ကျားကလေးတို့ရွာ-၂


“တစ်တောဝင်…ထွက်....တစ်ကုန်းတက်၍ တစ်တောင်ကိုကျော်....တစ်ပင်မှာနားသော်....အားငယ်ဖြေမချိ...တွေ့လိမ့်နိုးနိုး...မျှော်ကိုးလို့နော်......”
………………………..
ခုလည်းဒီသီချင်းထဲကအတိုင်းဖြစ်နေပေပြီ ကျနော်တို့လျှောက်ခဲ့သည့်ခြေလှမ်းအရေအတွက်အတိုင်းသာ မိုးပေါ်တည့်တည့်ထောင်ပြီးလျှောက်ရင်ခုလောက်ဆို နတ်ပြည်ဝင်သည့် ဂိတ်ဝကြီးသို့တန်းတန်းမတ်မတ်ကြီးရောက်နေလောက်ပြီ.....။
ကျောင်းပိတ်တုန်းအေးဆေးမနေချင်တဲ့ကောင်....လျှောက်စမ်း...လျှောက်စမ်း.....လျှောက်စမ်း.....။
ကျနော့်ဆီက အထုပ်အပိုးတွေရော ဂစ်တာကိုရောအကုန်ယူပြီးဝိုင်းကူသယ်ပေးတာတောင် အမောခံနိုင်သူဝင်းကျော်ကရှေ့မှ မတ်မတ် မတ်မတ်နှင့်လျှောက်နေဆဲ ကျနော်က နောက်မှ ယိုင်တိ ယိုင်တိုင်ဖြင့် လဲကျလိုက် ဆက်လျှောက်လိုက် ဖြစ်နေဆဲ….


ဒီလိုနဲ့ နေလုံးကြီးစုံးစုံးမြှုပ်မှ သစ်သားပြားဖြင့် ဖြစ်ကတတ်ဆန်းရိုက်ပြီးစိုက်ထူထားသော သူတို့ရွာအဝင်ဆိုင်းဘုတ်ကြီးအား ဝမ်းမြောက်ဖွယ်တွေ့ရတော့သည်။
မရင်းကုန်းကျေးရွာမှ လှိုက်လှဲစွာကြိုဆိုပါသည်” ဟူ့ရေးသားထားသည့် ဆိုင်းဘုတ်ကြီးသည် ကျနော့်အဖို့တော့...
တာဝတိ`သာနတ်နန်းမှလှိုက်လှဲစွာ ကြိုဆိုပါသည် နတ်သမီးအပါးခုနှစ်ထောင်တို့သည်လည်း နှုတ်ခမ်းနီဆိုးလျှက် သင့်တစ်ယောက်တည်းအားစောင့်ဆိုင်းနေကြကုန်သည်” ဟူ့ရေးထားသည့်ဆိုင်းဘုတ်ကြီးအား မြင်တွေ့ရဘိအလား ဝမ်းသာအယ်လဲဖြစ်ရလေတော့သည်။
(ယခုစာရေးနေချိန်တွင်အနားမှာထိုင်နေသည့်သူငယ်ချင်းက မင်းဟာက အပါးခုနှစ်ထောင်ဆိုတော့ မလွန်လွန်းဘူးလား နတ်သမီးငါးရာဆိုတော်ပြီပေါ့တဲ့ သူ့နှယ်နော်.ကပ်သီးကပ်သပ်စိတ်ကူးနဲ့ရေးတဲ့စာကိုတောင်ကြံဖန်ပြီးကပ်စေးနဲနေခိုင်းသေးတယ် ကျနော်ကပြန်ပြောလိုက်ပါတယ် ငါက ငါးရာနဲ့မလောက်ဘူးဟေ့ အပါးခုနှစ်ထောင်တိတိ တစ်ပြားသားမှမလျှော့လို့ :P)


“ကဲသားကြီးရေ....အိမ်ရောက်ပြီကွ...အိမ်ရောက်ပြီ...ဟားဟား...”
ချွေးအလုံးလုံးကြားမှ ဝင်းကျော်က ကျနော့်ဘက်လှည့်ပြီး အော်ပြောသည်…။
“အင်း….ရောက်ဦးမှပဲ....နို့မို့ရင် ငှက်တွေက ပျံရင်းသေတယ် မင်းနဲ့ငါက လမ်းလျှောက်ရင်းသေတယ်
ဆိုပြီးစကားပုံအသစ်ထွက်နေဦးမယ်”
ကျနော့်စကားကြောင့်ဝင်းကျော်တစ်ဟားဟားအော်ရယ်သည်။
ညီအစ်ကိုမသိတသိအချိန်ဟုခေါ်နိုင်သော်လည်းကိုယ့်ရွာသားကိုကိုယ်တိတိကျကျသိပုံရသောရွာသားမျာက
“စောဝင်းကျော်ပြန်လာပြီဟေ့....
စောဝင်းကျော်ပြန်လာပြီ.....သူ့အဖေါ်မြို့သားတစ်ယောက်လည်းပါလာတယ်ဟေ့”
ဟုတစ်အိမ်မှတစ်အိမ်အော်ပြီး ပြေးထွက်ကြည့်ကြကုန်သည်။
ဝင်းကျော်၏သူငယ်ချင်းများကအပြေးအလွားရောက်လာကြပြီးအထုပ်ကိုကူသယ်သူသယ်ဂစ်တာကြီးကို
ယူပြီး အသံကြောင်ဖြင့် တစ်ဂျောင်ဂျောင်တီးသူတီးနှင့်ကျနော်တို့ဝန်းကျင်လေးရှုပ်ယှက်ခက်သွားသည်
သူတို့ကျနော့်ကိုကြည့်တဲ့အကြည့်က ကျနော်မြင်နေကျ မြို့ထဲကလူတွေရဲ့အကြည့်မျိုးမဟုတ် နှစ်လိုဖွယ်အပြည့်ရှိပြီး ပကတိသန့်စင်သည်။
တခဏအတွင်းမှာပင်ကျနော်တို့အားလုံးငယ်ပေါင်းကြီးများသဖွယ် ရင်းနှီးသွားကြတော့သည်။


ဝင်းကျော်တို့အိမ်ရောက်တော့အထုပ်အပိုးတွေပြစ်ချပြီးအနားယူကြသည် ။
ထိုညထမင်းဝိုင်းသည် ကျနော့်တစ်သက်တွင်အမြိန်ဆုံးထမင်းဝိုင်းတစ်ခုဖြစ်ခဲ့သည်။ဝင်းကျော်မိဘများသည် ရိုးရိုးတောင်ယာ လယ်လုပ်စားသူများဖြစ်သည် စိတ်သဘောထားရိုးသားဖြူစင်ကြသည်။
“နင်ကမြို့သားဆိုတော့ အတွဲတော့ချောင်းဖူးမှာပေါ့နော် အဟိ”
ရုတ်တရက်ကြီးထွက်ပေါ်လာသည့်အဒေါ်ကြီးတစ်ယောက်၏အမေးကြောင့်ပါးစပ်ထဲရောက်လုရောက်ခင်ထမင်းတစ်လုတ်
လေထဲရပ်တန့်သွားသည် ဘာပြန်ပြောရမယ်မှန်းမသိ
“ဒေါ်လေးကလဲဘာတွေလျှောက်မေးနေတာလဲ ကျနော့်သူငယ်ချင်းအနေခက်အောင်လုပ်နေပြန်ပြီ ”
ဝင်းကျော်ကထမင်းဝိုင်းဘေးတွင်ထိုင်နေသော အဒေါ်ကြီးဆိုသူကိုအပြစ်တင်စကားဆိုလိုက်သည်
“သူငယ်ချင်းရေ....ဗိုက်တင်းအောင်မစားနဲ့ဦးဟ ငါတို့အစီအစဉ်ရှိသေးတယ် ” ညနေကမှခင်ခဲ့ကြသည့်သူငယ်ချင်းတစ်ယောက်က ကျနော့်နားကပ်ပြီးတိုးတိုးလေးပြောလိုက်ခြင်းဖြစ်သည်။
ထမင်းများစားသောက်ပြီး အစီအစဉ်ရှိတယ်ဆိုသည့်သူငယ်ချင်းဆီသို့ကျနော်တို့ချီတက်ခဲ့ကြသည်။


ရွာလယ်ကိုရောက်တော့အလှူအိမ်တစ်ခုက ဗွီဒီယိုဗလာပွဲပြနေသည်။ရွာ၏တစ်ခုတည်းသောဗွီဒီယိုရုံက ငှားလာကြခြင်းဖြစ်သည်။
“ညီလေး မင်းဝင်းကျော်မဟုတ်လား လာပါဦးကွာ သူကြီးငါ့ကို ဒုက္ခပေးသွားပြီ”
တော်တော်လေးထွေနေပုံရသည့်အလှူအိမ်မှလူတစ်ယောက်က ဝင်းကျော်ကိုမြင်သွားကာ လှမ်းခေါ်လိုက်သဖြင့်ကျနော်လည်းလိုက်သွားရသည် ။ သူကဗွီဒီယိုပိုင်ရှင်ကိုဖိုးစောဟုသိရသည်
“ငါစာမတတ်ပါဘူးဆိုမှ သူကြီးက ငါ့ကိုဒီစာဖတ်ပြီးကြေညာခိုင်းနေတယ် ရော့ဒီမှာမိုက် ဒီမှာစာရွက် မင်းပဲကြေညာလိုက်တော့”
ကိုဖိုးစောကမ်းပေးသည့်စာရွက်ထဲကပဲပင်ပေါက်လက်ရေးနှင့်ရေးထားသည့်စာများကိုဖတ်ပြီး
ကျနော်ရယ်ချင်ချင်ဖြစ်နေသည်။ စာထဲတွင်ယခုကဲ့သို့ရွာအလှူတွင်ကာလသားများသောက်သောက်စားစားမလုပ်ရန်နှင့်တွေ့ရှိပါက ပြင်းပြင်းထန်ထန်အရေးယူမည့်အကြောင်းရေးထားသည်။ ကာလသားတွေဘယ်လိုနေမည်မသိသော်လည်း ကာလဘဲကြီး ကိုဖိုးစောတော့စောစောစီးစီးဝီနေပြီဖြစ်သည်။.....(ဆက်ရန်)

14 comments:

Anonymous said...

အောင်မလေး တော့ တစ်ဗျ တစ်ရတယ် အဟဲ တော်သေးတယ် ဒီနေ့ကံကောင်း၏ တစ်ချည်းပဲ ရတယ်အဟိ ပြီးမှ ပြန်မန့်တယ်။ အခုတစ်ယားထားတာ။ ကိုနေဒေးတို့ ကိုဝသန်တို့မလာခင် အဟိ။ ကံထူးရှင်လုပ်လိုက်ဦးမယ် ။
ခင်မင်လျှက် ညီမလေး ပါးလုံး

Anonymous said...

အင်း နတ်သမီး တဘက်တသန်းနဲ့ ပျော်စေဗျာ။ အဟိ ဆုတောင်းပေးတာ။ ဆက်ရန်က မြန်မြန်လုပ်ဗျာ။ နော် သူကလည်း ဇာတ်များသိမ်းတော့မလားမှတ်တယ်။ အခုမှရွာရောက်ပြီး ထမင်းလုတ်ပြုတ်ကျုတုန်းရှိသေးတယ်။ စောင့်နေတယ်ဗျို့။
ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေးပါးလုံး

မယ့်ကိုး said...

အယ်... ဖတ်လို့ ကောင်းတုန်း ခဏနားပြန်ပြီ။ နတ်သမီးခုနှစ်ထောင် နှုတ်ခမ်းနီဆိးုပြီးဆိုတဲ့ အသုံးလေးက ဆန်းပြီး ပြုံးရတယ်...

Anonymous said...

လာဖတ်သွားပြီ
ဆက်ရန်တဲ့လေ နောက်ရေးရင်
မချွေတာနဲ့တော့သိလား
အရှိန်ပျက်တယ်လေ
ဖိနပ်စီးပြီးလျှောက်လည်တာ
ဘယ်၂ယောက်တွေ့ လဲ

မိတ်ကပ်ရောပြင်ပေးလိုက်လား
ဟီးဟီဟီ

ရေတမာ said...

အော် ကိုယ်မှ ပလက်ဖောင်းလျှောက်နေတယ်မှတ်တာ သူက လယ်ကန်သင်းရိုးလျှောက်နေတယ်ပေါ့...ဆက်ရန်မျှော်နေတယ်းP

မေဇင် said...

အာ...ဖတ်ကောင်းတုန်း ရှိသေးတယ်..ဆက်ရန် တဲ့ :(.. မြန်မြန် ဆက်ပါဗျို့...။ နတ်သမီး 7ထောင်က နည်းတယ်ထင်ပါတယ်..။ စိတ်ကူးထဲမှာပဲ 7သောင်းလဲ ဘာဖြစ်လဲ.. ဟဟ..။ ဒီစာ ဖတ်ပြီး..ရွာကို တကယ်လွမ်းမိတယ်...။

ရွှေ ယွန်း ဝါ said...

ဖတ်ရတာအားမရဘူး ၊ များများ နဲ့ မြန်မြန်ရေးပါဗျိုး

တလနွန် said...

စာလာဖတ်သွားပြီး။။မြန်မြန်ဆက်ပါဗျ။ ကိုးရီးယားကားလို ဖြစ်နေပြီး။ တစ်နေ့ တစ်ပိုင်း မျှော်နေရတယ် :)

ခင်မင်ခြင်းနှင့်
တလနွန်

ဝက်ဝံလေး said...

လာပြန်ပြီ ဒီဆက်ရန် ကြာ၇င် ဖနောင့်နဲ့ပေါက်မိတော့မယ်နော် ဟွန်းးးး ကိုသားကြီးးး

မေလေး said...

အာ...လုပ်လာပြီ ကိုသားကြီးနော်။ဇာတ်ရှိန်ကတက်လာပြီဆို သူကလုပ်လိုက်ပြီ။ မြန်မြန်ဆက်ပါဗျို့ ။ဒါထက်ကိုသားကြီးပါးတွေအခြေအနေကောင်းရဲ့လား။ခုနှစ်ထောင် မပြောနဲ့ ခုနှစ်ယောက်ဆိုရင်တောင် သိပ်မလွယ်ဘူးနော်။ခါးနီတွေပေကုန်တော့မှာဘဲ။

Anonymous said...

ဟားဟား တော်ပြီလား ကွ နတ်သမီးခုနှစ်ထောင် နဲ့တင် သယ်ရင်းရ..အဆင်ပြေပျော်ရွှင်ပါစေကွာ

မီးမီးချစ် said...

" နှုတ်ခမ်းနီဆိုးလျှက် သင့်တစ်ယောက်တည်းအားစောင့်ဆိုင်းနေကြကုန်သည်”
ဒါမျိုး ဘယ်က တက်လာတာလဲ ဟေ့...း))
အသောက်လျှော့  အလည်လျှော့  မြန်မြန်ဆက်ပါဗျို့ 

kaungkinpyar said...

အင်းးး ငါးရာနဲ့ မလောက်ဘူးဆိုပဲ၊ ရေးတာ အကြာကြီး တင်တော့ ဆက်ရန်တဲ့ ဟင်းးးးးး

Anonymous said...

ဘယ်ကတည်းက နတ်သမီးလိုချင်နေတယ် မသိ ...
နတ်သမီး အပါး ခုနထောင်ကြီးများတောင် နှုတ်ခမ်းနီစိုးပြီး စောင့်ရဦးမတဲ့ ... haha ..
ကောင်းရော ...
ပိုရင် တစ်ယောက်လောက် ကျဲပါဦးနော် .. :D
နောက်တစ်ပိုင်း အမြန်လေး ..
နေဒေးသစ်။

 
©2009 ♬သားကြီး♪ | by TNB