ရင်ဝဖနှောင့်နဲ့ဆောင့်ကန်သလို နောက်ပြန်ကို လဲကျပြီးတော့မှမှောက်ရန်အလို

“အဲကောင်က ဘယ်သူ့ကိုစိတ်ဆိုးနေတာလဲ”
အဘိုးက အဲလိုထမေးတော့ ကိုလူပျိုကြောင်တောင်တောင်ဖြစ်သွားတယ်
“ဘယ်သူ့ကိုပြောတာလဲအဘိုးရဲ့”
“နင့်ကက်ဆက်ထဲက ကောင်ကိုပြောတာလေ”
ဟိုက်…ကိုယ့်နဖူးကိုပြန်ရိုက်ပြီး လဲပဲသေလိုက်ရတော့မလို။

“အဲဒါစိတ်ဆိုးနေတာမဟုတ်ဘူး သီချင်းဆိုနေတာလေအဘိုးရဲ့ ဟဲဗီးမက်တယ်လို့ခေါ်တယ်”
“ဟဲဗီးမက်တယ်? ဟဲဗီးက လူနာမည်လား ဟဲဗီးဆိုတဲ့လူကိုမှမက်တယ် ဟုတ်လား”
ဒီအဘိုးတော့ ပြဿနာပဲ ၊ ကိုလူပျိုစိတ်ညစ်သွားတယ်။
“ရောခ်အပြင်းစားကိုပြောတာဗျ အဘိုးကလဲ”
“ရောခ်အပြင်းစားဟုတ်လား တော်တော်ပဲပြင်းသလား အပင်တွေစိုက်ရင်ထည့်တဲ့ပုလဲဝဲထက်ပြင်းသေးလား”

တော်ပြီ ကိုလူပျိုညစ်သွားပြီ အဘိုးကိုဖြေရှင်းချက်ပေးမနေတော့ဘူး အကြိုက်ဆုံးrockerကြီးတစ်ယောက်ရဲ့ အသံနဲ့ဆူညံပေါက်ကွဲနေတဲ့ကက်ဆက်ကိုပဲသွားပြေးပိတ်လိုက်တယ်။
အဘိုးကလည်း“ပင်လယ်အော်သံ”ကို ရပ်ကွက်ထဲက“တုတ်ကြီးအော်သံ”နဲ့လာမှားနေတယ်။ တုတ်ကြီးဆိုတဲ့ကောင်ကလည်း စိတ်ဆိုးလာရင် အမြဲတမ်းအော်ကြီးဟစ်ကျယ်ကိုး ။

ဒီနေရာမှာ ရှင်းစရာတစ်ခုပေါ်လာတယ်၊ ကိုလူပျိုဆိုတာက
ဂျာအေးခြေထောက်ကိုသွားဆွဲတဲ့ကိုလူပျိုမဟုတ်ဘူးနော်၊ ရှုပ်ရှုပ်ယှက်ယှက် သူများခြေတောက်ကိုမှလိုက်လိုက်ဆွဲတဲ့စာအုပ်ထဲက ကောင်နဲ့မှားမှာစိုးလို့ပါ။ အဲကောင်ကလည်း
ဆွဲစရာရှားလို့ ဘာကိစ္စခြေတောက်ကိုမှသွားဆွဲရတာလဲမသိဘူး ၊ ကိုက်စားလို့ရတာလဲမဟုတ်ဘဲနဲ့ ။ ထားပါတော့လေ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့နော့။ အဲကောင်ကံကောင်းသွားတာက ဂျာအေး မယောင်တတ်တာပဲ၊ ယောင်တတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့ခြေထောက်ကို
အမှောင်မိုက်မှာသွားဆွဲလို့ ကတော့လား ၊ “တိန်”ကနဲအသံမည်ပြီးနဖူးဖုသွားမှာပေါ့ကွယ်။

ခုခေတ်အနေအထားမျိုးနဲ့သာဆို အဲကောင်ကိုပုဒ်မ အများကြီးတပ်လို့ရတယ်
မှောင်ရိပ်ခိုမှု၊ နယ်မြေကျူးကျော်မှု၊ အထိတ်တလန့်ဖြစ်စေမှု၊ ကိုယ်ထိလက်ရောက်ပြုမူမှု စသဖြင့်ပေါ့လေ ကြည့်ရတာ ဂျာအေးတို့ခေတ်က အမျိုးသမီးရေးရာလည်းမရှိလောက်ဘူးထင်ပါတယ် ထားတော့ ထားတော့။
ကိုလူပျိုလည်းကက်စက်ပိတ် အိမ်ကထွက်ပြီး အပျိုမလေးတစ်ယောက်လို လန်းလတ်သစ်လွင်နေတဲ့နံနက်ခင်းကြီးကို
သာသာမောမောကြီးကြည့်ပစ်လိုက်တယ် ပြီးလည်းပြီးရော (အချိန်ယားလည်းရှိတယ်ဆိုတော့)သမိုင်းပေးတဲ့ လူပျိုတို့ရဲ့တာဝန်ကို ဦးဆွေးဆံမြည့် စတင်ထမ်းဆောင်ပါတော့တယ်။

သမိုင်းပေးတဲ့ လူပျိုတာဝန်ဆိုတာကိုလည်း ရှည်ရှည်ဝေးဝေးမတွေးကြပါနဲ့ ကောင်မလေးလှလှမြင်ရင်ငမ်းပေးရတာတို့၊ တော်တော်လေးလှတယ်ထင်ရင်
နောက်က လိုက်ပေးရတာတို့၊ ကံမကောင်းအကြောင်းမလှရင် “ရှင်ပါးကွဲသွားချင်သလား”ဆိုတဲ့ရန်တွေ့သံ
ကို သဘောထားကြီးကြီးနဲ့ နာခံပေးရတာတို့ပါပဲ။
“အလုပ်ဟူသမျှဂုဏ်ရှိစွ”တဲ့၊ တစ်ကယ်တော့ မေတ္တာကို လှည့်လည်တောင်းခံရတာဟာလည်း အလုပ်ပါပဲ။
ဂုဏ်ယူချင်ရင် ဒါကိုလည်းဂုဏ်ယူတတ်ရမယ်။

ဒီနေရာမှာ ကြုံလို့တစ်ခုဖြတ်ပြောချင်ပါတယ် (မကြုံရင်လည်းပြောမှာပါပဲ)
သင့်အနေနဲ့ရည်းစားစကားလိုက်ပြောလို့ “ရှင်ပါးကွဲသွားချင်လား”ဆိုပြီး ကောင်မလေးကလှည့်ပြောရင် အဲဒီကောင်မလေးကို လူယဉ်ကျေးမကြီးအဖြစ်လေးလေးစားစားဆက်ဆံပစ်လိုက်ပါ။ သင့်ကြောင့်သူအနှောင့်အယှက်ဖြစ်နေရတယ် သင့်ကိုလည်းလက်မခံနိုင်တဲ့အနေအထားဖြစ်နေတယ် လက်ဝါးကလည်း တစ်အားယားပြီး သင့်ပါးကိုလှမ်းရိုက်ချင်နေတယ် ဒါနဲ့များတောင်
“ပါးကွဲချင်ပါသလား” ဆိုပြီး သင့်သဘောထားကိုသူအရင်မေးသေးတယ်

မေးခွန်းမေးသလိုနဲ့ သင့်ကိုသတိပေးခြင်းလည်းဖြစ်တယ် သင့်အနေနဲ့ပါးကွဲခံနိုင်ရင် ဆက်လုပ် ၊ ပါးအကွဲမခံနိုင်ရင်တော့နောက်ဆုတ် ဒါမျိုးသတိပေးတော။
ဒါဟာ တစ်ကယ့်ယဉ်ကျေးတဲ့နိုင်ငံကြီးသူ ပီသမှန်း ပြတာပါပဲ။ တချို့တလေများ အဲလိုမေးဖေါ်လေးတောင်မရဘူးလေ ၊ တန်းပြီးတော့ကို တွယ်ပစ်တာ
“ဖြန်း” ကနဲပဲ ။

ဇာတ်လမ်းပြန်ဆက်ရမယ်ဆိုရင်....
ဒီလိုနဲ့ ပဲကိုလူပျိုချစ်တတ်လာခဲ့ပါတယ်
ဒီလိုနဲ့ ပဲကိုလူပျိုမုန်းတတ်လာခဲ့ပါတယ်
နှလုံးသားရေးရာသမိုင်းတစ်လျှောက် ကွဲလိုက် စေ့လိုက်ဖြစ်နေတဲ့အသည်းကိုလည်း ခပ်တည်တည်နဲ့ ပတ္တာရိုက်ပေးထားလိုက်တယ် အဖွင့်အပိတ်လုပ်လို့ရအောင်ပေါ့လေ၊ ဖွင့်လို့ပိတ်လို့ရနေပါပြီဆိုမှ အသည်းက ဘယ်လိုကွဲတတ်တော့မှာတုန်းနော် မပိုင်ဘူးလား ။
ဒီလိုနဲ့ပဲ…နေဝင်နေထွက်တွေများသွားတယ်
ဒီလိုနဲ့ပဲ…. လူပျိုဆိုတဲ့စာသားရဲ့နောက်ကနေ ကကြီးယယစ်လုံးကြီးတင်ဆံခတ်နဲ့ ဝစ္စနှစ်လုံးပေါက်တို့တိုးလာပါတယ်...

“လူပျိုကြီး” ပေါ့လေ..။ လူပျိုကြီးဆိုတော့လည်း ထုံးစံအတိုင်း အပျိုကြီးတွေကို သိပ်စိတ်မဝင်စားဘူးပေါ့
(စတာပါလေ…အပျိုအကြီးကြီးတွေကိုရော အပျိုအသေးသေးတွေကိုရော တန်းတူရည်တူ “ချစ်သောမျက်စိ”ဖြင့်သာကြည့်ပါ၏၊ အဲလိုအကြည့်ကောင်းလို့ပဲ “မုန်းသောမျက်စိ” ဖြင့် ပြန်အကြည့်ခံရပါ၏)
တစ်ညမှာပေါ့…
အဲဒီတစ်ညဟာ နိုင်ငံခြားလောကထဲ လူပျိုကြီးနေသားကျနေတာ ကြာသွားပြီဖြစ်တဲ့တစ်ညပေါ့။

လူပျိုကြီးရဲ့ဖုန်းကအသံမည်လာပါတယ် အချိန်မတော်ထမြည်တဲ့ဖုန်းကို လူပျိုကြီးအရမ်းမုန်းပါတယ်
အတွေ့အကြုံရ အဲလိုအချိန်မှထမြည်တဲ့ဖုန်းတွေဟာ များသောအားဖြင့် သတင်းကောင်းတွေပါးလေ့မရှိဘူး
မတတ်သာလို့ခေါ်ရတဲ့ဖုန်းတွေ မဖြစ်မနေခေါ်ရတဲ့ဖုန်းတွေ ။
ကောက်ကိုင်လိုက်တော့ တစ်ရပ်တစ်ကျေးက ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အသံကဝင်လာတယ်
စလာကတည်းကိုက အခြေအနေက မကောင်းဘူး
“မင်း…စိတ်ခိုင်ခိုင်ထားပါ”တဲ့..။

လူပျိုကြီးရင်ထဲထိတ်သွားပါတယ် စိတ်ခိုင်ခိုင်ထားပါလို့စကားဦးသမ်းပြီး စိတ်မခိုင်လောက်တဲ့ စကားတွေချည်း လှိမ့်ပြောပစ်တာ မြန်မာရုပ်ရှင်ကားတွေကြည့်ဖူးတဲ့အတွေ့အကြုံအရ သိနေတယ်လေ။ ဖြစ်နိုင်ရင် နောင်နှစ်ဒီအချိန်လောက်ကျမှဆက်ပါတော့လားဖုန်းကို...
“စိတ်တော့မကောင်းဘူးကွာ...မပြောမပြီး မတီးမမြည်ဆိုသလိုပဲ”
အသံလေးလေးကြီးနဲ့တစ်ဘက်က စကားပလ္လင်ခံနေလိုက်သေးတယ် ဖြစ်နိုင်မယ်ဆိုရင် မပြောနဲ့ မတီးနဲ့ မြည်လည်းမမြည်နဲ့ … ဒါပေမယ့်..အဆိုးဆုံးကိုရင်ဆိုင်ဖို့လည်းလူပျိုကြီး ပြင်ရတယ် ဘယ်လိုမှမဟုတ်ပါဘူး ဖုန်းနဲ့နားကိုကပ်ပြီး လက်နဲ့ရင်ဘတ်ကိုဖိထားရတာရယ်ပါ။

“မင်းရဲ့ အရိုင်းစံပယ်လေးလေကွာ”
အဲဒီနာမည်ကြားတော့ လူပျိုကြီးရင်ထဲ တဒင်္ဂ အုံ့လှိုက်လာတယ် ။
တချိန်ကအဖြစ်တွေဟာလည်း အတွေးပုံရိပ်ထဲ ရစ်သီခိုကပ်လာတယ် ကြာတော့လည်းကြာခဲ့ပါပြီ။
…အရိုင်းစံပယ်....ငါ့ရဲ့အရိုင်းစံပယ်.... သူ…သူ…ဘာဖြစ်တာပါလိမ့်..?
“အရိုင်းစံပယ်”ဆိုတာက စံပယ်ပန်းတွေပန်ထားတဲ့ လူရိုင်းမကြီးကိုပြောတာမဟုတ်ပါဘူး
လူရိုင်းမကြီးနဲ့လည်း လူပျိုကြီးရည်းစားမဖြစ်ရဲပါဘူး ။တော်ကြာ“မောင်”လို့မခေါ်ဘဲ
“ဝေါင်း”လို့အော်ပြီး ကိုက်စားနေမှဖြင့်..။

အရိုင်းစံပယ်ဆိုတာ တချိန်က လူပျိုကြီးရဲ့နှလုံးသားကို ဆွတ်ပျံ့အုံ့သင်းစေခဲ့သူလေးပါ
အရိုင်းစံပယ်လို့ခေါ်ရခြင်းအကြောင်းကတော့ ဘာမှမဟုတ်ပါဘူး၊ ခေါ်ချင်လို့ကိုခေါ်တာပါပဲ ။
အရိုင်းစံပယ်လို့ခေါ်တာ “ရှင်ဂွမ်းဂွိ”လို့ခေါ်တာမှမဟုတ်ဘဲနော့ …။

“တရားနဲ့သာ ဖြေပါတော့ကွာ...မင်း...မင်း...ရဲ့ အရိုင်းစံပယ်လေး...မနေ့ကပဲ...မနေ့ကပဲ”

တစ်ဖက်အသံကလေးသထက်လေးလာတယ် ဝေးသထက်လည်းဝေးသွားသလိုပဲ...။
တရားနဲ့မဖြေနိုင်ရင် တစ်ရာနဲ့ပဲဖြေရလိမ့်မယ်လို့လူပျိုကြီးတွေးနေမိတယ် တစ်ရာတန်တစ်ရွက်နဲ့ ဘီယာဆိုင်ထဲဝင်သင့်လည်းဝင်ရလိမ့်မယ်လေ။
ဒါကနောက်မှပါ ခုဘာမှန်းတောင်သေသေချာချာမသိရသေးဘူး
လောလောဆည်တော့50 centနဲ့ eminemတို့ပေါင်းပြီးလူပျိုကြီးရဲ့ရင်ဘတ်ထဲကို
live showလာလုပ်နေသလို တဂျိမ်းဂျိမ်း တဂျိမ့်ဂျိမ့်ဖြစ်နေပါပြီ။

“အရိုင်းစံပယ်လေး မနေ့ကပဲ .. သားယောင်္ကျားလေးမွေးသွားလို့ကွ..မိခင်ရော ကလေးရော ကျန်းမာတယ် အဲ အဲ..သူ့ယောင်္ကျားလည်းကျန်းမာပါတယ် အဲဒါလှမ်းအကြောင်းတာပါ ဟီးးးး မင်းသိသင့်တယ်ထင်လို့လေ.. အဟိ..”
ဖုန်းထဲက သူငယ်ချင်းရဲ့စကားသံဆုံးတော့ လူပျိုကြီးမျက်နှာ က ရှိသမျှခေါက်ချိုးတွေ တွန့်ထွက်ကုန်တယ်
ခေါင်းကလည်း ၄၈ဒီဂရီလောက်စောင်းထွက်သွားတယ်..
အဲဒီသူငယ်ချင်းကိုလည်း ဘာသာစကား၅မျိုးတိတိနဲ့ ပီပီသသကြီးကော်ဆဲပစ်လိုက်တယ်။
………………..

(နိုင်ငံခြားတွင် တမေ့တမောကြီးနေမိသဖြင့် “သိုး”သွားကြရရှာသော “လူပျို”အပေါင်းအား ရည်ရွယ်ရေးသားပါ၏ ။ 50centနှင့်နင်လားငါလားအပြိုင်ဟဲတတ်သည့် “ဂျောက်ဂျက်”၏ သီချင်းစာသားကို ခေါင်းစဉ်အဖြစ်ယူထားပါသည် ဤပိုစ်အားတင်ပြီးသကာလ ကျွန်ုပ်သည် တွတ်ပီကိုင်သည့် သေနတ်အား
ပခုံးထက်ထမ်းလျှက် ဝက်ဝံကလေးအလာကိုစောင့်စားနေ၏ ။ဝက်ဝံကလေးသည် ကျွန်ုပ်တင်သမျှ အပိုင်းဆက်
ပိုစ်များအားမပြီးမချင်းလုံးဝမဖတ်ဟု ရာဇသံပေးထားသူလေးဖြစ်သည်။
face book acountအားဖွင့်ပေးခဲ့သည့်
ဝက်ဝံကလေး၏ ကြီးမားလှသည့်ကျေးဇူးတော်ကို
ထောက်ထားသဖြင့် အပိုင်းများကိုခေတ္တရပ်လိုက်ပါသည် သူ့အကြိုက်အစအဆုံးပိုစ်ကိုသာ
တင်လိုက်ပါသည်။
ဒါတောင် “နောက်မှဖတ်မယ် ခုတော့ပျံပြီ ..ဖလပ်…ဖလပ်”ဟု ကွန်မန့်တွင်
ရေးထားသည်ကိုတွေ့ရှိရပါက
တွတ်ပီသေနတ်ဖြင့်ပစ်ရတော့မည်ဖြစ်သည် ။
သိပ်တော့လည်းစိုးရိမ်စရာမရှိပါလေ.. တွတ်ပီသေနတ်သည် မရှောင်ရင် လွတ်ပေသည် ခွီး ခွီး ခွီးး :P)

42 comments:

Anonymous said...

သြော်...သားလေးမွေးယင်ကိုယ်.နာမည်လေးပေးပါဆို
ပြီးပြောလိုက်ရောပေါ. ...

ပထမဦးဆုံးမွေးတော. သားကြီးပေါ.နော်...

ဟဲ ဟဲ....မပေးစဖူးကွန်မန်.လာပေးလို.

လန်.မသွားနဲ.နော်...

တွတ်ပီသေနတ်ကိုတော.ကြောက်တယ်..

မေဇင် said...

peter kyaw ကိုထောက်ခဲ့ပါတယ်...ပထမဆုံး သားကြီးကို မွေးခဲ့တာပါ... သားကြီး က လူပျိုကြီး ကိုသနားလို့တဲ့...ဒီပိုစ့်လေး ရေးပီး...တစ်ယောက်ယောက်ကို သေနပ်နဲ့ ထိုင်စောင့်နေတယ်... မှားပြီး ပစ်မိမှာ ကြောက်တယ်...။ ပြေးပြီ.....................................။

မေလေး said...

ခေါင်းစဉ်ကတော့ လန်ထွက်နေတာဘဲ။

ကိုလူပျိုဆိုတာက ဟို တရဲကြောက်တတ်တဲ့ အတိုကြီးလားးဟင်။

အမျိုးသမီးရေးရာ ရှိတော့ကော ဘာများထူးခြားလို့လဲ
ပုဝါနှစ်စ အသာချ ပဲများတာက လွဲရင် ဘာမှသုံးမရတာကို။

မိုက်တယ် အသဲမကွဲအောင် လုပ်တဲ့နည်းက။
နောက်ဆို ပတ္တာအပို ဝယ်ထားရမယ်။
ဒါမှ သံချေးတက်ရင် လဲလို့ရအောင်.။

ကိုသားကြီးရဲ့  အယဉ်စပယ်ကော
သားလေးမွေးလား သမီးလေး မွေးလား
သမီးလေး မွေးရင် စောင့်လိုက်နော်။ဟိဟိ

တွတ်ပီသေနတ်က ကျည်ဆံကုန်နေပီတဲ့။

ကာရံဆူး said...

ကဲ နောက်ကျပြန်ပါပြီ ကိုသားကြီးရေ...အရိုင်းစံပယ်မွေးတာ ဘယ်သူနဲ့ လဲဟင်..ဟိဟိ

ကာ said...

သြော်...မေ့လို့ ...ပတ္တာဝယ်ချင်လို့ ..ဘယ်တံဆိပ်ကောင်းလဲဟင်...ရယ်သွားတယ်နော်...ကိုလူပျိုကြီး အခန်းဆက်ရော ရှိသေးလား...

ကာရံဆူး said...

သြော်...မေ့လို့ ...ပတ္တာဝယ်ချင်လို့ ..ဘယ်တံဆိပ်ကောင်းလဲဟင်...ရယ်သွားတယ်နော်...ကိုလူပျိုကြီး အခန်းဆက်ရော ရှိသေးလား...

တလနွန် said...

ဟဟဟ အပေါ်ဆုံးကလူ နာမည်ပေးသွားတာ သဘောကျတယ် အဟတ်။ အဝေးရောက် လူပျိုကြီးတွေအတွက် ဆိုတော့ သားသားတို့  မပါသေးဘူး :) ဖတ်ရင်း ရယ်ပြုံးသွားရပါသည်။

သုခုမလေဒီ said...

အရိုင်းစပယ်လေးက သားသားလေးမို့ စိတ်ညစ်နေတာ လား ကိုလူပျို သားကြီးရေ။ တွတ်ပီသေနတ်ကျည်ကုန်ပြီဆို မေလေးပြောတယ်။ ကြောက်စရာမလိုတော့ဘူး။း)

ငယ် said...

တော်သေးတယ် အရိုင်းစံပယ်က သားလေးမွေးလို့...
သမီးလေးမွေးရင် ချစ်သောမျက်စိနဲ့ ဆက်ကြည့်ဦးမှာ မဟုတ်လား.....

အနော် said...

ဟုတ်တယ်ဗျနော် ကိုသားကြီးရေ
လူပျိုတို့ရဲ့တာဝန်တွေက များသလို အပျိုလေးတွေရဲ့ တာဝန်ကလဲ များတယ်ဗျ (ဟိဟိ)
အနော်ဆို နှစ်ခုစလုံး စိတ်ဝင်စားတော့ လမ်းထွက်ရင် အဆင်ကိုပြေနေတာပဲ
ဒီမှာကလဲ ပါးကွဲချင်သလားလို့ ဘာတို့ ပြန်မေးမယ့် ကောင်မကလေးတွေရော ကောင်ကလေးတွေရော မရှိဘူးဗျ မရှိဆို သူတို့ပြောတာလဲ ကိုမှ နားမလည်တာကြီးကိုလေ :P
ကောင်မလေးတွေဆို အနီးကြည့်မျက်မှန်တပ်ပီး
ကောင်လေးတွေဆိုရင်တော့ အဝေးကြည့်တပ်ရတယ်ဗျ
ဘာလို့ဆိုတော့ကာ ကောင်မလေးတွေက အသေးစိတ်ကြည့်မှ မြင်ရပီး (မှတ်ချက် - ဘောင်းဘီတိုဝတ် ကောင်မလေးများကိုသာ)
ဆိုလိုတာက ခြေထောက်လေးတွေ သိပ်လှလွန်းလို့ပါ ဟိဟိ
ကောင်လေးတွေကိုတော့ ခပ်ဝေးဝေးကပဲ ကြည့်ရဲတယ်ဗျို့ နှုတ်ခမ်းနီရဲရဲလေးတွေဆိုးပီး ဖင်လေးတွေ လိမ်ကျစ်လိမ်ကျစ်နဲ့ဆိုတော့ ဖက်နမ်းမိမှာစိုးလို့လေ ဟိဟိ
သူငယ်ချင်းကလဲဗျာ ရည်းစားဟောင်း ကလေးမွေးတာကို ညကြီးသန်းခေါင် ဖုန်းဆက်ရတယ်လို့ အမှန်ဆို သူသာ ဘော်ဒါအကန့်ရှိမယ်ဆိုရင် နောက်ပြောင်းလာတဲ့ ကောင်မလေးတွေရဲ့ သတင်းသာ ပေးသင့်တယ် မဟုတ်ဘူးလား ဟဲဟဲ (ဆက်စပ်စဉ်းစားကြည့်တာပါ)
ဘာသာစကား ငါးမျိုးတောင် တက်တယ် ဟုတ်လား
လေးစားပါတယ်ဗျာ

yangonthar said...

ကောင်း၏ လူပျိုတော့ မသိုးချင်သေးဘူ ရေခဲ သေတ္တာထဲ ထည့်သိမ်းထားမယ် ကိုသားကြီး :D
ပျော်ရွှင်ပါစေ
ရန်ကုန်သား

မယ့်ကိုး said...

သားကြီးရေ..စာရေးအရမ်းကောင်းတာတော့ အထူးပြောစရာမလိုတော့ဘူးထင်ရဲ့။ စာအုပ်တောင် ထုတ်သင့်နေပြီ။ :)

နဒီမိုးညို said...

ဖတ်ပြီး.ရီနေရတယ်..တစ်ကယ်..

ကောင်းကင်ပြာ said...

လူပျိုကြီး ရဲ့ အရိုင်းစပယ်တဲ့လားး၊
မမ မှာလဲ ပေတ္တာတွေ ပိုနေတယ် သားကြီးပေးထားဦးမှပဲ

kiki said...

လူပြိုသိုးကြီးက ဂျာအေးကို ခြေထောက်မဆွဲဘူး ဆိုတော့ ဘာများသွားဆွဲမိလိုက်တာလဲ .ဟင် ..
ဟဲဗီးမက်တယ် ၊ ဂျောက်ဂျက် တော့ မသိဖူးကွယ် ..
လဲပြီးဟက်တက် ၊ ဂေါက်ဂက် ဆိုတာတော့ သားကြီး မှန်းသိလိုက်တယ် ..ဟိဟိ ။
တွတ်ပီ အဲဒီညက ကန် ကောင်းတယ် ။( ဂဲလုံး ကန်မိလို့ ခြေမကြီး ဟက်တက်ကွဲ သွားတယ် ။ ကျည်ဆံကုန်နေလို့  လောက်စာလုံးထဲ့ ပစ်လိုက်တာ သားကြီး နဖူး ဒါရိုက်ဟစ်ဘဲ ဟေးးး )
အရိုင်းစပယ်ကြီး ကိုယ်စားဝမ်းမြောက်သွားတယ် .. သားကြီး လက်က လွတ်သွားလို့  ။။

ဗြဲ ...

မီးမီးချစ် said...

အသက်မရူပဲ ဖတ်သွားပါတယ်.. မလှူပ်ရဲဘူး မရှောင်ရင် လွတ်တယ် ဆိုတော့ကား ...

နွေဆူးလင်္ကာ said...

အော် မွေးမယ့်မွေးတော့လဲ သားလေးတဲ့လား။ အရိုင်းစံပယ်ရယ် ... သမီးလေးမွေးရင် ဘယ်လောက်ကောင်းမလဲနော်။

Yu Ya said...

ကိုသားကြီး ဒီတစ်ခါ ခင်ဗျားက Brad Pitt မလုပ်ပဲ တွက်ပီလုပ်ပြန်ပြီပေါ့လေ.. ဒါဆိုရင်လည်း မသေးမျှင်ကို သွားတိုင်ရတော့မယ်... ဒီမှာ ဟိုပစ် ဒီပစ် လုပ်နေတယ်ဆိုပြီး... အဟီး။

yu ya

ဝက်ဝံလေး said...

ဖေသားကြီး ထုံးစံအတိုင်း အခန်းဆက်လားဆိုပြီး အောက်ဆွဲချပြီးကြည့်လိုက်တော့ ဟုတ်ဘူးတော့ ဒါနဲ့ ဖတ်ကြည့်လိုက်တယ် အဟီးးး ရယ်ရတယ် ဗျိုးးးးးးးးးး ဟဟဟ အောက်ဆုံးမှာရေးထားပေးတဲ့ စာလေးကိုတွေ့ရတော့ ပိုပျော်သွားတယ် ဖေသားကြီးရေ နံမည် ဘာပြောင်းပြောင်း စိတ်ကတော့ ပြောင်းပါဘူးတော် သိလား ဆက်ပြီးတော့ ကို ဘလော့ဂ်ဂင်း ဦးမှာ ဟဟဟဟ သိလား လူဇိုးးးး ဖေသားကြီးရဲ့ ကဲပါ ဆက်ရေးပါ ဖော်အဲ အကြောင်း ဂမှာများက ဆန့်တငင်ငင်ဖြစ်နေပြီ ဖက်ချင်လို့ အဲလေ ဖတ်ချင်လို့ အဟီးးးး
ဖတ်ပါတယ် အစ အဆုံးပြီးမှ ဖတ်မယ်ပြောတာဟုတ်ပါဘူး လာလာချင်း ဆက်ရန်နဲ့တွေ့တော့ မဖတ်သေးဘူးလေ နောက်အေးဆေးရှိတော့ လာပြန်ဖတ် တယ် လေ အခု နောက်ဆုံး ရေးထားတဲ့ အကြောင်းမှာ သမင်လိုက်တာနဲ့ ပြီးထားတယ်မလား ဟွန်းးး လူကိုများ ဘာများမှတ်နေလဲ မဖတ်ဘူးများ ထင်နေသလား သူ့စာတွေ အစ ကနေ အဆုံး ရေးထားပြီးသမျှတွေ ဟိုးးးး နေ့က အားလို့ ထိုင်ဖတ်လိုက်တာ ကုန်ပြီလေ ဖေသားကြီးရ

ကဲ လိမ့်ပြီဗျိုးးးးး ဖလပ်ဖလပ် မဟုတ်တော့ဘူး ဝက်ဝံဆိုတော့ လိမ့်တယ်လေ ဟုတ်ဖူးနား ဟိဟိ ဘိုင်

maylay said...

ကိုကြီးသားကြီး လူပျိုကြီးးကို လာဖတ်သွားတယ်နော် ကျန်းမာပျော်ရွှင်ပါစေ

ကြည်ဖြူပိုင် said...

အဟားဟား..ရီစရာလေးတွေပါတယ်။ဂွတ်ဒ

ဒီလိုနဲ့ ပဲကိုလူပျိုချစ်တတ်လာခဲ့ပါတယ်
ဒီလိုနဲ့ ပဲကိုလူပျိုမုန်းတတ်လာခဲ့ပါတယ်
နှလုံးသားရေးရာသမိုင်းတစ်လျှောက် ကွဲလိုက် စေ့လိုက်ဖြစ်နေတဲ့အသည်းကိုလည်း ခပ်တည်တည်နဲ့ ပတ္တာရိုက်ပေးထားလိုက်တယ် အဖွင့်အပိတ်လုပ်လို့ရအောင်ပေါ့လေ၊ ဖွင့်လို့ပိတ်လို့ရနေပါပြီဆိုမှ အသည်းက ဘယ်လိုကွဲတတ်တော့မှာတုန်းနော် မပိုင်ဘူးလား ))))))အဲဒိစာသားလေးကိုတော့အကြိုက်ဆုံး

ခြေလှမ်းသစ် said...

ကိုသားကြီးရေ ၀က်ဝံလေးက နမည်ပြောင်းလိုက်တော့ ကိုသားကြီးကလဲ တွတ်ပီ လိုက်ပေါ့ .. ဟုတ်ဖူးလား.. ပြီးရင် ... ၀က်ဝံလေးက ဗိုက်ကလေးနဲ့တူနေတော့ .. တောအတူထွက်လို့ရတာပေါ့... ဟိဟိ ရေးစရာ မရှိတော့ .. ရှောက်ရေးသွားသည်

ဇင် said...

sone aung top read like tel yee ya lol ;hahahahahahahahahahahah.hehe

မြစ်ကျိုးအင်း said...

တော်သေးတယ် လူပျိုမသိုးသေးလို့ ...။
ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး စိတ်အေးသွားပြီ...။

Anonymous said...

ကိုကြီး
လာဖတ်သွားတယ်
ရီသွားတယ် ကိုကြီးမြစ်ကျိုးအင်းက
လုပျိုမသိုးသေးလို့ 
တော်သေးတယ်ဆိုပဲ
သူ့ ခမျာသိရှာဖူးနော်
၂၅ ကျော်ရင် သိုးယုံမက
ပုပ်တယ်လို့ တောင်ဆိုကြတာဟဟား

Anonymous said...

ကိုကြီး
လာဖတ်သွားတယ်
ရီသွားတယ် ကိုကြီးမြစ်ကျိုးအင်းက
လုပျိုမသိုးသေးလို့ 
တော်သေးတယ်ဆိုပဲ
သူ့ ခမျာသိရှာဖူးနော်
၂၅ ကျော်ရင် သိုးယုံမက
ပုပ်တယ်လို့ တောင်ဆိုကြတာဟဟား

Angel Shaper said...

ဝေးးးးးး တာဝန်ကျေသော လူပြိုကြီးးးးးး အဲ ယောင်လို့ ဟိဟိ..........
ကိုသားကြီး။။။။ သမီးကြီး လူပြိုသိုးကြီးအကြောင်းဖတ်ပြီး ရယ်သွားတယ်။
ဝါးးးးးးးးးးးးး ဟားးးးးးးးးးးးးးး ဟားးးးးးးးးးးးးးးးးးးးး လို့ ။
အရိုင်းစံပယ်လေးမွေးတာ သားယောကျာင်္းလား။ သိပါဘူးတော်။ အမြွာပူးလေးလားလို့  ဟိဟိ။
ဖတ်လို့ကောင်း။ ရယ်စရာကောင်း။ အရေးအသား ပိုပိုကောင်း။ လေးစားအားကျ သွားပါကြောင်းးးးးးးး ဟိဟိ

မေသစ္စာမောင် said...

“ရှင်ပါးကွဲသွားချင်လား”ဆိုတာကလည်း သမိုင်းပေးတဲ့ အပျိုလေးတွေရဲ့တာဝန်အရ မေးတာနေမှာပေါ့ ကိုသားကြီးရယ်

နိုင်ငံခြားတွင် တမေ့တမောကြီးနေမိသဖြင့် “သိုး”သွားကြရရှာသော “လူပျို”အပေါင်းအား ရည်ရွယ်ရေးသားပါ၏ဆိုတော့...
အဲဒီ လူပျိုသိုးတွေထဲမှာ ကိုသားကြီးရောပါနေသလားဟင် :P :D

sweetpeony said...

စာထဲမှာ လိုက်နာကျင့်ကြံစရာများကို မှတ်သားသွားတယ် ကိုကြွေမောက်...
း)
နိုင်ငံကြီးသူပီသရမယ်...
ဟုတ်တယ်...
အရင်မေးရမှာပေါ့....
ဒါမှ ရိုင်းရာမကျမှာ..
ဟုတ်ပ..
ဟုတ်ပ...
`ရှင်ပါးကွဲချင်ပါသလား..........´
ခိခိ

Khyl said...

အော် အရိုင်းစပါယ်လား.... သူက ကိုဝင်းကြည်နဲ့ကိုး.....
အဲဒီသေနတ်ကြီး အရိုင်းစပါယ်ရဲ့ အချစ်ကြီးအတွက် ပါဆယ်နဲ့ပို့ပေးလိုက်ပါဟယ်.... ဒီမှလိုမှမလိုတော့တာနော့.....
(ခွိခွိ... ဟိုကမိန်းကလေးမွေးတာနဲ့ ဒီဘက်လှည့်ချိန်ရအောင်လေ....)

ဇော် said...

ဟားဟားဟား

ကျနော်လေ .. သဘောကျလို့ အော်ကြီးဟစ်ကျယ်ရီလိုက်မိတော့ ကျနော့်သူငယ်ချင်း လင်းက ဘာလဲဟဆိုပြီး ထအော်တယ်။ ဒါနဲ့ ကျနော်လဲ ပိုင်ရှင်ကို ခွင့်မတောင်းဘဲ သူ့ကို ကော်ပီပေးပလိုက်တယ်။ သူလဲ ထရီပါလေရော။ ကျနော်တို့ရဲ့ သာယာတဲ့နံနက်ခင်းမှာ အရယ်တွေနဲ့ စလိုက်ရလို့ ကျေးဇူးဗျာ။
ထပ်ပြီးကော်ပီတယ်နော်။ ကို့ကို မပြရသေးဘူးဗျ။ အဟဲ။ =]

ဝက်ဝံလေး said...

ဖေသားကြီးရေ ဟိုးးးနေ့က ခပ်ထွေထွေရှိတာနဲ့ အစအဆုံးမဖတ်ဖြစ်ဘူး အောက်ဆုံးမှာ ရေးထားတာလေးကို တွေ့တော့ ပျော်သွားပြီ မန့်ဖြစ်ခဲ့ပါတယ် အခုအားလုံး အေးဆေးဖြစ်သွားတော့ လာပြန်ဖတ်တာပါ ရယ်ရတယ်နော် ဗြဲဟဲဟဲ
အေးနော် ကိုဇော်ပြောသလို ဖေသားကြီးလဲ နံမည်ပြောင်း တွတ်ပီလုပ် လေ ဟိဟိ ဒီကတော့ သူပြောသလို ဗိုက်ကလေး လုပ်ပြီး တောလိုက်ကြတာပေါ့ မေ့သမီးကြီးအိန်ဂျယ်က သေးမျှင် လုပ်ချင်လဲ ရပါတယ်နော် ဟားးးးးးးးးးးးးးးဟားးးးးးးးးးးးးး
ကျေးဇူးးးးး ဖေသားကြီးရေ ဒီပို့စ်လေး ရေးပေးတာ တကယ်ကျေးဇူးးးတင်တယ် သိလား
ကဲပါ တော်ပါတော့ ဖော်အဲ ကို ဆက်ပါတော့ မျှော်ရတာ ဂမှာ လည်ပင်းရှည်တော့မယ် ဟွန်းးးးးး
ကဲ လိမ့်ပြီဗျိုးးးးးးးးးး ဒုန်းးးးးးးးးးးးးးးး ဒုန်းးးးးးးးးးးးးးးးးး

ဧရာဝတီသား said...

ဖတ်ပြီးရယ် လိုက်ရတာဗျာ၊ အရေးအသားကတော့ ရှယ်ပဲ။
ဝက်ဝံလေး နဲ့ ကပ်လိုက်လာရတာ လန့်တော့လန့်တယ် တော်ကြာ တွတ်ပီ သေနတ်က ကိုယ့်လာထိနေမှာ ဆိုးလို့ဗျို့။

ခင်မင်လျက်

နှင်းနဲ့မာယာ said...

လူပျိုသိုးကြီးကို ရီသွားပါတယ်....
တွတ်ပီသေနတ် ဘယ်မှာဝယ်လို့ရမလဲကိုသားကြီး...
လူပျိုသိုးကြီး ဖြစ်နေပြီဆိုတာ ကြော်ငြာဝင်တာပေါ့နော်...

နှင်း

မြစ်ဆုံ said...

(သင့်အနေနဲ့ရည်းစားစကားလိုက်ပြောလို့ “ရှင်ပါးကွဲသွားချင်လား”ဆိုပြီး ကောင်မလေးကလှည့်ပြောရင် အဲဒီကောင်မလေးကို လူယဉ်ကျေးမကြီးအဖြစ်လေးလေးစားစားဆက်ဆံပစ်လိုက်ပါ။ သင့်ကြောင့်သူအနှောင့်အယှက်ဖြစ်နေရတယ် သင့်ကိုလည်းလက်မခံနိုင်တဲ့အနေအထားဖြစ်နေတယ် လက်ဝါးကလည်း တစ်အားယားပြီး သင့်ပါးကိုလှမ်းရိုက်ချင်နေတယ် ဒါနဲ့များတောင်
“ပါးကွဲချင်ပါသလား” ဆိုပြီး သင့်သဘောထားကိုသူအရင်မေးသေးတယ်)
ကိုသားကြီးဘယ်လိုများစဉ်းစားမိတုန်းဗျ၊ဒီလိုလေးေ၇း
မယ်လို့၊ကောင်းတာတော့အားလုံးကောင်းတယ်ဗျာ၊ကို
သားကြီးအရေးအသားတွေကေ၇လည်လန်းတယ်၊ဘယ်လို
ချီးကျုးရမှန်းမသိတော့ဘူး၊ကောင်းတယ်ဆိုတာထက်ကို
ကောင်းနေတယ်၊။

ကိုသားကြီးရေကျနော်လည်းမသိပါဘူးဗျာဟစ်တိုင်မှာပါ
ဘူးတယ်ဆိုတာ၊မနေ့ကမှအထဲကဘော်ဒါကမေးပို့လာတာ
ကောင်းလို့ပြန်တင်ထားလိုက်တာ။

rose of sharon said...

အဲဒီဘာသာစကားငါးမျိုးကဘာတွေတုန်း

သက်တန့်ချို said...

ဟားဟားအစ်ကိုကအတော်ကိုစာရေးတာတော်တာဘဲဗျာ..
အရမ်းရယ်ရတယ်.....

ဝသန်မိုး said...

ကိုသားကြီး ကိုသားကြီး နဲ့ 
ဘလော့ဂ် လောက မှာနာမည်ကြီးနေတာကြာပြီ
ခုမှ ရောက်ပြီး မန့် ဖြစ်တော့တယ်
စာအရေးအသားတွေ ဂွတ်တယ်ဗျာ
တွတ်ပီရေ ဒီနေ့ ကော ကံကောင်းလား
အမဲတစ်ကောင်တော့ပါမှနော်
နို့ မဟုတ်ရင် မသေးမျှင်လက်စာမိနေမယ်
သိပ်ပြောလို့ လည်းမဖြစ်သေးပေဘူး
တော်ကြာတွတ်ပီပြောင်းဝ ကျုပ်ဘက် ရောက်လာမှ
ဟီး
ပြန်ပြီဗျို့ 

ဝသန်မိုး

lwinwin said...

ကိုသားကြီးရေးတဲ့စာတွေကတော့ ရှယ်မှရှယ်ဘဲ....ဟီးးးးးးးးးးးး

ဂျာမုန်းဒန် said...

သားကြီးရေ။
အစ်မလာဖတ်သွားတယ်။
အရေးအသားတော့ပြောစရာမလိုပါ။
ဖတ်လို့လည်းကောင်းတယ်။
ဒါလဲဘုရားပေးတဲ့ဆုလဒ်ပဲပေါ့နော်။
ခင်တဲ့အစ်မ
ဂျာမုန်း

Angel Shaper said...

အောင်မာ။ အတိုင်အဖောက် ညီနေကြတယ်ပေါ့လေ။
သမီးကြီးလာပြီနော်။ ၀က်စုတ်လေး ဘာမသေးမျှင်လဲ နာဦးမယ်။ ရွာထဲက ကွမ်းတောင်ကိုင်လေး မိမုန်းဆို တော်သေး။ ဟဲဟဲဗြဲ။။။
သားကြီးရေ... ဘယ်မတုန်း ဝေလင်းနဲ့ဖောဖောလေး။
ဇာတ်သိမ်းမျှော်နေတယ်နော်။ ရန်တွေ့ ရအောင်လို့ ။ ဟိဟိ။ ပြောတဲ့ အတိုင်းမလုပ်ပဲ ပေးညားလို့ကတော့ တွေ့ မယ်။။။ ဟင်းးး ဟင်းးးး

မိုးခါး said...

မေလေးရေ
သံချေးမတက်အောင် အလူမီနီယံပတ်တာသုံး :D

 
©2009 ♬သားကြီး♪ | by TNB