လမ်းတစ်လျှောက်လုံးဖေါအဲငြိမ်ချက်သားကောင်းလှသည်
ကောင်လေးလည်းဘာစကားစပြောရမည်မသိသဖြင့်စက်ဘီးကိုပဲဖိနင်းနေသည်။
စိုင်းထီးဆိုင်သီချင်းထဲကလို“မောရဲ့လား”ဟုလှမ်းမေးရင်ကောင်းမည်ဟု စိတ်ကူးယဉ်မိသည်။
အဲလိုမေးလာခဲ့ရင်“မောတော့မောတာပေါ့ ဒါပေမယ့်”ဆိုပြီးသီချင်းထဲကအတိုင်းပြန်ဖြေချင်နေသည်။
သို့သော်လည်း အသံသည်ပြုပါများရင်
ကုန်တတ်သည်အမှတ်ဖြင့်ခြွေတာနေပုံရသောကောင်မလေးဆီက ဘာအသံမှထွက်မလာပါချေ။
ယုတ်စွအဆုံးသူ့နာမည်ကိုပင်မမေး လုံးဝတုံဏိဘာဝေ ထို့ကြောင့်သူ့ကိုသူပဲအရင်စမိတ်ဆက်လိုက်ရသည်။
“ကျနော့်နာမည် ဝေလင်းပါ”
“သြော် အင်း”
အနောက်ကဖေါအဲ အသံကဝတ်ကျေတန်းကျေအသံမျိုး။
“နင်ကဖေါအဲနော်”
“အင်း”
“ဖေါအဲဆိုတော့ ပန်းတွေချစ်တတ်မှာပေါ့နော်”
“မချစ်ဘူး လွှင့်ကိုပစ်တာ”
“ဟောဗျာ”
ဝေလင်းဆိုတဲ့ကောင်လေးဘာသာပြန်လွဲသွားပြီထင်သည်။
တအောင့်လောက်ကြာတော့ ဖေါအဲဆီမှရယ်သံတိုးတိုးလေးထွက်လာသည် ။
“ဘာရယ်တာလဲဟ”
“သြော်…နင့်နာမည်က ဝေလင်းဆိုတော့ ဝေလီဆိုတဲ့အစ်ကိုတစ်ယောက်ရှိဦးမှာပေါ့နော် နင်တို့နှစ်ယောက်ကို မနက်စောစောကြီးမှာမွေးခဲ့တာဖြစ်မယ် ခစ် ခစ်”
ဒီလိုကျတော့လည်းကောင်မလေးပျော်တတ်သား ပေါ့ပေါ့ပါးပါးရယ်သံကြောင့် ဝေလင်းပျော်သွားသည် ။
ရေမြေအဆုံးကိုဖေါအဲသွားစေချင်ဦးတော့ ရောက်အောင်ပို့မည်ဟုလည်းစိတ်ပိုင်းဖြတ်မိလေသည်။
…………………
အပြုံးငွေ့ငွေ့လေးဖြင့်ကျေးဇူးတင်ကြောင်းပြောခဲ့တာတွေ အိမ်လာလည်ဖို့ဖတ်ခေါ်ခဲ့တာတွေ ပြန်တွေးတိုင်းဝေလင်းကြည်နူးရသည်။
“ကောင်မလေးရေ ငါဘာမှမသိသေးတဲ့မင်းရဲ့အကြောင်းကို စဉ်းစားလိုက်ရုံပဲ ငါ့ရင်ငွေ့တွေက အရောင်တဖိတ်ဖိတ်လက်တဲ့ ကောင်းကင်ကြီးတစ်ခုလိုသာလို့မောလို့ပေါ့ဟာ နင်ကတော့ငါ့ကောင်းကင်မှာ လမင်းလာလုပ်နော် သာလိုကသာနိုင်တယ် မိုက်လိုက မိုက်နိုင်တယ် နင်မကြိုက်ဘူးဆိုရင် ကြယ်တွေအားလုံးကိုတောင်ငါခြွေချပစ်လိုက်ပါ့မယ် ငါ့ရဲ့ရင်ဘတ်ကောင်းကင်မှာ နေ့ဆိုတာလည်းမရှိစေရဘူး လမင်းကလေး မင်းအတွက် ညချည်းသက်သက်ဖြစ်ပေးပါ့မယ်ကွယ်”
…………………
ခြံထွက်အသီးအနှံများအားဖေါအဲတို့ရွာဘက်သို့ပို့ပေးရသည့်နေ့တွင်ဝေလင်းပျော်နေသည် ။
ထုံးစံအတိုင်းအားလုံးပြီးတော့ သေသေချာချာမှတ်ထားသည့်ဖေါအဲတို့အိမ်ဘက်လှည့်သည်။ အိမ်နားနီးလာလေလေ သူ့ရင်ခုန်သံတွေကစဥ့်ကလျားဖြစ်လေဖြစ်သည် ။ အိမ်နားရောက်လာတော့ ပထမဆုံးတွေ့လိုက်ရသူက ဖေါအဲမဟုတ်ပါ ဖေါအဲတို့နှင့်ဘယ်လိုတော်စပ်သည်မသိရသည့်အဒေါ်ကြီး
တစ်ယောက်ဖြစ်သည်။ သူဘာမှမမေးရခင်မှာပဲ ထိုအဒေါ်ကြီးက ကရင်သံဝဲဝဲနှင့်ဆီးမေးသည်..
“နင် အရင်တစ်ခေါက်ဖေါအဲကိုလိုက်ပို့တဲ့ “ဝေလီ”ဆိုတာလား”
“အယ်…ဝေလင်းပါဗျ”
“သြော်….ဟုတ်လား မသိပါဘူးကွယ် ဖေါအောပြောတာငါနားကြားလွဲသွားတာဖြစ်မယ် နင်ကချောသားပဲနော်”
“သြော် အဟီးး ဟုတ်လား”
“သေသွားတဲ့စောအောင်နိုင်နဲ့တောင်တူသေးတော့”
“ဗျာ”
“သူကနင့်လိုပဲဖြူဖြူချောချော ဒါပေမယ့်ရည်းစားတစ်အားရှုပ်တယ်”
ဝေလင်းစက်ဘီးတစ်စီးနှင့်မိုးတိုးမတ်တတ်အနေအထားမှနားထောင်နေရခြင်းဖြစ်သည် အဒေါ်ကြီးဆိုသူက သူ့အား အိမ်ထဲဝင်ထိုင်ရန်ခေါ်ဖို့မေ့နေပုံရသည် စကားကိုပဲ အသံဝဲဝဲဖြင့်ဆက်ပြောသည်...
“သူကအဲလိုပဲရုပ်ချော အပြောကောင်း မိန်းကလေးတွေကျတာပေါ့ ရည်းစားဆိုတာကလည်း ဟိုနားတစ်ယောက် ဒီနားတစ်ယောက် ရှိသမျှရွာတွေပတ်ပြီးထားနေတာ တနေ့ကျတော့ ငါတို့ရွာနဲ့တော်တော်လေးလှမ်းတဲ့အထက်ရွာဘက်က ကောင်မလေးတစ်ယောက်နဲ့ရည်းစားဖြစ်တယ် ပြောကြတာတော့ ကောင်မလေးရဲ့အဖိုးက ပညာသည်ဆိုပဲ တစ်အားစွမ်းတာ တစ်ရွာလုံးလည်းကြောက်ကြတယ် စောအောင်နိုင်ကသူ့ထုံးစံအတိုင်း အဲဒီကောင်မလေးကိုမကြာခင်မှာပဲ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့အဆက်အသွယ်ဖြတ်လိုက်တယ် ကောင်မလေးက ရည်းစားဦးဆိုတော့ အသဲကွဲပြီးရူးမတတ်ခံစားရတာပေါ့”
“အဲဒီမှာမြေးကိုတစ်အားချစ်တဲ့ ကောင်မလေးရဲ့အဖိုးက ဘယ်လိုလုပ်လိုက်လဲမသိဘူး စောအောင်နိုင်တစ်ယောက်သွက်သွက်ခါအောင်ရူးသွားတယ် ကိုယ်ပေါ်မှာအဝတ်မကပ်ဘဲရွာတွေထဲလျှောက်သွားတယ် သူ့အဖေအမေတွေဆိုဆရာအမျိုးမျိုးခေါ်ပြီးကုတာပဲပေါ့ ဟိုအဖိုးကြီးကိုလည်းသွားတောင်းပန်ကြတယ် ဒါပေမယ့်အဖိုးကြီးက ဒီကိစ္စသူနဲ့မဆိုင်ဘူး သူဘာမှလည်းလုပ်မထားဘူးဆိုပြီးငြင်းလွှတ်တယ် အဲလိုဖြစ်ပြီးမကြာဘူး ရေတွင်းပျက်တစ်ခုထဲကျပြီးဂုတ်ကျိုးသေနေတဲ့ စောအောင်နိုင်ရဲ့အလောင်းကိုတွေ့ရ
တော့တာပဲ ညဘက်အိမ်သားတွေမသိလိုက်ဘဲရူးပြီးလျှောက်သွားတာကနေ ပြုတ်ကျတာတဲ့ သတိထားစရာပဲပေါ့ ငါတော့ နင့်လိုကောင်လေးတွေတွေ့ရင်အဲဒီအကြောင်းဥပမာထားပြီးဆုံးမ
ရတာပဲ ပြောရဦးမယ် ဖေါ်အဲက ငါ့တူမလေ နင်အခုဘာလာလုပ်တာလဲ”
စကားကိုရှည်လျှားထွေပြားစွာပြောပြီးနောက် သူ့ကိုယ်သူ ဖေါအဲ၏အဒေါ်မှန်းသိစေရန်မိတ်ဆက်ပြီး
တစ်ဆက်တည်းဘာလာလုပ်တာလဲဟုမေးသည်။ “အဒေါ့်တူမကိုလာကြောင်မလို့ပါဗျ”ဟုဖြေရန်မသင့်တော်မှန်းဝေလင်းသိပါသည်။ အဲလိုဖြေလိုက်မှပဲ “ငါကလည်းပညာသည်ပဲ”ဟုအဒေါ်ကြီးဆိုသူက ပြန်အော်ပြောလျှင်ပြေးပေါက်မှားကိန်းဖြစ်သည်။ ထို့ကြောင့်ပဲစကားကိုစကားနှင့်တူအောင်ကြည့်ကျက်ပြောရလေသည်။
“ကျနော်ဟိုဘက်ထိပ်အိမ်ကိုအသီးအနှံတွေလာပို့တာဗျ အဲဒါ သတိရလာတာနဲ့ ဖေါအဲများရှိမလားဆိုပြီး”
“ရှိပါတယ်ရှင်....ရှိပါတယ်..အိမ်ထဲကြွပါဦး”
သူ့စကားပင်မဆုံးလိုက် ၊ အိမ်ပေါက်ဝလှေကားမှရုတ်တရက်ထွက်ပေါ်ဘာသည့်အသံတစ်ခုကြောင့် ဝေလင်းရင်ထဲနှင်းအစင်းစင်းပြိုကျလာသလိုချမ်းမြလင်းမြေ့သွားရသည်. ။
မော့ကြည့်လိုက်တော့နှုတ်ခမ်းထက်မှာအပြုံးတစ်စကိုအလှပဆုံးထွန်းညှိလျှက်သူ့အားမျက်ဝန်း
တောက်တောက်များဖြင့်လှမ်းကြည့်နေသည့်ဖေါအဲ။ အဒေါ်ကြီးဆိုသူကစိတ်ကြိုက်လေပေါလိုက်ရပြီဖြစ်သဖြင့်အိမ်နောက်ဘက်သို့ဝင်ရောက်
ပျောက်ကွယ်သွားပြီဖြစ်သည်။
အိမ်ပေါ်သူတက်သွားတော့ ဖေါ်အဲက အိမ်ကြမ်းခင်းကိုကြက်တောင်မွှေးတစ်မြက်စည်းဖြင့်ကောက်ကာငင်ကာထလှည်းသည် အိမ်ခင်းပျဉ်ပြားများသည် အကြိမ်ကြိမ်အခါခါဖယောင်းတိုက်ထားမှုကြောင့်မဲနက်တောက်ပြောင်ကာ ကိုယ့်အရိပ်တောင် ကိုယ်ပြန်မြင်ရသလောက်ဖြစ်သည်။
တံမြက်လှည်းနေရင်းမှထိုင်နေသည့်ဝေလင်းကိုစကားလှည့်ပြောသည်
“နင်လာလို့ တံမြက်စည်းထလှဲတာဟ”
“အေးလေ နင့်အိမ်ကြမ်းခင်းကဒီလောက်တောင်ပြောင်လက်နေတာ လှည်းစရာလိုသေးလို့လား”
“ငါအမေငါ့ကိုပြောဖူးတယ်ဟ သူတို့ငယ်ငယ်ကပေါ့ အိမ်ကိုဧည့်သည်လာရင် ဆံပင်မဖြီးရဲဘူးတဲ့ အိမ်ကြမ်းပြင်ကိုလည်းဆံပင်အစတွေတစ်စက်မှမရှိအောင်လှည်းကျင်းရတယ်တဲ့ လာတဲ့ဧည့်သည်တွေထဲက ကိုယ့်ကိုမကျေနပ်တဲ့လူတွေရှိနေရင် မတော်ကိုယ့်ရဲ့ဆံပင်တစ်ချောင်းသူတို့ရသွားရင် ကိုယ်ဒုက္ခရောက်ပြီတဲ့”
ဖေါအဲစကားကအဆန်းဖြစ်သည် ဝေလင်းလည်းစိတ်ဝင်စားသွားရသည် သို့သော် သူသည် ရင်ဘတ်နောက်ကွယ်ကနှလုံးသားတစ်ခုကိုအရင်းပြုပြီးအလည်လာသည့်ဧည့်သည်တစ်ယောက်သာ
ဖြစ်ကြောင်းကိုတော့ နောက်မှဖေါအဲသိအောင်ပြောပြရပေဦးမည်။
ဖေါအဲကဖြောင့်စင်းသွယ်လျသည့်သူ့ဆံပင်များအား လက်တစ်ဘက်ဖြင့်သပ်တင်လျှက်စကားဆက်သည်..
“အဲဒီဆံပင်တစ်ချောင်းကိုယူပြီး ညောင်ပင်တစ်ပင်ရဲ့ အရွက်မှာထုတ်ချင်းဖေါက်ပြီး ချည်လိုက်တယ် နောက်ပြီး သူတို့တတ်ကျွမ်းတဲ့မန္တာန်တစ်ပုဒ်နဲ့ရွတ်လိုက်တယ်ဆိုရင် အဲဒီဆံပင်ပိုင်ရှင်မိန်းကလေးကဒုက္ခရောက်ရောတဲ့ ဆံပင်နဲ့သပ်လျှိုထားတဲ့ညောင်ရွက်ကိုလေတိုက်လို့လှုပ်
တာနဲ့ အဲဒီမိန်းကလေး နဂိုစိတ်တွေပျောက်ပြီးရူးတော့တာပဲ”
“ကြောက်စရာကြီးပါလားဟာ”
ဝေလင်းကတအံ့တသြပြန်ပြောသည်။ တစ်ကယ်လည်းပဲအံ့သြနေသည် ယခုလိုကိစ္စမျိုးသူမကြားဖူးသေးချေ။
“ထူးဆန်းတာက လေတိုက်တာရပ်သွားလို့ညောင်ရွက်ကလေးမလှုပ်တော့ရင် လူကနဂိုစိတ်ပြန်ဝင်ပြန်ရောတဲ့ စောစောကဘာတွေဖြစ်ခဲ့လဲဆိုတာလည်းမသိတော့ဘူးတဲ့ ဆိုတော့ဟာ အဲဒီညောင်ရွက်မကြွေမချင်းကို လေတိုက်တာနဲ့ဆံပင်ပိုင်ရှင်ကရူးရမယ့်သဘောပဲ နောက်ပြီးအဲဒီညောင်ရွက်မကြွေခင်ပဲ တစ်ချို့တွေကသေသွားကြတယ်”
စကားကိုအဆုံးသတ်ပြီးနောက် တအံ့တသြဖြစ်နေသည့်ဝေလင်းအားနက်နဲသည့်အပြုံးတစ်စဖြင့်
ဖေါအဲလှမ်းကြည့်လိုက်သည်။
………………
ထိုည လမင်းကိုမော့ကြည့်ရသည်မှာ အေးတိအေးစက်နိုင်လှသည်ဟု ဝေလင်းထင်သည်၊လမင်းကိုတစ်စုံတစ်ဦးက
မန္တာန်ဖြင့်ရွတ်ဖတ်ကာ ထုတ်ချင်းဖေါက်ပြီး ဆံပင်တစ်ချောင်း သပ်လျှိုထားသလိုခံစားရသည်။ ထိုဆံပင်သည် ဘယ်သူ့ဆံပင်လည်းတော့ အတိအကျမသိနိုင်သေးပါ ဘာပဲဖြစ်ဖြစ် လမင်းကိုလေမတိုက်ဖို့တော့ ဝေလင်းဆုတောင်းမိလေသည်။ ။
...........................
ဆက်ရန်...............
အလွမ်းနဲ့ပဲ ပန်းတွေကိုပွင့်စေလိုက်တယ် ၃
Subscribe to:
Post Comments (Atom)
23 comments:
၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁
တစ် တစ် တစ်
လာအော်တာ.... အရင် ဟိဟိ
ငါကွ ၁ နော်။
သမီးကြီး ၁ ပါ။။။။။။
အလည်လာ၇င်းစာဖတ်သွားပါဗျိုး ကိုသားကြီး ဆက်ရန် ကို မျှော်လျှက် .......
ကောင်းပါရှင်....တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ မြန်မြန်ဆက်ပေးပါ။
ကိုယ်တွေ့မို့လို့လားမသိဘူး ကောင်းလိုက်တာ
စိတ်ကူးယဉ်ဇာတ်လမ်းလို့ ထင်စရာမရှိဘူး
ကိုယ်တိုင်ရေးဘ၀ဇာတ်ကြောင်းလို့တောင် ထင်ချင်စရာ
ဝေလင်းဆိုတဲ့ကောင် နာတော့မယ်နော်။
ရာရာစစ ဖောအဲအတွက်များ သူက ငါတို့ ကြယ်တွေကို ခြွေချပလိုက်မယ်တဲ့။
တောက်...( ဒေါသထွက်နေသည် ဟိဟိ )
ကဲကဲကဲ ကြယ်အုပ်စုများးးးးးးးးးးးး
ဗျားးးးးးးးးးးးးးးး
အားလုံးပဲ ရန်သူကို တိုက်ခိုက်ရမည်။
တို့ အားလုံးကို ခြွေမဲ့ရန်သူ မောင်ဝေလင်းအား ဖောအဲနှင့် ပေးမညား။ ပေးမညားးးး။
ကိုသားကြီး အဲဒီ ဝေလင်းကို သမီးကြီးကျေနပ်ဘူးနော်။ ဖောအဲနဲ့ ပေးမညားနဲ့။
ဒါပဲ ဟွန်းးးးးးးးးး ပေးညားလို့ ကတော့ တွေ့ မယ်။
အဲဒီ ဝေလင်းကို လက်ချမီးနဲ့ ပဲ ပေးစားလိုက်။
ဝေသာလီ... အဲလေ ဝေလီဝေလင်းရေ.... အိန်ဂျယ်ပြောတာနားထောင်.....
အမီနာလေးဘဲ ကောင်းပါတယ်.....
ဒါပေသိ ကုလားဆေးက ပိုဆိုး.... ပြနှ်နုတ်မရတော့အောင် အသေချတာတဲ့...... ဟီးဟီး.... အားတတ်အောင်လာအားပေးတာ...
ဟွန်းးးးးးးး အမြန်ပြေးလာတလာလဲ ၁ မရဘူး နေဟယ် သွားမယ် ဆက်ရန်တဲ့ မဖတ်ဘူး ပျံမယ် ဟွန်းးးး သူနော် ဘာလဲ ကိုရီးယားကားတွေ အားကျလို့လား အားအားယားယား ဆက်ရန်ပဲ လုပ်နေတာပဲ ဟွန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒွတ်ခပါဘဲ ..ပညာရှင် နဲ့ လာတွေ့ နေရသေးတယ် ။။
ဘယ်လို ပြုပြီး ဘယ်လို စားမလဲ လို့  သိချင်လှပြီ ..
မြန်မြန် ဆက်ရေးစေ ။။
မရေးက အလုပ်ချော နှင့် ထောင်တန် တရွက် ဆုချ မည် ။
( အဲ ၁၈ လ ပါ .. အချင်းချင်းမို့  ဒစ်စ် ကောင့် တဝက် ပေးလိုက်သည် )
ပုံ...
ဖွား ကိ ။။
ထူးဆန်းတဲ့ အတတ်ပညာတွေကို အံ့သြသင့်သွားတယ်
အဲ့လိုမျိုးတွေရှိတယ်တဲ့လား သိဘူးရယ်
ဆံပင်ကို အဲ့လိုလုပ်လို့ရတယ်ဆိုရင်တော့ ကြောက်တယ် နောက်ဆိုရင် ဆံပင်တစ်ပင်တောင် မကျွတ်အောင် ဂတုံးပဲ တုံးပစ်လိုက်တော့မယ် အေးရော ဟိဟိ
တော်တော်ကြာ ပညာတတ်တဲ့သူတစ်ယောက်လောက်များ ကိုယ့်ကို မကြည်ရင် ရန်ရှင်းအောင်လို့လေ :P
ကိုသားကြီးရဲ့ ဇာတ်ကောင် ဝေလင်းတစ်ယောက်တော့ ဖောအဲအတွက် ဟောဟဲဆိုက်အောင် စက်ဘီးနင်းရသလို ကိုသားကြီးရော ဘာနင်းပေးရသလဲ ဟိဟိ တိချင်ရုံတင်ပါ ခွိခွိ
နောက်ဆက်တွဲအပိုင်းတွေကိုမျှော်နေပါမယ်ရှင့်
လာမည် ကြာမည် မျှော်တော့ မဟုတ်တန်လောက်ပါဘူးနော် :P
ဖောအဲ အတွက်များ သားကြီးရယ် ၊ အမ ကောင်းကင်ကို ကြိုက်သလိုကို လုပ်နေတော့တာပါလား၊ ညဆို ပြာပါတော့မလားဟယ်၊ စဉ်းစားပါဦး ပညာသည်နဲ့ တွေ့နေဦးမယ်:P
ကိုသားကြီးရေ... ဆက်ရန်အထိ ဖတ်သွားပါတယ်။ ပြီးပါပြီ ကျမှပဲ သေချာ မန့်တော့မယ်။
ဖော့အဲ အဒေါ်ပြောတာ ကြားတယ်နော်။ ဟွန်းးးး
သတိထားဦး ကိုသားကြီးလဲ စောအောင်နိုင်လို ရွာထဲလျှောက်မသွားနဲ့နော်။ဟိဟိ
ဆံပင်ကိုယူပြီး ညောင်ရွက်မှာချည်တာတော့ မကြားဖူးဘူး။ ဆံပင်ကိုချည်ပြီး အရုပ်မမှာအသက်သွင်း ပြီးရင် အဲဒီ ဆံပင်ပိုင်ရှင်ကောင်မလေး သူဘက်စိတ်လည်လာအောင် လုပ်ရတယ်လို့တော့ အရင်အဆောင်မှာနေတုန်းက မွန်လူမျိုးအစ်မကြီးတွေ ပြောဖူးတယ်။ နောက်ပီးမေလေးလဲ ကိုယ်ဆံပင် သူများနင်းတာ မကြိုက်ဘူး။ အိမ်မှာ ခေါင်းဖီးရင် ဆံပင်မတော်တဆ ကျွတ်ရင်တောင် ချက်ချင်းကောက်လွှင့်ပစ်တာ။ သူများနင်းမိမှာစိုးလို့။
ဘုန်းနိမ့်သလို ခံစားရလို့ (ကြီးကျယ်တာလို့ လာမပေါနဲ့။ဒါဘဲ)
ဟင်း ဆက်အုန်းမှာဘဲလား
ဖောအဲနဲ့ဝေလင်းကိုတော်တော်စိတ်ဝင်စားနေပြီ... ဆက်ရန်မျှော်နေမယ်
စလုံးမှာ ဆံပင်တွေက ရှယ်ကျွတ်တာ.... ဒါပေမယ့် ညောင်ပင်တော့ သိပ်မတွေ့ဘူး...ဟိဟိ.... ပညာသည်တွေနဲ့ ဝေလီဝေလင်း တွေ့ပြီကွ........ ဆက်ထား............
ဆက်ရန်ကို စောင့်ဖတ်နေမယ်နော် ။ ပန်းချစ်သူ ဝေသာလီ ကိုကြီးသားကြီးရေ
အကိုရေ မျှော်နေတယ်.. ကောင်းတယ် ဇာတ်လမ်းလေးက :P
အဲဒီအတတ်ပညာမျိုး တကယ်ရှိတယ်တဲ့လား။
ဝေလင်း နှင့် ဖောအဲ
ဖော်အဲ နှင့် ဝေလင်း
ပေါင်းမလား ? မပေါင်းဘူးလား ?
ဆက်ရန်မျှော်.......
ဆက်ရန်တွေများပြီနော်
ဒီတခန်းမှာတော့ ပညာသည်တွေ ပါလာပြီ
ပညာပြိုင်ခန်းတွေများမြင်ရအုံးမလား...
ဘာပဲပြောပြော ကိုသားကြီးရေ ဆက်သာရေး စောင့်ညောင့်ထိုင်ပြီးကို ဖတ်ပစ်မယ် .. ဆက်ရန်ကိုမျှော်နေတယ်နော် ....
ကိုဇော်
ကိုသားကြီးရေ....ဖတ်လို့ ကောင်းပေမဲ့ တန်းလန်းကြီးမို့ (ခံစားချက် ပြောတာပါ)..စောင့်မျှော်နေပါ့မယ်...
မဖတ်ရသေးဘူး ဆက်ရန်နဲ့တွေ့နေလို့ အခုမှ ပြန်လာဖတ်တာ ဖေသားကြီးရေ
ထ ထ သောက်ပြီးမှောက်မနေနဲ့တော့ ဝေသာလီ ဘီလူး အဲလေ ဝေလင်း အကြောင်း ဆက်ရေးတော့ လေ
ထနော် မထရင် တရားစွဲမှာနော် ဘာမှတ်လဲ ဟွန်းးးးးးးးးးးး
ကိုသားကြီးရေ
ဝေလီဝေလင်း လာဖတ်တယ်နော်...
စိတ်ဝင်စားတယ် မြန်မြန်ဆက်....
Post a Comment