊ချစ်တယ်။ ခုတော့မသနားတော့ဘူး မချစ်တော့ဘူး။ တိရိစ္ဆာန်က လူတွေကိုပြန်ပြီး လူပါးဝ အဲ.. အဲ … တိရိစ္ဆာန်ပါးဝနေလို့။ ဝေးဝေးမကြည့်နဲ့ ကိုယ့်တိုင်းပြည်ပဲကိုယ်ပြန်ကြည့် သေသေချာချာကိုကြည့် သတိမမူရင် ဂူတောင်မြင်မှာမဟုတ်ဘူး။ သတိမူရင်တော့ ဂူမကဘူး ပူထွက်နေတဲ့၊ စူထွက်နေတဲ့ တိရိစ္ဆာန်တွေရဲ့ဗိုက်ကိုတောင်မြင်ရလိမ့်မယ်။

လွမ်းနေမိတာက......မလွမ်းရဲဘူး၊ ပြောခဲ့ပြီ ကိုယ့်နရင်းကိုယ်ပြန်တီးနေရမယ်။

မေ့လျှော့ပစ်နေမိတာက.....အယ်... မေ့သွားပြီဗျ၊ ပြောပြမလို့ဟာ ။

ခါးသက်နေမိတာ.......Guinness stout ၊ မယုံရင်သောက်ကြည့်ပါလား တစ်ကယ်ပဲခါးသက်သက်နဲ့။

တမ်းတနေမိတာက...... တစ်ဖက်ကစက္ကူထည့်ရင် တစ်ဖက်က ပိုက်ဆံထွက်တဲ့စက်။

ကြိတ်ပြီးချီးကျူးနေမိတာ.......ယုံကြည်ရာအမှန်တရားကိုရှေ့တန်းတင်ပြီး ဘဝတွေ မှောင်အတိကျခဲ့ကြသူများ။ (အားလုံးရဲ့ရင်ထဲမှာတော့ လင်းတယ်)

ကြိတ်ပြီးအထင်သေးနေမိတာ.......ယုံကြည်ရာ အမှားတရား ကိုရှေ့တန်းတင်ပြီး ဘဝတွေ တောက်စားနေသူများ။ (အားလုံးရဲ့ရင်ထဲမှာတော့ မှောင်တယ်)

ဆန္ဒမရှိတဲ့နေရာ....... သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူးလို့ ကြွေးကြော်တဲ့နေရာ၊ ကျည်ဆန်နှမျောလို့နဲ့တူပါတယ်။ (အသက်ကိုတော့ နှမျောကြပုံမရဘူး တခါတခါစဉ်းစားမိတယ် ဒီလောက်တောင်ကျည်ဆန်နှမျောနေကြရင် အနားမှာဘယ်သူမှမရှိတဲ့အချိန်ဆို ကိုယ့်ဖင်ကိုယ်ပြန်ပစ်နေကြလားမသိဘူး အဲဒါဆိုရင်တော့ပြဿနာပဲ)

ဆန္ဒရှိတဲ့နေရာ..... ကျနော်ရယ်၊ ကျနော့ရဲ့နံရိုးလေးရယ်၊ နောက်ပြီး မိုးတိမ်တွေမငိုတဲ့အပြာရောင်ရပ်ဝန်းတစ်ခုရယ်ပေါ့ (“နံရိုး”ဆိုတာ ပတ္တလားအမှတ်နဲ့ တီးရမယ့်ဟာကိုပြောတာမဟုတ်ပါဘူး “ချစ်သူ”ကိုပြောတာပါ)

မုန်းတီးနေမိတာ
.........မုန်းပဲမုန်းနေမိပါတယ်၊တီးတော့တီးမနေမိဘူး။မုန်းတိုင်းလိုက်တီးနေရင် “မီးတုံး”ဖြစ်ပြီးမဲနေလိမ့်မယ်။ အဲကျမှ တွေ့ကရလူကို “ဗြဲ”လို့အော်ပြီးလိုက်ခြောက်နေရရင် မမိုက်ဘူး။

ချစ်နေမိတာက
…..... ကွမ်းယာဆိုင်က“အမီနာ” ၊ အဲလေ… ယောင်လို့ ။

စိတ်ပျက်နေမိတာက
....... စိတ်တော့မပျက်ဘူး၊ စက်တော့ပျက်တယ် ၊ အောက်စက်ရော ၊ကွန်ပြူတာရောပဲ။

စွဲလမ်းနေမိတာက
....... စွဲလမ်းရင်သရဲဖြစ်တတ်တယ်တဲ့၊ ဘာကိုမှမစွဲလမ်းရဲဘူး။

လိုအပ်နေတာ
……...“အာရကေ”လိုတယ်။(“အာရကေ”ဆိုတာ “အေရကာ”ရဲ့အစ်ကို ကုလားကြီးလို့တော့ မမှတ်နဲ့နော်၊
“ပိုက် ပိုက်”ကိုပြောတာ ။ “ပိုက်ပိုက်”ဆိုတာလည်း“ဖိုက်ဖိုက်”ရဲ့ယောက်ဖမဟုတ်ဘူးနော် “ပိုက်ဆံ”ကိုပြောတာ အဟီး သားကြီးတို့အလွန်လျှာရှည်၏) အဲဒါကြောင့် ဆံပင်ဆေးဆိုး နားကွင်းတပ်ပြီး VCDကူးခွေတွေ လိုက်ဖြန့်ရင် ကောင်းမလားလို့၊ ဘာပဲပြောပြော VCDရောင်းတာ ရှောက်သီးဆေးပြားရောင်းတာထက်တော့ ဂွမ်မယ်ထင်တယ် ။

တောင်းနေမိတဲ့ဆု......death noteရုပ်ရှင်ထဲက death noteစာအုပ်လေးလိုချင်တယ်၊ အမိမြန်မာပြည်ကိုအထင်ကရဖျက်ဆီးနေတဲ့လူတွေ၊ အမြင်ကပ်တဲ့လူတွေရဲ့နာမည်ကို အကုန်တန်းစီရေးပစ်မယ်။ dieကြရော့လဟယ်…

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက....... “အုံ အွမ် အုံအွမ်” (အဲလိုအော်ရင်လာဘ်ရွှင်တယ်ထင်တယ်၊ လာဘ်မရွှင်လည်း လူရွှင်ရင်ပြီးတယ် လူမရွှင်တောင်တစ်ခုခုရွှင်ရင်ရပြီ)

ဝန်ခံချင်တာက...... ဘာကိုဝန်ခံရမလဲမသိဘူး၊ လုပ်ခဲ့တဲ့အပြစ်တွေကိုလား? ဝန်ခံပြီးရင် ထိုက်သင့်တဲ့အပြစ်ဒဏ်ရော ပေးမှာပဲလား? ဒါဆိုရင် ဝန်မခံတော့ဘူး ပြောချင်တာပဲပြောခဲ့တော့မယ်၊ ဒီစာလာဖတ်ပြီး ကွန်မန့်မပေးသူ ဘော်ဘော်အပေါင်း(အိမ်ထောင်မရှိသေးသူများ) အပ္ပနားနဲ့ညားပါစေ၊ လက်ချမီးနဲ့ ညားပါစေ အဟိ ။

သယ်ရင်းလေးsweetpeonyနဲ့ သယ်ရင်း တလနွန်တို့ရေ ကျေနပ်နိုင်ပါစေ။ ။
ပုံကို photo bucketကယူပါတယ်။

37 comments:

နဒီမိုးညို said...

အမယ်လေး..အပ္ပနားနဲ့ ..ညားမှာတော့ကြောက်တယ်..တော့
ကောင်းတယ်...ဖတ်ရတာ..
ပေါ့ပေါ့ပါးပါး.ရှိတယ်..

Anonymous said...

ကိုကြီး
အပ္ပနားနဲ့တော့ မညားနိုင်ပါဘူးတော်

ခင်တဲ့
ရုံလေး

တလနွန် said...

ပေါ့ပေါ့ပါးပါးနှင့်ဖတ်ရတယ်။ရယ်လည်းရယ်ရတယ်။ ရယ်အောင် ရေးတာ မလွယ်ဘူးနော်။
ကိုသားကြီးကို မကျေတော့မကျေနပ်ဘူးဗျာ။ ကျနောတဂ်တာ မရေးပေးသေးဘူး :)း)
ကောင်းသော အားလပ်ရက် ဆန်းဒေး ဖြစ်ပါစေ

Anonymous said...

very good

မဟာဆန် said...

ကွန်မန့်ပေးပါတယ်
သေချာလည်း ဖတ်သွားပါတယ်
ကိုယ့်အကြောင်းကိုယ် ခရေစေ့တွင်းကျ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းထားတာတွေကို သေချာမှတ်သွားပါတယ်
အပ္ပနားလည်း လိုချင်ပေါင်တော်

Ree Noe Mann said...

သနားနေမိတာက…...ငယ်ငယ်ကဆိုတိရိစ္ဆာန်တွေကို သနားတယ်၊ချစ်တယ်။ ခုတော့မသနားတော့ဘူး မချစ်တော့ဘူး။ တိရိစ္ဆာန်က လူတွေကိုပြန်ပြီး လူပါးဝ အဲ.. အဲ … တိရိစ္ဆာန်ပါးဝနေလို့။ ဝေးဝေးမကြည့်နဲ့ ကိုယ့်တိုင်းပြည်ပဲကိုယ်ပြန်ကြည့် သေသေချာချာကိုကြည့် သတိမမူရင် ဂူတောင်မြင်မှာမဟုတ်ဘူး။ သတိမူရင်တော့ ဂူမကဘူး ပူထွက်နေတဲ့၊ စူထွက်နေတဲ့ တိရိစ္ဆာန်တွေရဲ့ဗိုက်ကိုတောင်မြင်ရလိမ့်မယ်။

ဒါလေးကို သဘောကျသွားတယ်ညီ။

ကိုရီနို

ငှက်ကလေး said...

ဟဟဟ ဖတ်ပြီး ဘာမန့်ရမယ်မှန်းမသိဘူး ရယ်တော့ သွားမယ် ဟားးးးးးဟားးးးးးး ကိုသားကြီးရယ် ပေါချက်ကတော့ ကမ်းကုန်ပဲ ဟဟဟ

shadowfullmoon said...

အပ္ပနားနဲ့ တော့ ပေးမညားပါနဲ့ ..... တကတည်းတော် သူ့ရဲ့ ချိမ်းခြောက်ပုံကြီးကလည်း ကြောက်စရာ..... ကွန့်မန့်ပေးဆိုပေးပါ့မယ်....
ပထမအပိုဒ်မှာတင် ရယ်ရလို့ ဘယ်ဘဝက လူရွှင်တော်ဝင်စားများလဲလို့ တွေးနေမိတာ.....

kyalkalay said...

လက်ချမီးနဲ့ ညား လဲယူမယ်

ပေး

ဒီစာဖတ်ပီး ကိုသားဂျီး ပုံပြန်ကြည့်တာ

ရာဇာနေဝင်းနဲ့တူသလိုပဲ

maylay said...

ဟဟ ကိုကြီးတော်တော်ရေးတတ်တာပဲ ။ မေလေးတို့ကျ လက်ချမီးနဲ့ ဘလို ညားရမလဲဟင်။
maylay

Angel Shaper said...

ဝေးးးးး ကိုသားကြီးးးးးးးး
သမီးကြီးလာပေါသွားတယ်။။ အဲ ယောင်လို့
ပျော်ပျော်လေး လာဖတ်သွားပါတယ်နော်။
အပ္ပနားတော့ ယူဘူး။
Rain လောက်ဆိုတော်ပါပြီ။ ဟိဟိ
ပျော်ရွှင်ပါစေဗျိုးးးးးးးးးးးးးး

မယ့်ကိုး said...

သားကြီးရေ... စာဖတ်ပြီး ရယ်လိုက်ရတာ။
death note စာအုပ်ရရင် ဟိုလူတစ်စုနာမည်ရေးမယ် ဆိုတဲ့ အတွေးတူလို့  အံ့သြမိတယ်။ အစ်မလည်း အဲဒီကားကြည့်တုန်းက အဲဒီလိုတွေးမိဖူးတယ်။
ငရဲကျကမှ ကျရော...
ဒီလိုသူတပါးကို ပျော်ရွှင်အောင် ရေးတတ်တဲ့လက်ကို ချီးကျူးမိပါတယ်။ ပျော်ရွှင်ပါစေ။

မီးမီးချစ် said...

ကွန်မန့်  လုံးဝ မပေးဘူး.. တို့ ကတော့ မာမာပဲ..း))

kiki said...

အပ္ပနား နဲ့ ညားညား
လက်ချမီးနဲ့ညားညား တော်သေးတယ်အေ ..
ဟို လဒမျိုးယုတ် တွေနဲ့ အမျိုးမတော်ရ ..ပြီးရော ...ဟွန်းးး

အနော် said...

ကိုသားကြီးရေ Miley Cyrus ကို သိပ်ကြိုက်တယ်ထင်တယ်
သူ့ရည်းစားပဲ ဖြစ်ချင်နေတော့တာပဲ :P
ဖြစ်ပါစေနော် ဆုတောင်းပေးသွားပါတယ်ရှင့်
ဒါပေမဲ့ မထင် ဟင်ဟင်ဟင်ဟင် (ကြေးစည်ထုသံပါ :P :P)
ခင်မင်လို့ စသွားပါတယ်ရှင့်

khin oo may said...

လာလေ့လာသည်။

sweetpeony said...

အမလေးးးး
ကြောက်ပါတယ် ကြောက်ပါတယ်
မန့်သွားပါတယ်
ဟီးးးးး
တွေးတတ် ရေးတတ်ပါ့ ကိုသားကြီးရယ်...
ကိုသားကြီး ပြောမှ ဖိုးကာကို တွေးကာ လေးစားသွားမိပါတယ်... ဟီးဟီးးးး
း)
ကျေးဇူးတင်တဲ့အနေနဲ့
နောက် တက်ဂ်ခံရတိုင်း ပြန်တက်ဂ်မယ်နော်...
ကြိုစရံသပ်ထားပြီ...။
ခိခိ...

Khyl said...

လာလည်ပါသည်... အရမ်းကြိုက်တဲ့ ဘလော့စာရင်းထဲ ထည့်ထားပါသည်.... (ဂယ်ပြောတာပါ)

နှင်းနဲ့မာယာ said...

ကိုသားကြီးရေ
တမ်းတနေမိတာလေး ရရင် လက်တို့လိုက်နော်...
အမီနာကိုစွဲလမ်းပီး သရဲကြီးတော့ မဖြစ်ချင်ပါနဲ့...
လတ်တလောလေး လာဖတ်ပီး ရီသွားပါတယ်...

နှင်း

မေဇင် said...

ကိုသားကြီး မနက်စောစော ထဖတ်ပြီး ရီလိုက်ရတာ..။ တော်တယ်.....။ စကားမစပ် ကြောင်လေး ဘဲလေး ကိုသေနပ်နဲ့ချိန်ထားတာ သဘောကြတယ် ကူးချင်တယ်..။

rose of sharon said...

ဖတ်ပြီးရီသွားတယ်... မုန်းတိုင်းလိုက်မတီးတာကောင်းပါတယ်...

mae said...

ရယ်ရတာ..

အပ္ပနားနဲ့ ညားမှာ ကြောက်လို့ comment ထားခဲ့တယ်

Yu Ya said...

ကိုသားကြီးရေ... တစ်ဖက်က စာရွက်ထည့်ပြီး တစ်ဖက်က ပိုက်ဆံထွက်ချင်ရင်တော့ မိတ္တူလုပ်ငန်းကို အကြီးအကျယ် လုပ်ကြည့်ပါလားဗျ..။

yu ya

Khyl said...

တော်တာ..... ဘာပြောရမှန်းကို မတိတော့ဘူး.... အာဝု

ကောင်းကင်ပြာ said...

ခုတလောတွေ ရေးထားတာကို ခုမှ လာဖတ်သွားတယ်၊ ကွန့်မန့် မရေးခဲ့ဘူး:P

ဂျာမုန်းဒန် said...

သားကြီးရေအခုမှပဲစာကိုသေချာလာဖတ်တော့တယ်။
ဒီကြားထဲမအားဒါနဲ့လေ။
အစ်မလဲ..ဟာသတခုပြောပြချင်တယ်။
ကမ္ဘာကြီးကလုံးတယ်၊ပြားတယ်နဲ့ပက်သက်ပြီးပေါ့။
ကလေးလေးတွေဟာကိုယ့်ဆရာမကိုအရမ်းယုံကြည်တတ်ကြတယ်လေ။
ကျောင်းကဆရာမက..”ကလေးတို့ရေ....ကမ္ဘာကြီးကပြားတယ်နောလို့တင်ပေးလိုက်တယ်။
အိမ်ရောက်တော့”ကလေးလေးက..စာလာဖတ်နေတယ်..”ကမ္ဘာကြီးသည်ပြားသောပုံသဏန်ရှိသည်ပေါ့။
ဒါကိုသူ့အမေကကြားလိုက်တော့...သားရေကမ္ဘာကြီးကလုံးဝန်းသောပုံသဏန်ရှိတယ်”လို့ပြန်ပြောတယ်။
သူ့သားကမအေပြောတာကိုလက်မခံပဲ...ဟာမေမေကလည်းကျောင်းမှာဆရာမကပြားပါတယ်ဆိုမှ။
မဟုတ်ဘူးသားရေ...လုံးတာပါ။
မဟုတ်ဘူးပြားတာပါမေမေ။...ဒါနဲ့...သူ့အမေက...စိတ်ဆိုးသတဲ့။
ကဲ...ပြားအုံး...လုံးပါတယ်ဆိုနေ...ဆိုပြီးရိုက်တယ်တဲ့။
နောက်ဆုံးတော့...သားလေးကမအေကိုလဲကြောက်ဆိုတော့
””ကမ္ဘာကြီးသည်ကျောင်းတွင်ပြားပြီး...အိမ်တွင်လုံးပါသည်”” ဟုဖတ်ပြလိုက်တယ်တဲ့။
ကလေးတွေရဲ့စိတ်မှာကျောင်းကဆရာမရဲ့စကားကိုပဲမှန်တယ်လို့ထင်ကြတာလေ။

ကိုလူထွေး said...

သေနပ်ကြောက်လို့ ရေးဖြစ်အောင်ဝင်ရေးသွားတယ်...

မေသစ္စာမောင် said...

ရေးထားတာရော
အောက်က ပုံလေးရော
ရယ်ရတယ် :D

ကိုရေတမာ said...

ကွန့်မန့်ဝင်မရေးဘူးဗျို့... :P

မေလေး said...

အပ္ပနားတော့ မလိုချင်ပေါင်တော်
သေချာဖတ်မှတ်သွားပါတယ်.
ကော့မန်တော့ မပေးနိုင်ဘူးအေ
ဒါဘဲ

Anonymous said...

Miley ရည်းစားဆိုပါလား.. မထင်......။

death note ကြည့်ချင်တယ် ဘယ်လိုရှာရပါ့..း(

ballonlay said...

အပ္ပနားနဲ့ညားမှာစိုးလို့ ခြေရာလေးတော့ ထားခဲ့လိုက်တယ်.. :D

ဧရာဝတီသား said...

အီးးးးးးးးးးးးးး ဖတ်ပြီးမှတော့ မမန့်လို့ မရတော့ဘူးလေ။ လက်ချမီးတော့ မလိုချင်ဘူး။
ကြိတ်ပြီး အထင်သေးနေမိတာ နဲ့ ကြိတ်ပြီး ချီးကျူးနေမိတာ နှစ်ခုကို ယှဉ်ရေး ပြထားတာ အကြိုက်ဆုံးပဲ ဗျ။

ခင်မင်လျက်

maylay said...

ကိုသားကြီးရေလန်းတယ်ဗျာ

မိုးခါး said...

လိုချင်တယ်
ဒက်နုတ်စာအုပ်ရော စက္ကူထည့်ရင် ပိုက်ပိုက်ထွက်တဲ့စက်ရော
တွေ့ရင်တော့ လုရတော့မယ်ထင်တယ် :P

နှင်းရဲ့သံစဉ် said...

comment ပေးရ တာပျင်းလို့ blog သွားတိုင်း ဖတ်ပြီဘဲ လစ်နေကြ။ ခုတော့ အပ္ပနားနဲ့ ..ညားမှာကြောက် လို ခြေရာ ချန်ခဲ့ တယ်။
အရေးအသား တွေ ညက်တယ်။ ဖတ်လိုကောင်းတယ်။

Witt Hmone said...

အားပေးသွားပါတယ်ရှင်..........

 
©2009 ♬သားကြီး♪ | by TNB