ကလေးဘဝအမှတ်တရ(တဂ်)

ခုတလောလာတဲ့tagတွေကအခြားလူတွေအတွက်တော့မပြောတတ်ဘူး ကျနော်အတွက်တော့နည်းနည်းခက်နေသလိုပဲ
(နည်းနည်းခက်တယ်ဆိုတာကများများမခက်ဘူးလို့လည်းသက်ရောက်ပါတယ်)

ဘလော့ကာလုပ်ရတာလည်းသိပ်တော့မမိုက်ပါ ကိုယ့်အထုပ်ချည်းကိုယ်ဖြည်ဖြည်ပြနေရလို့လေ။
အဖြည်ကောင်းပြီးခါးမှာလံကွတ်တီချည်းကျန်မှာလည်းစိုးရသေးတယ် ၊
ဘလော့ကာရဲ့ချစ်သူရည်းစားတွေဆို သာလို့တောင်မမိုက်သေး အခန့်မသင့်ရင်သူတို့အထုပ်ပါလှမ်းလှမ်းပြီးဖြည်ခံထိတယ်လေ။
အဲဒါကြောင့်ချစ်ခင်ရတဲ့ညီမတွေ အစ်မတွေကိုကြုံရင် ကြုံသလိုသတိပေးဖြစ်ပါတယ် ဘလော့ကာတစ်ဦးဦးကချစ်ရေးဆိုလာရင် တတ်နိုင်သမျှဝေါင်ဝေါင်ရှေးကြပါလို့ ဟီးးး။

“အိမ်လေးကမိုးတွေလည်းယိုလို့ပါလား”ဆိုတဲ့c-boxကနှုတ်ဆက်သံနဲ့အတူမနှင်းကိုကျနော်စသိခဲ့တာပါ။
“အိမ်လေးကနှင်းတွေလည်းဝေလို့ပါလား”ဆိုပြီးမနှင်းc-boxမှာကျနော်သွားပြန်အော်ဖြစ်ခဲ့ပါတယ်။
ခုတော့ကျနော့်အိမ်မိုးမယိုတော့ပါဘူး မနှင်းရဲ့အိမ်ကတော့နာမည်နဲ့လိုက်အောင်ခုထက်ထိ
နှင်းဥတုဖြစ်နေတုန်းပါပဲ။

“ကလေးဘဝအမှတ်တရ”ဆိုပြီးမနှင်းကtagလာတော့တော်တော်လေးစဉ်းစားရ
ကြပ်သွားပါတယ် ကလေးဘဝကအော်ဆိုခဲ့ဖူးတဲ့ကဗျာလိုလိုစာလိုလိုတွေက များသောအားဖြင့်တော်တော်များများတူနေကြပါတယ် tagကြွေးဆပ်ပြီးသားလူတွေရဲ့ပိုစ်ကိုဝင်ဖတ်ပြန်တော့ သူတို့ရေးထားတာတွေက ကိုရေးမယ့်ဟာတွေနဲ့အတူတူပဲဖြစ်နေတယ်..
တောင်ပေါ်ကရှမ်းကလေးတို့
ကုလားကလေးဓါးသွေးတို့ ညောင်ပင်တစ္ဆေတို့ပေါ့လေ ။

ငယ်ငယ်က ကစားရင်းနဲ့အော်ဖူးတာတွေကလည်း
တစ် -နေရာယူ
နှစ် -အသင့်ပြင်
သုံး -ကျည်ဆန်ထည့်
လေး-မောင်းချိန်
ငါး -ဝပ်
ခြောက်-ပစ် ဆိုတဲ့စစ်တိုက်တာတွေပဲများပါတယ်
ကျနော်ငယ်ငယ်ကစစ်တိုက်တမ်းကစားတာအရမ်းဝါသနာပါတယ်လေ သေနတ်ဆိုရင်လည်း အဖေကိုယ်တိုင်လုပ်ပေးထားတဲ့ သစ်သားသေနတ်ကအစ ပွဲဈေးတွေမှာရော စတိုးဆိုင်တွေမှာပါဝယ်လာတဲ့သေနတ်တွေထိအစုံရှိတယ်။

အိမ်ကိုဧည့်သည်တွေလာရင်အဖေအမြဲပြောတယ် “ကျနော့်သား ကြီးလာရင်စစ်ဗိုလ်များဖြစ်မလားမသိဘူး”တဲ့
ဒါပေမယ့်အဖေ့စကားမှားခဲ့ပါတယ် စစ်တိုက်တဲ့ကစားနည်းကို ကျနော်နောက်ပိုင်းမှာစွန့်လွှတ်ခဲ့ပါတယ်
သေနတ်တွေကိုလည်းမခင်တွယ်တတ်တော့ပါဘူး တိတိကျကျပြောရမယ်ဆိုရင် သေနတ်ဆိုတာ“သတ်”ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့
ထုတ်လုပ်ထားတဲ့ပစ္စည်းတစ်ခုသာဖြစ်တယ်ဆိုတာကိုကျနော်သိလိုက်ကတည်းကပေါ့၊ မြင်လိုက်ကတည်းကပေါ့။
(တချို့ကတော့ပြောရော့မယ် “သေနတ်ပါဆိုမှ သတ်ဖို့မဟုတ်ဘဲ အမြင့်မှာထားပြီးရှိခိုးဖို့လား”ဆိုပြီးတော့..
ရပါတယ် အယူအဆတွေကြိုက်သလောက်ကွဲလွဲနိုင်တယ်)

ငယ်ငယ်က ကလေးချင်းမတည့်ရင်အော်ဖူးတာတစ်ခုတော့ရှိတယ်
“သူ့ဘက်ကလည်းမတည့် သောက်ရှက်လည်းမရှိ
အိမ်နောက်ဖေးက ခုံဖိနပ်နဲ့ရိုက် သေလိုက်” ဆိုတာလေ ၊

ဒါပဲမှတ်မိတော့တယ် မနှင်းရေ ရေးတာတွေက မလိုတာတွေပါနေရင် tagထားတာနဲ့လွဲနေရင်ဆောရီးနော်...

26 comments:

khin oo may said...

..

khin oo may said...

အယူအဆတစ်ခုကလွဲလို့အားလုံးသဘောတူပါတယ်။

khin oo may said...

အိမ်နောက်ဖေးက ခုံဖိနပ်နဲ့ရိုက် သေလိုက် တဲ့လား.ကောင်းပါတယ်။ အားရပါးရရှိတယ်။

khin oo may said...

လုပ်ချင်နေတာလေးတစ်ခု လုပ်လိုက်ရလို့ပျော်သွားတယ။်

လူရိုင်းလေး said...

တစ်ယောက်ထဲ လေးခုစလုံးယူသွားတယ် မတရားဘူးးးးးး UN ကို တင်သွင်းပြရမယ် ကိုသားကြီးပြောတာမှန်တာပေါ့ သေနတ် ပါဆိုနေမှတော့ သေအောင်သတ်မှာပေါ့နော်

chitpalone said...

သြော် ငါးခုတက်ဂ်ထား ငါးယောက်မှတ်နေတာ။ သူ့ဘက်ကလည်းမတည့် သောက်ရှက်လည်းမရှိ အိမ်နောက်ဖေးက ခုံဖိနပ်နဲ့ရိုက် သေလိုက်။ အဲ့ဒါသဘောကျတယ်။ ပြန်ပီတာ့တာ ပျော်ရွှင်ပါစေ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

Anonymous said...

ကလေးဘ၀လေးသတိရသွားတယ် သယ်ရင်းရေ
အဆင်ပြေတယ်ဟုတ်

ဂျာမုန်းဒန် said...

ဟုတ်တယ်နော်...ခုတလောငယ်ဘ၀အကြောင်းတွေပဲရေးဖြစ်နေတယ်။
ကိုယ့်အထုပ်ချည်းကိုယ်ဖြည်ဖြည်ပြနေရလို့ရှက်တောင်လာပြီ။
တော်သေးတယ်မွေးကတည်းကရှက်ကြောဖြတ်ထားလို့။
ငယ်ငယ်ကဆော့တဲ့ပုံရိပ်ကိုပြန်မြင်ယောင်မိတယ်။
အစ်မဆိုလဲမျောက်လောင်းတောင်အရှုံးပေးရလောက်အောင်ဆော့တာလေ။
အစ်မကတော့ခြေတပေါင်းကျိုး၊ သရေကွင်းခုံတမ်း၊ထောက်စည်းထိုးကအစပေါ့၊ အစ်မဆော့လိုက်ရင်တော့အမြဲနံပါတ်၁ပဲ...ဟီး။
ကြွားလိုက်ပြန်ပြီ။

kyalkalay said...

မွေးကထဲကဆိုး
လူဆိုး
လူဇိုး သေနပ်ကြောက်
အခြောက် (ကတော့နော်)

ခြေလှမ်းသစ် said...

သေနတ်ပစ်တမ်းကို ငယ်ငယ်က အရမ်းဝါသနာ ရှိရှိနဲ့ ကစားခဲ့တာဗျ.. ပြန်ပြောင်းသတိရသွားပါတယ်..

နှင်းနဲ့မာယာ said...

ကိုသားကြီးရေ
ကျေးဇူးပါနော်....
အသစ်လေးတစ်ခု ဖတ်ရတာပေါ့...
“သူ့ဘက်ကလည်းမတည့် သောက်ရှက်လည်းမရှိ
အိမ်နောက်ဖေးက ခုံဖိနပ်နဲ့ရိုက် သေလိုက်” ဆိုတာလေ ၊

သေနတ်တော့ ကြောက်တယ် တူတူပဲ...

မနှင်း

ရေတမာ said...

ဟားဟားဟား “ထုံဖရပ်နဲ့ရိုက် တေရိုက်” ဆိုပြီး အသံလေးပါ ကြားယောင်မိတယ်။

rose of sharon said...

သတ်ဖို့ရည်ရွယ်ချက်နဲ့ထုတ်လုပ်ထားတဲ့လက်နက်...မှန်တာပေါ့ကွယ်...အထူးသဖြင့်... ဒို့မြန်မာနိုင်ငံသားတွေအတွက်ပေါ့... စစ်ဗိုလ်မလုပ်ဖြစ်ခဲ့တဲ့အတွက်... လေးစားပါတယ်...

Anonymous said...

သားကြီးရယ် ဒုခွပါပဲ ဘာလို့သွားပြောလိုက်ရတာလဲ . . ..
မင်းပြောတာနဲ့ သူတို့တွေကို ငါ့ကို ရည်းစားစကားလိုက်
ပြောရင် ဝေါင်ဝေါင်ရှေးနေဦးမယ်ဟ . . . . . . . .
ဟားဟားဟား သူငယ်ချင်းရေ ငယ်ငယ်တုန်းက အကြောင်းတွေ ကို ပြန်အမှတ်ရစေတယ် ဒီပို့လေးက
ခင်မင်စွာဖြင့်
ဗညားရှိန်

ရွက်လွင့်ခြင်း said...

ကိုသားကြီးရေ ဘလော့ဂါတွေကို ဝေါင်ဝေါင်ရှေးဆိုလို့  ဘလော့ဂါအကုန်လုံး lonely တွေ ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ။
အခုတောင် မေလေးက lonely ဖြစ်နေလို့း))

ကောင်းကင်ပြာ said...

အခု ဘိုကြီး လုပ်နေလား သားကြီး

တလနွန် said...

သေနတ် ပစ်တမ်း အခု ကလေးတွေ ကစားလို့ မရတော့ဘူး ။ ရဲဖမ်းမယ်တဲ့ :)

မေဇင် said...

“သူ့ဘက်ကလည်းမတည့် သောက်ရှက်လည်းမရှိ
အိမ်နောက်ဖေးက ခုံဖိနပ်နဲ့ရိုက် သေလိုက်”
သောက်ရှက်မရှိတာတော့ ပြောမနေနဲ့.... ခုံဖိနပ်နဲ့ ရိုက် ပြီး... မသေမချင်း သရေကွင်း နဲ့ ပစ်သတ်ချင်တယ်...။

sweetpeony said...

ငယ်ငယ်ထဲက သေနတ်ကိုမကြိုက်တာ။
“သူ့ဘက်ကလည်းမတည့် သောက်ရှက်လည်းမရှိ
အိမ်နောက်ဖေးက ခုံဖိနပ်နဲ့ရိုက် သေလိုက်” တဲ့လား
ဟီးဟီး
တခါမှ အဲဒါမျိုးမကြားဖူးဘူး...

နဒီမိုးညို said...
This comment has been removed by the author.
maylay said...

ကလေးဘဝ ကစားတာတွေက တော်တော်တူတာပါလား။ ဟားဟား အစ်ကိုကစားသလို အားလုံး ကစားဖူးတယ်။ ဆော့ရုံကလွဲရင် အဲ့သေနတ်ကို မကြိုက်ဘူး။ အစ်ကို ကျန်းမာပျော်ရွှင်ပါစေ။
maylay

မယ့်ကိုး said...

သားကြီးရဲ့  ကလေးကဗျာလေးတွေက ချစ်စရာလေးတွေ။ ကြားတော့မကြားဖူးဘူး။

ငှက်ကလေး said...

ဖေသားကြီးရေ အလာနောက်ကျ ခွင့်လွှတ်နော် ဖေသားကြီး တင်တဲ့အချိန် ဂမှာ များက အိပ်ကောင်းနေတာ အခုမှ မနက်ရောက်တော့ အသစ်တင်ထားတာနဲ့ လာဖတ်ဖြစ်ပါတယ်
သူများတွေပြောသလိုပဲ ဖနပ်နဲ့ရိုက်ကဗျာလေး ကြိုက်တယ် ဟားးးးးးဟားးးးးးးး
ကိုသားကြီး အိမ်ခဏလာခဲ့ဦးလေ မနေ့က ကြယ် ကြယ် လက်စွမ်းပြထားတာ အိမ်လေးလှသွားတယ် လင့်ခ်တွေတော့ ပျောက်ကုန်လို့ ပြန်လိုက်ရှာလိုက်ဦးမယ် ဟားဟားးးးး သိလား တိုင်ရဦးမယ် ကြယ်ရယ်ပေါ့အသက် မေးတာ မပြောပြဘူး ဟွန်းးးးးး အားကြီးစိတ်ပုတ်တယ်သူသိလား

ဘိုင်

kiki said...

အဲ့ဒါကြီးနဲ့ ပစ်ခံရလို့ သေရင် နတ်ဖြစ် မှာမို့  သေနတ် လို့ ခေါ်တာ လေ ... သိဘူးလား။။
ဆက်သာပစ် ..ကိုယ့်ခေါင်းကိုယ် ချိန်ပြီး ...

ကလေးဘဝ ကဗျာတွေ ပြန်ဖတ်ရင်း
သူငယ်ပြန်ချင်သလို ဖြစ်သွားတယ် ။
အမြန် ပြန်လစ်မှဘဲ ဟေ့ ......

Angel Shaper said...

ဗိုလ်မူးကြီးရေ....... ( သောက်လျှင် မူးအောင်သောက်တတ်သော သူရဲကောင်းများကို တင်စားခေါ်ဆိုခြင်းဖြစ်သည် )ဂျစ်လို့ နောက်တာနော် အဟီးးးးး မူးလေ့ ရှိမရှိတော့ မသိ၊ ဘီယာအကြောင်းပဲ ကြားနေရလို့ နောက်ကြည့်တာပါ။
ခုံဖိနပ်နဲ့ သေအောင်ပေါက်မှတော့ ဘယ်လိုလုပ် သေနတ်ကိုင်နိုင်မလဲနော် ကောင်းပါ့.......
သေနတ်ကိုင်ရင်တော့ ခုံဖိနပ်နဲ့သေအောင်ဆော်ပစ်မယ်။

မြစ်ကျိုးအင်း said...

အခုကလေးတွေစစ်တိုက်တမ်းကစားရင် ကျွန်တော်တို့ ငယ်ငယ်ကလို တစ် ကနေ ခြောက်အထိ မပြောကြ တော့ဘူး

တစ်..နေရာယူ
နှစ်..ပစ်

ကလေးတွေက အတုခိုးမြန်တယ်လေ...။

 
©2009 ♬သားကြီး♪ | by TNB