ထို့ကြောင့်...သားကြီးဟုခေါ်လေသည် (အမှတ်တရnick name tag)

သူမဆီကချစ်အဖြေရသည့်နေ့တုန်းက တစ်ခုခုလုပ်ပြလိုက်ဖို့စိတ်ကူးမိသေးသည်၊
ဖတ်ဖူးသည့်ဝတ္ထုတွေထဲကလို အပျော်လွန်ပြီး “ဟေး”ကနဲအော်ကာ မျောက်ကဲ့သို့ခုန်ဆွခုန်ဆွလုပ်ခြင်းမျိုး၊
စိတ်မထိန်းနိုင်ဘဲအတင်းဖက်ပြီးပါးတစ်ဖက်စီကို အခါနှစ်ဆယ်တိတိနမ်းပစ်ခြင်းမျိုး၊ ဝမ်းသာလုံးဆို့ပြီးကြွက်တက်သွားခြင်းမျိုး ။
လက်တွေ့မှာတော့ဘာမှမလုပ်နိုင်ခဲ့ လုပ်ခွင့်မရှိခဲ့ ။ “thank u for lovin me” ဟုသာပြန်ပြောဖြစ်ခဲ့သည်။
ချစ်မိပြီဆိုတော့လည်း ကောင်မလေးအတွက်ကဗျာဆရာတစ်ယောက်ဖြစ်ချင်နေပြန်သည် ခက်တာကကျနော်ကဗျာမရေးတတ်၊
ကိစ္စတော့သိပ်မရှိ နှလုံးသားပေါင်းမြောက်များစွာကဖူးပွင့်ကုန်ပြီးသောကဗျာအမြောက်အများဖြင့်အငှားခံစားလို့ရသည် ရင်ဘတ်ချင်းတူဖို့အရေးကြီးသည်။ ဤသို့ဖြင့်ကဗျာဘလော့တစ်ခုလုပ်ဖြစ်သည် ၊ဘလော့မှာသီချင်းရှိသည်၊ ကဗျာရှိသည်၊ c-boxထဲက ကောင်မလေးနဲ့ကျနော့်ရဲ့ အပြန်အလှန်သံယောဇဉ်တွေရှိသည်၊ ကဗျာဆရာနာမည်ထည့်ဖို့မေ့မေ့နေသဖြင့်ဝင်ဆဲထားကြသူတွေ၏အသံရှိသည်။
Blogger helpdesk မှတွေ့ဖူးသည့်စာသားတစ်ချို့ကိုသဘောကျသဖြင့်Gtalkတွင်တင်ဖူးသည်၊
“we are great blogger
We never give up
We row till we die”
နောက်ပိုင်းတွင်ကျနော့်သူငယ်ချင်းကအောက်ပါအတိုင်းပြောင်းလဲဖြည့်စွက်ခဲ့သည်။
“we are great blogger
We always ဖွံကြောင်
We Q till we die”
(မည်သည့်ဘလော့ဂါကိုမှမရည်ရွယ်ပါ ကျနော့်အားအမြင်ကပ်သဖြင့်ရေးခြင်းသာဖြစ်သည်)
“onlineမှာအချိန်ကုန်ခံပြီးကောင်မလေးအတွက်ဘလော့လုပ်ရတယ်လို့ကွာ ငါတို့လိုonlineကိုအကျိုးရှိရှိ
အသုံးချစမ်းဘာ!!
အသုံးချစမ်းဘာ!!”
“မင်းတို့ကonlineမှာဘာလုပ်”
“အဟိ… pawthwutထဲကမြန်မာlove storyတွေဖတ်တယ်လေကွာ လွှတ်ကောင်းပဲ”
“သြော်…ဒီလိုလား”
ကောင်မလေးနဲ့ကျနော်ရိုမီယိုနဲ့ဂျူးလိယက်ဖြစ်လိုက် တိုက်တန်းနစ်ထဲက jackနဲ့ roseဖြစ်လိုက် ကိန္ဒာရီကိန္ဒာရာလိုလွမ်းလိုက်၊ တခါတခါလည်းရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့..။
တစ်နှစ်သာပြည့်သွားသည် ပါးမနမ်းဖူး လက်ကလေးတောင်မကိုင်ဖူး သူ့ကိုယ်သင်းရနံ့လေးမရဖူး ကောင်မလေးရဲ့အသက်ရှုသံကိုကျနော်နားမထောင်ဖူးဘူး၊
ကောင်မလေးလမ်းလျှောက်တာကို ကျနော်ထိုင်ပြီးငေးရီကြည့်မနေဖူးဘူး ကျနော်လေ…ဘာဆိုဘာမှကို မဖူးဘူး…ဖူးဘူး ..။
အလွန်ပဲ့သည့်မေတ္တာဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်တော့သည် တနေ့နေ့ရှာလိုက်ရသည့် love comment
Search enginesတွေ crawlerတွေဆိုကျနော့ကိုအမြင်ကပ်နေလောက်သည် “ဒီကောင်တစ်ခါလာလည်းlove u comment,kiss u commentဆိုပြီး..။
“လုပ်ပေါ့ကွာ Onlineမှာအပျင်းပြေတာပေါ့”
သူငယ်ချင်းပြောသလိုတော့အပျင်းပြေဟုကျနော်သဘောမထားရက်ခဲ့ပါ အယားပြေခြင်းသာဖြစ်သည်ဟုလည်းမဆိုလိုပါ ယားလည်းယားမနေပါ။
တကယ်တော့သူ့အကြောင်းလည်းကိုယ်မသိ ကိုယ့်အကြောင်းလည်းသူမသိ Onlineပေါ်မှာတွေ့ပြီးကျနော်တို့ကြိုက်ခဲ့ကြခြင်းသာ စကားလေးပြောဖူးရုံ ဓါတ်ပုံလေးမြင်ဖူးကြရုံနဲ့တစ်ကယ်ချစ်သွားရောလား? အဓိပ္ပါယ်ရောရှိရဲ့လား?
“ဒီမှာကောင်မလေး မင်းအတွက်နဲ့ကိုယ်သေရဲတယ်သိလား”
“ဒီမှာကောင်မလေး မင်းကိုချစ်ခဲ့ရတာတွေကလေ ရေတံခွန်လောက်ကြီးတယ်ကွယ်”
“ဒီမှာကောင်မလေး..............”
“ဒီမှာကောင်မလေး..............”
တစ်နေ့နေ့ပြောလိုက်ရသည့်စကား.... ပေးလိုက်ရသည့်ဂတိ.... တစ်ကြိမ်တစ်ခါမှမနီးဖူးကြတာတောင် တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ်မခွဲရက်နိုင်ကြတော့ဘူးတဲ့လေ....။
onlineမှာအချစ်စစ်ရှိသလား?
တော်တော်အဖြေရကြပ်သည့်မေးခွန်းဖြစ်သည် onlineမှာကြိုက်ပြီးညားသွားကြသူတွေရှိသည် onlineမှာကြိုက်ပြီးအသည်းဟက်တက်ကွဲသွားကြသူတွေရှိသည် onlineမှာအထီးအမ မသေချာဘဲအရှက်ကွဲရသူတွေရှိသည် ကျနော်နဲ့ကောင်မလေးရော...?
ဘာပဲပြောပြောပါးစပ်နဲ့ချစ်နေရတာကိုကျနော်အလွန်ပျင်းနေပြီဖြစ်သည်...
ကျနော်လမ်းစခွဲတော့ကောင်မလေးငိုသည်ဟုဆိုသည် မမြင်ရသဖြင့် ဟုတ် မဟုတ်မသိနိုင်ပေ
တစ်ကယ်တော့ကောင်မလေးကိုကျနော်သစ္စာဖောက်သွားခြင်းမဟုတ် မချစ်တော့တာလည်းမဟုတ် ချစ်နေရင်းတန်းလန်းပျင်းသွားခြင်းသာဖြစ်သည်..။
c-boxတွင်ကောင်မလေးအလွမ်းတွေဖွေးဖွေးလှုပ်သွားသည် ပြန်ကြည့်မိတိုင်းစိတ်မကောင်းဖြစ်ရသဖြင့်နောက်ပိုင်းလုံးဝမသွားတော့
“Q ခြင်းအမှုကိုရက်အကန့်အသန့်မရှိရပ်နားလိုက်ပြီ”ဟုကျနော်ကြေငြာသည့်နေ့က ကျနော့ရဲ့ချစ်လှစွာသောသူငယ်ချင်းက “မင်း ချီးငုံပြီးပြောရင်တောင်မယုံဘူး ဟေ့” ဟုခွန်းတုံ့ပြန်ရှာသည်..။
ဘာပဲပြောပြောကဗျာဘလော့ကိုကျနော်ရပ်ပစ်ခဲ့သည် ထို့နောက် သားကြီးဘလော့ကိုစလုပ်ဖြစ်သည်။
လုပ်ခါစကဝင်ကြည့်သူမရှိ၍စိတ်ကြိုက်သောင်းကျန်းထားရာ နောက်ပိုင်းတော်တော်ပြန်ပြင်ယူခဲ့ရသည်
သားကြီးနာမည်ယူရခြင်းသည် အဆန်းတော့မဟုတ် အိမ်မှာအကြီးဆုံးသား လမ်းကတည့်တည့်မလျှောက်
ဂဏန်းလိုဘေးတိုက်လျှောက်သည် ခေါင်းမာသည် ပြန်မပြောနားမထောင်
တစ်ခါသော်.. ဝိပဿနာရက်ရှည်တရားစခန်းမှပြန်လာသူအဘိုးက ရေချိုးချင်၍ စဥ့်အိုးထဲလည်းရေမရှိသဖြင့်...
“ငါ့မြေးရေ စဥ့်အိုးထဲမှာရေကရှိမနေပါလားကွ” ကျနော့်အားရေခပ်စေချင်၍ပြောခြင်းဖြစ်သည်။
“အဘိုးကလည်းဗျာ တရားသဘောနဲ့ကြည့်ပါဗျ အရာရာကိုဝိပဿနာနဲ့ရှုပါ မရှိရင်မရှိဘူးလို့မှတ်”
ကျနော့်စကားကြောင့်အဘိုးပက်လက်လန်သွားတော့သည်။(မှတ်ချက်=ပက်လက်တစ်ကယ်မလန်ပါ အတိဿယဝုတ္တိအလင်္ကာသာဖြစ်ပါသည်)
ကျနော့်အဘိုးသည်စကားကိုအလွန်ရွဲ့ပြောတတ်သူဖြစ်သည် ကျနော်လည်းအလွန်ရွဲ့သူဖြစ်သည် သို့သော် မြေးအဘိုးနှစ်ယောက်အလွန်တည့်ကြသည်။
“ခေါင်ကမိုးယိုရင်ပြင်ရခက်တယ်ကွ ရှေ့ကနွားကဖြောင့်ဖြောင့်မသွားရင် နောက်ကနွားတွေလည်းမဖြောင့်ဘူး”
အမြင်မတော်ကြသူပတ်ဝန်းကျင်၏စကား.....။
ပြော…ပြော…ပြော ကြိုက်တာပြော... ပြောချင်တဲ့လူပြော..ပြောချင်သလောက်ပြော. သားကြီးတို့ အေးဆေး အေးဆေး အေးဆေး..။
နောက်ပိုင်းတွင်... သားကြီးကိုဆုံးမစကားပြောခြင်းသည် ကိုယ့်ထမင်းကိုယ်စားပြီးကြီးတော်နွားအလကားလိုက်ကျောင်းခြင်းသာဖြစ်ကြောင်း ကျွဲပါး DJပွတ်ခြင်းသာဖြစ်ကြောင်းသဘောပိုက်မိကြပြီးသကာလ အားလုံးလက်လျှော့သွားကြတော့သည်
ပါးစပ်လည်းညောင်းသွားကြကုန်ပြီ သားကြီးကတော့ ဂဏန်းလိုဘေးတိုက်လမ်းလျှောက်နေဆဲ..။
ဘလော့မှာရေးချင်တာလျှောက်ရေးနေဆဲ..။
(ကဲ …ညီမလေးငှက်ကလေးရေ... ညီမtagထားတာနဲ့ ဆိုင်ရဲ့လားတောင်မသိဘူး ရေးတတ်သလိုတော့ရေးလိုက်တာပဲ
ဖတ်လို့အဆင်မပြေရင်လည်း အပေါ်ကခေါင်းစီးစာကိုဖတ်ပြီးတော့ပဲ နားလည်ပေးပါတော့..“သားကြီးရေးချင်သလိုရေးသည်”လေ:P
အဲ့…ဟိုကောင်မလေးအတွက်လုပ်ထားတဲ့ကဗျာဘလော့လိပ်စာမေးဦးမလို့လား? မမေးနဲ့ဗျို့ ဖြေမယ့်အစီအစဉ်လုံးဝမရှိဘူး
မကျေနပ်ရင် အသေသာသတ် :P:P:P )

7 comments:

ဝက်ဝံလေး said...

အသေမသတ်ဘူး ပါးပါးရေ ဖတ်မိတဲ့ မီးရဲ့ အပြစ်တွေပါ ဖနောင့်နဲ့ ကန်ချင်တယ် ဂယ်ပဲ စတာနော် ပါးပါးရေ ဘယ်လိုပဲရေးရေး မီးကတော့ ဖတ်မှာပဲ ဒါဗြဲ

တို့ ပထမ ရတယ် မန့်တာပြောပါတယ်
ဘိုင်

ကောင်းကင်ပြာ said...

ရေးဟ ရေးဟ သားကြီးရေ ၊ ယူလဲ ရေးချင်တာရေး တို့လဲ ဖတ်ချင်သလို ဖတ်သွားတယ်

မယ့်ကိုး said...

သားကြီးသြရသ ဂဏန်းလိုဘေးတိုက်လမ်းလျှောက်လည်း အသွင်တစ်မျိုးပေါ့... သားကြီးအမေကကော ချစ်ဖို့ ကောင်းတယ် မပြောဘူးလား။ :)

တလနွန် said...

ရောက်တယ် ကိုသားကြီးရေ။။ ရေးချင်တာ ရေးတဲ့ ဘရားသားဘလော့မှာ
ဖတ်ချင်တာ ဖတ်သွားပြီး။ စတာ ဟဲဟဲ

ခင်မင်ခြင်းနှင့်
တလနွန်

sweetpeony said...

အချစ်က အဲလိုပျင်းတတ်သတဲ့လား...
မဟုတ်သေးပါဘူး...
အဲလိုကြီးတော့မကြိုက်ပါဘူး...
ဘာပဲဖြစ်ဖြစ် အရာရာကိုဝိပဿနာနဲ့ရှုသွားပါတယ်။
ဖြစ်ရင် ဖြစ်တယ်မှတ်ပြီး ပျက်တော့လဲ ပျက်တယ်မှတ်သွားပါတယ်။

မီးမီးချစ် said...

ထို့ ကြောင့် ဂဏန်း ဟု ခေါ်သည်။
ပျင်းရင် အိပ်နေပါ...ကောင်မလေးတွေ အသဲတော့ မခွဲ ပါနဲ့ ..သနားပါတယ်..

khin oo may said...

ဖတ်သွားသည်။ မှတ်သွားပါသည်။

 
©2009 ♬သားကြီး♪ | by TNB