အဖြစ်ချင်ဆုံးဆန္ဒ(tag)

ငယ်ငယ်ကတော့ စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့တယ် ယောင်္ကျားတစ်ယောက်ရဲ့ရဲစွမ်းသတ္တိကိုပြသတဲ့နေရာမှာ စစ်တိုက်ခြင်းဟာ အကောင်းဆုံးပဲထင်ခဲ့လို့၊
ခုတော့လည်း သူပုန်တစ်ယောက်ဖြစ်ချင်နေပြန်တယ် လောကဟာမာယာများမှန်းတစ်ဖြေးဖြေးနဲ့သိလာလို့။
အဆိုတော်တစ်ယောက်ဖြစ်ချင်ခဲ့တယ် အိမ်မှာ လေးဖြူသီချင်းပဲဖွင့်ဖွင့် အငဲသီချင်းပဲဖွင့်ဖွင့် အဘိုးကကျနော်သီချင်းဆိုနေတဲ့အသံပဲထင်နေတယ် ကျနော့်အသံနဲ့အဲဒီအဆိုတော်တွေရဲ့အသံကိုအဘိုးမကွဲဘူး အတူတူပဲထင်နေတယ်(မှတ်ချက်=ကျနော့်အဘိုး နားနည်းနည်းလေးသည်)
ဝါသနာဟူသည်တားဆီး၍မရစကောင်းတဲ့... ကြုံရင်ကြုံသလို ကျနော့်အနုပညာ ကျနော့်ဗီဇကိုကျနော့်ရဲ့ပတ်ဝန်းကျင်မှာပြသခဲ့တယ် ဥပမာ လမ်းဘေးအုတ်ခုံ၊ သင်္ကြန်မဏ္ဍ၊ ကောင်မလေးအိမ်ရှေ့၊ အရက်ဝိုင်း။
အဲဒီကနေအတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်..။
သင်္ကြန်ကာလ သင်္ကြန်သီချင်းမဆိုဘဲဟဲဗီးမက်တယ်ထလုပ်လို့ “ဆင်းပါတော့ဗျို့”လို့ဝိုင်းအော်တာမျိုး၊ မြန်မာ့ဂန္တဝင်ဂီတပရိသတ်အဘိုးကြီးက ကျနော့်ဂီတကို လမ်းသရဲဂီတ မကောင်းဆိုးဝါးဂီတအဖြစ်မြင်ပြီး ကောင်မလေးကိုဖြတ်စာပေးခိုင်းတာမျိုး ၊
“သားကြီးအသံကတော့တစ်ကယ့်ROCKပဲကွာ”ဆိုပြီး “ဒီညဝိုင်းဖိုးမင်းရှင်းနော်”ဆိုတဲ့သူငယ်ချင်းတွေရဲ့အားပေးမှုမျိုး ။
ညီမလေးအတွက်အနွေးထွေးဆုံးသောအစ်ကိုကြီးတစ်ယောက်ဖြစ်ချင်ခဲ့တယ်...၊
အငိုသန်တဲ့ညီမကိုငယ်ငယ်ကတည်းက သနားပြီးချစ်ခဲ့လို့။
လူမချမ်းသာရင်တောင် စိတ်မဆင်းရဲရတဲ့ဘဝမျိုးလိုချင်တယ်
ကျနော်ချစ်တဲ့ဂီတကိုလမ်းသရဲဂီတလို့မပြောတဲ့အဘိုးကြီးတစ်ယောက်ရဲ့သားမက်တော်ချင်တယ်..
နောက်ပြီး…မြန်မာပြည်ကိုမြန်မြန်ပြန်နေကောင်းစေချင်တယ် ဒါပါပဲ။
ကဲ…ညီမလေးမြူးရေ... ကျေနပ်နိုင်ပါစေ။

9 comments:

ကောင်းကင်ပြာ said...

ပြည့်စေသတည်းးးးး

Anonymous said...

ဆန္ဒတွေ အကောင်ထည်ဖော်နိုင်ပါစေကွာ
သယ်ရင်း

Anonymous said...

ကိုကြိးးးးးးးးးးးးးးးးးးးးးးး
သီချင်းလာဆိုပြ
အုတ်ခုံလေးဆောက်ထားမယ်သိလား
ကျေးဇူးနော်

Ree Noe Mann said...

လာခံစားသွားတယ် ညီရေ

ကိုရီနို

မယ့်ကိုး said...

ဆန္ဒဟောင်းတွေ ရော အသစ်တွေရော ရေးထားတာ ကြည်နူးစရာ... လိုအင်ဆန္ဒတွေ ပြည့်ပါစေ...

တလနွန် said...

“ကျနော်ချစ်တဲ့ဂီတကိုလမ်းသရဲဂီတလို့မပြောတဲ့အဘိုးကြီးတစ်ယောက်ရဲ့သားမက်တော်ချင်တယ်.”
ဒီစာလုံးလေး သဘောတကျ ရယ်သွားပါတယ်။ ကိုသားကြီး ဆန္ဒနှင့်ဘဝ
ထပ်တူကျပါစေဗျာ။။

ခင်မင်ခြင်းနှင့်
တလနွန်

sweetpeony said...

အသံကတော့် တကယ့် rock ပဲလား??? ယုံဘူး recording ပြီး ဘလော့ခ်မှာ တင်ပြ...
း)

မီးမီးချစ် said...

ကျနော်ချစ်တဲ့ဂီတကိုလမ်းသရဲဂီတလို့မပြောတဲ့အဘိုးကြီးတစ်ယောက်ရဲ့သားမက်တော်ချင်တယ်..
ဒါတော့ လွယ်ပါတယ် .. အဘိုးကြီးရှေ့မှာ သီချင်း ဘယ်တော့မှ မဆိုလိုက်လေနဲ့...း))

ဝက်ဝံလေး said...

အဟဲ ပါးပါးနဲ့ မီးနဲ့ ဆီးသီးထုတ်ရအောင် ဘီလိုလဲ ကဲပြော မီး ကလဲ ဆိုရတာ ဝါသနာပါတယ် ရှင့် မီး သီချင်းဆိုရင် ပါးပါး ဖျားသွားမှာ မြင်ယောင်သေးတယ် ဟဟဟဟ အဲလောက် မီး ကအသံကောင်းတာ ဖြူဖြူကျော်သိန်း အသံကောင်းတာ မီး ကို ဘယ်မီလိမ့်မလဲ ဟဟဟဟ မယုံရင်နောက်တခါကျရင် ဆိုပြမယ် ပါးပါး ကို သိလား ဘိုင်

 
©2009 ♬သားကြီး♪ | by TNB