hip hopလောကအားတောင်းပန်ပါ၏

ကျနော်ဟစ်ဟော့ရဲ့ပရိတ်သတ်တစ်ယောက်ပါ ဟစ်ဟော့ကိုလှောင်ချင်လို့မဟုတ်ပါ MMcyberကတွေ့လို့တင်လိုက်တာပါ
ဒါဟာဟစ်ဟော့လောကကိုထိခိုက်စေတယ်လို့ယူဆရင်တော့ ဆီဗုံးမှာဖြစ်ဖြစ် ကွန်မန့်မှာဖြစ်ဖြစ်ကွန်ပလိန်းတက်ပေးပါ ကျနော်ပြန်ဖျက်ပါ့မယ်

မရှိလို့တောင်းစားတဲ့လူထက်စာရင် ရှိရှိကြီးနဲ့ခြိမ်းခြောက်အနိုင်ယူတတ်တဲ့လူတွေကမှသာပြီးမုန်းဖို့ကောင်းသေး အဲဒီလူတွေကမှအကြီးစားသူတောင်းစားတွေဖြစ်တယ်။
ဟောဒီမောင်နှမတွေကတော့အဆိုရှင်တွေဖြစ်တယ် ဘဝပေးမလှပေမယ့်စိတ်သန်ရာဂီတနဲ့ဝမ်းရေးကိုဖြေရှင်းတယ် ဒါဟာဘဝပဲဖြစ်တယ်။
ဟိုဟာတွေကတော့ လဒ(လင်းတ) ပဲဖြစ်တယ်။
shit!!!ပြောရင်းဆိုရင်းဆဲချင်လာပြီ .....စကောလောက်မှဇောက်မနက် မဖျစ်ညစ်ကျယ်ချီးဗိုက်ဥာဏ်နဲ့လောကကိုမှောင်အတိချဖို့ကြိုးစားနေတဲ့လူတွေထက်စာရင်... ဟောဒီအဆိုရှင်လေးသုံးဦးဟာ.. ကိုးဆယ်ဆသာကြောင်းပါခင်ဗျာ... ကိုးဆယ်ဆ... ကိုးဆယ်ဆ ။

8 comments:

JulyDream said...

အင်း... သူတောင်းစား အကြီးစားပဲလား။ အနုနည်းနဲ့ ဒါးမြလုပ်တာလား တခါတလေ မခွဲနိုင်တော့ဘူးဗျ။ အခန့်မသင့်ရင် အဆူအဟောက် ခံရသေးတယ်လေ။ တချို့ဆိုများ လက်တောင် ပါချင်သေးတာဗျ။

Ree Noe Mann said...

ဖြိုးစကီး လာမသိဘူး တင်းထာတာ။
ကောင်းပါတယ် ခုလိုပြန်ဖေါ်ပြတာ။

ရီနို

တလနွန် said...

ကလေးလေး တွေ ဟစ်ဟော့ဆိုသွားတာ သဘောကျမိတယ် အဟတ်..
ရိုးရိုးသားသား သူတို့ ဘဝ နှင့် ယုတ်မာပွေလီ အကောင် တွေနဲ့ တော့ တစ်ခြား စီပေါ့ဗျာ..........

ခင်မင်ခြင်းနှင့်
တလနွန်

မလိခ said...

ဘယ်မှာလဲတော့ မမှတ်မိတော့ဘူး ကြည့်ဖူးတယ်.. ဒါလေးကို...။ ဒမြတိုက်တဲ့အကြောင်းတော့ မပြောပါနဲ့တော့.. အဲဒီကို သွား`ဖို့´ရဦ်းမယ်.. မသွားချင်လို့ နေ့ရွှေ့ညရွှေ့လုပ်နေတာ.. ရတော့ဘူး... အားကြီး စိတ်လေပါတယ်ဆို..:(

မြစ်ကျိုးအင်း said...

ကြည့်ဖူးတယ်ဗျ..ဒါပေမယ့်ထပ်ကြည့်သွားပါတယ်...
ကိုသားကြီးပြောတာ မှန်ပါ့ဗျာ..သူတို့တတ်တဲ့ပညာလေးနဲ့ လုပ်ကိုင်စား
သောက်နေတဲ့ကလေးတွေရဲ့ မစင်လောက်မှ ဟိုကောင်တွေ တန်ဘိုးမရှိ ပါဘူး...။

မယ့်ကိုး said...

ဲအသံလေးတွေ ကောင်း အရည်အသွေးလေးတွေ ရှိပေမယ့် မြင်ရကြားရတာ စိတ်မကောင်းလိုက်တာ။

မီးမီးချစ် said...

သူတို့ ဆီမှာ ရှိတာ သူတို့ ဆီမှာ မရှိဘူး .. ရိုးသားမှူ့ နဲ့ ကိုယ်ချင်းစာ တရား

Anonymous said...

မှန်တာပေါ့ကိုသားကြီးရ
သန့် သန့် ရှင်းရှင်း သီချင်းလေးဆိုရင်း
ဝမ်းရေး ဖြေရှင်းတဲ့ ဒီမောင်နှမလေးက
ကိုးဆယ်ဆ သာကြောင်းပါ
ကိုးဆယ် သာကြောင်းပါဗျ။

ခင်တဲ့
ဝသန်မိုး

 
©2009 ♬သားကြီး♪ | by TNB