အနေအထိုင်မတတ်သူများ-၂


နက်ဖြန်မြန်မာပြည်ပြန်တော့မည့်သူငယ်ချင်းအား သွားနှုတ်ဆက်ရန်အတွက်ဤခရီးကိုထွက်လာရခြင်းဖြစ်သည်
ကျနော့်အကျင့်က public holiday လိုရက်မျိုးအပြင်ထွက်လေ့သိပ်မရှိ လူရှုပ်တာကိုမကြိုက်
ကားမှတ်တိုင်မှာထိုင်စောင့်ရင်းကားရောက်လာတော့မျှော်လင့်ထားသည့်အတိုင်းလူကပြည့်နေသည်
သို့သော် ကံကောင်းသည်ဟုဆိုရမည် နောက်ဆုံးခုံတန်းရဲ့အရှေ့ခုံမှာလူတစ်ယောက်စာလွတ်နေသည်
အမြန်ပဲသွားပြေးထိုင်လိုက်သည်။
“ဟူး”… သက်ပြင်းမောကြီးချရင်းတမျှော်တခေါ်သွားရမည့်သူငယ်ချင်းရှိသည့်နေရာကိုစိတ်နှင့်မှန်းရင်း
သူနှင့်ရင်းနှီးစကအဖြစ်အပျက်ကိုပြန်သတိရမိသည် ထိုစဉ်က သူသည် အသည်းပက်ပက်စက်စက်
ကွဲနေချိန်ဖြစ်သည် သိရသည်မှာသူသည်နိုင်ငံခြားစရောက်ကတည်းကအိမ်ကိုပိုက်ဆံအနည်းအကျဉ်းသာပို့ပြီး
ချစ်သူကောင်မလေးဆီသို့သာအိမ်ကမသိအောင်ပိုက်ဆံပို့လေ့ရှိသည်ဆို၏
နှစ်ယောက်တစ်အိပ်မက်စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုကိုတည်ဆောက်ရင်းအပျော်ကြီးပျော်နေလေသည်
၂နှစ်ကျော်ကြာသောအခါဘယ်ကဘယ်လိုဖြစ်သွားသည်မသိ သူ့ကောင်မလေး လင်နောက်လိုက်ပြေးသည်
သူလည်းအသည်းဟက်တက်ကွဲလေသည်။
“မင်းစဉ်းစားကြည့်စမ်းသားကြီးရာ ငါ့မှာအသည်းလည်းကွဲသေး ပိုက်ဆံလည်းဆုံးသေး အိမ်ကအတင်းပေးစားလို့
မတတ်သာလို့ယူလိုက်ရပါတယ်ဆိုရင် ဘာပဲပြောပြောငါ့မှာအသည်းကွဲရတာသိက္ခာရှိသေးတယ် ခုဟာက ခိုးရာနောက်ကို
လိုက်ပြေးသွားတာတဲ့ အဲ့ထက်ဆိုးတာရှိသေးတယ် စောက်ကောင်မက လင်ရသွားတာတောင်ငါ့ဆီဖုန်းဆက်ပြီးပိုက်ဆံလှမ်း
ပို့ခိုင်းနေတုန်း”
“ဟေ..ဒီလိုကိစ္စမျိုးတွေရှိသလား”
ကျနော်ကတရုတ်ဇာတ်လမ်းတွဲထဲကသုခမိန်ကြီးပေါင်ချိန်၏လေသံဖြင့်တအံ့တသြပြန်မေးမိသည်။
“ရှိတယ်ဟေ့ ရှိတယ်…ကောင်းကြသေးရဲ့လားကွာ မင်းစဉ်းစားကြည့်စမ်း ငါဘာကောင်ဖြစ်နေတော့မလဲ”
“မင်းဘာကောင်မှမဖြစ်ဘူးသူငယ်ချင်း....မင်းနွားပဲဖြစ်တယ် “ဝပ်ထိန်း”လို့အော်ပြီးတွေ့ကရ နွားမတွေကိုလိုက်ခွေ့ပေတော့
အဲဒါနဲ့မလုံလောက်ရင် လမ်းဘေးသွားပြီးမြက်တွေထိုင်စားနေလိုက်ပေါ့ကွာ”
အသည်းကွဲနေပါတယ်ဆိုမှ ရင်ဝဖနှောင့်နဲ့ဆောင့်ကန်တာထက်ဆိုးသည့်ကျနော့်စကားကြောင့် ထိုသူငယ်ချင်းရှိုက်ကြီးတငင်
ငိုပါလေတော့သည် ကိုယ်နဲ့သက်တူရွယ်တူယောကျာင်္းတစ်ယောက် အချစ်အတွက်ဤကဲ့သို့တအိအိနှင့်ငိုနေသည်ကိုမျက်ဝါးထင်ထင်တွေ့မြင်ရသဖြင့်ပထမတော့
အလွန်စိတ်ညစ်သွားသည်
နောက်တော့ အမြင်ကပ်လာသည် နောက်တော့ ခဲနဲ့ကောက်ထုချင်စိတ်ပေါက်လာလေတော့သည်။
မိန်းကလေးတစ်ယောက်က တအိအိနှင့်ရှိုက်ငိုနေသည်ကိုမြင်ရလျှင် သနားမိမည်သာဖြစ်သည်
ထို့ထက်ပို၍ ချော့မိလျှင်လည်း ချော့မိပေလိမ့်မည် ထို့ထက် ထို့ထက်ပို၍ သနားသဖြင့် မတော်တဆ ချစ်မိလျှင်လည်း
ချစ်သွားနိုင်ပေသည် ယခုကဲ့သို့ ကိုယ်လိုထူထူထောင်ထောင်ယောကျာင်္းတစ်ယောက်ကဤသို့ငိုသည်ကိုမြင်ရလျှင်ဖြင့်
သားကြီးတို့ အားကြီးစိတ်ဆိုး၏ :P
တစ်ကယ်တွင်တော့ ပိဿာလေးဘေးပစ်သလိုကျနော့်စကားအားထိုသူငယ်ချင်းဗွေမယူခဲ့ပါ
နောက်ပိုင်း ကျနော်တို့နှစ်ယောက်အခင်ကြီးခင်ခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်တော့သည် ခုတော့သူကမြန်မာပြည်ပြန်တော့မည် ကျွန်ဇာတာကုန်ပြီထင်ပ...
ကျနော်သည်အတွေးရေအလျဉ်ထဲစီးမျောနေခိုက်....
“နင်သိထားဖို့က ယောကျာင်္းဆိုတဲ့အကောင်တွေက နှာဘူးချည်းပဲဟဲ့ရွေစင်ရဲ့”
ကျနော့်ထိုင်ခုံအနောက်ဘက်ကနေဗမာလိုပီပီသသကျယ်ကျယ်လောင်လောင်ကြီးထွက်ပေါ်လာသည့်အသံကြောင့်
ကျနော့်ခေါင်းမွေးများပင်ထောင်တက်သွားသည်။ Tom & Jerryကာတွန်းကားတွေထဲကလိုသာဆိုရင် ကျနော်သည်
“တိန်”ကနဲအသံမည်ပြီး ခေါင်းက ပုတ်လောက်ဖြစ်သွားမည်ဖြစ်သည်။
ကြမ်းလှချည်လားဟ..သိချင်စိတ်ကြောင့်ကျနော်လှည့်ကြည့်လိုက်မိရာ စောစောကအသံရှင်ဟုယူဆရသော အသက်သုံးဆယ်ဝန်းကျင်အမျိုးသမီးတစ်ယောက်နှင့်မျက်နှာချင်းဆုံသည် ၎င်း၏ဘေးတွင်သူ့ညီမဖြစ်ဟန်တူသောကောင်မလေးတစ်ယောက် ညီမဟုယူဆရခြင်းမှာမျက်နှာချင်းဆင်ကြ၍ဖြစ်သည်
ရုပ်ကသူလိုကိုယ်လိုထဲက ဘာကြောင့်မသိ နှစ်ယောက်စလုံးသုန်မှုံနေကြသည်။
“စောက်တရုတ်ကောင် ဘာလှည့်ကြည့်တာလဲ”
ဟိုက်…ပြဿနာပဲ..နေရင်းထိုင်ရင်းကိုယ့်ဘက်လှည့်လာပြီ ကျနော်လည်းမျက်နှာအမြန်ပြန်လွှဲလိုက်ရသည်
ကျနော့်ကိုမြန်မာတစ်ယောက်ဟုထင်ကြပုံမရ နားလည်မယ်မဟုတ်ဟုယူဆပြီးတွယ်လွှတ်လိုက်ခြင်းဖြစ်သည်
“ငါမပြောလိုက်ချင်ဘူး နင့်အကောင်ကဘာစောက်ဖြစ်ရှိလဲ လက်ကြောမတင်းလို့ဟိုသူဋ္ဌေးကဖြုတ် ဒီသဋ္ဌေးကဖြုတ်နဲ့
ခုလည်းသူ့သူငယ်ချင်းတွေဆီမှာဂိန်နေတယ် နင်မို့လို့ဒီလိုအကောင်ကိုကြိုက်ရတယ်လို့အေ အမေမွေးထားတဲ့သမီးတွေထဲမှာနင်ဟာစောက်သုံးမကျဆုံး”
ကားပေါ်တွင်မြန်မာလူမျိုးတစ်ယောက်မှပါလိမ့်မယ်မဟုတ်ဟုယူဆသဖြင့်ယခုကဲ့သို့
အော်ကြီးဟစ်ကျယ်ဖြစ်နေခြင်းဖြစ်မည်
ဒေါသလည်းအလွန်ထွက်နေပုံရသည်။
“အမကလည်း သူကစိတ်ရင်းကောင်းပါတယ် ညီမကိုလည်းသစ္စာရှိတယ် ကြင်နာတယ်”
“ကြင်နာတယ်ဟုတ်လား သူကြင်နာတော့နင်ဖင်နာပြီပေါ့ မိန်းကလေးဆိုတာတန်ဖိုးရှိရတယ်ဟဲ့
နင့်အကောင်သစ္စာကဘာလုပ်စားလို့ရလဲ
????နေရုံနဲ့ပြီးရောလား အဲလိုပဲလွယ်လား အလကားရလား ပေးရသေးတယ်ကမ်းရသေးတယ်ဟဲ့”
“အစ်မကလည်းသူအလုပ်အဆင်မပြေသေးလို့ပါ ဒါတောင်အလုပ်မရှိတဲ့ကြားက ညီမဖုန်းထဲကိုပိုက်ဆံထည့်ပေးသေးတယ်”
“ဘာရယ် ဖုန်းထဲပိုက်ဆံတစ်ဆယ်ထည့်ပေးတာကိုပြောဦးမလို့လား အောင်မယ်လေးမိရွေစင်ရယ် နင့်အမေပေးထားတဲ့???က
တစ်ဆယ်ပဲတန်သလား နင်မို့လို့ဒီလိုအကောင်မက်တယ် နှာခေါင်းကလည်းကြီးလိုက်တာ နှာဘူးလို့မပြောရဘူး ”
ဟိုက်…သွားပြီ သွားပြီ..အခြေအနေတွေဆိုးသထက်ဆိုးနေပြီ ထိုင်ခုံတစ်ခုသာခြားသဖြင့်အသံတွေက မကြားချင်မှအဆုံး
ဒီနေ့မှhand-freeလည်းယူမလာမိ မဟုတ်ရင် နားကြပ်လေးတပ်ပြီးသီချင်းသံတွေနဲ့အနောက်ကအသံကိုဥပေက္ခာပြုနေလိုက်လို့ရသည်။ ခုတော့…
ဖြစ်နိုင်ရင်ဖဝါးနဲ့သာနာလိုက်ချင်သည် ခက်တာကဖဝါးတွင်နားကမပါ ထို့ကြောင့် နာလက်စနားနဲ့ပဲဆက်နာနေလိုက်ရသည်။
“အစ်မကခုတော့ပြောပြီပေါ့ အရင်ကိုအောင်ကြီးနဲ့အစ်မလိုက်ပြေးတုန်းကရော ဟိုကမွဲလိုက်သမှဖွတ်ကတောင်ဘကြီးခေါ်ရမယ် ရုပ်ကလည်းရပ်ကွက်ထဲထီးစုတ်လိုက်ဝယ်တဲ့ကုလားကြီးလောက်တောင်မသားနားဘူး အိမ်ကမရမကပြန်ခွဲပြီး အခုထုံထုံအအ ကိုမျိုးနဲ့ပေးစားလိုက်လို့သာအစ်မခုလိုနေနေရတာမဟုတ်လား”
အင်း…ငယ်ကျိုးငယ်နာတွေလည်းပေါ်ပြန်ပြီ။
“ဟဲ့ကောင်မ နင်နောက်တစ်ခါဒီစကားပြော ကိုမျိုးသိသွားရင် နင့်ကိုငါအသတ်ပဲ”
“အဲဒါဆိုညီမကိုလည်းမချုပ်ချယ်နဲ့ပေါ့”
“ဟာ….ဒီကောင်မ ငါလေ..တယ်…ဒီမှာငါပြောမယ်မိရွေဇင်ရဲ့ နင့်ရဲ့…..????????????????????????????
????????????????????????????????????????????????????????????????????
?????????????????
??????????????????????????????????????????????????????????????????
?????????????????”
(နောက်ပိုင်းစကားများသည် အသက်၁၈နှစ်အောက်နှင့်အထက်နားထောင်ရန်မသင့်တော်ဟုယူဆသဖြင့်
ဘလော့ရေးသူသည် ဆင်ဆာဖြတ်လိုက်ရလေသည်)
အရေးထဲ ဖုန်းကcallလာသဖြင့်လန့်သွားသည် တော်သေးတယ် ခေါ်တဲ့လူကအလွန်းဆိုတဲ့တရုတ်သူငယ်ချင်း
Residend evilအခွေသစ်ထွက်ရင်ဝယ်လာရန်လှမ်းမှာခြင်းဖြစ်သည် ကံကောင်းသဖြင့်ဖုန်းringtoneကမြန်မာသီချင်းကိုမနေ့ကမှတရုတ်သီချင်းတစ်ပုဒ်နှင့်လဲထားမိသည် မြန်မာသီချင်းနဲ့ဖုန်းလာရင်ဟိုကသိတော့မည်
ကျနော်ကကွိုင်မရှိ သူတို့ကနေရင်းထိုင်ရင်းအရှက်ကွဲမည်ဖြစ်သည်
နောက်ထပ်မြန်မာသူငယ်ချင်းတွေဆီကဖုန်းလာရင်မကိုင်ဖို့လည်းဆုံးဖြတ်လိုက်သည်။ မှတ်တိုင်တွေတစ်ခုပြီးတစ်ခုသာ
ကျော်သွားသည် လူကလျှော့မသွား နေရာပြောင်းဖို့လည်းခက်ပြန်လေသည် ထို့ကြောင့်အနောက်မှ ငယ်ကျိုးငယ်နာဖေါ်နေကြသောညီအစ်မနှစ်ဦး၏စကားသံကား
တဂျိမ်းဂျိမ်းနှင့်မကြားချင်မှအဆုံး.....
ကျနော်စိတ်ကူးထားတာကရိုးရိုးလေး မသိသလိုနေလိုက်မည် ခရီးဆုံးမှတ်တိုင်ရောက်တော့မသိသလိုဆင်းသွားမည်
ဒါပဲဖြစ်သည် သူတို့စကားသံများကိုဥပေက္ခာပြုပြီး ကားမှန်ပြတင်းမှတစ်ဆင့်အပြင်ကိုသာအာရုံစိုက်ငေးမောနေလိုက်သည်
မှတ်တိုင်တစ်ခုထပ်ရောက်ပြန်သည် ထုံးစံအတိုင်းဆင်းတဲ့လူကဆင်းသွားကြဆဲ တက်တဲ့လူကတက်လာကြဆဲ နေရာတွေကကြပ်ညှပ်နေဆဲ ကျနော်ကလည်း အကြည့်ကိုကားမှန်ပြတင်းပေါက်အပြင်ကိုထုတ်လွှတ်ထားဆဲ
…ထိုစဉ်အခိုက်...
“ဟေ့ရောင်သားကြီး အသက်ရှင်လျှက်တွေ့ရဝမ်းသာတယ်ကွာ ငါကမင်းရှောရှာပြီထင်နေတာ”
အလွန်ကျယ်လောင်သည့်စကားသံနှင့်အတူပခုံးကိုလှမ်းပုတ်လိုက်သူကြောင့်မော့ကြည့်မိရာ DJသဘောင်္သီးဖြစ်နေသည်။
စောစောကမှတ်တိုင်ကနေကားပေါ်တက်လာပုံရသည် သွားကုန်ပြီဟုကျနော်သိလိုက်သည် မဟာအရှက်တွေကွဲကြကုန်ပြီဟုလည်းကျနော်သိလိုက်သည်
သဘောင်္သီးကားအသံကျယ်ကျယ်ပြောတတ်သည့်သူ့ဝသီအတိုင်းကျနော့်ခုံဘေးမှရပ်လျှက်...
“ဘယ်သွားမလို့လဲ”
“ဟိုကောင်ပြန်တော့မယ်လေ”
“ဝက်ရူးလားပြန်မှာ”
“ဟာ…စကားအကောင်းပြောနေတာ... ခုအိမ်ပြန်လက်ဆောင်လေးပေးပြီးသွားနှုတ်ဆက်မလို့”
“အေး…ကောင်းသား..ငါလည်းသော့တစ်ချောင်းသွားပေးဦးမယ် လည်ပင်းမှာချိတ်ထားဖို့”
စကားအကောင်းပြော၍ရသူမဟုတ်သဖြင့်ကျနော်လည်းဘာမှပြန်ပြောမနေတော့... သဘောင်္ာသီးကဆက်လာသည်
“ဒါနဲ့မင်းကိုပြောရဦးမယ်... ဟိုကောင်တွေစက်ရုံက သူဋ္ဌေးနဲ့ စာရေးမနဲ့ငြိကြတာလေ...အဲဒီနေ့ငါတို့အခန်းအပေါ်ကနေချောင်း......”
“ရှုး”
ပါးစပ်ပိတ်ရန်ကျနော်ကအချက်ပြလိုက်ပြီးနောက်ဘက်သို့မျက်စပစ်ပြလိုက်သည်
ထိုအခါဓါတ်ပေါက်သွားသောသဘောင်္သီးက ကျနော့်နားသို့တိုးတိုးလေးကပ်ပြီး
“ရွေမတွေလား”
“အေး”
ကျနော်ကပြောလည်းပြော ကားမှန်အရိပ်မှတစ်ဆင့်ထိုညီအစ်မအားမသိမသာအကဲခတ်ကြည့်လိုက်ရာ အသံများတိတ်ဆိတ်လျှက် မျက်နှာကိုယ်စီလည်းဆီးရွက်ပမာသာရှိကြတော့သည်ကိုတွေ့လိုက်ရလေတော့သတည်း ။ ။

(မှက်ချတ်=နာမည်အမှန်မဟုတ်ပါ နာမည်အမှားဖြစ်ပါသည်)

13 comments:

khin oo may said...

သားကြီးကတော့ မှန်တယ်မဟုတ်လား

ုkaungkinpyar said...

အိပ်ရင်းရေးနေတာလဲ သိတယ်၊
ကောင်း၏

Anonymous said...

ကိုသားကြီးးးး
မေနေကြပြီ နော်မှန်တယ်မဟုတ်လားတဲ့
ဖွလိုက်ရမလား?????????????????

ခင်တဲ့
မြူး

Anonymous said...

တော်တော်ရေးတတ်တယ်ဗျာ။ အိပ်ရင်းရေးတာတောင်တော်တော်ကောင်းတယ်ဗျာ။ ဆက်မျှော်နေပါတယ်။ ပျော်ရွှင်ပါစေ။
ညီမလေး ပါးလုံး

khin oo may said...

ထပ်လာကြည့်သည်။ လိုအပ်သည်များညွန်ကြားရန်။
လက်ရေးနဲ့ရေးထားတဲ့ သရုပ်ဖော်ဒီဇိုင်းအိုင်ဒီယာကလေးကိုတော့ အတော်သဘောကျမိတယ်။ ဒီအတွေးကလေးကောတ့ အတော့်ကို ကောင်းတယ်။

စာရေးကောင်းတယ်။ဖတ်လို့ကောင်းတယ်လို့ကိုယ်ယူဆတဲ့ ဘလော့ရေးတဲ့သူအချို့ရဲ့စာပိုဒ်ခွဲပုံကလေးကို အတူယူကြည့်ပါ။ အခုက စာတွေ ကအပြည့်ဖြစ်နေတော့ ဆွဲဆောင်မှူ အား. နဲနဲ နည်းတယ်။

နိုင်ငံခြား က ဘလော့ပိုစ်အချို့ကိုလည်း နဲနဲဖတ်ကြည့်ပါ။ စာတွေ အားလုံးကိုဖတ်ဘို့ မဟုတ်ဘူး။ အတွေးအခေါ်နဲနဲ ရမယ်။ သူတို့ ဘာတွေ ရေးတတ်သလဲဆိုတာ အတွေ့အကြုံရမယ်။ အမြင်သစ်ရမယ်။ ဖွဲ့စည်းပုံကို အိုင်ဒီယာ ရမယ်။ တင်ြ့ပု့ ကော်လန်ချပုံ့ကလေးတွေ ကြိုက်တာတွေ့၇င် မသိမသာ အတုခိုးဘို့ စုတုပြုဘို့

ညွန်ကြားသွားသည်
အစ်မကတော့ ညွန်ကြားတာကိုဘဲလုပ်သည်
လိုက်မလုပ်ပါ။

တလနွန် said...

အပြင်မှာ ဒီလိုအဖြစ်တွေ ကြုံဖူးပေမဲ့ ကိုသားကြီး ရေးထားတာက ပိုပြီးဖတ်ကောင်းနေတယ်။ စောစောစီးစီး ရယ်မိသွားပါတယ် :)

ခင်မင်ခြင်းနှင့်
တလနွန်

ဝက်ဝံလေး said...

ဟဟဟဟ ဖတ်ပြီးရယ်လိုက်၇တာ အဟိုးးအဟိုးးး အဟက် ခွီခွိးးး

Anonymous said...

သယ်ရင်း အရေးသားတွေကတော့တော်တော် ကောင်းတယ်
အကြည်တော် စာအုပ်ဖတ်နေရသလိုဘဲ တကယ်ပြောတာနော်
အဆင်ပြေပျော်ရွှင်ပါစေကွာ

ရေတမာ said...

ပါးစပ်စည်းကမ်းရှိအောင် သတိပေးတဲ့အတွက် ကျေးဇူးပါ

sweetpeony said...

အီးးးးးးးးး
ဆိုးတယ်
ဆိုးတယ်
ဆိုးတယ်

shin said...

Even if nobody can understand, I feel that these 2 sisters shouldn't speak out those rude words.

Our words will show our own personality....

Anonymous said...

ခွိခွိ

အဲလိုတွေရှိတယ်လား နားထောင်တဲ့သူရော
ပြောတဲ့သူရောသေပြီဆရာ
မမသာဆို ရီမှာပဲဟားဟားဟား
ကံဆိုးချင်တော့ နုတ်ဆက်တဲ့သူက ရောက်လာသေး
ဟားဟားဟား
မမ

မီးမီးချစ် said...

ဒါမျိုးကျ မမေ့ဘူး... ဟားဟား ရယ်ရတယ်..ကိုကိုချစ် ကိုလဲ ပြောရအုံးမယ် သူက အော်ကျယ်အော်ကျယ် နဲ့ စကားပြောရင်း))

 
©2009 ♬သားကြီး♪ | by TNB