“ကဲ…ကဲ… ထတော့… သွားကြရအောင်”
အိပ်မှုန်စုံမွှားဖြစ်နေရာမှအသံကြောင့်သူခေါင်းထောင်ကြည့်လိုက်ရာ ခပ်တည်တည်နှင့်သူ့အားငုံကြည့်နေသော ပိန်ပိန်ရှည်ရှည်လူကြီးတစ်ဦးကိုတွေ့ရသည်။
“ခင်ဗျားကဘယ်သူလဲ?.... ဘယ်ကိုသွားရမှာလဲ”
“ငါကသေမင်း သေရွာကိုသွားရမှာ ရှင်းပြီလား… ဟုတ်မလားဆိုပြီးမင်းကိုလူ့ပြည်လွှတ်လိုက်တာ လူ့သက်နဲ့နှစ်ပေါင်း၂၀သာကျော်သွားတယ် ဘာမှ မဟုတ်တော့လည်းပြန်ခေါ်ရတာပေါ့ ဒါပါပဲ”
“သေမင်းသာဆိုတယ် ဝတ်ထားတာလည်းpolo စပို့ရှပ်အင်္ကျီနဲ့ပါလား”
“လာတုန်းကတော့သေမင်းဝတ်စုံနဲ့ပဲကွ လမ်းမှာမိုးမိသွားလို့ တွေ့ကရာအိမ်တစ်အိမ်မှာ ဒီအင်္ကျီဝင်မတာပဲ ယူနီဖောင်းကအရေးမကြီးပါဘူးကွာ လူကသာအရေးကြီးတာပါ ကြုံတုန်းမင်းကိုပြောရဦးမယ် လာမယ့်နှစ်ကျရင် ငါတို့သေမင်းတွေ ယူနီဖောင်းပြောင်းတော့မယ်ကွ အနက်ရောင်ထက်ပိုဆိုးတဲ့အရောင်တစ်ရောင်ကို ငါတို့ခေါင်းဆောင်ကြီးကတွေ့သွားပြီ”
“ဟုတ်လား ဘာအရောင်လဲဗျ အပန်းမကြီးရင်ပြောပြပါလား”
“ပြောပြဖို့ကအပန်းတော့မကြီးပါဘူး အန္တရာယ်တော့ကြီးလိမ့်မယ်ထင်တယ် ဒါပေမယ့်မင်းကိုတော့သိအောင်ပြောလိုက်ပါမယ်”
သေမင်းဆိုသူလူကြီးသည် သူ့ကိုယ်သူကျောမလုံသည့်ပုံစံမျိုးဖြင့်ပတ်ဝန်းကျင်ကိုကျီးကြည့်ကြောင်ကြည့်လုပ်ပြီးသူ့နားကပ်၍
ထိုအရောင်အားတိုးတိုးလေးပြောပြလိုက်သည် ၊ သူလည်းခေါင်းတညိတ်ညိတ်ဖြင့်ထိုအရောင်သည်သေမင်းတို့နှင့်ပို၍လိုက်ဖက်ကြောင်းလူတကာ၏
အော့ကျောလန်အရောင်ဖြစ်ကြောင်းထောက်ခံလိုက်သည်
“ဒါနဲ့ခင်းဗျားနောက်ကိုခုပဲလိုက်ရမှာလား ကျနော်က ဆိုက်တစ်ခုကနေdownloadလုပ်နေတာ နာရီဝက်ကျန်သေးတယ်ဗျ”
“ဟေ့ no complainကွ အချိန်နဲ့ဒီရေသည်သေမင်းကိုမစောင့်တဲ့ ငါ့ကိုဆင်ခြေဆင်နားရွက်တွေလာပေးမနေနဲ့”
ဘိုလိုညှပ်ပြောလိုက်သည့်သေမင်း၏စကားကြောင့်သူအလွန်အံ့သြသွားရလေသည်။
“ခင်ဗျားက အင်္ဂလိပ်လိုလည်းတတ်တာပဲလား တော်တော်တိုးတက်တဲ့သေမင်းပဲ”
“တတ်ဆို ဒီလိုကွ ငါကသေမင်းသာဆိုတာ အချိန်ယားလေးရှိရင် ငရဲထိန်းအလုပ်ကိုလည်း part time ဝင်လုပ်သေးတယ်လေ တနေ့ကျတော့ အဖြူကောင်တစ်ကောင်ကို ဒယ်အိုးထဲထည့်ကြော်ရမယ့်တာဝန်ငါ့မှာ ကျလာရောဟေ့”
သူသည်အံ့သြပြီးရင်းအံ့သြရပြန်သည်။
“ဘယ့်နှယ့်အဖြူကောင်က မြန်မာငရဲမှာလာကျနေတာတုန်း”
“ဒီလိုကွ ဒီကောင်ကမြန်မာပြည်ကိုအလည်လာတာ တနေ့ကျတော့ သူတည်းခိုတဲ့ဟော်တည်မှာပဲ ဆေးခြောက်ကို ရှစ်အိုးလောက်ရှုပြီး tom & jerry ကာတွန်းကားထိုင်ကြည့်တာ တဝါးဝါးတဟားဟားနဲ့ အတောမသတ်ဘဲရယ်ရာကနေ အသက်ရှုဖို့မေ့ပြီးသေတာပဲ”
“ရယ်ပြီးသေတဲ့လူကို ကောင်းကင်ဘုံပို့သင့်ပါတယ်ဗျာ ဘယ့်နှယ့်ငရဲပြည်ပို့ရတာတုန်း”
“မဟုတ်ဘူးကွ သူကရွှေခိုးဖို့ရောက်လာတဲ့ကောင် ခိုးလည်းခိုးနေတာပဲ အဲဒါကြောင့်ငရဲရောက်တာပါ တော်တော်ဆိုးတဲ့ကောင်ကွာ ငရဲပြည်ရောက်သွားတာတောင် ဗိုက်ကိုနှိပ်နှိပ်ပြီးရယ်နေတုန်းပဲ”
“အဲဒါနဲ့ခင်ဗျားဘိုလိုတတ်ရောလား သူကသင်ပေးလိုက်လား”
“အစကဒီလိုမဟုတ်ဘူးကွ သူ့ကိုဒယ်အိုးထဲတွန်းချခါနီးတိုင်း ဆီပူနဲ့ကြော်ခါနီးတိုင်း အသံပြဲကြီးနဲ့ အမြဲအော်တယ် ….holy smokeတဲ့ assholeတဲ့ နောက်ပြီး son of the bitchတဲ့ အို …အများကြီးကွာ သူအော်တာတွေ ကြာလာတော့ငါလည်းစိတ်ဝင်စားပြီး မင်းအော်တာ ဘာတွေလဲကွလို့ထမေးမိရော”
“သူကခင်ဗျားစကားကိုနားလည်လို့လား”
“သူကကြုံရင်Qဖို့ မြန်မာစကားနည်းနည်းသင်ထားတယ်လေ ပြောတတ်တာပေါ့ အဲဒါနဲ့ သူအော်တဲ့စကားရဲ့အဓိပ္ပါယ်တွေမေး သိချင်တဲ့စကားတွေလည်းထပ်မေးနဲ့ နည်းနည်းပါးပါးသိလာတာပေါ့ကွာ.... talkingတွေသိပ်များပြီကွာ ကဲ…လစ်စို့”
သေမင်းသည်အချိန်ဆွဲမနေချင်တော့...သူ့အားအတင်းခေါ်နေလေပြီ။
“နေစမ်းပါဦး ကိုယ့်စရိတ်နဲ့ကိုခြေကျင်လျှောက်ပြီး ခင်ဗျားနောက်လိုက်သေရမှာလား ဒါတော့ပဲ့တယ်ဗျာ”
“အေး…မင်းပြောလည်းပြောစရာပဲ အရင်ကတော့ သေပြီးမှငါကလာခေါ်တာ သန်တုန်းမြန်တုန်းဆိုတော့မင်းတို့လူတွေကိုငါကထမ်းနိုင်တယ်လေ ခုတော့မနိုင်တော့ဘူး အသက်က ကမ္ဘာနှစ်ခုစာရှိနေပြီ လမ်းလျှောက်ပြီးလိုက်သေပေတော့”
သေမင်းသိပ်စိတ်မရှည်တော့မှန်းသူသိလိုက်သည် ထို့ကြောင့် g-talkတွင်ရှိနေသေးသောဘော်ဒါတစ်ယောက်နှစ်ယောက်ကိုသူသည်သေမင်းခေါ်ရာနောက်လိုက်သွားတော့
မည်ဖြစ်ကြောင်းလှမ်းနှုတ်ဆက်သည် ခရီးလမ်းဖြောင့်ဖြူးပါစေကြောင်းလည်း ဟိုကသူ့ဆီလှမ်းမေတ္တာပို့ကြသည်။
ထို့နောက်ကွန်ပြူတာကိုshut downလုပ်သည် ဖုန်းထဲပိုက်ဆံထည့်ပြီး ရှိသမျှနံပါတ်များကိုနောက်ဆုံးအနေဖြင့်လှမ်းဆက်သည် အပြင်ထွက်ပြီးဆေးလိပ်ဝယ်သည်။ အိမ်သာတက်သည် နောက်ပြီးရေချိုးသည် အကောင်းဆုံးဝတ်စုံတစ်ခုကိုရွေးချယ်ဝတ်ဆင်လိုက်သည် ထို့နောက်
ဘေးအခန်းကိုလှမ်းခေါ်ပြီး အကယ်၍သူ့ကောင်မလေးရောက်လာပါက သူသေပြီဟုပြောကြားစေလိုကြောင်း သူမရှိတော့သဖြင့် စိတ်အားငယ်ရန်မလိုကြောင်း ရည်းစားအသစ်တစ်ယောက်ထပ်ရှာ၍ပျော်ပျော်ကြီးကဲနိုင်ကြောင်း စသဖြင့်ရှည်လျားထွေပြားစွာမှာတမ်းချွေသည်။ သေမင်းကြီးသည် ကျို့တို့ကျဲတဲ သူ့ဆံပင်များကို တဗျင်းဗျင်းမြည်အောင်ကုတ်လျက်....
“…..တော်တော်လျှာရှည်တဲ့ကောင်ပဲ....အင်း... လျှာရှည်လို့ပဲလူဖြစ်ရလာတာပေါ့လေ..”
သူသည်ဘေးအခန်းကလူကိုစိတ်ကြိုက်မှာကြားပြီးနောက် သေမင်းဘက်လှည့်ပြီး...
သူ့laptopတော့အားသယ်သွားခွင့်ပြုရန်တောင်းဆိုလိုက်သည်
သေမင်းဆိုသူလည်း သူ့အားသယ်ခွင့်ပြုလိုက်သည် ထို့နောက် နှစ်ယောက်သားရထားတစ်တန် ကားတစ်တန်ဖြင့် သေရွာသို့ခရီးဆက်ခဲ့ကြလေတော့သည်။
အမှန်မှာတန်ခိုးသုံးပြီးမြေကြောရှုံ့သွားကြရန်ဖြစ်သော်လည်း ကမ္ဘာ့ ကမ္ဘာက သုံးလာခဲ့သည့်တန်ခိုးကို သေမင်းအလွန်ပျင်းနေပြီဖြစ်သည် လူ့ပြည်ရောက်ခိုက် ရထားလေးလည်းစီးချင်သေး ကားလေးလည်းစီးချင်သေးဆိုသဖြင့် ရိုးရိုးတန်းတန်းခရီးသွားသလိုသွားကြရခြင်းဖြစ်သည်။
ခရီးသွားနေရင်းမှသူသည်လျှာရှည်မိပြန်သည်။
“ကျနော်ရော ငရဲကျမှာပဲလား”
“သြော်…ခက်လိုက်ပါဘိ ငရဲပြည်ကလာခေါ်ပါတယ်ဆိုမှ နင့်အမေ့လင် တာဝတိ‘သာကိုငါကပို့ရမှာလား စိတ်ချ ဇောက်ထိုးကြီးကိုကျစေရမယ်”
“ဟို…ဟို…. ဘယ်လိုအပြစ်တွေနဲ့လဲဟင် သိရင်ပြောပြပါလား”
“ဒါတော့ ယမမင်းကြီးပဲသိလိမ့်မယ် ငါတော့သေသေချာချာမသိဘူး အပြစ်ပေးပုံကိုပြောပြလိုက်ဦးမယ် အရက်မူးပြီးရမ်းကားတဲ့လူတွေကိုဆိုရင် ဖင်ကနေမီးမွှေး ပါးစပ်ထဲကို ရေပူတွေလောင်းထည့်ပြီးဒဏ်ပေးတယ်”
သူကျောထဲစိမ့်သွားသည် သူ့တွင်တင်ကျန်နေသည့် အကြွေးငါးပုံ လေးပုံသည်အရက်ကြွေးသက်သက်ဖြစ်သည်။
“သောက်တုန်းကတော့ကောင်းတယ်ဟ ခုတော့ဖင်ကိုမီးမြိုက်တော့မယ် အီး..ဆိုးလိုက်တာ”
စိတ်ထဲတွင်သူ့ဘာသာသူပြောနေရင်းတုန်လှုပ်လျက်ရှိသည်
“နောက်ပြီး ရည်းစားထည်လဲတွဲတဲ့ကောင်ဆိုရင် အခြောက်ကြီးဖြစ်အောင်လုပ်ပြီး ဆောင်ကြာမြိုင်ကို အရှင်မွေး နေ့ချင်းကြီး ပို့ပစ်မယ်”
သူသည် တုန်လှုပ်ပြီးရင်းတုန်လှုပ်ရပြန်သည်။
“နောက်ပြီး… ….နောက်ပြီး…..”
“တော်ပါတော့ဗျာ....တော်ပါတော့ ..နားမချမ်းသာလိုက်တာ”
“ဘာအခုမှကြောက်ပါပြီလဲ အစကတည်းကဆင်ခြင်ပေါ့ ဟော…ပြောရင်းဆိုရင်း..ရောက်ပါပြီကောကွာ...ဟဲဟဲ...ဆင်းပေတော့”
သူတို့သည်ကားပေါ်မှဆင်းလိုက်ကြသည် ။
“ဘယ်မှလဲဗျ ငရဲ ဒါလူ့ပြည်ပဲရှိသေးတာ”
“လျှာမရှည်နဲ့ဟေ့ လာလေရော့ဒီမှာ အပ်ချလောင်း!!!! ”
သေမင်းသည် အပ်ချလောင်းဟုအော်လိုက်ရာ ငရဲပြည်အဝင်ဂိတ်ကြီးသည် သူ့ရှေ့တည့်တည့်တွင် ဘွားကနဲပေါ်လာလေတော့သည်။ သို့သော်..တံခါးကပွင့်မနေပါချေ။
“ဂိတ်တံခါးကလည်းပိတ်ရက်ကြီးပါပဲလား ဘာဖြစ်တာလဲမသိ”
သေမင်းသည်အလွန်အံ့သြသွားဟန်ဖြင့် ဂိတ်တံခါးနားသို့တိုးကပ်သွားပြီး တံခါးဖွင့်ပေးရန်အထဲသို့လှမ်းအော်သည် ထိုအခါအထဲမှနေ၍ နှာခေါင်းစည်းတပ်ထားသောပိန်ပိန်လိန်လိန်ငရဲထိန်းတစ်ဦးဂိတ်တံခါးအပေါ်ပေါက်မှပေါ်လာသည်
မြင်ကွင်းကထူးဆန်းနေသည် စိတ်မရှည်တော့သောသေမင်းကထိုငရဲထိန်းကိုလှမ်းအော်သည်
“ဘာတွေဖြစ်ကုန်တာတုန်း မင်းမျက်နှာဘာလို့အဝတ်စည်းထားရတာတုန်း တံခါးကိုအခုဖွင့်”
“အမိန့်တော်ကြောင့် လူ့ပြည်ကလာသူမှန်သမျှဒီတံခါးထဲဝင်ခွင့်မပေးတော့ပါခင်ဗျာ ကျနော်တို့ငရဲထိန်းလည်း သောက်သောက်လဲသေကုန်ကြပါပြီ ဘယ်နိုင်ငံကသေလာတဲ့လူတစ်ယောက်လည်းမသိဘူး ဒီငရဲရောက်လာတာ ဝက်တုတ်ကွေးဆိုလား ဘာလားမသိဘူး ပါလာတာ အကုန်ကူးရော လူ့ပြည်မှာကဆေးရှိတယ် ဒီမှာဆေးမရှိဘူးလေ ခုလုပ်ငန်းခွင်မှာ လူနည်းနေတာသာကြည့်တော့”
ငရဲထိန်း၏စကားကြောင့်
သူနှင့်သေမင်းလည်း ချောင်းကြည့်ပေါက်မှတဆင့်အထဲသို့လှမ်းကြည့်လိုက်ရာ ငရဲသားကများနေပြီး ငရဲထိန်းများကထူးထူးခြားခြားလျှော့ပါးနေသည် .. ငရဲထိန်းတွေမှာလည်းနှာခေါင်းစည်းကိုယ်စီနှင့်။
တချို့ငရဲသားဆို ခုတ်မယ့်ထစ်မယ့်ငရဲထိန်းမရှိတော့သဖြင့် အကုသိုလ်မြန်မြန်ကုန်အောင် ကိုယ့်ဘာသာကို ဓါးသွေး ကိုယ့်ဘာသာကို ခုတ်ထစ်နေကြရသည် တချို့ဆိုပို၍ပင်ပန်းသေး ကိုယ့်ဘာသာကို ထင်းရှာရသည် မီးမွှေးရသည် ဆီပူလာရင် ကိုယ့်ဘာသာကို ခုန်ချကြရသည် အတော်ကသီလင်တနိုင်လေသည်။
သေမင်းကြီးဘယ်လိုပဲပြောပြောအမိန့်နာခံသူငရဲထိန်းကား ဂိတ်တံခါးကိုလုံးဝမဖွင့်ပေးတော့ပေ
“ယမမင်းကြီးကထပ်မှာလိုက်တယ် လူ့ပြည်က အဲဒီတုပ်ကွေးပျောက်တဲ့တနေ့ကျရင်ရောဂါကင်းရှင်းကြောင်းထောက်ခံစာနဲ့အတူပြန်လာခဲ့ကြပါတဲ့ ဒါပဲ”
ထိုသို့အော်ပြောပြီးထိုငရဲထိန်းလည်း သူတာဝန်ကျရာဘက်အမြန်ပြေးသွားပြီး ကင်ရမည့်သူကိုကင် ခုတ်ရမည့်သူကိုခုတ် ဆူးပင်ဖက်တဲ့ရမည့်သူကိုဖက်တက်ခိုင်း ခွေးစာကျွေးပစ်ရမည့်သူကိုကျွေးပစ်ဖြင့် အလုပ်လက်မလည်အောင်ရှိလေတော့သည် ။
သေမင်းကြီးလည်းအလွန်စိတ်ညစ်သွားတော့သည် ။
“ခုမှပဲသောင်ပြင်လွတ်တဲ့သေမင်းဖြစ်နေတယ် မထူးပါဘူးကွာ လူ့ပြည်ပဲခဏပြန်စတည်းချကြတာပေါ့”
ထို့နောက်သေမင်းသည် အပ်ချလောင်းဟုပြန်အော်ပြီး လူ့ပြည်ကိုပြန်ရောက်လာကြတော့သည် ။
သူ့အခန်းလိုက်နေမယ်တကဲကဲလုပ်နေသဖြင့်မနည်းကန်ထုတ်ခဲ့ရသေးသည် နောက်ပိုင်းတွင် သေမင်းလည်း သူ့လုပ်ငန်းနှင့်အစပ်အဟပ်အတည့်ဆုံးသောအဖွဲ့အစည်းတစ်ခုသို့ဝင်ရောက်လုပ်ကိုင်သွားခဲ့သည် H1n1ပျောက်ရင်ထပ်လာခေါ်မည်ဟုလည်းမှာကြားသွားသေးသည်။
ထို့နောက်…… ထို့နောက်…… သူလည်း ….. အိပ်ယာမှလန့်နိုးသွားတော့သည် ။
“အင်း…. youtubeက သရဲဇာတ်လမ်းတစ်ခုကြည့်နေရာမှရုတ်တရက်အိပ်ပျော်သွားပြီး အိပ်မက် မက်နေတာကိုး …..။
ရှည်လျားထွေပြားလွန်းသည့်အိပ်မက်ကို ပြန်စဉ်းစားရင်း သူ့နှုတ်က စကားတချို့ထွက်ကျလာသည်။
………..အိပ်မက်ကလည်း.... လန်ထွက်နေတာပဲ........... ။ ။
လန်ထွက်နေတာပဲ
Subscribe to:
Post Comments (Atom)
17 comments:
ဟုတ်လှချည်လား အိမ်မက်က တော်သေးတယ်၊ လူပြည်ပြန်ရောက်လာလို့၊ နို့မို့ဆို သားကြီးတို့ မတွေးဝံ့စရာပဲ
အိပ်မက်က တကယ်ဆန်းတယ်နော်။
သေမင်းရဲ့ဝတ်စုံကလည်းတယ်မိုက်တယ်။
စိတ်ဝင်စားစရာစွန့်စားခန်းလေး ကိုဖြတ်ကြော်ရတယ်ပေါ့။
သေမင်းဘယ်မှာသွားပြီးအလုပ်လုပ်နေတာလဲ.။
ဇာတ်လမ်းရော... အရေးအသားရော ကောင်းတယ်။ စာစောင် တစ်ခုခုတောင် ပို့ သင့်တယ်လို့  ထင်တယ်။
ဇာတ်လမ်းဆွဲဆောင်မှုက အရမ်းမိုက်တယ်။ တွေးလည်းတွေးတတ်ပါပေတယ်
ကိုသားကြီးရေ.. သေမင်းတွေ ဝတ်စုံပြောင်းမဲ့ အရောင်ကို ကျွန်တော်သိသလို
လိုပဲ :)
ဇာတ်လမ်းတစ်ပုဒ်လုံးလည်း လန်ထွက်နေတာပဲ
ဟဟဟဟ ဖတ်နေရင်း နဲ့ ရီလိုက်ရတာ..မနက်စောစောစီးစီး ဖတ်မိတာ နာတာပဲ..။ တကယ်တော့..နေ့လည် ထမင်းစားပြီး ..အိပ်ငိုက်တတ်တဲ့ အချိန်မှာ ဖတ်ရမှာ..။ ကိုသားကြီး ရေ..ဘယ်လိုအရောင်ပြောင်းမှာလဲ..။ နောက်ပြီး...h1n1တွေ ပျောက်ရင် တကယ်လိုက်သွားတော့မှာလား ဟင် :(.. ။ ;)
အဟီးဟီးးး
လန်ထွက်နေတာပဲ ကိုကြွေမောက်
း)
မသွားခင်လေး ဂျီတော့မှာ နှုတ်ဆက်သွားဦး
း)
ဒါဆိုရင်တော့ ဒီ H1N1တွေ ဘယ်တော့မှ မပျောက်ပါစေနဲ့ လို့ ပဲ ဆုတောင်း
နေအုန်း မှာလား ကိုသားကြီးရေ ။
နေပါအုံး ။အဲဒီက အပြန် လမ်း မှာရော
လာခေါ်တဲ့ ငရဲ ကိုယ်စလှယ်ကြီး ပဲ အိမ်တိုင်ရာရောက် ပြန်ပို့ ပေး တယ်လား ..
ကိုသားကြီးရယ် အိုင်ဒီယာကလဲ ကောင်းလိုက်တာနော် လန်ထွက်နေတာပဲ အဟီး
ကြိုက်တယ် ဖတ်သွားတယ် အစအဆုံး ခိခိ
ဟားဟား
တော်တော် ပေါက်ပေါက်ရှာရှာ တွေးတက်တယ်..တော်တယ်း)
သားကြီး ဆောင်ကြာမြိုင် သွားရမှာ မို့ လို့  စိတ်မကောင်းဘူးကွယ်
ခုထဲ က ကြိုကြို မိုမို ထိုင်းမှာသွား လုပ်ထားပါလား ဟင် ဟိဟိ
အိမ်ပြန်ရောက်မှ လန့်နိုးလာလို့တော်သေးတယ်...။
ဆောင်ကြာမြိုင် ရောက်မှလန့်နိုးလာရင် ခက်ရော...။
လန်ထွက်နေတာပဲဗျာ....။
လန်ထွက်ရင် ခြံခတ်ထားတာ ကောင်းမယ်ထင်တယ် :)
ဟိဟိ။ ကိုသားကြီးတော်ချက်၊ရေးတတ်လိုက်တာ။ရည်းစားများတဲ့သူ မတွေးရဲစရာနော်။ ငရဲပြည်သွားတာ laptop သယ်လို့ရတာတော့ဟုတ်ပါပြီ
အကိုရ။ ကိုးနတ်ရှင်ကောင်းပါ့မလား ငရဲပြည်မှာလေ။ H1N1 ပျောက်သွားရင်ဘီလိုလုပ်မလဲ။မလိုက်သွားနဲ့နော်။အိမ်ပြောင်းလိုက်။ဒါမှသူ
မမှတ်မိမှာ။နော်
ငရဲ့ပြည်ကို သွားမယ့် ကိုသားကြီးရဲ့ လန်ထွက် ဒီဇိုင်းက တော်တော်၇ီရတယ်။ တကယ်သွားရရင်တော့ ကျွန်မကိုမပြောပဲသွားပါနှော်။ သရဲကြောက်တတ်လို့ပါ။ :)
tamplate ထဲ မှာသရဲ တွေ. တယ်
အေးကွ..အိပ်မက်ကတော့ တကယ် လန်ထွက်နေတာပဲ..ဇာတ်သိမ်းကောင်းပုံများ ငရဲပြည်က တံခါးဖွင့် မပေးလို့ လူ့ပြည်ပြန်လာရသတဲ့။ သားကြီးလဲ လူ့ပြည်ပြန်ရောက်ရော ကောင်မလေးက သူ့စကားကို မြေ၀ယ်မကျ နားထောင်ပြီး
အသစ်လေးနဲ့ ကဲနေရောတဲ့။ ဟီး
ကိုကြီးးး
လာဖတ်ပြီနော် ဘာလို့ အရေမရအဖတ်မရ
အကျိုးရှိတဲ့ စာမဟုတ်ရမှာလဲ အကျိုးရှိပ့တော်
ဒီလောက်ကောင်းတာ စိတ်ချိုးနဲ့
နောက်နေ့တိုင်းလာဖတ်မယ်သိလား
ခင်တဲ့
မြူးလေး
ကောင်းလိုက်တဲ့အိပ်မက်ဗျာ
Post a Comment