ဗိုလ်အောင်ဒင်ပြန်မလာပါ


ဗိုလ်အောင်ဒင်ပြန်လာခြင်းမဟုတ်ပါ၊ mummy returns လည်းမဟုတ်ပါ၊ ရီတန်းအော့ဖ်ဘီလူးလည်းမဟုတ်ပါ၊
ရီတန်းအော့ဖ်သားကြီးသာဖြစ်ပါသည်။ တနည်းဆိုရသော်...ဘလော့လောကသို့ လူရှုပ်တစ်ဦးထပ်တိုးလာခြင်းသာဖြစ်သည်
ဘုရား သိကြားများ၏ စောင်မမှုကြောင့် မောင်မင်းကြီးသားလက်ပ်တော့သည် ကျန်းမာချမ်းသာစွာဖြင့်ပြန်ရောက်လာပြီဖြစ်သည်
ကျနော့်ရဲ့ဆိုးတူကောင်းဖက်လေး....
ကျနော့်ရဲ့Qဖေါ်Qဖက်လေး…. မသေလို့တွေ့ရမေ့နိုင်ပါ့မလား...
ဖြစ်စကဆိုကိုယ့်ကိုယ်ကိုအလွန်ဒေါသထွက်သည် မှန်ထဲကြည့်ပြီးကိုယ့်ကိုယ်ကိုကျိန်ဆဲရတာလည်း အခါခါ
“ဒီလောက်တောင် နမော်နမဲ့နိုင်တဲ့ကောင်... ဒီလောက်ပစ်စလက်ခတ်နိုင်တဲ့ကောင်... ရေချိုးရင်ဆပ်ပြာမစင်ပါစေနဲ့ ၊ လမ်းသွားတိုင်း သူများခြေတောက်တက်နင်းမိပါစေ၊ miley cyrusနဲ့ညားပါစေ၊ taylor swiftနဲ့ညားပါစေ”
ဘီယာမှောက်ကျပြီးဆိုင်သွားအပ်ပြန်လည်း လူကမူး ကွန်ပြူတာကမူးနှင့် စကားပြောရသည်မှာအဆင်မပြေပါ 
ဆိုင်ထဲ ကို့ယို့ကားယားဖြင့်ဝင်လာသူကျနော့်အား ဆိုင်ရှင်ဖြစ်ဟန်တူသော တရုတ်မက ပြူးတာနှင့်ပျာတာကိုပေါင်းပြီးဆီးမေးသည်...
“ဘာဖြစ်တာလဲ?”
ကွန်ပြူတာကိုရွယ်ပြီးမေးလိုက်ခြင်းဖြစ်သည်
ကျနော်လည်းကွန်ပြူတာကိုရွယ်ပြီးပြန်ဖြေလိုက်သည်
“မူးလာတာ”
ကျနော့်အဖြေကို တရုတ်မ မနှစ်မြို့ပါချေ။
“ဒါကွန်ပြူတာပြင်တဲ့ဆိုင်လေ မူးတဲ့လူကိုမှမပြင်တာ”
“ဟေ့…ငါလည်းငါ့ကိုယ်ငါနင်တို့ဆိုင်မှာပြင်မယ့်အစီအစဉ်မရှိဘူးဟေ့..တစ်သက်လုံးသောက်လာတာ...ရှော့မရှိဘူး စိတ်ချ ဟောဒီကွန်ပြူတာကမှ အူအရိုင်းလေး တစ်ခွက်တည်းနဲ့မှောက်သွားတယ်”
ကျနော်ပြောလည်းပြော ကွန်ပြူတာကိုလည်းဖွင့်ပြလိုက်ရာ ဘီယာနံ့တစ်ထောင်းထောင်းနှင့် ပေပွနေသော ကွန်ပြူတာအားကြည့်၍ တရုတ်မမျက်နှာမဲ့ရွဲ့သွားလေသည် သူ့စိတ်ထဲတွင်လည်းတွေးထင်နေပေလိမ့်မည်
…..သြော်…. ရှပ်ဘဲပေပဲ…….???

ဆိုင်ပို့ပြီးနှစ်ရက်အကြာတွင်ထိုဆိုင်မှဖုန်းဆက်သည် ကြားသည်နှင့်ဟိုတရုတ်မအသံမှန်းတန်းသိလိုက်သည် ထုံးစံအတိုင်းအသံကသိပ်ထောင့်မကျိုးချင် ..
“hello…ဟို…ဟို…ဘယ်လိုခေါ်ရမလဲမသိဘူး... ပေးထားတဲ့နာမည်ကိုမဖတ်တတ်ဘူးဖြစ်နေတယ် ဟို… လူရော ကွန်ပြူတာရော မူးတဲ့လူ.. ဟုတ်တယ်ဟုတ်?”
ကျနော်နည်းနည်းဖုသွားသည်။
“ဟေ့…. လူကိုမူးသလေးဘာလေးနဲ့ စကားကိုဆင်ဆင်ခြင်ခြင်ပြောစမ်းပါ”
“ဆောရီး…..နာမည်မခေါ်တတ်လို့ပါဆိုနေ”
“နာမည်မခေါ်တတ်ရင် handsome boyဖြစ်ဖြစ်gentlemanဖြစ်ဖြစ်ခေါ်ပေါ့ ဒါတောင်မသိဘူးလား?”
ကျနော့်စကားကြောင့်ဖုန်းထဲကတရုတ်မစိတ်မရှည်ပါလေတော့....
“ဟာ…ဆောရီးလို့ပြောပြီးပြီလေ...လိုရင်းတိုရှင်းကွာ....ဟို .. ကွန်ပြူတာက keypadပြန်လဲရမယ် ၂ရ၀ကျမယ် OKလား?”
“ရပါတယ်…အဆင်ပြေသလိုသာကြည့်လုပ်ပါ တခုတော့ရှိတယ် ငါ့ဆီကpass wordsရထားတယ်ဆိုပြီးတော့ကွန်ပြူတာထဲကရှိသမျှ ဟာတွေအကုန်လျှောက်ကြည့် အကုန်လျှောက်ကူးလုပ်မနေနဲ့နော်”
“ဝေးသေး….စိတ်မဝင်စားဘူး....လူရောကွန်ပြူတာရော ငမူးတွေ”… ဆောင့်ကြီးနှင့်အောင့်ကြီးကိုပေါင်းပြီးတရုတ်မဖုန်းချသွားသည်။
(ကျနော့်ကိုငမူးဟုတိုက်ရိုက်စကားဖြင့်ပြောခြင်းမဟုတ်ပါ... “ကြွေမောက်”ဟုပြောခြင်းသာဖြစ်ပါသည် ကြွေမောက်ဆိုသည်မှာကွမ်တုန်းစကားဖြင့်တိုက်ရိုက်ဘာသာပြန်ရသော် “ကြောင်မူး”ဟုအဓိပ္ပါယ်ထွက်မည်ထင်သည် ကြောင်ဆိုသည်မှာ အိပ်တော့မည်ဆိုလျှင်လမ်းဘေးကော ဘာကောရွေးမနေ အိပ်ချလိုက်သည်ချည်း.. ထိုသို့ပင် မူးလာလျှင် နေရာမရွေးပဲထိုးထိုးအိပ်တတ်သည့် ညစ်ညစ်ပတ်ပတ်အသောက်သမားများအား “ကြွေမောက်”ဟုတင်စားခေါ်ဝေါ်လေ့ရှိကြသည် တရုတ်မကျနော့်ကို ခပ်တည်တည်နှင့်ဖဲ့လွှတ်လိုက်ခြင်းဖြစ်သည်.. သို့သော်…ရပါသည် စိတ်မဆိုးပါ)
အစက motherboard လဲရမည်ထင်ခဲ့သည် ခုတော့keypadပဲလဲရမည်ဆိုသဖြင့်သားကြီးတို့ပျော်ပါသည်ပေါ့။
ခုတော့လည်း မောင်မင်းကြီးသားပြန်ရောက်လာလို့ပျော်ပါသည် မဖျစ်ညစ်ကျယ်ကျနော့်ညာဏ်ကလေးဖြင့် အလကားရထားသည့်ဘလော့တွင်ရေးချင်တာလျှောက်ရေးရပါဦးမည်....
တခါတခါ ကျနော်၏အရေးအသားမတတ်မှုကြောင့် ကျနော့်ဘလော့မှစာများသည် “ တဖုန်းဖုန်းတဒိုင်းဒိုင်းမြည်နေတတ်ပါသည်” ထိုထိုသောအခါများတွင် ကျနော့်စာအတွက် ဝင်ရောက်ကွန်မန့်ရေးပေးသည့် ဘလော့ကာလောကမှ ညီအစ်ကိုမောင်နှမများအား အလွန်အားတုံ့အားနာဖြစ်ရပါသည်  သားကြီးသည် ဘာမှမတတ်ဘဲလုပ်ချင်ရာလျှောက်လုပ်သူဟုသာ သဘောထားကာခွင့်လွှတ်ပေးကြပါကုန် သားကြီးသည် “ကြွေမောက်”သာဖြစ်သည်ဟု သဘောထားကာခွင့်လွှတ်ပေးကြပါကုန် ။
နောက်ဆုံးအမိန့်ကိုလည်း အေမီထုတ်ထားလိုက်ပြီဖြစ်သည် စားပွဲပေါ်တွင် ခွက်ဖြစ်ဖြစ် ပုလင်းဖြစ်ဖြစ် လုံးဝလုံးဝမတင်ရ ဟူသတည်း။ အင်း..?? သူတို့လေးတွေကိုလည်းကြောက်ရသေးတာကိုးဗျ ... :P 




6 comments:

မယ့်ကိုး said...

miley cyrusနဲ့ညားပါစေ၊ taylor swiftနဲ့ညားပါစေ”

နှစ်ယောက်စလုံးပဲလား။ တစ်ယောက်ပဲ ရွေးပါကွယ်။....:D

khin oo may said...

စားပွဲေ့ပေါ်ကိုလူလဲမတက်ပါန့။

ကောင်းကင်ပြာ said...

လျှောက်ရေးရေး၊ ထိုင်ရေးရေးရေးပါလေ၊ ဖတ်ပါတယ် ဗိုလ်အောင်ဒင်ရယ်

ဝက်ဝံလေး said...

ရွေ နိပ်ဟ ကွန်ပြူတာက အရက်သောက်လိုက်ရတာပေါ့နော် ကိုသားကြီး အားကျတယ်ဂျ ဂယ်ပြောတာ ဒီမှာ အဒေါ်ရယ်ပေါ့ ပေးမသောက်လို့ စိတ်လေတယ် တခါတလေ သူငယ်ချင်းတွေ ခေါ်လို့ pub သွားချင်ပါတယ် ပြန်ပို့မယ် တကဲကဲ လုပ်နေလို့ မသွားပါဘူး ဂတိပေးထားရတယ် နောက်တခါကျရင် ကွန်ပြူတာကို မတိုက်နဲ့ ဂျာ အနော့်ကို တိုက် ဟုတ်ပြီလား သောက်ရင်လဲ ခေါ်ဦးလေ တယောက်တည်းချဉ်းပဲ ကြိတ်ပုန်း ခုတ်မနေနဲ့လေ ဗျာ သိလား

တလနွန် said...

ကွန်ပြူတာ ကို အရက်မတိုက်နဲ့ တော့နော်။။။ဘီယာပဲတိုက် ဟီး။

ခင်မင်ခြင်းနှင့်
တလနွန်

sweetpeony said...

welcome back!!!!
:P

 
©2009 ♬သားကြီး♪ | by TNB