လျှာနှစ်ခွ

အဲဒီနေ့က…သူလိုကိုယ်လိုနေ့တစ်နေ့ပါပဲ.. နေကအရှေ့အရပ်ကထွက်တယ်..
အနောက်ကိုဝင်တယ်။
တစ်ခုပဲရှိတယ် အဲဒီနေ့မှာအဘိုးကြီးတစ်ယောက် အသက်ရှုရပ်သွားတယ်။
အဲဒီနေ့မနက်ကတောင် သူ့အသက်ရှုသံကို ကျနော်နားနဲ့ဆတ်ဆတ်ကြားခဲ့သေးတယ်၊ ခုတော့လည်း သူမဟုတ်တော့တဲ့
အတိုင်း ခြေပစ်လက်ပစ်သေနေလိုက်တာများ သိုးလို့၊ အသံလေးတောင်ထွက်မလာတော့ဘူး ။

ကျနော့်မှာ တစ်ကောင်တည်းဖြစ်နေရတဲ့အထဲ ဘေးအခန်းက လူသေတော့ ထခုန်မိမတတ်လန့်တာပေါ့။
စိတ်ညစ်ညစ်နဲ့ပဲ မတွေ့တာကြာတဲ့ သူငယ်ချင်းတစ်ယောက်ဆီ ထွက်လာလိုက်တယ်။
ကျနော့ကိုတွေ့တော့ သူငယ်ချင်းကဆီးပြောတယ်…
(ဘာမှန်းမသိ ပါးစပ်ကနေ “ဆီး”လို့အော်ပြီးပြောတာမဟုတ်ပါဘူ ခရီးရောက်မဆိုက်စကားလှမ်းပြောတာမျိုးပါ)

“မိန်းမတွေမကောင်းဘူးကွာ”
“ဟုတ်လား..မိန်းမတွေလည်းပြောကြတယ်ကွ…ယောင်္ကျားတွေမကောင်းဘူးတဲ့”
ကျနော့်စကားကြောင့် သူနည်းနည်းလေသွားပါတယ်။ ဒါပေမယ့်သူ့ဝသီအတိုင်းပြောချင်တာဆက်ပြောတယ်..
“နွားဝယ်ရင် သွားဖြဲကြည့်လို့ရသလို ကောင်မလေးတွေကိုလည်း ကိုယ်နဲ့မငြိခင်အရင်ဆုံးသွားဖြဲကြည့်လို့ရရင်မိုက်မယ်”
“ဘာလဲ ugly bettyဇာတ်လမ်းတွဲထဲကလို သွားကိုခြံစည်းရိုးကာပေးထားမလို့လား”
“တောက်တီးတောက်တဲ့ကွာ…ငါက “သွား”ကိုကြည့်မှာမဟုတ်ဘူးဟေ့.. လျှာကိုကြည့်မှာ နှစ်ခွများဖြစ်နေသလားလို့ ငါ့အရင်
ကောင်မလေး မင်းသိပါတယ် အစတုန်းကအကောင်းကြီး ပြီးမှ လျှာနှစ်ခွနဲ့ဖြစ်နေပါရောလား”

သူပြောတာက သူ့ရဲ့စံပယ်တင်မှဲ့ကလေးကိုပါ အဲဒီတုန်းကသူ့မှာအရူးအမူးပေါ့…
“ငါ့ကောင်မလေးသိပ်လှတယ်ကွာ ပါးမှလည်းစံပယ်တင်မှဲ့ကလေးနဲ့ လှမှလှ”
“အမှန်မှာအဲဒီမှဲ့ကလှတာမဟုတ်ဘူးကွ နေရာကောင်းလေးရထားလို့လှသလိုလိုဖြစ်နေတာ အဲဒီမှဲ့ပဲ ခြေတောက်မှာဖြစ်ဖြစ်
ဖင်မှာဖြစ်ဖြစ် ပေါက်ကြည့်ပါလား ဘယ်သူမှလှတယ်လို့ပြောမှာမဟုတ်တော့ဘူး”
ကျနော့်ရဲ့အဆီအငေါမတည့်တဲ့စကားကြောင့် အဲတုန်းက သူ့ဒေါသက အချွန်နဲ့ထိတဲ့လေပူဖေါင်းလေးလို“ရှူး”ကနဲထပေါက်တယ်၊ အမှန်မှာဗုံးတစ်လုံးလိုဝုန်းကနဲပေါက်ဖို့ပါပဲ ၊ဒါပေမယ့်ပေါက်လို့မရဘူးလေ၊ “ပေါက်သောသူနံ၏”ဆိုတာသူသိမှာပေါ့ ။

အမှန်မှာ ကျနော်က လေပြီးသူ့ဆီရောက်လာတဲ့ကောင်ပါ သူကကျနော့်ထက်ပိုလေပြနေတော့ အတတ်နိုင်ဆုံးသူ့အတွက်
ဖြေသိမ့်စရာစကားတွေရှာကြံပြောရတာပေါ့..
“လျှာနှစ်ခွဖြစ်တာများစိတ်ညစ်စရာလားဟ “ထူးဆန်းသောလျှာနှစ်ခွနှင့်လူ”ဆိုပြီးပြတိုက်ထဲတောင်ထည့်ထားသင့်တယ်
မင်းကပြတိုက်အပေါက်ဝကနေပိုက်ဆံကောက် မင်းကောင်မလေးက လာသမျှလူတွေကိုလျှာထုတ်ပြ ခဏလေးချမ်းသာမှာ”
“အာ..စိတ်ညစ်နေပါတယ်ဆိုမှမင်းကလဲ..ငါပြောတဲ့လျှာနှစ်ခွက အဲလိုမဟုတ်ဘူးကွ စကားနှစ်မျိုးပြောတာကိုပြောတာ”
“ဘာလဲ.. အင်္ဂလိပ်ရယ် မြန်မာရယ်လား”
ကျနော့်သူငယ်ချင်းညစ်ပြီးရင်းဆက်ညစ်ရပြန်ပါတယ်..။

“နင့်ကြီးတော် အင်္ဂလိပ်မြန်မာ စကားကိုဘလောင်းဘလဲပြောတာကိုပြောတာကွ လျှာနှစ်ခွဆိုတော့ စကားကိုနှစ်မျိုးပြောတယ်
သစ္စာကနှစ်ခု အသဲနှလုံးကနှစ်ခု ချစ်တာကလည်းနှစ်ခု နောက်ပြီး…နောက်ပြီးး..အားလုံးနှစ်ခုချည်းကွာသူ့ဆီမှာ မင်းပဲစဉ်းစားကြည့် ရည်းစားငုတ်တုတ်ငါက ဘယ်လိုဖြေရတော့မှာလဲ”
…မင်းကရည်းစားငုတ်တုတ်လုပ်တာကိုး ရည်းစားတက်ထိုင်မှမလုပ်တာကိုးလို့ ကျနော်ပြန်မပြောဖြစ်ပါ။

“တရားနဲ့သာဖြေပါကွာ အရှိကိုအရှိတိုင်းလက်ခံနိုင်ခြင်းဟာလည်းတရားပဲကွ.. နှစ်ခုသည်တစ်ခုထက်တော့များ၏ ဆိုပြီးနှလုံးသွင်းပေးပေါ့ မင်းအေးချမ်းလာလိမ့်မယ်”
“သြော်…အင်း..ဟုတ်တယ်နော်…ဟာကွာ မင်းကလည်း စကားကိုတော်တော်ကပ်တီးကပ်ဖဲ့ပြောတဲ့ကောင် မင်းလိုကောင်မျိုးရေးတဲ့ဘလော့ကို ဖတ်တဲ့လူတွေရှိတာတော့ ငါတစ်ကယ်အံ့သြတယ်”
ဘာမှပြန်မပြောဘဲ ကျနော်ပြုံးစိစိပဲလုပ်နေလိုက်တယ် အဲဒါကိုပဲသူက စကားထဲထည့်ပြောပြန်တယ်

“တွေ့လား မင်းပြုံးတာကြီးက ဘွတ်အဲကိုပြုံးတဲ့အပြုံးမျိုး”
“မင်းမို့ပြောတတ်တယ် ကျိန်ဆိုလည်းကျိန်ပါ့မယ် ငါ့တစ်သက်မှာ ဘွတ်အဲဆိုတဲ့နွားကို တစ်ခါမှမပြုံးပြဖူးပါလားကွာ”
..................
နောက်တော့ နှစ်ကောင်သား စားသောက်ဆိုင်တစ်ဆိုင်ကိုရောက်သွားတယ်၊ ဇာတ်ပွဲတွေထဲကလို ရွာစားရေ ပို့တော်မူစမ်းကွယ်ဆိုပြီး ဆိုင်းတီး ကန့်လန့်ကာချ၊ ကန့်လန့်ကာလည်းဖွင့်ရော ရောက်နှင့်နေတာမျိုးမဟုတ်ပါဘူး၊
ဖိနပ်ရယ် ခြေတောက်ရယ်၊ လမ်းရယ် အကျိုးတူပူးပေါင်းပြီးရောက်သွားကြတာပါ
( လမ်းလျှောက်သွားတာပေါ့လေ)
ဆိုင်ရောက်တော့ ဥင်္ီးဆောင်ခေါ်လာခဲ့တဲ့သူကပဲ အစားအသောက်မှာပါတယ်၊ မှာသမျှကိုသူပဲရှင်းရလိမ့်မယ်ဆိုတာလည်း သိမယ်ထင်ပါတယ် ။

အစားအသောက်တွေရောက်လာတော့ကျနော့ဘက်ပဲကျနော်ဆွဲထားလိုက်တယ်၊ သူကခံစားချက်တွေကိုပွင့်အန်မယ့်လူကိုး စကားများများပြောရမယ်လေ အဲဒါကြောင့်ပါးစပ်က အားနေမှဖြစ်မှာ ကျနော်ကနားထောင်ဖို့ချည်းသက်သက်လိုက်လာတဲ့ကောင်ဆိုတော့“နား”အားရင်ရပြီ ပါးစပ်အားဖို့မလိုဘူး မအားရအောင်လည်း နှစ်ယောက်စာကိုတစ်ယောက်တည်း ပလုတ်ပလောင်းစားပေးနေရပါတယ် သူ့ပါးစပ်အားပါစေတော့ဆိုတဲ့စေတနာသန့်သန့်နဲ့ပေါ့လေ။

သူကတော့ ကြေကြေကွဲကွဲကြီးရင်ဖွင့်လို့ ကျနော်ကတော့မြိန်မြိန်ယှက်ယှက်ကြီးနားစွင့်လို့..။
အဲလိုနဲ့ အဲဒီနေ့မိုးချုပ်သွားပါတယ် ကျနော်အိမ်ပြန်လာခဲ့တယ် သရဲခြောက်မလားတော့မသိသေးဘူး….။
ကျနော့်သူငယ်ချင်းရဲ့ဇာတ်လမ်းကိုရေးပြရမှာနည်းနည်းပျင်းပါတယ်
သီချင်းတစ်ပုဒ်ပဲတင်လိုက်တော့မယ် ဒီသီချင်းတစ်ပုဒ်ဟာ ကျနော့သူငယ်ချင်းရဲ့ဇာတ်လမ်းတစ်ခုလုံးကို ကိုယ်စားပြုတယ် ။
ဒီသီချင်းထဲမှာ သူ့ရဲ့စံပယ်တင်မှဲ့ကလေးကိုရှာတွေ့နိုင်ပါတယ်..

............

အဲဒီနေ့က အားပေးဖေါ်ရခဲ့တဲ့ ကျနော့အစ်မကောင်းကင်ပြာနဲ့ ညီမမေလေး(ဆုံနိုင်ခွင့်)တို့ကို ကျေးဇူး
အထူးတင်ရှိပါကြောင်း....။

24 comments:

ရွက်လွင့်ခြင်း said...

ဘရာသာရေ
တစ်ဘက်က ရင်ဖွင့်သမျှ နားထောင်ပေးတာ ကုသိုလ်ရပါတယ်
တော်ကြာ ကိုယ့်အလှည့်ကြ နားထောင်မယ့်လူမရှိ ဖြစ်ဦးမယ်း)))
နောက်တာပါ
ဒါနဲ့  သူရဲအခြောက်ခံရရင် ပိုစ့်တင်ဦးလေး)
ကြောက်ရင်လည်း အဖော်လေးဘာလေး ခေါ်အိပ်
ဂျာနယ်ကြော်ငြာက အဖော် မဟုတ်၊ လူ အဖော်
ဟာ.... ထူးပါဘူး...... နှစ်ခုလုံးသာခေါ်ထားလိုက်း)

ကောင်းကင်ပြာ said...

သူငယ်ချင်းရင်ဖွင့်တာကို ဗိုက်ပြည့်အောင်ာစားလာတယ်ပေါ့လေ၊း)
သူငယ်ချင်းလေး သနားပါတယ်၊ ခေါ်အိပ်တာ သူ့ကိုလား၊

အနော် said...

ပူနဲ့ ကိုသားကြီး သရဲက တကယ်ကိုရှိတယ်
အဘိုးကြီးဆိုတော့ ကိုသားကြီးကိုတော့ မခြောက်လောက်ပါဘူး မကြောက်ပါနဲ့
ဒါပေမဲ့လဲ ဘေးခန်းမှာ သေတယ်ဆိုတော့ ကျွတ်ဆင်ကြီးဗျို့ ဟီးဟီး
ခြောက်တော့လဲ ကိုကပြန်ပီး သူကြောက်မယ့်အရာနဲ့ ပြန်ခြောက်ပစ်လိုက် ဟုတ်တယ်မဟုတ်လား ဟီးဟီး
သရဲတော့ အနော်လဲ ကြောက်တယ်ဗျို့ လူတော့ မကြောက်ပါဘူး
သရဲကားတွေထဲဆို သရဲက မမြင်ကွယ်ရာကနေ တိတ်တခိုးလေး လာလာခြောက်တာ မဟုတ်လား
ဘွင်းဘွင်းကြီး ငါ သရဲဆိုပီး လာခြောက်ရင်တော့ တမျိုးပေါ့ :P
စကားကို ကပ်တီးကပ်ဖဲ့ပြောတတ်တယ်ဆိုလို့ အနော်တော့ သဘောကျတယ်ဗျို့
လူတွေက သူတို့ပြောတာကို ထောက်ခံရင် သိပ်သဘောကျကြတာ မဟုတ်လား
ပြန်ပီး ကွက်ရှင်လေး နည်းနည်းပြန်အောက်လိုက်တာနဲ့ လာပီ ကပ်ဖိုးကပ်ဖဲ့နဲ့ နင်ဟာလေ ထော်လော်ကန့်လန့်သိပ်လုပ်တာပဲ ဘာညာ သာရကာ ပြောမဆုံးပေါင် တောသုံးတောင်ကျနေတာပဲ အံ့ရော ဟိဟိ ကိုသားကြီးနဲ့ စကားပြောဖြစ်ရင် ကောင်းမယ်ဗျို့ စကားလက်ဆုံကျဖြစ်မယ်ထင်ရဲ့ ကပ်သီးကပ်သပ်ပြောတတ်တာချင်း တူလို့လေ :P
ကွန်ပျူတာလေး ဆေးရုံပို့လိုက်ရလို့ ကိုသားကြီး ရောက်မလာနိုင်သလို အနော်လဲ နေမကောင်း ခေါင်းနာဖြစ်နေလို့ အိမ်လည်မထွက်နိုင်ဘူး ဒီနေ့မှ အတိုးချ ထွက်ကဲနေရတာဗျို့ ဟီး

kiki said...

သူက လျှာနှစ်ခွဘဲ ရှိတာ တော်သေးတာပေါ့ကွယ် ။
တချို့ များ ၁၀ ခွလောက်တောင်ရှိတာ .. ဘယ်လိုလုပ်မလဲ ။
အခွများတဲ့ သူတွေနဲ့  နှိုင်းပြီး ဖြေခိုင်းလိုက်ပေါ့ ။

အိမ်ဘေးက အဖိုးကြီး လာမခြောက်သေးဘူးလား ဟေ ။။
လာခိုင်းလိုက်ပါ ။
ဒါမှ ကိုယ်တွေ့  ဇာတ်လမ်းလေးတွေ ဖတ်ရမှာ ။။။

ပေါသွပ် လင့်ခ် က ဘာဖြစ်လို့ ဖွင့်မရတော့တာလဲ
အသစ်တွေ့ ရင် ပို့ ထားလိုက်မယ် ..

yangonthar said...

ဟဟ ကိုသားကြီးမကြောက်နဲ့  လာမှာ လာမှာ
သူလည်း ပျင်းရင်ပျင်းနေမှာပေါ့ ..... လျှာနှစ်ခွ
ဖြစ်လားတော့ကြည့်လို့ မရဘူး ပါးချခံရမှာ တော့သေချာတယ် ဟီးဟီး .....
ပျော်ရွှင်ပါစေ
ရန်ကုန် :D

မေသစ္စာမောင် said...

သူငယ်ချင်းရေ အားရပါးရ ရင်ဖွင့်လိုက်
တို့လည်း အားရပါးရ စားပေးပါ့မယ်ကွယ်...:D
နားပူတာနဲ့ တန်အောင်စားပေးရမယ်...အဟဲ

မြစ်ကျိုးအင်း said...

သရဲကြောက်တဲ့သူဆိုတာ သရဲထက် ပိုချောတဲ့သူလို့ ပြောတာကြားဖူးတယ်။
ဟဲဟဲ ကျွန်တော်လည်း သရဲကြောက်တယ် သရဲလည်း ကျွန်တော့်ပြန်ကြောက်ချင်ကြောက်မလားပဲ...။
သယ်ရင်းလည်း မေးကြည့်လေ သရဲရော သားကြီးကို ကြောက်သလားလို့ ဟဲဟဲ....။

ဝက်ဝံလေး said...

ဖေသားကြီးကလဲ ဝက် မွေးစားအဖေ မဟုတ်တာ ကျလို့ သရဲများကြောက်ရသေးတယ် ဟွင်းးးး ဘာမှ ကြောက်စရာမရှိဘူး သူတို့က ဘာမှ ကိုယ့်ကိုလုပ်နိုင်တာဟုတ်ဘူးရယ် အိုကေ နော် နောက်တခါ ခြောက်ရင် ဝက် နံမည်ပြောလိုက် သူတို့ တခါတည်း ထွက်ပြေးသွားလိမ့်မယ် ဟားဟားးးးးးးးးးးးးးးးးးးးးးးး

rose of sharon said...

နှစ်ခုသည် တစ်ခုထက်များ၏ ... မှန်လိုက်လေ....

Angel Shaper said...

ရော်။။။ သယ်ရင်းကောင်း ကိုသားကြီးက
သရဲကြောက်သတဲ့လား။
သေချာနေပါပြီ မှန်အကြည့်များတာ ဖြစ်မယ်။ ဟိဟိ
မှန်ကြည့်တာလျော့ဟ။ သရဲဆိုတာ မကြောက်ပါနဲ့ဟယ်။
ကြောက်အောင် ခြောက်တတ်တာကလွဲရင် ဘာမှ လုပ်နိုင်ကြရှာတာမဟုတ်ဘူး။ လူပြိုသိုးကြီးတွေ တာဝန်ကျေသလို သူတို့လဲ သရဲတာဝန်ကျေချင်ရှာမှာပေါ့ဟ။ ဟုတ်ဖူးလား။
Your Love Is A Lie!!! အကိုကြီးကိုလဲ ပြောလိုက်ပါ။
စံပယ်တင်မဲ့လေး မေ့လိုက်တော့ ဒီတစ်ခါ နန်းဆန်ဆန် သဇင်လေးပဲ လုပ်ပါလို့ ။ ဟိဟိ
သူကံကောင်းတာလေ။ အများကြီးထပ်ရှာလို့ ရတယ် ဟိဟိ။ ပျော်ရွှင်ကြပါစေနော်။
ကွန်ပျူတာ နေကောင်းသွားပြီကြားလို့ ဝမ်းသားတယ်ဟ။ ဒါပဲဟေ့။။။

ကာရံဆူး said...

သွားကိုက်နေပေမဲ့ လာလည်သွားပါတယ်.....

နွေဆူးလင်္ကာ said...

အရေးအသားကောင်းပါတယ်။ ဖတ်လို့ကောင်းအောင် ရေးတတ်တယ်။

ဇော် said...

ကျနော်ကတော့ ပြုံးရင်း ဒေါင်းရင်း နားထောင်ဖြစ်တယ်ဗျာ။ သီချင်းလေး ကောင်းလို့။ =]

Anonymous said...

မှန်လိုက်လေဗျာ
နှစ်ခုသည် တစ်ခုထက်များ၏လို့ 
နှလုံးသွင်းမိရင်
တော်တော်အေးချမ်းတာဗျို့ 
ဟီးဟီး

ခင်တဲ့
ဝသန်မိုး

Khyl said...

တူက အားလု့းနှစ်ခုဆိုတော့လွန်တာပေါ့....
တလွဲမတွေးပါနဲ့... ငယ်ငယ်တုန်းက မေမေက မောင်လေးတွေကိုမုန့်ပိုပေးရင် ပြောမိတာလေး သတိရလို့ပါ.....
သရဲကြောက်တာနဲ့မျန်း မတွေ့တာကြာတဲ့သယ်ချင်းဆီထွက်လာတယ်တဲ့ဟီးဟီး.... ရွှီးလဲ တို့ကတော့သိပြီးသား....
သာရဲကြောက်တာပါအေ..... ခိခိ...
ဟာသရေးတဲ့နေရာမှာ ဆရာတင်ပါတယ်နော်......
မနိုင်ဘူး....

မယ့်ကိုး said...

စိတ်ဝင်တစား အဆုံးထိလာဖတ်သွားပါတယ်။ ဘာရေးရေး စိတ်ဝင်စားအောင်လည်း ရေးတတ်တာကိုး ... =)

မေလေး(ဆုံနိုင်ခွင့်) said...

ကိုသားကြီးတို့ များ တော်ချက်. ရေးတတ်လိုက်တာ
တစ်ပုဒ်ဆို ဆိုသလောက် ကောင်းအောင်ရေးတယ်။

ဒါနဲ့ လျှာနှစ်ခွ ဆိုလို့ တနေ့ကဘဲ သူငယ်ချင်းတယောက်ပို့လိုက်တဲ့မေးလ်မှာ ပါးစပ်ကို ကွင်းနှစ်ခုနဲ့ ဖောက်လိုက်ပြီး မေးစေ့ကနေ လျှာကထွက်တယ် ပြီးတော့ အဲလျှာက နှစ်ခွခွဲထားသေးတယ် ။ ကြည့်ရတာကို အသဲယားစရာကောင်းနေပြီ။ ကိုသားကြီး လျှာနှစ်ခွပြောလို့ သတိရသွားတယ်.။
ကြည့်မလား ။ပို့လိုက်မယ်။

ကိုသားကြီးသူငယ်ချင်းကိုပြောလိုက်ပေါ့။ အေးငါလိုကောင်မျိုး ရေးတဲ့ ဘလော့ကို လာဖတ်တဲ့ ပရိသတ် အများကြီးလို့ ။

ဒါနဲ့ ဘွတ်အဲကို ပြုံးတဲ့ အပြုံးမျိုး ဆိုတာ ဘယ်လိုမျိုးပါလိမ့်။
ပြုံးပြပါလား ။ ဟိဟိ
မမြင်ဖူးလို့ပါ။

maylay said...

ကိုကြီးသားကြိး ဘာတွေ လေနေတာတုန်း။ တော်သေးတယ်။ သူများရင်ဖွင့်တာ နားထောင်ပေးနိုင်ခဲ့လို့။ ကိုယ့်အလှည့်ကျလည်း ရှိလာမှာပေါ့။ ကုသိုလ်ရတယ်။ လျှာနှစ်ခွ ။ဘွတ်အဲကိုပြုံးတဲ့ အပြုံးမျိုး။ ဘေးခန်းက အဘိုးကြိးအလောင်း ။ ညဘက်တစ်ယောက်တည်းပြန်လာ ။ ဟဟ ကိုကြီး အဲဒါ ဆက်စပ်လိုက်ရင် သရဲတစ်ကောင်ရနေပြီနော် ။ သီချင်းလေးနားထောင်သွားတယ်နော်။ကိုကြီး ကျန်းမာပျောှ်ုရွှင်ပါစေ။

sweetpeony said...

ကိုကြွှေမောက်
ရေးဦးလေ
ဘေးခန်းက ညီးသံတို့
နံရံတဖက်ခြားက အသက်ရှုသံတို့
ဟိဟိ
မျှော်နေမယ်နော်...
အဲဇာတ်လမ်းကို...
း)

မေဇင် said...

ကိုသားကြီးရေ.... အဲ့ဒီ လျှာနှစ်ခွ အကြောင်းကို စာနဲ့ရေးပြတာ ဖတ်ချင်တယ်... သီချင်း နဲ့ တွဲဖတ်ပြီး စာရေး ပါ..။..

မလိခ said...

လူတွေကလေ.. လျှာနှစ်ခွနဲ့ မြွေဟောက်မ ဘာညာပဲပြောကြတယ်... ကိုသားကြီးက သိတဲ့ မြွေဟောက်ထီးတွေအကြောင်းရေးပါလား....ဟဲဟဲ ဘာမန့်ရမှန်းမသိလို့ ရေးချင်တာရေးသွားတာ... လည်လည်လာတယ်နော်... :D

စည်သူ said...

ဟေးဟေး..
ဘာတဲ့.. တစ်ခုသည်
နှစ်ခုထက်နည်း၏..

ပြုံးလိုက်စမ်း.. ပြုံးလိုက်စမ်း.. :P :) :) :)
ကောင်းတယ်ဗျာ.. သဘောကျတယ်..
အဲလိုရေးသားချက်တွေ...

ပျော်ရွှင်ပါစေ
ကိုသားကြီးရေ

ခင်မင်စွာဖြင့်
စည်သူ။

chitpalone said...

ဖိနပ်ရယ်၊ လမ်းရယ်၊ ခြေထောက်ရယ်ပေါင်းရင် လမ်းလျှောက်တာကိုး။ သုံးယောက်တအိမ်မက်ပေါ့နော်။ အဟိ။
ပျော်ရွှင်ပါစေ ( အဘိုးကြီးနဲ့ အဟိ)
ခင်မင်လေးစား အားကျလျှက်
ညီမလေး ပါးလုံး

မိုးခါး said...

အရမ်းအရမ်းကိုပဲ ဖတ်လို့ကောင်းပါတယ် .. နောက် အမြဲလာဖို့ လင့်သွားပါတယ် .. :D

 
©2009 ♬သားကြီး♪ | by TNB