"မ......နဲ့"

မခင်ပါနဲ့
ခင်ပြီးရင်မခွါတတ်လို့ပါ
မချစ်ပါနဲ့ ချစ်ပြီးရင်မမုန်းတတ်လို့ပါ
မခွဲပါနဲ့
ခွဲပြီးရင်ပြန်မတွေ့မှာစိုးလို့ပါ
မမေ့ပါနဲ့
မေ့ပြီးရင်ပြန်သတိမရမှာစိုးလို့ပါ
မမုန်းပါနဲ့
မုန်းပြီးရင်အမြဲတမ်းတကျန်တတ်လို့ပါ
"အာ...စိုးရိမ်တတ်ရန်ကောလို့လည်း
မပြောပါနဲ့လားချစ်သူ
မပြုံးပါနဲ့
ပြုံးပြီးရင်ထာဝရစွဲကျန်တတ်လို့ပါ
မလွမ်းပါနဲ့
လွမ်းပြီးရင်တမ်းတမှုတ္မေကုန်သွားမှာစိုးလို့ပါ
မရေးပါရစေနဲ့
ရေးမိရင်ကဗျာဖြစ်သွားတတ်လို့ပါ
မညည်းပါရစေနဲ့
ညည်းမိရင်သီချင်းဖြစ်သွားတတ်လို့ပါ
"အင်း...နားလည်မူတွေလည်းမရပ်လိုက်နဲ့
မေတ္တာတရားတွေလည်းမလျှော့လိုက်နဲ့
အသည်းနဲ့ထပ်တူ ထာဝရရှိနေပါစေချစ်သူ
(ကိုသူ)

2 comments:

khin oo may said...

မပြောပါရစေနဲ့။
ရည်းစားစကားပြောမိသွားမှာစိုးလို့ပါ။

သားကြီး said...

ပြောပါဗျာ.....
ကျနော်က သဘောထားကြီးပါတယ် :P

 
©2009 ♬သားကြီး♪ | by TNB