အဖေအရင်းခေါက်ခေါက်အကြောင်း


အဖေများနေ့မှာ...
ဟိုးလွန်လေပြီးသောအချိန်ကအဖေများနေ့တစ်နေ့ကိုသွားသတိရမိတယ်
အဲဒီနေ့မှာအဖေ့အလုပ်ထဲကိုကိုကျနော်ရောက်သွားတယ်။ ပိုက်ဆံချေးဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ပါ (ပိုက်ဆံချေးတယ်ဆိုတာလူကြားကောင်းအောင်လျှောက်ပြောတာပါ
တစ်ကယ်တော့ ပိုက်ဆံအလကားသွားယူတာပါ)
ကျနော့်ကိုလည်းတွေ့ရောကျနော့်အဖေက “happy fathers day”ဆိုပြီးလှမ်းနှုတ်ဆက်တော့
ကျနော်ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး။
နောက်ပြီးအဖေကျနော့်ကို Carlsberg တစ်ဗူးလက်ဆောင်ပေးတယ် အဖေများနေ့အထိမ်းအမှတ်ဆိုပြီးတော့
ကြောင်တောင်တောင်နဲ့အဖေပေးတဲ့ဘီယာဗူးကိုယူပြီး
ကျနော်ဘာပြန်ပြောရမှန်းမသိဘူး
“သောက်ငါ့သားရေသောက် အဖေများနေ့လေကွာ”
ကျနော်ဘာပြန်ပြောရမှန်းမသိဘူး
ကျနော်ဘာဆိုဘာပြန်ပြောရမှန်းကိုမသိတော့ဘူး
Carlsberg တစ်ဗူးကိုကျနော်တစ်ကျိုက်တည်းမော့သောက်လိုက်တော့အဖေမျက်လုံးပြူးသွားတယ်
ပြီးတော့အံ့သြတဲ့စိတ်နဲ့..
“မြန်လှချည်လားကွာ မော့ပလိုက်တာ...မမူးဘူးလား...အဖေဆိုအဲဒီတစ်ဗူးတောင်မူးတယ်ကွ”တဲ့
“ကျနော်ဘာမှမဖြစ်ဘူးအဖေ”ဆိုတော့...
“ဟေ…မင်းကအသောက်ဘက်မှာဆရာကြီးလား? ကြည့်လည်းလုပ်ဦး မင်းအမေသိသွားလို့
နေရင်းထိုင်ရင်းအိမ်ပေါ်ကနေဆင်းနေရဦးမယ်ကွဲ့”
“ရပါတယ် ကျနော်ဆင်ခြင်ပါ့မယ် ခုလောလောဆယ်တော့…ကျ..ကျ.နော်ပိုက်ဆံ...အသုံး...”
“အေး..အေး..သိတယ်သားကြီးရေ..ရော့ယူသွား”
ကျနော့်အထာကိုနောကြေနေတဲ့အဖေကပိုက်ဆံချက်ချင်းထုတ်ပေးတယ်
အဖေပေးတဲ့ပိုက်ဆံကိုယူပြီးသူငယ်ချင်းတွေနဲ့ချိန်းထားတဲ့လ္ဘက်ရည်ဆိုင်ကိုရောက်သွားတယ်
အားလုံးလူစုံတက်စုံရောက်နေပါပြီ
ဆိုင်ထဲမှာထိုင်လိုက်ကြရင်းသူငယ်ချင်းတွေထဲကတစ်ယောက်က စီးကရက်သံဗူးခွံလှလှလေးတစ်ဗူးထုတ်လာပြီး
“အဖေများနေ့မှာငါ့အဖေအတွက်လက်ဆောင်ကွာ အဖေကစီးကရက်သိပ်ကြိုက်တယ် စီးကရက်ထည့်ဖို့
ဒီလိုဗူးလှလှလေးမြင်ရင် အဖေသိပ်ပျော်မှာပဲ” တဲ့
နောက်တစ်ယောက်က CDအခွေတွေစားပွဲပေါ်တင်ပြီး
“ငါ့အဖေက ရှေးဟောင်းမြန်မာသီချင်းတွေဆိုအသဲစွဲကွ ဒီမှာ ကိုမင်းနောင်တို့ ကိုမြကြီးတို့
စန္ဒားယားချစ်ဆွေတို့အခွေတွေ...ဆိုင်တွေမှာမနည်းပတ်ရှာလိုက်ရတယ် အဖေမြင်ရင်သိပ်ပျော်မှာပဲ”
နောက်တစ်ယောက်....... “အဖေ့အတွက်လုံချည်အသစ်............”
နောက်တစ်ယောက်....... “အဖေ့အတွက် ဆေးတံရိုးလှလှလေး........”
နောက်တစ်ယောက်.........
နောက်တစ်ယောက်................
………………………………..........
နေရင်းထိုင်ရင်းကျနော့်ကိုယ်လုံးကသေးသထက်သေးသွားသလိုပဲ
နေရင်းထိုင်ရင်းကျနော့်အရောင်အဆင်းတွေမှိန်သွားသလိုပဲ
နေရင်းထိုင်ရင်း
နေရင်းထိုင်ရင်းပဲ....ကျနော့်သူငယ်ချင်းတွေကြားမှာ ကျနော်ပျောက်ဆုံးနေတယ်
ရပ်နေတဲ့မြေကြီးရဲ့တောက်ခေါက်သံကိုပဲကြားလိုက်မိသလိုလို.....
“သားကြီး မင်းကိုငါထမ်းထားရတာ သိပ်လေးတယ်ကွ”တဲ့
………………….
အခု…ကျနော်… မလေးအောင်ကြိုးစားနေထိုင်နေပါတယ်
အဖေ့အတွက်အရမ်းလှတဲ့ အနာဂတ်အိမ်လေးတစ်လုံးကိုလည်းကျနော့်စိတ်ကူးထဲမှာ
စိတ်တိုင်းကျပုံဖေါ်နေပါတယ်
အဖေသိရင်ပျော်ပါစေ....။
အဖေများနေ့မှာ အဖေ့ကိုကျနော်သတိရတယ်
အဖေများနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကိုကျနော်သတိရတယ်....
အဖေများနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းတိုက်ပေးခဲ့တဲ့ မြန်မာပြည်ကိုကျနော်သတိရတယ် ဒါပါပဲ။
happy fathers day..
(နေ့စွဲမှားနေတယ်ခင်ဗျ စိတ်မရှိကြပါနဲ့ VIPသီချင်းထဲကလိုပေါ့
“ငါမူးနေလို့ သတိလေးချော်သွားတယ်ကွာ” တဲ့ :P
နားလည်ပေးကြပါကုန်။)

12 comments:

Anonymous said...

ကိုသားကြီးးးးးးးးးးးးးးးးးး

အဖေအရင်းခေါက်ခေါက်အကြောင်း
လာဖတ်တယ်..ဒါနဲ့ ပန်ရံလုတ်တာလားဟင်

Anonymous said...

ဖနှောင့်ကျန်မှတော့ တော်တော်ကြောက်ပုံရတယ်

ကောင်းကင်ပြာ said...

အချိန်တွေ ရှိပါသေးတယ် သားကြီးရေ၊ စိတ်ကူးထားတဲ့ အိမ်လေး ပုံဖေါ်နေတာများသိရင် အဖေက တော်တော် ပျော်နေမှာ ပါမောင်လေး:)ကြိုးစားပါ

Anonymous said...

ကြိုးစားထားသယ်ရင်းရေ
ဆန္ဒတွေပြည့်ဝပါစေကွာ

Ree Noe Mann said...

ကြိုစား ညီ သားကြီး

ဘာမဆို အဖြစ်ဘူးဆိုတာမရှိဘူး
မဖြစ်သေးတာပဲရှိတယ် ညီ

ကြိုစားကွာ ဒါမှ သားကောင်း ပီသမှာပေါ့

ကိုရီနို

တလနွန် said...

အဖေ အတွက် မျှော်လင့်ထားတဲ့ အိမ်ကလေး အမြန်ဖြစ်တည်ပါစေခင်ဗျာ။
ပျော်ရွင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

ခမ်းကီး said...

လိုအင်ဆန္ဒ ပြည့်ဝပါစေ.

sweetpeony said...

လာဖတ်သွားတယ်...
ကြိုက်တယ်...
း)
ဆန္ဒပြည့်ပါစေ...

မယ့်ကိုး said...

သိပ်ကောင်းတယ် သားကြီးရေ...
ဆန္ဒတွေပြည့်ဝပါစေ

မျက်မှန်လေး said...

အဖေများနေ့အတွက်။။

ဝက်ဝံလေး said...

ကိုသားကြီး မသိရင်ခက်မယ် ဟွန်းးးး ကိုသားကြီးအဖေ အခုလို အရက်ပုလင်းပေးလို့ကတော့ ဘုရားတောင် ပွင့်သွားမယ် ဟွန်းးးးး စိတ်ကူးယဉ်ပြီး လျှောက်ရေးထားတာမလား ကိုသားကြီးအဖေက အရက်သောက်တာမကြိုက်ဘူးဆို ဟဟဟဟဟ နာတိတယ်ကွ ခစ်ခစ် နောက်ကျတဲ့အတွက် ခွေးလွှတ် ဘိုင်

linn said...

ကိုသားကြီးရေ ..
မဖတ်ရသေးတာလေးတွေထဲမှာ အဖေအရင်းခေါက်ခေါက် အကြောင်း ဖတ်သွားတယ် ..အနာဂတ်အိမ်လေး တကယ်ဆောက်နေတာဆိုရင် အလှပဆုံးအိမ်လေး အမြန်ဆုံး ပုံဖေါ်နိုင်ပါစေ ..နော..

 
©2009 ♬သားကြီး♪ | by TNB