“ငတွ”သည်လူပျိုစစ်စစ်ဖြစ်ပြီး “သင်္ဘောသီး”သည်လူပြိုစစ်စစ်ဖြစ်သည် ထို့ကြောင့်၎င်းတို့နှစ်ဦးသည်
ခြေနှစ်ချောင်းကြားအမြီးပေါက်ပြီး ပခုံးနှစ်ဖက်ကြားဦးခေါင်းကိုယ်စီရှိကြတာချင်းတူသော်လည်း
“ဝါ” အရာ၌အလွန့်အလွန်ကွာခြားကြလေသည် (အမြီးပေါက်သည်ဆိုသဖြင့် မျောက်ဟုယူဆလိုကယူဆနိုင်သည်
နွားဟုယူဆလိုကလည်းယူဆနိုင်သေးသည် လုံးဝလုံးဝကွိုင်မရှိ ဤကားစကားချပ်)
သင်္ဘောသီးကိုတက္ကသိုလ်တစ်ခုကပါမောက္ခကြီးတစ်ဦးဟုဆိုပါစို့
ငတွသည် ခုမှ မူကြိုတန်းပင်မအောင်ရှာသေးသည့်ပီဘိကလေးငယ်သာဖြစ်ချိမ့်တော့မည်။
ယခုကိစ္စသည် ၎င်းတို့နှစ်ဦးသား မြို့ထဲသွားပြီးခြေများကြရာမှ ခြေချည်းမများဘဲ ပါးစပ်ပါများလာသဖြင့်
ကွိုင်တက်လာရခြင်းဖြစ်သည်။
ဇာတ်ရည်လည်အောင်ရှင်းရလျှင်သူတို့နာမည်ကစရှင်းရမည်ဖြစ်သည်
ငတွဆိုသူ၏နာမည်အရင်းမှာ“ကျော်စွာ”ဖြစ်သည် သို့သော်..သူ့ပါမစ်စာအုပ်တွင်ရေးထားသည့်“ကျော်စွာ”ဆိုသည့်နာမည်တွင် “စွာ”ဆိုသည့်အလုံး
ကအလွန်သော့ပြီး ဖြစ်ကတတ်ဆန်းရေးထားသည့်လက်ရေးကြောင့်စလုံးဝဆွဲရေးချနှင့်မတူဘဲ တဝမ်းပူဝဆွဲနှင့်
တူနေသဖြင့် အစက “ကျော်တွ”ဟုပြောင်ခေါ်ကြသည် နောက်ပိုင်းငတွဟူ၍ဖြစ်သွားသည်
ယုံချင်ယုံမယုံချင်နေ“သင်္ဘောသီး”ဆိုသူသည် အရင်ကKLက DJဟုသိရသည်
ဘယ်ပုံဘယ်နည်းဒီဂျေဖြစ်လာမှန်းမသိသော်လည်း ဒီဂျေဘဝတွင် ဒီဂျေမပွတ်ဘဲ ဖင်ချည်းလိုက်ပွတ်သဖြင့် ကွိုင်လောင်ပြီးလှိမ့်လာရသူဖြစ်သည် သူသည်စကားကိုတရစပ်မနားတမ်းပြောနိုင်သူဖြစ်သည်။
rapperလုပ်စားမည်ဆိုက ပေါက်ဦးမည့်ပါးစပ်မျိုးပင်။ ထူးဆန်းတာကသူ့နာမည်အရင်းကိုဘယ်သူမှမသိကြ
ဘယ်သူမှလည်းစိတ်မဝင်စားသဖြင့်အရေးတယူလုပ်ပြီးလည်းနာမည်ကိုမေးမနေကြတော့ သူများခေါ်သလို“သင်္ဘောသီး”
ဟုသာခေါ်ကြကုန်သည်။
အလုပ်ပိတ်သည့်တစ်ရက်တွင်ငတွနှင့်သင်္ဘောသီးတို့နှစ်ယောက်သားမြို့ထဲသို့ရထားစီးပြီးသွားကြသည်
ရထားပေါ်မှာထိုင်နေရင်း ဘူတာတစ်ခုခုရောက်တိုင်းဆင်းလိုက်တက်လိုက်လုပ်နေကြသူခရီးသည်များအား
မျက်စိအရသာခံကြည့်ကာ ဒါကဒီလိုလေးရှိတယ် ဟိုက ဟိုလိုလေးရှိတယ်ဆိုပြီး ငတွအားတစ်လမ်းလုံး
တရားဟောလာသည်ဆို၏
(အသက်၁၆နှင့်၄၀အကြားခရီးသည်“အမ”များကိုဆိုလိုသည် “အထီး”များကိုတော့ sorry!! ဤကားစကားချပ်)
ငတွလည်းပညာရသည်ဟုဆိုကာတစ်လမ်းလုံးခေါင်းတစ်ညိတ်ညိတ်နှင့်စိတ်ဝင်တစားနားထောင်လာသည်
မြို့ထဲရောက်တော့လမ်းလျှောက်ကြရင်းနဲ့လည်းငတွအားပညာအမွေပေးနေပြန်သည်
“မိန်းမအမျိုးလေးမျိုးရှိတယ်ကွ ပထမအမျိုးက “ပဒုမ္မနီ”လို့ခေါ်တဲ့ကိုယ်ကကြာညိုရနံ့သင်းတဲ့အမျိုး
ဒုတိယက “သင်္ခနီ”တဲ့ကိုယ်ကနေငရုတ်ပန်းနံ့ထွက်တယ်”
“စိတ်ဝင်စားဖို့ကောင်းလိုက်တာဗျာ”
ငတွကားတွံတွေးကိုဂလုကနဲအသံမည်အောင်မျိုချရင်းပြောသည်။
“နောက်ပြီး စိတြနီဆိုတဲ့အမျိုး သူ့ကိုယ်ကနေကျင်ငယ်နံ့ထွက်တယ်”
“ဗျာ…ဘယ်လိုဖြစ်တာတုန်း နေ့ရောညရောအဲဒီကျင်ငယ်နံ့ကသူ့ကိုယ်ကနေထွက်နေတာလား အိပ်ယာကထထချင်း
ထွက်တာလား?
အိပ်ပျော်နေရင်းသေးပေါက်ချတဲ့အကျင့်ရှိပြီးရေချိုးပျင်းတဲ့မိန်းမမျိုးကိုပြောတာဖြစ်မယ်”
“မင်းလျှာမရှည်နဲ့ ငါဆက်ပြောမယ် နောက်ဆုံးတစ်မျိုးက“ဟတ္တိနီ”လို့ခေါ်တယ် ညှီနံ့ထွက်တဲ့အမျိုးကွ”
“ဟောဗျာ…ဒါဆိုရင်မိန်းမလေးမျိုးမှာတောင်တစ်မျိုးပဲအကောင်းရှိမှာပေါ့နော် ဟို..ကြာညိုနံ့ထွက်တယ်ဆိုတဲ့အမျိုးလေ
ငရုတ်ပန်းနံ့လည်းမကောင်းလောက်ဘူးဗျ စပ်လိမ့်မယ်ထင်တယ်”
ငတွသည်တွေးတွေးဆဆဖြင့်ပြန်ပြောရင်းမိန်းမကျမ်းကျေသူသင်္ဘောသီးအားလည်းအလွန်အမင်း
ကြည်ညိုသည့်စိတ်ပေါက်လာမိတော့သည်။
ထိုစဉ်အခိုက်ဝယ်သူတို့ရှေ့သို့မိန်းမပျိုလေးတစ်ဦးခပ်သော့သော့လျှောက်သွားသည် ငတွလည်းအမှီခပ်သော့သော့
လိုက်လျှောက်ရင်း ဆရာ့စကားကိုလက်တွေ့စမ်းသည့်အနေဖြင့် နှာခေါင်းကနေပွစိပွစိလုပ်ပြီးအနံ့ခံကြည့်နေသည်
ထို့နောက်အံ့သြတွေဝေသည့်စိတ်အစုံဖြင့်သဘောင်္သီးဘက်လှည့်ပြီး
“ဒါကရော ဘာအမျိုးဖြစ်လိမ့်မယ်မသိဘူး”
“ဘာအနံ့ရလို့လဲ”
“ရေမွှေးနံ့ဗျ”
“ဟေ…အဲဒါတော့ငါလည်းမပြောတတ်ဘူး ကျမ်းစာမှာတော့ရေမွှေးနံ့အကြောင်းမပါဘူးကွ...ဒါပေမယ့်ငါ့အတွေ့အကြုံအရငါပြောလိုက်မယ် ခုကောင်မလေးကကိုယ်လုံးကျစ်တယ် အသားလေးညိုတယ်
လမ်းလျှောက်တာကိုကြည့် တုံတုံချန်းဖြစ်နေတယ်”
“ဘာလဲဗျ တုံတုံချန်း”
“လျှာမရှည်နဲ့ နောက်မှပြောပြမယ် ဆိုတော့ကာ…ဒီလိုမိန်းကလေးမျိုးရဲ့...@@#%^% ဟာ…^^%$$%လေးနေလိမ့်မယ်ကွ
သူတို့ရဲ့အဓိက@@##%%ဟာ#%^&^$ပေါ်မှာမူတည်တယ် ဒါပေမယ့်သူတို့ရဲ့&(&%%$#ဟာ%^$$
လိုဖြစ်နေတာကိုထောက်ပြီး အပွင့်လင်းဆုံးပြောရမယ်ဆိုရင်တော့
ဒီလိုမိန်းကလေးမျိုးဟာ^^%&^%%^#@@ထဲကပဲလို့ငါသေသေချာချာပြောနိုင်တယ်ကွာ”(ဘလော့ရေးသူသည်ထိုဘာသာစကားများကို
ိုနားမလည်သဖြင့်စာမျက်နှာထက်ရေးပြရန်မဖြစ်နိုင်ပေ ဤကားစကားပြား)
“အောင်မယ်လေးဗျာ...သေချာလှချည်လား”
ငတွသည်အလွန်ရွန်းတောက်သည့်မျက်လုံးအစုံဖြင့်ဆရာသင်္ဘောသီးအားလေးစားကြည်ညိုစွာကြည့်လျှက်
ထွက်ကျလာသည့်သွားရည်အားသုတ်ရန်သတိမရတော့ပေ
“သေချာတယ်ဆိုငါဆိုတဲ့ဆ... ..!!!” “ဝှီးးးးး….!!!!”
မမျှော်လင့်သောအဖြစ်အပျက်ဖြစ်သည် ဆရာကြီးစကားပင်မဆုံးလိုက် အလွန်ပြင်းထန်သည့်လေ၏အဟုန်ဖြင့်
လက်ဝါးတဖက်သည်ဆရာသင်္ဘောသီး၏ပါးပေါ်သို့ဝဲကျလာရာ သိုင်းပညာသုံးပြီးအလျှင်အမြန်ရှောင်တိမ်းလိုက်ရသည်
ပစ်မှတ်ကိုမထိသဖြင့်ဟန်ချက်လွဲသွားသောလက်ဝါးပိုင်ရှင်ကားသူတို့ယခုပျစ်ပျစ်နှစ်နှစ်ဝေဖန်
နေသည့်မိန်းမပျိုပင်ဖြစ်တော့သည်။ ရှေ့ကနေသွားနေရာမှဘယ်ကဘယ်လိုလှည့်လာသည်မသိ စကားကောင်းနေလိုက်သဖြင့်ဆရာတပည့်နှစ်ဦးလည်းရုတ်တစ်ရက်သတိမထားလိုက်မိ
“ရှင်တို့တော်တော်မိုက်ရိုင်းပါလား တော်တော်အောက်တန်းကျပါလား..ဘယ်လိုကလေကချေတွေလဲ ရှင်တို့နှမကိုရှင်တို့ဒီလိုပြန်ပြောပါလား...ရုပ်ကိုကကြက်သရေမရှိဘူး နှာဘူးတွေ”
မြန်မာလိုပီပီသသကြီးရန်တွေ့လိုက်သံကြောင့်အမှားကြီးမှားချေပြီဟုငတွသိလိုက်သည်
ကောင်မလေးရုပ်ကဗမာဟုမထင်ရ မလေးမလိုလို အင်ဒိုမလိုလိုဖြစ်နေသဖြင့် ရှေ့တွင်ထားပြီးပယ်ပယ်နယ်နယ်
ကျယ်ကျယ်လောင်လောင်ဝေဖန်မိခြင်းဖြစ်သည် ခုတော့အရှက်ကွဲပြီ ဆရာသမားသင်္ဘောသီးအားလှမ်းကြည့်လိုက်တော့စောစောကနေရာတွင်ရှိမနေတော့ လမ်းတစ်ဖက်သို့လေ၏လျှင်မြန်ခြင်းမျိုးဖြင့်ကူးသွားချေပြီ ငတွမှာတစ်ယောက်တည်းကျန်နေရင်း
မိန်းမပျိုလေးအားရယ်ပြရမလို ငိုပြရမလိုဖြစ်နေကာ
နောက်ဆုံးဘယ်လိုလုပ်ပြရမယ်မှန်းမသိတော့သဖြင့် ဆရာ့နောက်ကိုဖနှောင့်နှင့်တင်ပါးတစ်သားတည်းကျအောင်ပြေးလိုက်လေတော့သည်
ကောင်မလေးကားစွေ့စွေ့ခုန်လျှက်ကျန်ရစ်သည်(တစ်ကယ်ထမခုန်ပါ ဤကားစကားချပ်)
“ကို့ဆရာဗျာ မြန်မာလူမျိုးအချင်းချင်းတောင်မသိတော့ဘူးလား ဒီလောက်အသံအကျယ်ကြီးနဲ့
ဝေဖန်နေတာ ဟိုကပေါက်ပြီပေါ့”
အနားရောက်လာတော့ အသက်ရှုသံဟောဟဲလှိုက်နေရင်းမှငတွကဆရာသင်္ဘောသီးအားအပြစ်တင်စကားဆိုသည်
ဤတွင်…စုံတောက်ကြီးဦးရှံစားမဟုတ်သော်လည်း ဆရာလုပ်သူကအောက်ပါတစ်ခွန်းတည်းသော
စကားကိုပြန်ပြောလေသည်.....
“မှားတဲ့အခါလည်းမှားပေမပေါ့ငါ့ညီ”
" မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် "
2 years ago
8 comments:
ကိုသားၾကီးးးးးးးးးးးးးးးးးးး
ပထမလာယူတာ ပြီးမှ
ပြန်လာဖတ်မယ်သိလားဗြဲဗြဲဗြဲ
ဟား...ဟား... ဟား....
မျက်စိထဲ မြင်ယောင်နေမိတယ်ဗျာ။
ကောင်းလိုက်တဲ့... ဟာသ ^___^
ကိုသားကြီးးး ဟွန်းးးးး ပဲပြောချင်တယ် အွန်းးးးးးးးး ဒါဗြဲဟဟဟဟ ဖတ်သွားတယ် စိတ်ဝင်တစားးးး ဟဟဟ ဒါပဲ ဘိုင်
ဒီမှာလဲ ဒီလိုတွေ ရှိတတ်တယ် သားကြီးရေ၊ လမ်းသွားရင် ဘယ်သူမှ ဘာမှ မပြောတာ အကောင်းဆုံးပဲ:)
ဟဟဟ ရယ်စရာပြောပြဦးမယ် ဟိုးတခါ အန်တီတို့ လန်ဒန် သွားတုံးကပေါ့လေ သူတို့ ကပြောတယ် တယ် ဒီကုလား ဦးထုပ်ကြီးနဲ့ မျက်စိကိုနောက်တယ် ပေါ့ ဟဟဟ ဘာပြန်ပြောတယ် မှတ်လဲ ကုလား ကုလား လို့မခေါ်ပါနဲ့ အသားလေး နဲနဲမည်းနေတာပါ ကုလား မဟုတ်ပါဘူးတဲ့ ခိခိ အန်တီတို့ပြန်ပြောပြတာ ရယ်လိုက်ရတာ အူကို နာလို့ ခစ်ခစ်
သားကြီး က ကိုယ်တွေ့ ပဲရေးတာ ဆို ဟုတ်လား..း))
မြန်မာလူမျိုးတွေက တကမ္ဘာလုံး ပြန့်နှံ့နေတဲ့ သဘောပေါ့ဗျာ....
ကျွန်တော်တို့ အလုပ်ထဲမှာလဲ အဲလို အဖြစ်မျိုးတွေ ရှိတယ်ဗျ
မြန်မာမလို့ မထင်ထားတော့ ရှိပြီးသား သီချင်းကို စာသားပြောင်းဆိုတာ ဂျောက်ဂျက်ထက်တောင်ဆိုးသေးတယ်...နောက်မှ မြန်မာမလေးမှန်းသိတော့
အဲဒီကောင် ပြေးပေါက်မှားရော
အမလေးးးးးးးးးး
နောက်ဆို အတတ်နိုင်ဆုံးယောကျာ်းလေးတွေ ရှေ့က မလျှောက်မိအောင်ဆင်ခြင်မှ။
တကိုယ်လုံးခြုံထားမှထင်တယ် မူစလင်တွေလို။
;P
Post a Comment