…..“အဲဒီတိုက်ကြီးတော်တော်ခိုက်တယ်လို့ ဆိုရမယ်နော် ငါသိရသလောက်ဆို အဲဒီတိုက်မှာတင် သတ်သေတာတွေရော မတော်တဆ သေတာတွေရော တော်တော်များတယ်”....
amyဆိုတဲ့ သူငယ်ချင်းမလေးက ကျနော်ရိုက်ထားတဲ့ ဖုန်းထဲက တိုက်ပုံစံတွေကို တစ်ခုချင်းစီကြည့်ပြီး ကျနော့်အား အမှတ်မထင်လှမ်းပြောလိုက်ခြင်းဖြစ်သည် …
….“Emily အရင်အဲဒီမှာနေဖူးတယ်လေ”.....သူမကဆက်ပြောသည်။
Emily ဆိုတာသူ့အချစ်ဆုံးသူငယ်ချင်းမလေးဖြစ်သည် ဒီကိုအမြဲလာလည်သည်... ဒီရောက်ရင်တော့သူမနာမည် emilyမဟုတ်တော့ပေ၊
စိုင်ကိုင်ပေါ.. ဟုကျနော်ကနာမည်ပြောင်ပေးထားသည် မြန်မာလိုဘာသာပြန်ရင် ကမ္ဘာ့ဘောလုံးဟု အဓိပ္ပါယ်ထွက်မည်ထင်သည် ဟုတ်တယ်လေ.. သူက ရင်ကြီး ဖင်ကြီးကိုး…. စတာနောက်တာကိုလည်းဘယ်တော့မှ စိတ်မဆိုးတတ် အမြဲတမ်းပျော်ပျော်နေတတ်သူလေးဖြစ်သည်။... Amy က စကားဆက်သည်..
….“ Emily ငါ့ကိုပြောဖူးတယ်ဟ.. သူအရင် အဲဒီတိုက်မှာနေတုန်းကပေါ့..၊ တစ်ညမှာတဲ့… သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီမှာ သူတော်တော်နောက်ကျသွားတယ် ပြန်လာတော့ ည၁နာရီကျော်နေပြီ အားလုံးလည်းမူးနေကြတယ် ကားနဲ့လိုက်ပို့တဲ့သူ့သူငယ်ချင်းကို အဝင်ဂိတ်လောက်ထိပဲ ပို့ခိုင်းပြီး သူက ကားပေါ်ဆင်းလျှောက်တယ်....
တိုက်ကြီးတစ်ခုလုံးတိတ်ဆိတ်နေတယ် မအိပ်သေးတဲ့ တချို့အခန်းတွေဆီက မီးရောင်ပျပျလေး ပေါ်နေတာကလွဲရင် အားလုံးအိပ်မောကျနေကြတယ်တဲ့.... ဓါတ်လှေခါးကလည်းအဆင်သင့်ပဲ မြေညီထပ်မှာရောက်နေတယ် ဘယ်သူမှရှိမနေဘူး.. အဲဒါနဲ့ emilyလည်း သူနေတဲ့ အထပ် ၈ ကိုနှိပ်ပြီးတက်သွားတယ် ….. ပြောရင်းကြက်သီးတောင်ထလာပြီဟ...
အရေးထဲ amyကကြောက်ပြနေပြန်သေးသည် … “ ဆက်ပါဟ နင်ကလည်း…” ကျနော်ကားစိတ်မရှည်။
… “အေး… ဓါတ်လှေကားတံခါးလည်းပိတ်သွားရော … သူ့တစ်ကိုယ်လုံးမကြုံစဖူး ကြက်သီးတွေ ထနေတယ်တဲ့
နောက်ပြီး…
နောက်ပြီး....
အဟမ်း.. အဟမ်း…”
“အာ…. နင်ကလည်းဟာ….” ကျနော်စိတ်မရှည်တော့၊
နောက်ပြီး သူ့အနောက်မှာ.... တစ်ယောက်ယောက် ရပ်နေသလိုလိုခံစားရတယ်တဲ့... ပြီးတော့ သူ့နားသယ်စပ်နားကို တစ်ယောက်ယောက်က အနားကပ်ပြီး လေနဲ့မှုတ်သလိုလို အေးကနဲ အေးကနဲ နေ နေတယ်တဲ့ Emily အကြောင်းနင်သိတယ်မဟုတ်လား လူကသာ ပျံ့တန့်တန့် နံ့တန့်တန့်နေတာ ကြောက်တဲ့နေရာမှာတော့ ၂ယောက်မရှိဘူး
တစ်ကိုယ်လုံးတုန်နေတယ်တဲ့ အနောက်ကိုလုံးဝလှည့်မကြည့်ရဲဘူး ဓါတ်လှေခါးကလည်းခါတိုင်းထက်ပိုနှေးနေတယ်... ၈ထပ်ကိုတက်တာ ကပ်ကမ္ဘာတစ်ခုလောက်ကြာတယ် ထင်ရတယ်တဲ့.. ၈ ထပ်ကိုလည်းရောက်ရော ဓါတ်လှေခါးက“တီ” ကနဲအသံ
မြည်ပြီး ဘာဖြစ်သွားတယ်ထင်လဲ..? အရေးထဲ မေးခွန်းထုတ်နေသေးသည်.. ။
….သူက ၈ထပ်ကိုနှိပ်ထားတာပဲဟ... ၈ထပ်ရောက်တော့ “တီ” ကနဲ အချက်ပေးသံပေါ်လာပြီး တံခါးပွင့်သွားရောပေါ့ ဒါပဲမဟုတ်လား...? ဘာလဲ? Emily ကြောက်သေးတွေပါ တစ်လမ်းလုံးပန်းချသွားတယ်ပြောဦးမလို့လား?
… “မဟုတ်ဘူးဟ… လုံးဝမဟုတ်ဘူး... ၈ထပ်ကိုရောက်ပြီး “တီ”ကနဲအသံထွက်လာပြီးတော့တံခါးကလုံးဝပွင့်မလာဘူးတဲ့
ပြီးတော့ ၉ထပ် ၁၀ ထပ်ကိုသူ့ဘာသာသူဆက်တက်နေတယ်တဲ့ emilyဆိုကြောက်တာ ခြေတောင်မခံတော့ဘူးတဲ့ စောစောက မူးလာတာတွေပါ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ် ၁၀ထပ်ဆိုတာနင်သိပါတယ် ဟိုတခါက အဖွားကြီးတစ်ယောက်ခုန်ချသတ်သေသွားတဲ့အထပ်လေ.. ၁၀ထပ်ရောက်မှတုံ့ကနဲရပ်သွားပြီးတံခါးပွင့်လာတော့တယ်တဲ့..
… emilyလည်းဝုန်းကနဲခုန်ထွက်ပြီး တဒုန်းဒုန်းနဲ့ပြေးဆင်းလာလိုက်တာ စီးလာတဲ့ဒေါင့်မြင့်ဖိနပ်က ကြိုးပြတ်ပြီးတော့ လူလည်းလမ်းမှာ ဝုန်းကနဲပစ်လဲကျသွားတယ် ဒူးခေါင်းနဲ့ သမံတလင်းတိုက်မိတာ သွေးကဖြာကနဲပဲတဲ့ အဲဒါလည်းဂရုမစိုက်အားဘူး လူးလဲထပြီးဆက်ပြေးလာလိုက်တာ အခန်းကို ဘယ်လိုရောက်လို့ရောက်မှန်းတောင်မသိလိုက်တော့ဘူး သူ့အိမ်သားတွေဆိုသူ့ကိုကြည့်ပြီးတော့လန့်ကုန်ကြတယ်....
ကဲ…ကြောက်ဖို့မကောင်းဘူးလား...? ပြောပါဦး။
…Emily ဆိုရင်အဲဒီကတည်းကစပြီး အပြင်ကို ညအချိန်မတော် တစ်ယောက်တည်း ဘယ်တော့မှ မထွက်ရဲတော့ဘူး...။
စကားအရှည်ကြီးပြောလိုက်ရလို့ မောသွားတဲ့ပုံနဲ့ amyက ရပ်လိုက်တယ်….
ဒါကတော့ဟာ ..သူကမူးနေတာကိုး ၁၀နဲ့ ၈နဲ့မှားမနှိပ်ဘူးလို့ပြောနိုင်သလား? တခါတခါ ကိုယ့်စိတ်နဲ့ကိုယ်ပြန်ချောက်ခြားနေတတ်တယ်ဟ... အထူးသဖြင့် ဆိတ်ငြိမ်တဲ့ညမျိုးတွေမှာ တယောက်တည်းဖြစ်နေတာမျိုးပေါ့ သူ့စိတ်နဲ့သူပြန်ခြောက်ပြီးအနောက်မှာတစ်ယောက်ယောက် ရပ်နေသလိုလို ခံစားရတာနေမှာ.. သူလှည့်မကြည့်လိုက်လို့ပါ လှည့်ကြည့်ရင်ဘာမှတွေ့ရမှာမဟုတ်ပါဘူး ဘာမှလည်းရှိမနေတဲ့ဥစ္စာ.. လှည့်မကြည့်ပဲနေလိုက်တော့ အခြေအနေပိုဆိုးပြီး ကိုယ့်သံသယနဲ့ကိုယ် ပြန်ခြောက်ခံထိနေတာပေါ့....
ကျနော်ကယုတ္တိ ယုတ္တာနှင့်ကြိုးစားရှင်းပြတော့ amyကလက်မခံ… အသံစူးစူးလေးနှင့်ပြန်အော်သည်...
…. “အဲဒါဆိုရင်ဟာ... ဓါတ်လှေခါးက အသံမြည်ပြီးဘာလို့တံခါးမပွင့်ရတာလဲ? ၉ထပ် ၁၀ ထပ်ကိုဘာလို့ အော်တို တက်နေရတာလဲ? ပြောစမ်းပါဦး..”
.. ငါပြောပြီးသားလေဟာ... emilyအဲဒီအချိန်မှာမူးနေတယ် ခလုတ်မှားနှိပ်ချင်လည်းနှိပ်မယ် နောက်ပြီးသူက အရမ်းကြောက်တတ်တယ် မူးလည်းမူးနေတယ် ညကလည်းဖြစ်ပြန် ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်ပြန် တစ်ယောက်တည်းကလည်းဖြစ်နေပြန်ဆိုတော့ သူ့ဘာသာသူ တောထင်တောင်ထင်တွေဖြစ်တာနေမှာပါဟာ
ကဲ… ငါမေးမယ် နင်အခုအသက်ဘယ်လောက်ရှိပြီလဲ?
“အင်း… နောက်နှစ်လဆို ၁၉နှစ်ပြည့်ပြီ”
ကျနော်ကဆက်မေးသည်...
“ကဲ… ၁၉နှစ်ပြည့်ပြီထားပါတော့ ကမ္ဘာကြီးပေါ်မှာ ၁၉နှစ်တိတိနေထိုင်ဖူးပြီဆိုပါတော့.....
ဆက်မေးမယ်…. ဒီအရွယ်အထိသရဲဆိုတာကို မြင်ဖူးလား? ကိုယ်တွေ့ကြုံဖူးလား..? မညာနဲ့..”
amyတစ်ယောက်မျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းကိုဖြေးညင်းစွာခါပြသည်..
“..ဒါပဲလေဟာ.. ၁၉နှစ်ဆိုတဲ့ကာလဟာ တော်တော်ကြာတာနော် အဲဒီကာလအကြာကြီးအတောအတွင်းမှာတောင် တခါလေးမှမမြင်ဖူးဘူးဆိုရင် သရဲဆိုတာ တစ်ကယ်ရှိမနေလို့ပဲပေါ့ဟ... မြင်ဖူးပါတယ် ကြုံဖူးပါတယ်ဆိုတဲ့လူတွေကို သေသေချာချာလိုက်မေးကြည့်လိုက် သူတို့ပြောတဲ့ဇာတ်လမ်းက အခြေအမြစ်မရှိကြတာခပ်များများ ဟိုလူပြောသလိုလို ဒီလူပြောသလိုလိုချည်းပဲ...
amyကစိတ်ရှုပ်ထွေးလာဟန်ဖြင့် “ဒါဆို နင်က သရဲကို မယုံဘူးပေါ့?”
…အေးပေါ့ဟ.. တစ်ကယ်မှလည်းမရှိတာ...
“…ကဲ နင်ဟိုတခါမက်တဲ့အိပ်မက်ထဲက အဖွားကြီးပုံစံ ငါ့ကိုပြန်ပြောပြ..”
…ဒီကအသက်ကြီးကြီးအဖွားကြီးတွေ လိုပဲပေါ့ဟာ ဆံပင်ငုတ်စေ့တိုနဲ့ အရပ်ကပုပု သွားကတစ်ချောင်းမှ မရှိတော့ ပါးစောင်နှစ်ဖက်လုံးချိုင့်ဝင်နေတယ် … ထင်ရှားတာတစ်ခုက အဖွားကြီးရဲ့ ညာဘက်မျက်လုံးက တိမ်စွဲထားတာထင်တယ် မျက်စိသူငယ်အိမ်က ဖြူနေတယ်… ငါဒါပဲမှတ်မိတယ်ဟ..” ကျနော်က အိပ်မက်ထဲမှာတွေ့သည့်ထူးဆန်းသည့်အဖွားအို၏ ရုပ်သွင်အား မှတ်မိသလောက်ပြန်ပြောပြလိုက်တယ်
“နင် သေချာတယ်နော်...”
Yes!!!! Dead sure!!!!
အိုကေ… ခဏစောင့်… amyကပြောရင်းအိမ်ပေါ်တက်သွားသည်
ပြန်ဆင်းလာတော့ လက်ထဲမှာ albumတစ်ခုပါလာသည်...
ငါ့အမေအခန်းကနေယူလာတာ... ကြည့်ကြည့်လိုက်ပါဦးလင်ကြိုင်းရေ..!!!
သူ့အသံကလှောင်သံပါနေသည် လင်ကြိုင်ဆိုတာက လူချောလေးပေါ့ handsome-boyပေါ့ သူကျနော့ကိုတခါမှထိုသို့မခေါ်ဖူးပါ ထူးတော့ထူးနေ၏
ကျနော်လည်းသူ့လက်ထဲက albumကိုလှမ်းယူပြီးလှန်ကြည့်လိုက်တော့...
… “ေ အာ င် မ ယ်ေ လး ဗျာ”….!!!!!!!!!!!!
ဒီအသံကတော့ မြန်မာလို ပီပီ သသကြီး ဟိန်းထွက်လာခြင်းဖြစ်သည်။ လက်ထဲက ဓါတ်ပုံအယ်ဘမ် လွတ်မကျသွားတာ ကံကောင်း….
…. “ဟုတ်… ဟုတ်… ဟုတ် ..တယ် ဒီ..ဒီ အဖွားကြီးပဲ … အိပ်မက်ထဲကအဖွားကြီး.... ဘယ်.. ဘယ် လိုဖြစ်တာလဲဟ..?..”
ကျနော့အသံက အတုံးအရုန်းဖြစ်နေသည်။
အိပ်မက်ထဲကရုပ်သွင်ကို ကျနော်လုံးဝမှတ်မိနေသည် ဒီဓါတ်ပုံထဲက အဖွားကြီးပဲ… သူမှသူအစစ်ပဲ
ချိုင့်ခွက်နေသည့် ပါးစောင်နှစ်ဖက်.. တိမ်နေသည့်မျက်လုံး... amyတို့နှင့်ဘယ်လိုများပတ်သက်နေပါလိမ့်???
“အဲဒါငါတို့အဖွားလေဟာ...”
…ဟင်… နင့်အဖွား??
“အေး… သိပ်တော့မှတ်မိတော့ဘူးဟ... ငါငယ်ငယ်ကတည်းကဆုံးသွားတာ...”
….ဟာ… ဆုံးသွားတာကြာမှပဲ သူ့ကိုအိပ်မက်မက်တာက တစ်ပတ်လောက်ပဲရှိသေးတယ် ဘယ်လိုဖြစ်တာလဲဟ?
ကျနော့ကျောထဲ နည်းနည်းစိမ့်လာသည် အိနြေ္ဒတော့အပျက်မခံ စောစောကပဲ မင်နဲ့မောင်းနဲ့ သရဲမရှိဘူး ဘာဘူးနဲ့သူများကို တရားချနေတာ .. ဟန်ကိုယ်ဖို့ပေါ့
“ဒါက ရှင်းပါတယ် အိမ်မှာငါတို့နဲ့အတူတူရှိနေပါတယ်ဆိုတာ နင့်ကိုအသိပေးချင်လို့နေမှာပေါ့”
ဟေ့ ဟေ့ အေမီ တော် ….တော်ကွာ…
“ဟုတ်တယ်လေဟာ အိမ်မှာသူ့ကို ကိုးကွယ်ထားတာ... နှစ်ပေါင်းကြာပါပြီ … နင်နေတဲ့အခန်းရှေ့က နတ်စင်က အဲဒါ”
ဟေ့ အေမီ… တော်ဆိုတော်ကွာ
ကျနော်အဲလိုအော်မှ ကောင်မကပိုဆိုးလာတယ် …ကျနော့အနားကပ်လာပြီးတော့ တမင်လုပ်ယူထားတဲ့အသံတိုးတိုးလေးနဲ့
“she can see u,but u can’t see her” ........
H E Y!!!!! shut up!!! BITCH!!!!!!
ကျနော့အသံကြီးကြောင့် လမ်းပေါ်ကလူတွေလှည့်ကြည့်ကုန်တယ်...
အေမီကတော့ကျနော့ကို “ကဲ သရဲမရှိဘူးဆိုတဲ့လူကြီး ဘယ်နှယ့်ရှိစ?” ဆိုတဲ့အကြည့်နဲ့ တဟဲဟဲရယ်နေတော့တယ် မုန်းဖွယ်ကောင်းလေစွ....
ကျနော်က သူတို့နဲ့တစ်အိမ်တည်း အတူတူနေနေတာကိုးဗျ... အီးဟီးဟီး :(…ဒီစာကိုရေးနေရင်းနဲ့ သားကြီး ကြက်သီးထနေပါသည်ဗျို့ !!!!! [ပုံထဲကတိုက်သည်emilyအရင်နေခဲ့ဖူးသည့် ခြောက်အိပ်မက်တွင်ရေးသားဖူးသည့်တိုက်ဖြစ်ပါသည်]
ခြောက်အိပ်မက်နောက်ဆက်တွဲ
Subscribe to:
Post Comments (Atom)
3 comments:
ဟင်...... မမ နဲ့အပြိုင် သရဲ ဇာတ်လမ်းရေးနေတာကိုး....။ မနက်ဖတ်တာတောင် ကြက်သီးထနေတယ်...။ ကောင်းတယ်ဗျို့...။ ဒီဘလော့ဂ်ကို ညမလာဖို့ ဘွတ်မတ်လ်ုထားရမယ်...။
စိတ်ဝင်စားတယ် ဗျာ...ညဆိုရင်လည်း သရဲကားဘဲကြည့်
များများရေးပါဗျာ အားပေးလျက်
အဆင်ပြေပါစေဗျာ
သရဲဇာတ်လမ်းကို တကယ်ပဲ စိတ်ဝင်စားကြောက်လာအောင် ရေးတတ်တယ်နော်
Post a Comment