မနက်ဖြန်ဆိုရင်
သူငယ်လေးဟာ
အိမ်ကိုပြန်ခွင့်ရလိမ့်မယ်။
ခေါင်မိုးတွေကို သူဆေးခြယ်မယ်။
အိမ်ကလေးတွေကို သူဆေးခြယ်မယ်။
လမ်းတွေအားလုံး သူဆေးခြယ်မယ်။
မြို့ကလေးတစ်မြို့လုံး သူဆေးခြယ်မယ်။
သူ့ကိုယ်သူလည်း သူဆေးခြယ်လိမ့်မယ်။
ဒါပေမယ့်
တောင်ကုန်း၊ သစ်တော၊ မြစ်ချောင်းနဲ့
ကောင်းကင်ကိုတော့
သဘာဝအတိုင်းပဲ ထားလိမ့်မယ်။
ဒီကနေ့ဟာ ထူးခြားတယ်။
နိုင်ဇော်
7 comments:
တော်သေးတယ် ကောင်းကင် ကို ဒီတိုင်းပဲထားမယ်ဆိုလို့၊:)
စိတ်တိုင်းကျ ခြယ်နိုင်ပါစေ သားကြီးရေ
ကမ္ဘာကို အချစ်များဖြင့် ဆေးခြယ် ဒဏ်ရာတွေ ကုစားကျပါစို့၊ဘာရယ်မဟုတ်သီချင်းဆိုသွားတယ်
သယ်ရင်းရေ အဆင်ပြေသွားပြီလား
ကိုသားကြီးက ပြန်လာတာနဲ့
ဆေးခြယ်တော့မယ်ပေါ့လေ...
ကွန်ပြူတာလေး ဆေးရုံက ပြန်ဆင်းတာပြီဆိုတော့
ဂရုစိုက်နော်....
အရင်လို အရက်တွေ မတိုက်နဲ့တော့...
မူးချင်ရင်လူပဲမူး... သူ့ကိုတော့ မမူးစေနဲ့...
ကိုသားကြီး ကဗျာလေးမိုက်တရ်။။ လပြည့်နေ့ မှာ လရောင်ကြောင့် ပြောင်းလဲ
သွားတဲ့အရောင်ကို ဖွဲ့ ထားတာလားဗျာ။။။ အဲဒီလို တွေးသွားတရ်။။
ခင်မင်ခြင်းနှင့်
တလနွန်
ထူးခြားပုံကလေး အသေးစိတ်သိချင်ပါသည်။
ညီမပြောတာ လုပ်လိုက်တာ လား ကွန်ပြူတာကို ရေချိုးပေးဆိုတာလေ မလုပ်ဘူးလား လုပ်လိုက်ပါဆိုနေမှ
အဟိ စတာနော် ကွန်ပြုတာ ပျက်ရင်စိတ်ပျက်တယ် ကိုသားကြီးရေ တကယ် ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေသလိုပဲ အထီးကျန်တယ် (အမ မကျန်ဘူး )
တာ့ တာ ပြန်ကောင်းတာ ဝမ်းသွားပါတယ် အဲလေ ဝမ်းသာပါတယ် ဘာကျွေးမှာလဲ ဒီမှာ ဗိုက်ဆာလို့
ဆေးမခြယ်ပဲ လှနေတဲ့ သဘာဝအလှတရားတွေ တော်တော်လေးရှားပါးလာနေပြီလို့ ထင်တယ်လေ။
ရှိနေသေးတဲ့ သဘာဝအလှတွေကိုလည်း လူတွေတော်တော်များများ မခံစားတတ်ကြတော့ဘူးလို့ ထင်တယ်။
ကိုယ့်ကိုယ်ကိုတောင် ဆေးခြယ်နေကြပြီဆိုတော့လည်း.....။
Post a Comment